စာအမှတ်။   ။မလအ/ အဖဝ/ ၁၉/ ၀၀၁/
နေ့စွဲ         . .၂၀၁၁
 ၂၀၁၁

(၄၉) နှစ်မြောက် ဇူလိုင် () ရက် အရေးတော်ပုံ ထုတ်ပြန်ကြေငြာချက်


(၁၉၆၂) ခုနှစ်၊ ဇူလိုင်လ () ရက်နေ့တွင် ဗိုလ်နေ၀င်းဦးဆောင်သော တော်လှန်ရေးကောင်စီမှ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသားကျောင်းသူ ရာပေါင်းများစွာကို ပစ်ခတ်နှိမ်နင်းသတ်ဖြတ်ခဲ့သည့် ဇူလိုင် () ရက် အရေးတော်ပုံမှာ ယနေ့တွင် (၄၉) နှစ်သို့ တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ဗိုလ်နေ၀င်းဦးဆောင် စစ်အုပ်စုသည် ကျောင်းသားများကို ပစ်ခတ်သတ်ဖြတ်ရုံတင်မကပဲ၊ (၁၉၆၂) ခုနှစ်၊ ဇူလိုင်လ () ရက် နံနက်လင်းအားကြီး အချိန်တွင် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကိုပါ  ဖြိုချဖျက်ဆီးခဲ့ကြပါသည်။

(၁၉၆၂) ခုနှစ်၊ မတ်လ () ရက်နေ့တွင် ဗိုလ်နေ၀င်းစစ်အုပ်စုမှ တော်လှန်ရေးကောင်စီ အမည်ခံကာ အာဏာရ ပထစ အစိုးရကို လက်နက်အားကိုးဖြင့် ဖြုတ်ချခဲ့ရာ၊ မတ်လ () ရက်နေ့တွင် ကျောင်းသားသမဂ္ဂများဖြစ်ကြသော တကသ၊ ရကသ၊ ဗကသ တို့က အာဏာသိမ်းခြင်းကို ကန့်ကွက်ကြောင်း ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့ကြပါသည်။ ကျောင်းသားတို့၏ စစ်အာဏာရှင် ဆန့်ကျင်ရေးလုပ်ရပ်များကို သတိပြုမိလာသော အာဏာသိမ်းစစ်အုပ်စုသည် (၁၉၆၂) ခုနှစ်၊ မေလ () ရက်နေ့တွင် ဥပဒေ အမှတ် () နှင့် အမှတ် () ကို ထုတ်ပြန်ကာ၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ် အက်ဥပဒေများကို ရုတ်သိမ်းခဲ့ပါသည်။

ဖျက်သိမ်းခံရသော တက္ကသိုလ် အက်ဥပဒေအရ ဖွဲ့စည်းထားသော တက္ကသိုလ် ဦးဆောင်အဖွဲ့ဖြစ်သည့် တက္ကသိုလ် ကောင်စီကိုလည်း (၁၉၆၂) ခုနှစ်၊ မေလ (၁၀) ရက်နေ့တွင် ဗိုလ်နေ၀င်းမှ ဖျက်သိမ်းခဲ့ပြီး၊ တော်လှန်ရေးကောင်စီ အမိန့်အမှတ် (၃၀) ကို ထုတ်ပြန်ကာ စစ်ဗိုလ်ချုပ်များ ဦးစီးသည့် တက္ကသိုလ်ကောင်စီ ကို ထပ်မံ ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ တက္ကသိုလ်ကောင်စီ၏ အရေးပေါ်အစည်းအဝေးကို (၁၉၆၂) ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့တွင် ဒဂုံရိပ်သာ၌ ကျင်းပခဲ့ပြီး၊ ဇွန်လ (၁၈) ရက်နေ့တွင် ကျောင်းဆောင်နေကျောင်းသားများကို မတရားချုပ်ချယ်သည့် ကျောင်းဆောင်စည်းကမ်း (၂၂)ချက်ကို ထုတ်ပြန်ခဲ့ပါသည်။

