ဒေါ်အောင်ဆန်းစုကြည် ဇွန် ၂၂ ရက်နေ့ ခရီးစထွက်မည်  ဆက်ဖတ်ပါ

KIA က တရုတ်ပညာရှင် များ ကို ခြိမ်းခြောက် ဟု အစိုးရ စွပ်ဆွဲ ဆက်ဖတ်ပါ


* အမေ့အိမ် (သို့) ငါတို့ အားလုံးရဲ့အမေ *

လောကဓံနဲ့ အာဏာရှင်စနစ်ဆိုးဆိုးရဲ့
ထိုးနှက်-ရိုက်ပုတ်တဲ့ဒဏ်တွေကို
မတုန်မလှုပ် ခံနိုင်စွမ်းတဲ့
ငါတို့ အားလုံးရဲ့…အမေ ။
သူမ- ဆီမှာ
မြင့်မြတ်သူတို့ရဲ့ နှလုံးသား
ခွင့်လွှတ်ခြင်းနဲ့ အဃာသမထား
သဘောထားကြီးတဲ့  နှူးည-စိတ်ထား
အကောင်းမြင်ဝါဒနဲ့ ခံသီပါရမီ
 ပြည်ချစ်စိတ်နဲ့ မကြောက်တရား
အဲဒါတွေ အကုန်လုံး
သူမရင်ထဲ အပြည့်ရှိတယ် ။
တက္ကသိုလ်ရိပ့်သာရဲ့
ခြံအမှတ် ၅၄
ငါတို့ မနေတဲ့ အမေ့ရဲ့ အိမ်
အဲဒီ အိမ်ကိုလေ တခါးမရှိ  ဓါးမရှိ
ဗီဇာမလို  ခွင့်မဆိုပဲ
ဝင်ချင် ထွက်ချင်စမ်းပါဘိ…အို-မိခင် ။
သဘောထားကြီးပြီး
မေတ္တာတရား လွှမ်းရစ်ခြုံသိုင်းထားတဲ့  ငါတို့အားလုံးရဲ့…အမေ၊
လောကဓံကို ခံနိုင်စွမ်းတဲ့ ငါတို့အားလုံးရဲ့…အမေ၊
အာဏာရှင်ကို တွန်းလှန်ဖြိုဖျက်နေတဲ့  ငါတို့အားလုံးရဲ့…အမေ၊
ဇရာရွယ်လွန်ပေမယ့် ကျနော်တို့ အတွက်ကတော့
တည်ကြည်ခန့်ညား အမေ့ရုပ်ရည် ဟာ
ဗေဒါပျံ အံကိုခဲ
ပန်းပန်လျှက်မြဲပါ…အို-မိခင် ။
မတွေ့တာကြာတော့လည်း သားကိုတွေ့ချင်တဲ့ အမေတွေ
အမေကိုတွေ့ချင်နေတဲ့ သားတွေ
ဒီနှစ်ခုရဲ့ ကြားမှာ
အဖြေညှိုလို့မရတဲ့ ပဟေဌိပုဒ်စာတော့ရှိနေမယ် ။
အမေနဲ့ သား
ခိုင်မြဲတဲ့ မေတ္တာပေါင်းကူးတံတားကြားမှာ
မသွားရဘူး မလာရဘူး မဖြတ်ရဘူး
ဘယ်သူတားတား ရရိုးတဲ့…လား ။
ကဲ…ဒီ-မနက်ခင်းလေးထဲမှာပဲ
ငါတို့ သွားကြပါစို့ လား
ငါတို့ မနေတဲ့ အမေ့ရဲ့ အိမ်
ခြံ-အမှတ် ၅၄
တက္ကသိုလ် ရိပ့်သာရဲ့
အမေနေတဲ့ အမေ့ရဲ့ အိမ်ကိုလေ ။
ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်ပြည့် မွေးနေ့အား ဤ-ကဗျာဖြင့်ဂုဏ်ပြုလိုက်ပါသည်။(အမေ့သား-ဒိန်းမတ်)