မြန်မာ ငွေ တက်ဖိုးတက် သောကြောင့် နိုင်ငံခြား ခရီးသွား အ၀င်နည်း  ဆက်ဖတ်ပါ

 

ကရင်ပြည်နယ် ထိုးစစ်အတွက် မြန်မာစစ်တပ် စတင် တပ်စွဲ

UPR လုပ်ငန်းစဉ်လို့ ခေါ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ နိုင်ငံအလိုက် လူ့အခွင့်အရေး အခြေအနေ ပုံမှန်သုံးသပ်မှု ဆွေးနွေးပွဲမှာ ဒီကနေ့ မြန်မာနိုင်ငံကိစ္စကို ဆွေးနွေးပါတယ်။  ဆက်ဖတ်ပါ

 

ဒေါ်အောင်ဆန်းစုကြည်၏သဘောထား

 ရှင်းပါတယ်နော် ငါတို့ မှာခေါင်းဆောင်းကောင်းရှိနေပြီ နောက်လိုက်ကောင်းများများလိုနေတယ်။

ရှေ့ ကထားတော့ မသွားတတ်။

ဘေးကထားတော့ ပခုံးချင်လိုက်တိုက်။

သုံးမရလို့  နောက်ကထား လိုက်တော့

ကြောကုန်းကိုဒါးနဲ့ ထိုးတဲ့ သူတွေကို သတိထားကြပါ။

 

 

NASA \ High Tech နည်းပညာနဲ့ ဖားကန့်ဒေသတွင် ကျောက်စိမ်း ကုဋေကျောက်ကြော တစ်ခုထပ်မံတွေ့ရှိ ဆက်ဖတ်ပါ

 