ယင်းသို့သော မတရားချုပ်ချယ်မှုများနှင့် တက္ကသိုလ်အုပ်ချုပ်ရေးအပေါ် စစ်တပ်က ၀င်ရောက်စွက်ဖက်နေခြင်းကို မခံမရပ်နိုင်သော ကျောင်းသားများသည် ကျောင်းသားထုအစည်းအဝေးများကို ဇူလိုင်လဆန်းတွင် ကျင်းပခဲ့ကြပြီး၊ စည်းကမ်းသစ်များကို ကန့်ကွက်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ (၁၉၆၂)၊ ဇူလိုင်လ () ရက်နေ့တွင် ရန်ကုန်ခရိုင်ကျောင်းသား သမဂ္ဂ (ရကသ) မှ ကြီးမှူး၍ ကျောင်းသားထု အစည်းအဝေးတရပ် ကျင်းပကာ ကမောက်ကမ ပညာရေးစနစ်၊ တန်းခွဲတန်းချစနစ် ဖျက်သိမ်းရေး၊ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီတွင် ကျောင်းသားကိုယ်စားလှယ်ပါဝင်ရေး နှင့် မတရား အဆောင်စည်းကမ်းများ ရုတ်သိမ်းပေးရေး စသော တောင်းဆိုချက်များကို တောင်းဆိုခဲ့ကြပြီး၊ စစ်ဖိနပ်အောက်က ပညာရေးစနစ် အလိုမရှိဟု ဆန့်ကျင်ကန့်ကွက် ကြွေးကြော်ခဲ့ကြသည်။

ယင်းနောက် ဇူလိုင်လ () ရက်နေ့တွင် တော်လှန်ရေးကောင်စီက တက္ကသိုလ်ဆီးနိတ်နှင့် ကျောင်းဆောင်ကော်မတီများကို ၄င်းတို့ စိတ်တိုင်းကျ ပြင်ဆင်ဖွဲ့စည်းခဲ့ပြန်ရာ၊ ရွှေဘိုဆောင် အစည်းအဝေးမှ ကန့်ကွက်သည်ဟု ဆုံးဖြတ်ကာ ကြွေးကြော်သံများ အော်ဟစ်၍ အဆောင်ပြင်ထွက် လှည့်လည်ဆန္ဒပြကြပါသည်။ အခြားအဆောင်များဖြစ်ကြသော ဒဂုံ၊ တောင်ငူ၊ ရာမည၊ အမရ၊ မန္တလေး၊ သထုံ၊ ပဲခူး၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ တို့မှ ကျောင်းသားများလည်း ပူးပေါင်းပါဝင်၍ ပြည်၊ ပုဂံ၊ တကောင်းဆောင်များအထိ လှည့်လည်ဆန္ဒပြခဲ့ရာ မိန်းကလေးဆောင်များမှ လွဲ၍ အဆောင်များအားလုံး ဇူလိုင်လ () ရက်နေ့ည ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြပါသည်။

ဇူလိုင်လ () ရက်နေ့တွင် တကသမှ ဦးစီးကျင်းပသော ကျောင်းသားထု အစည်းအဝေးအပြီးတွင် ကျောင်းသားများ စုစည်း၍ ကျောင်းဝင်းအတွင်း၌ ကြွေးကြော်သံများကြွေးကြော်ကာ လှည့်လည်ဆန္ဒပြခဲ့ကြပါသည်။ ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြသော်လည်း၊ ရဲတပ်ဖွဲ့ဝင်များမှ ကျောင်းသားခေါင်းဆောင်များကို လာရောက်ဖမ်းဆီးကာ တကသ အဆောက်အဦးကို ၀င်ရောက်စီးနင်းခဲ့ကြပါသည်။ တကသ ၀င်းအား ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်စီးနင်းလာမှုကြောင့် ကျောင်းသားများ ပြန်လည်စုစည်းမိသွားပြီး၊ တကသ ၀င်းထဲသို့ ၀င်ရောက်ရန် ကြိုးစားကြရာ ရဲတပ်ဖွဲ့ဝင်များမှ နံပါတ်တုတ်များ၊ မျက်ရည်ယိုဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြသည်။

ယင်းနောက် မောင်းပြန်သေနတ်များကို ကိုင်ဆောင်ထားကြသော ဗိုလ်နေ၀င်း၏ ကိုယ်ရံတော် အထူးတပ်၊ သနက () မှ စစ်သားများ ရောက်ရှိလာကာ တပ်ဖြန့်နေရာယူကြပြီး၊ မန္တလေးဆောင်၊ ရာမညဆောင်နှင့် အဓိပဓိ လမ်းမတလျှောက်ရှိ  ကျောင်းသားထုအား သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။ ယင်းသတ်ဖြတ်မှုကြောင့် ကျောင်းသားအများအပြား သေဆုံးခဲ့ရပြီး မြောင်းမြကျောင်းသား ကိုကျော်ဝင်းက သူ့ခန္ဓာကိုယ်မှ သွေးဖြင့် " --၆၂ မမေ့ကြနဲ့“ ဟု မန္တလေးဆောင် နံရံတွင် ရေးသွားခဲ့ပါသည်။ ဗိုလ်နေ၀င်းဦးဆောင်သော စစ်အုပ်စုသည် ငြိမ်းချမ်းစွာ ဆန္ဒပြသော ကျောင်းသားများအား ယင်းကဲ့သို့ ပစ်ခတ် သတ်ဖြတ်ခဲ့ရုံတင်မကပဲ သမိုင်းဝင် သမဂ္ဂ အဆောက်အဦးကြီးကိုပါ  ဖျက်ဆီးပစ်ခဲ့ကြသည်။ ထိုမျှမက ဓားဓားချင်း၊ လှံလှံချင်း ထိပ်တိုက်ရင်ဆိုင်သွားမယ်ဟု ဗိုလ်နေ၀င်းက မြန်မာ့အသံတွင် ပြောကြားကာ ခြိမ်းချောက်စကား ဆိုခဲ့ပါသည်။

ယခုဆိုလျှင် ဇူလိုင် () ရက် အရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်မှာ (၄၉) နှစ် ကြာခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါ (၄၉) နှစ်တာ ကာလတလျှောက်တွင် စစ်အုပ်စု အဆက်ဆက်တို့သည် ကျောင်းသားတို့၏ အခွင့်အရေးများကို နည်းမျိုးစုံဖြင့် ကန့်သတ်ချုပ်ချယ်ကြရုံတင်မက ကျောင်းသားများ ဦးဆောင်သည့် ဦးသန့်အရေးအခင်း (၁၉၇၄)၊ ဇွန်လ () ရက်နေ့ အလုပ်သမားသပိတ်တနှစ်ပြည့် အထိမ်းအမှတ် ကျောင်းသားသပိတ် (၁၉၇၅)၊ မှိုင်းရာပြည့်အရေးတော်ပုံ (၁၉၇၆)၊ ရှစ်လေးလုံးအရေးတော်ပုံ (၁၉၈၈)နှင့် ၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု (၁၉၉၆) များတွင်လည်း ကျောင်းသားများကို ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြပါသည်။

ဇူလိုင် () ရက် အရေးတော်ပုံကြီးမှ အစပြု၍ စစ်ဖိနပ်အောက်က ပညာရေးစနစ်ကို ကန့်ကွက်ကြသည့် အရေးတော်ပုံများတွင် ကျောင်းသားတို့သွေးစက်များ မြေသို့ကျခဲ့ရပါသည်။ ကျောင်းသားအများအပြား ဖမ်းဆီးနှိပ်စက် ထောင်သွင်း အကျဉ်းချခံခဲ့ရပါသည်။ မတရားသော အာဏာရှင်စနစ်ကို တော်လှန်ပုန်ကန်ရန်အတွက် လက်နက်များ စွဲကိုင်ခဲ့ကြရပါသည်။ စစ်အုပ်စုတို့၏ မတရား ဖမ်းဆီးမှုများကို ရှောင်ရှားရန် ပြည်ပနိုင်ငံများသို့ ကျောင်းသားအများအပြား ထွက်ခွာခဲ့ကြရပါသည်။ စစ်အုပ်စု အဆက်ဆက်တို့ကား ပညာရေးစနစ်ကို စစ်ဖိနပ်အောက်တွင် နင်းချေထား ဆဲပင်ဖြစ်ပါသည်။ သို့ဖြစ်ရာ စစ်ဖိနပ်အောက်မှ လွတ်ကင်းသော နိုင်ငံတကာ အဆင့်မီ ပညာရေးစနစ် ပေါ်ထွန်းရေး၊ ကျောင်းသား အခွင့်အရေးများ အပြည့်အ၀ ရရှိရေး၊ ကျောင်းသားသမဂ္ဂများ ပေါ်ပေါက်ရေး တို့အတွက် တော်လှန်သော မျိုးဆက်ဟောင်းကျောင်းသားများ၊ တိုးတက်သော အတွေးအခေါ်ရှိသည့် တိုက်ပွဲဝင် မျိုးဆက်သစ် ကျောင်းသားများနှင့် လက်တွဲ၍ မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု အင်အားစုများ (မလအ) အဖွဲ့ဝင်များမှ ပေါင်းစည်းအားဖြင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။
                                                                                   
                                                                                    မြန်မာနိုင်ငံလူထုလှုပ်ရှားမှု အင်အားစုများ (မလအ)

-ဒိန်းမတ်၊ ၂-နော်ဝေး၊ ၃-နယ်သာလန်၊ ၄-အင်္ဂလန်၊ ၅-ကနေဒါ၊ ၆-အမေရိကန်

No comments: