စိတ်ချမ်းသာချင်ရင်
* လူတိုင်းမှာ အခက်အခဲ အကြပ်အတည်း၊ စိတ်ညစ်စရာ၊
စိတ်ပျက်စရာ
ဆိုတာ ရှိနေတတ်တာပါပဲ။ မွေးလာကတည်းက ပျော်ရွှင်ပြီး
ခုန်ပေါက်
ထွက်လာတာမှ မဟုတ်တာ။
* အူဝဲ အူဝဲဆိုပြီး ငိုပြီးထွက်လာရတာပဲ။ အခက်အခဲ
အကြပ်အတည်းကို
ထိုင်ငြီးနေလို့လည်း ပြီးသွားမှာမှ မဟုတ်တာ။ ဘယ်လို၊
ဘယ်ပုံ နည်းနဲ့
ဖြေရှင်းလို့ ရနိုင်မလဲ။ ဖြေရှင်းသင့်သလဲဆိုတာ
နည်းလမ်းရှာရမယ်။ စဉ်း
စားရမယ်။
* လူတိုင်းမှာ အနည်းနဲ့အများဆိုသလို စိတ်ညစ်စရာ၊
စိတ်ပင်ပန်းစရာဆို
တာလည်း ရှိမှာပါပဲ။ ချမ်းသာတဲ့သူလည်း ချမ်းသာခြင်းအလျောက်၊
ဆင်း
ရဲတဲ့သူလည်း ဆင်းရဲခြင်းအလျောက်၊ အရာရာတိုင်းကို
သင့်တင့်မျှတစွာ
နှလုံးမသွင်းတတ်တဲ့သူဆို ပိုပြီးစိတ်ပင်ပန်းရတယ်။
စိတ်ဆင်းရဲရတယ်။
-“ဌေး”သာမဏေကျော်ဆရာတော်
No comments:
Post a Comment