သမ္မတလောင်း မစ်ရွမ်နီ၊ အိုဘားမား ကို နိုင်ချေရှိမလား

mitt_romney_religion_500px

DK၊       ၊၂၀၁၂ အမေရိကန်သမ္မတရွေးကောက်ပွဲတွင်၊ လက်ရှိသမ္မတဘာရက်အိုဘားမား (ဒီမိုကရက်တစ်ပါတီ)
နှင့် ယှဉ်ပြိုင်ရန်အတွက် ရီပတ်ဘလစ်ကန်ပါတီ၏ကိုယ်စားပြုသမ္မတလောင်းအဖြစ် ၀င်ရောက်အရွေးခံ
ရန် ထပ်မံတိုးလာနေသည့် ယှဉ်ပြိုင်မည့်သူများတွင် အမေရိကန်မက်ဆာချူးဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွမ်နီ (Former Massachusetts Gov. Mitt Romney) မှဦးဆောင်နေသည်ဟု အင်္ဂါနေ
့တွင်ထုတ်ပြန်သည့် ၀ါရှင်တန်ပို့စ်သတင်းစာကြီး၏ စစ်တမ်းတခုတွင်ဖော်ပြထားသည်။
Washington Post-ABC News စစ်တမ်းအရ ရီပတ်ဘလစ်ကန်ပါတီမှယှဉ်ပြိုင်မည့်သူများ၏ အရည်အသွေးများနှင့်ပတ်သက်ပြီး မေးခွန်းထုတ်မှုရှိသော်လည်း လက်ရှိအမေရိကန်စီးပွားရေး
အခြေအနေသည် သမ္မတအိုဘားမားကိုထိခိုက်စေနိုင်သည်ဟု ဖေါ်ပြထားသည်။ ဤစစ်တမ်းမှ
စီးပွားရေးကိုအဓိကဇောင်းပေး၍ မဲဆွယ်မှု တရားဝင်စတင်နေသူဖြစ်သည့် မစ်ရွမ်နီ (ရီပတ်ဘလစ်ကန်ပါတီ)
၏ တာထွက်အားကောင်းမှုကို ဖေါ်ပြထားသည်။
အခြားသောယှဉ်ပြိုင်ရန်အလားအလာရှိနိုင်သူ ၅ ဦးနှင့်ယှဉ်လျှင် လက်ရှိသမ္မတအိုဘားမားမှ ဦးဆောင်
နေသော်လည်း၊ မစ်ရွမ်နီရော အိုဘားမားပါ ထောက်ခံမှုနှုန်း ၄၇%ခန့် ကိုယ်စီရရှိကြ၍ တန်းတူသာဖြစ်သည်။
သို့သော်တရားဝင်မှတ်ပုံတင်ထားသည့် ဆန္ဒပြုသူများ၏ ထောက်ခံမှုတွင် မစ်ရွမ်နီမှ ၄၉% ရရှိထားပြီး အိုဘား
မားမှာမူထောက်ခံမှု ၄၆% သာရရှိခဲ့သည်။ ဆန္ဒပြုသူ ၁၀ ယောက်တွင် ၆ ယောက်မှာ သမ္မတအိုဘားမားအား
အမေရိကန်စီးပွားရေးနှင့် ကုန်သွယ်ရေးလိုငွေပြမှုတို့ နှင့်ပတ်သက်ပြီး နှစ်သက်မှုမရှိကြပဲ အဆိုးဘက်သို့အ
ကဲဖြတ်ခဲ့ကြသည်။
လွန်ခဲ့သည့်အပတ်မှစပြီး သမိုင်းဝင်နေရာများသို့ ခရီးထွက်နေပြီး
၂၀၁၂ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်
သည်ဟု ထင်ကြေးပေးကြသည့် အလက်စကာပြည်နယ်အုပ်ချုပ်ရေး
မှူးဟောင်းဖြစ်သူ ဆာရာပေလင်းမှာမူ ပြဿာနာလေးများအနည်းငယ်
ရှိလာနေကြောင်းစစ်တမ်းမှ ဖေါ်ပြထားသည်။ ရီပတ်ဘလစ်
ကန်ပါတီ၏ ပါတီကိုယ်စားပြုသမ္မတလောင်းရွေးချယ်ပွဲတွင် ယှဉ်ပြိုင်မည့်
ရီပတ်ဘလစ်ကန်ပါတီဝင်များနှင့် ရီပတ်
ဘလစ်ကန်ပါတီကိုအမှီပြုသည့် တသီးပုဂ္ဂ၀င်ရောက်အရွေးခံမည့်သူများ
အနက်တွင် ဆာရာပါလင်းမှ မစ်ရွမ်နီနောက်မှ ကပ်လျက်ရှိနေပြီး၊
ရီပတ်ဘလစ်ကန်ပါတီဝင် ၄၂% မှမူ ဆာရာပါလင်းအနိုင်မရရှိနိုင်ကြောင်း
ယူဆကြ၍စစ်တမ်းသို့ဆန္ဒပြုသူ ၃ ပုံ ၂ ပုံမှ ၄င်းတို့အနေဖြင့် ဆာရာပေလင်းအား လုံးဝထောက်ခံမဲပေးမည်မဟုတ်ကြောင်းနှင့်
ဤစစ်တမ်းတွင်ပါဝင်သော လက်ရှိသမ္မတအိုဘားမားနှင့် ၂၀၁၂ အထွေထွေရွေးကောက်ပွဲတွင်ယှဉ်ပြိုင်ရန်အတွက်
ရီပတ်ဘလစ်ကန်ပါတီတွင်း ယှဉ်ပြိုင်သူ ၆ ဦးထဲတွင် ဆာရာပေလင်းအား
အညံ့ဆုံးဟုယူဆထားကြကြောင်း စစ်တမ်း
တွင်ဖေါ်ပြထားသည်။
အိုဘားမားနှင့်ယှဉ်ပြိုင်ရန် စစ်တမ်းကောက်ယူခံရသည့်အခြားယှဉ်ပြိုင်သူ ၄ ဦးမှာ အမေရိကန်အောက်လွှတ်တော်
ဥက္ကဋ္ဌဟောင်းနျုဒ်ဂင်းဂရစ်ခ်ျ (Newt Gingrich) ယူထပြည်နယ်အုပ်ချုပ်ရေးမှုဟောင်း ဂျွန်ဟန့်စ်မင်းန် (John Huntsman)၊ မင်နီဆိုတာပြည်နယ်အုပ်ချုပ်ရေးမှုဟောင်း တင်မ်ပေါ်လင်န်တီ (Tim Pawlenty) နှင့် လက်ရှိအမေရိကန်အောက်လွှတ်တော်
အမတ် မီရှဲလ်ဘက်ဂ်မင်း (Michele Bachman, R-Minn) တို့ဖြစ်ကြပြီး၊ ၄င်းတို့အနက်မှ နျုဒ်ဂင်းဂရစ်ခ်ျ နှင့် တင်မ်ပေါ်လင်န်တီ
တို့ ၂ ဦးသာ ၀င်ရောက်ယှဉ်ပြိုင်မည့်အကြောင်း တရားဝင်ကြေငြာခဲ့ကြသည်။ ဤသဘောထားစစ်တမ်းအား ဇွန်လ ၂ ရက်မှ – ၅
ရက်အတွင်း လူပေါင်း ၁၀၀၂ ဦးထံမှ ကောက်ယူခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ် သမ္မတ ရွေးကောက် ပွဲက ရီပတ်ဘလီကန် ပါတီ မှ အရီဇိုးနား ပြည်နယ် အထက် လွှတ်တော် အမတ်
ဂျွန်မက်ကိန်း က အိုဘားမား နှင့် ၀င်ရောက် ယှဉ်ပြိုင် အရွေးခံခဲ့ရာ ရှုံး နိမ့် ခဲ့သည်။
အယ်ဒီတာ ဖြည့်စွက်ချက်
မစ်ရွမ်နီ သည် ခရစ်ယာန် ဘာသာ နှင့် မူ တစ် မျိုး ကွဲ သည့် မိုမန် ခေါ် အယ်(လ)ဒီအက်(စ) (Mormon – Letter Day Saints )
ဘာသာတရား ကို ယုံကြည် သူ ဖြစ်ပြီး ယခင် သီတင်းအပတ် က မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင့်
တွေ့ ဆုံ ခဲ့သူ ဂျွန်မက်ကိန်း သည် လည်း မိုမန် ဘာသာ ၀င် မိသား စု များ မှ မွေးဖွား ခဲ့သူ တစ်ယောက် ဖြစ်ကာ ၊ ၂၀၀၉ ခုနှစ် မေလ
က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ အင်းလျှား ကန် ဘောင် နေအိမ် အား ရေကူး ၍ ၀င်ရောက်ခဲ့သူ
ဗီယက်နမ် စစ်ပြန် ဂျွန် ၀ီလျှံ ယက်တော မှာ လည်း မိုမန် ဘာသာ ၀င် တစ်ယောက် ဖြစ်ပြီး ယက်တောက ဒေါ်အောင်ဆန်းစုကြည်
အား မိုမန် ဘာသာ ၀င် တို့ ၏ သမ္မကျမ်းစာ ဟု ခေါ် နိုင်မည့် ၎င်း တို့ ၏ ဘာသာရေး ခေါင်းဆောင်  ဂျိုးဆက်(ဖ) စမစ် ဂျူနီယာ ၏
နှုတ်ကပတ်တော် များ ကို စုစည်းချက် ဖြစ်သည့် Book of Mormon စာအုပ်ကို ပေး ခဲ့သည်။
အကယ်၍ မစ်ရွမ်နီ သမ္မတ ဖြစ်လာလျှင် အမေရိကန် သည် တင်းကျပ် သောဘာသာရေး ထုံးတမ်း စဉ်လာများ အောက် ရောက်
သွား မည် ကို စိုးရိမ်ကြသူ များ ရှိသည် ဟု News Week ၏ စစ်တမ်း တစ်ခု တွင် ဖော်ပြထားသည်။

No comments: