တရုတ်ကို မြန်မာဓာတ်ငွေ့ တင်ပို့မှု ဒေသခံတွေစိုးရိမ်



မဆုမွန်   29.07.2013  (VOA)
၎ နိုင်ငံပါဝင်ပြီး ၃ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့တဲ့ မြန်မာနဲ့ တရုတ် သဘာဝပိုက်လိုင်းဟာ မြန်မာဘက်ခြမ်းက ပြီးစီးသွားလို့ ဇူလိုင်လ ၂၈ ရက်နေ့ တနင်္ဂနွေနေ့က မြန်မာ-တရုတ် အစိုးရတာဝန်ရှိသူတွေ ဦးဆောင်ပြီး ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ပြီးစီးခြင်း အခမ်းအနား ကျင်းပကာ တရုတ်နိုင်ငံဘက်ကို မြန်မာနိုင်ငံကနေ သဘာဝ ဓာတ်ငွေ့တွေ စတင် ပို့လွှတ်ပြီ ဖြစ်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် လျော်ကြေးမယူဘဲ ရွှေ့ပြောင်းမှု မပြုသည့် ကျေးရွာကို အင်အားသုံး ရွှေ့ပြောင်းမည် မဟုတ်သော်လည်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် လျော်ကြေးမယူဘဲ ရွှေ့ပြောင်းမှု မပြုသည့် ကျေးရွာကို အင်အားသုံး ရွှေ့ပြောင်းမည် မဟုတ်သော်လည်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဇူလိုင် ၂၆ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာအပေါ်

ပေါက်သွား တောလား (ဓာတ်ပုံအက်ဆေး)



မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့မှာ ပညာရေးဆိုင်ရာ ဟောပြောပွဲများပြုလုပ်ဖို့ ဇူလိုင်လ (၁၈) ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ အောင်မင်္ဂလာကားကွင်းကနေ စတင်ထွက်ခွာခဲ့ပါတယ်။
ယာဉ်စထွက်ချိန်ကနေ သုံးနာရီကျော်အကြာမှာ မိတ်ဆွေများက ဖုန်းဆက်မေးပါတယ်။ ဘယ်ရောက်ပြီလဲတဲ့။ အောင်မင်္ဂလာမှာပဲ၊ ကားပေါ်ပိတ်မိနေပြီ ဆိုတော့ နောက်တယ် ထင်နေကြတယ်။ နောက်မှ တကယ်ယုံသွားပြီး၊ ညစာလာပို့ပေးရမလားလို့မေးကုန်ကြတယ်။ ပြောသာပြောရတယ်။ သူတို့လဲ လာလို့ ဘယ်ရပါ့မလဲ။ ကား တွေက ကားကွင်းထဲက ထွက်လို့ မရအောင်ကို အပြင်က လမ်းမကြီးက ပိတ်နေပြီကိုး။
ဒီလိုနဲ့ ကားတွေ ပိတ်ပြီး၊ ညနေ ခြောက်နာရီကနေ ညဆယ်နာရီအထိ ကားက အဝေးပြေးဂိတ်ထဲမှာပဲ တရွေ့ရွေ့နဲ့။ အဖျားကလဲ တက်နေ၊ ဗိုက်ကလဲဆာ၊ ကားပေါ်ကလူတွေကလဲ ငြီးငြူပြောဆိုနေကြတယ် ဆိုပေမယ့် ဘ၀မှာ ခုမှ ကြုံဖူးတဲ့ အတွေ့အကြုံသစ်ဆိုတော့ မတတ်သာတဲ့အဆုံး ရီလို့သာ နေလိုက်ရ ပါတော့ တယ်။
ကားကွင်းထဲကနေ ကားထွက်လာတော့ လမ်းမပေါ်မှာ လူတွေကလဲ အဖွေးသား။
ဘုရားပွဲဈေးထက်ဆိုးတယ်။ အထုပ်ကိုယ်စီနဲ့ မိုးရွာထဲ ပြေးလွှားနေကြရတာ။ လေးနာရီကျော် အဝေးပြေးကားခရီးစဉ်တွေ ကမောက်ကမ ဖြစ်ကုန်တာဆိုတော့ ကားလိုင်းတွေရော၊ ခရီးသည်တွေရော အလုပ်တွေ ရှုပ်ကုန်ကြတော့တာပေါ့။ ကားပေါ် ရောက်ပြီးမှ ဖြစ်တာကိုပဲ တော်သေးတယ်လို့ မှတ်ယူရတော့တယ်။ မိုးရေထဲမှာ အထုပ်တွေနဲ့ လေးနာရီ ကားစောင့်ရမယ်သာဆို ဘယ်လိုလုပ်ပါ့မလဲ။ စောင့်ရသူတွေအတွက် စိတ်မကောင်းဖြစ်မိသွားတယ်။
ဒီလိုနဲ့ ကားထွက်လာလိုက်တာ ညတနာရီခွဲကျမှ ညစာစားရတော့တယ်။ ခရီးစဉ်တွေ နောက်ကျနေလို့ အမြန် မောင်းနေတဲ့ ကားဆရာကို အမှတ် (၃) လမ်းမကြီးပေါ်မှာ ယာဉ်တိမ်းမှောက်မှုတွေ အဖြစ်များနေတာကြောင့် ဖြည်းဖြည်းပဲမောင်းဖို့ တောင်းပန်သတိပေးစကား ပြောလိုက်ရသေး
တယ်။
ရောက်ချင်တဲ့အချိန်သာ ရောက်ပေရော့။ နိုင်ငံရပ်ခြားမှာလို အချိန်တိကျမှုကိုသာ ရှေ့တန်းတင်နေရမယ် ဆိုရင် စိတ်ဖိစီးမှုတွေနဲ့ နှလုံးရောဂါ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင်လဲ ကားမှောက်သေမယ့် အခြေအနေ ရှိနေလေတော့ အချိန် တိကျမှုဆိုတာကိုလဲ ရှေ့တန်းမတင်ရဲတော့သလောက်ပဲ။
နံနက်မိုးလင်းတော့ ကားက ပခုက္ကူမှာ အရင်ရပ်တာကြောင့် နံနက်စာကို ပခုက္ကူမှာ စားလိုက်ရတယ်။ အာဇာနည်နေ့ နံနက်မှာ ရဟန်းအာဇာနည်၊ လူအာဇာနည်များ ပေါ်ထွန်းခဲ့ရာ ပခုက္ကူမြေကို ခြေချခွင့်ရတဲ့ အတွက် အတိုင်းမသိ၊ ၀မ်းသာရပါတယ်။

အစတုန်းကတော့ လက်ဖက်ရည်လောက်ပဲ သောက်ဖို့ ရည်ရွယ်တာပါ။ မိတ်ဆွေက ထမင်းကြော် မှာ လိုက်ချိန်မှာ ပုဇွန်ချဉ်၊ တို့စရာ၊ အသီးအရွက်ကြော်၊ ပဲပုတ်ကြော်တွေပါ လာချတော့ ဖျားတာလဲ ဂရုမစိုက်နိုင် တော့ပဲ ထမင်းကြော်မှာပြီး စားပစ်လိုက်တော့တာပဲ။ အစားဘယ်လောက်တောင် ကောင်းကြသလဲဆိုရင် ကားထွက်ဖို့ ခေါ်တာတောင် သတိမထားမိလို့ ပြေးလိုက်ရတဲ့ အထိ။
ပခုက္ကူကနေ ကမ္မဘက်ကို ဆက်ထွက်ကြရပါတယ်။ ကမ္မရောက်တော့မှ ဂျစ်ကားငှားပြီး၊ ပေါက်မြို့ကို ဆက်သွားကြရပါတယ်။ ဒီလမ်းမှာ ကားလမ်းအကွေ့အကောက်တွေက အလွန်များပါတယ်။ တောတောင် ရေမြေတွေကို ကြည့်ရင်း၊ သီချင်းတအေးအေးနဲ့ လိုက်ပါသွားလိုက်တာ အဖျားတောင် ဆေးမသောက်ရပဲ ပျောက်သွားတဲ့အထိပါပဲ။ ချော်လဲထားတဲ့ အရှိန်တွေလဲ ကားဆောင့်တဲ့အရှိန်တွေကို ကြောက်လို့ ပြေးသွား လေသလားမသိ။ လူက လန်းလန်းဆန်းဆန်း၊ တက်တက်ကြွကြွ ဖြစ်သွားပါတော့တယ်။
ပေါက်မြို့ကို ရောက်ဖို့ သဲချောင်းလေးတွေကို ဖြတ်သန်းရပါတယ်။ လမ်းမှာ သဲချောင်းလေးတွေထဲ ကားမနစ်အောင် ကူညီလုပ်ကိုင်ပေးနေတဲ့ အသက်ဆယ်နှစ်အောက် ကလေးငယ်များစွာကို တွေ့ခဲ့ရပါတယ်။ ဒီကလေးတွေကို ခရီးသွားတွေက မုန့်ဖိုးလေးတွေ ပေးကြပါတယ်။ ကလေးတွေက ကျောင်းနေခွင့် မရကြ ရှာပါဘူး။ သူတို့ရခဲ့တဲ့ မုန့်ဖိုးလေးတွေကို မိဘကို ပြန်ပေးပြီး၊ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန် နေကြရရှာပါတယ်။

ဒီလိုနဲ့ ပေါက်ကို ရောက်ပြီး၊ ကျောင်းပြင်ပ ကလေးငယ်များအတွက် အဆောင်ကျောင်းထားရှိပြီး၊ ကလေး ငယ်များရဲ့ ပညာရေးအတွက် ကူညီစောင့်ရှောက်မှု လုပ်ဆောင်ရန် ပြင်ဆင်နေတဲ့ ဆရာကိုလူမော်၊ မလွင် တို့နဲ့ တွေ့ဆုံကြရပါတယ်။ ဘဏ္ဍာရေးရာလိုအပ်တာတွေကို သြစတြေးလျအခြေစိုက် မြန်မာဖြစ်တဲ့ အန်ကယ် ဦးမောင်မြင့်ဦးစီးတဲ့ MDG Focus ပညာရေးအဖွဲ့မှ ပံ့ပိုးပေးရေးအတွက် ဆွေးနွေးဖြစ်ကြပါတယ်။
ဆွေးနွေးနေဆဲမှာပဲ သက်ဆိုင်ရာက ပညာရေးဟောပြောပွဲမပြုလုပ်ရန် တားဆီးလာတာကြောင့် မြို့ခံပြည်သူ များနဲ့အတူ သက်ဆိုင်သူတွေဆီ သွားရောက်ညှိနှိုင်းမှု လုပ်ရပါသေးတယ်။
ခရီးထွက်လာရတာ ပျော်စရာတော့ အကောင်းသား။ ပညာရေးဟောပြောမယ့် လူတွေကို သက်ဆိုင်ရာက အတော်ဂရုစိုက်တယ်လို့ ဆိုရမယ်။ ဟောပြောပွဲအတွက် ညဘက်ပြင်ဆင်နေကြတုန်းမှာ လမ်းထောင့်လေး တွေဆီ လာထိုင်ရင်း လုံခြုံရေးယူပေးတဲ့ အရပ်ဝတ်တွေ၊ ကားနဲ့ လှည့်ပတ်ကြည့်ရှုပေးနေတဲ့ ယူနီဖောင်းဝတ် လုံခြုံရေးတာဝန်ကျတွေလဲ ရှိတယ်ဆိုတော့ အိပ်ချင်စိတ်တောင် ပြေပြီး သေချာပြင်ဖြစ် သွားရပါတော့တယ်။

နောက်တနေ့ နံနက်ဟောပြောပွဲစတော့ ဟောပြောမယ့် အကြောင်းအရာတွေ၊ စာရွက်တွေကို ကြိုပေးဖို့ လူငယ်လေးတယောက်က လာတောင်းပါသေးတယ်။ ဒါနဲ့ပဲ ဟောပြောပွဲမှာ ဟောပြောသူတွေက ပြောသမျှကို စာရွက်ကြိုပေးရတယ်ဆိုတာ နိုင်ငံတကာအဆင့် ထုံးစံမဟုတ်ကြောင်း၊ ဘာပြောတာလဲဆိုတာ သိချင်ရင် ထိုင်နားထောင်ဖို့ လိုကြောင်း ပြောပြီး၊ ခေါ်လိုက်ရသေးတယ်။ မဆိုးပါဘူး။ တနေ့လုံးတက်ပြီး နားထောင်လိုက်၊ တကုတ်ကုတ်နဲ့ မှတ်သားလိုက်တော့ လုပ်ရှာသား။
ပညာရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲကို အပိုင်းနှစ်ပိုင်းခွဲလုပ်ဖြစ်ပါတယ်။ ပထမပိုင်းက ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆက်မီနာဖြစ်ပြီး၊ ဒုတိယပိုင်းက ဒေသတွင်း ပညာရေးဆိုင်ရာ လိုအပ်ချက်များအား ဆန်းစစ်ချက် အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါတယ်။ ပေါက်မြို့ခံ ပြည်သူများသာမက၊ ကျေးရွာများမှ ကျောင်းဆရာ များ၊ ကျောင်းသားများလဲ တက်ရောက်ခဲ့ကြပါတယ်။
နံနက်ပိုင်းမှာ ပညာရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာ သင်ယူမှုဝန်းကျင်ဆိုင်ရာ ခေါင်းစဉ်များကို ပညာရှင်များက ဟောပြောခဲ့ကြပါတယ်။ နိုင်ငံခြားတက္ကသိုလ်၊ ပရော်ဖက်ဆာကိုတော့ ပညာရေးနဲ့ ပတ်သက်ပြီး မဟောပြောဖို့၊ ပရိသတ်နဲ့ မိတ်ဆက်ပေးပြီး၊ လေ့လာစောင့်ကြည်သူ အဖြစ်ပဲ တက်ရောက်ဖို့ သက်ဆိုင်ရာမှ မေတ္တာရပ်ခံတာကြောင့်၊ ဘာသာပြန်ဖို့ အလုပ် သက်သာသွားရပါတယ်။ ကျွန်မတို့ တိုင်းပြည်မှာ သက်ဆိုင်ရာက နိုင်ငံသူ၊ နိုင်ငံသားတွေကို အလွန် စောင့်ရှောက်တာပါလားလို့ အတွေးတောင် ၀င်သွားမိပါသေးတယ်။
ကမ္ဘာတ၀ှမ်းမှာက နိုင်ငံခြား ပညာရှင် တွေကို ဖိတ်ခေါ်ပြီး၊ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေကို ဘာသာပြန်သူတွေနဲ့ ပြုလုပ်ကြလေ့ရှိတာ ဆိုပေမယ့်၊ ကျွန်မတို့ကိုတော့ ဘာသာပြန်ပေးနေရရင် အလုပ်ရှုပ်မှာစိုးလို့ သက်သာအောင် စောင့်ရှောက် ပေးတာကိုပဲ ကျေးဇူးတင်ရမယ် ထင်ပါရဲ့။
နံနက်ပိုင်းဟောပြောပွဲပြီးချိန်မှာတော့ ဒေသခံပြည်သူများနဲ့ နေ့လည်စာကို ပျော်ပျော်ပါးပါး ၀ိုင်းဝန်း စားသောက်ကြပါတယ်။
နေ့လည်စာစားပြီး၊ လန်းလန်းဆန်းဆန်းဖြစ်သွားအောင် အပြင်ထွက်ပြီး ဂိမ်းလေးတွေ ကစားဖြစ်ကြပါတယ်။ သီချင်းဝိုင်းဖွဲ့ဆိုပြီး၊ ကသူတွေကလဲ ကနဲ့ လန်းလန်းဆန်းဆန်းကို ဖြစ်သွားတော့တာပါပဲ။
ညနေပိုင်းမှာတော့ ပညာရေးဆိုင်ရာ ဒေသတွင်းလိုအပ်ချက်များအား ဆန်းစစ်ချက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ဖြစ်ခဲ့ပါတယ်။
ဆွေးနွေးပွဲပြီးတော့ ဆွေးနွေးထားချက်တွေကို အုပ်စုတခုချင်းစီအလိုက် presentation လုပ်ကြပါတယ်။ သူတို့ တင်ပြနေတာတွေကို နားထောင်ရင်း၊ တက်ခဲ့ဖူးတဲ့ နိုင်ငံတကာ တက္ကသိုလ်ကြီးတွေဆီက အလုပ်ရုံဆွေးနွေး ပွဲတွေကို သတိသွားရမိပါတယ်။
ဖွံ့ဖြိုးဆဲတိုင်းပြည်ထဲက ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒီဒေသလေးက ပြည်သူတွေရဲ့ ပညာရေးအမြင်တွေ၊ တင်ပြနိုင်စွမ်းအားတွေ၊ ကဏ္ဍအလိုက်ခွဲခြားဆွေးနွေးတတ်မှုတွေ၊ လက်တွေ့ဘ၀ထဲက အတွေးအခေါ်တွေဟာ နိုင်ငံတကာ တက္ကသိုလ်တွေက ဆွေးနွေးပွဲတွေထက် မသာရင်သာနေမယ်၊ မလျော့ဘူးဆိုတာ ကျွန်မ ပြောရဲ တယ်။
ဘာကြောင့်များကွာ၊ ဒီလိုပြည်သူတွေရှိတဲ့ ငါတို့ တိုင်းပြည်ကြီးက ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ တိုင်းပြည် ထဲ ပါနေရတာတဲ့လဲ။ စိတ်မကောင်းဖြစ်လိုက်ရတာ။
ဆွေးနွေးပွဲပြီးသွားတော့ နဂါးနီသီချင်းကို သံပြိုင်သီဆိုကြရင်း၊ တနေ့တာ ဟောပြောဆွေးနွေးပွဲကို အဆုံးသတ် ဖြစ်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲပြီးတော့မှပဲ တလျှောက်လုံး ပင်ပမ်းခဲ့သမျှ ယောချောင်းထဲ ရေဆင်းချိုးရင်း အနားယူဖြစ်ခဲ့ကြပါ တယ်။


ပြီးတဲ့အခါ အနီးအနားက ရွာတွေကို အလည်သွားဖြစ်ရင်း၊ ရွာသူရွာသားတွေက စေတနာနဲ့ ကျွေးမွေးတဲ့ မုန့်ဆီကြော်နဲ့ မြန်မာမုန့်တွေကို စားခွင့်ရခဲ့ပါတယ်။
နောက်တနေ့ကျတော့ ချင်းပြည်နယ်၊ မင်းတပ်ကို ခရီးဆက်ထွက်ဖြစ်ခဲ့ပါတယ်။ လမ်းခရီးမှာ အန်ဂျီအို အဖွဲ့တခုက ကူညီထောက်ပံ့ပြီး ဖွင့်ထားပေးတဲ့ ကိုယ်ထူကိုယ်ထ ကျောင်းလေးကို ၀င်ကြည့်ဖြစ်ခဲ့ကြပါတယ်။
ပုံတောင်ပုံညာဒေသကို နာမည်သာ ကြားဖူးပြီး၊ ရောက်ခွင့်မကြုံခဲ့ပါဘူး။ အခုတော့ ပုံတောင်ထိပ်ကို ရောက်ရတဲ့အတွက် အရမ်းကို ၀မ်းသာရပါတယ်။
ချင်းပြည်နယ်ကို သွားတဲ့ ခရီးက ပျော်စရာ အလွန်ကောင်းလှပါတယ်။ ပခုက္ကူအထိ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး၊ ပေါက်မြို့ကနေ မင်းတပ်အထိ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်နေပေမယ့်၊ ကြားထဲက ပေါက်မြို့နယ်တခုပဲ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ဖြစ်နေရတာကို သတိထားမိပါတယ်။ ရာသီဥတု အခြေအနေကြောင့် စိုက်ပျိုးသီးနှံဖြစ်ထွန်းမှုမှာလဲ ကွာခြားမှုတွေ ရှိနေတာကို တွေ့ရှိရပါတယ်။

မင်းတပ်မှာ တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး တည်ထောင်ခဲ့တဲ့ တောင်ပုလုကျောင်းသို့ သွား ရောက် ပြီး၊ လက်ရှိသတင်းသုံးနေတဲ့ ကျောင်းထိုင်ဆရာတော်ဘုရားကြီးကို ၀င်ရောက်ဖူးမြော်ခဲ့ပါတယ်။
 
မိတ်ဆွေများနဲ့အတူ ထမင်းလက်ဆုံ စားပြီးတဲ့နောက် အပြန်မှာ ပေါက်မြို့အနီးတ၀ိုက်က ရွာတွေရဲ့ ဖိတ်ကြားချက်အရ အလည်သွားဖြစ်ခဲ့ပါတယ်။

ကျောင်းပြင်ပကလေးငယ်တွေကို အဆောင်ကျောင်းဖွင့်ပြီး၊ သင်ကြားပေးရာမှာ တက်ရောက်ကြမယ့် မိဘမဲ့ ကလေးငယ်လေးများ၊ မိဘက စွန့်ပစ်ထားခံရသော ကလေးငယ်လေးများကိုလဲ သွားရောက်တွေ့ဆုံခဲ့ကြပါ တယ်။ ဒီလို ကလေးငယ်လေးတွေရဲ့ ဘ၀ကို ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြရာမှာ တစုံတရာ ပါဝင်ဆောင်ရွက် ခွင့်ရတဲ့အတွက်လဲ အထူးပဲ ၀မ်းသာမိပါတယ်။ ကလေးငယ်လေးတွေရဲ့ မျက်ဝန်းလေးတွေက တစုံတရာ တာဝန်တွေကို ကျွန်မတို့ဆီ ပေးနေသလိုပဲ ခံစားရတယ်။

ကလေးတွေနဲ့ သွားတွေ့ပြီးချိန်မှာတော့ စာကြည့်တိုက်ဖြစ်မြောက်ရေး ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေတဲ့ ရွာလေးတရွာမှာ ညစာသွားစားဖြစ်ခဲ့ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး၊ စီးပွားရေးအခြေအနေ နိမ့်ကျ၊ ဖွံ့ဖြိုးတိုးတက်ရေး နောက်ကျကျန်နေတဲ့ ဒီလို ဒေသလေးမှာ အနာဂတ်မျိုးဆက်တွေ မျက်စိ၊ နားဖွင့်ပေးရေးအတွက် ကိုယ်ထူကိုယ်ထ ၀ိုင်းဝန်းဆောင်ရွက်နေကြသူတွေကို တွေ့မြင်ရတဲ့အခါ၊ ဒီနယ်လေး ကို ဖွံ့ဖြိုးတိုးတက်အောင် တနိုင်တပိုင် ၀ိုင်းပေးချင်တဲ့ စိတ်လေးတွေ ပေါက်ဖွားလာရပါတယ်။

နောက်တနေ့၊ ဇူလိုင် (၂၂) ရက်နေ့မှာတော့ ပေါက်မြို့နေ မထွက်ခွာခင် ဒေသခံများကို နှုတ်ဆက်ရပါတယ်။ ဒီလို ပညာရေးဟောပြောဆွေးနွေးပွဲ
လေးဖြစ်လာအောင် လုပ်ဆောင်ပေးတဲ့ ကိုလူမော်နဲ့ မလွင် တို့ မိသားစု၊ ဒေသခံ ပြည်သူများကို ကျေးဇူးအရမ်းတင်မိပါတယ်။
အဆောင်ကျောင်းလေး ဖြစ်မြောက်လာအောင် ၀ိုင်းဝန်း လုပ်ဆောင်နေတဲ့ MCEC သင်တန်းကျောင်း၊ အလှသစ္စာ ကျောင်းကော်မတီ၊ MDG Focus တို့ကိုလဲ ကျေးဇူးတင်ရပါတယ်။ သြစတြေးလျ အခြေစိုက် MDG Focus မှာ အရင်တုန်းက အင်္ဂလန်မှ အကြံပေး အဖြစ်သာ ပါဝင်နိုင်ခဲ့ရာက၊ အခုလို ပြည်တွင်းမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခွင့် ရသွားတဲ့အတွက်လဲ ၀မ်းသာမိတာ အမှန်ပါပဲ။
ခွင့်ပြုချက်များ ချမှတ်ပေးခဲ့တဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မိုးလင်းမိုးချုပ်၊ ညပါမကျန် အမြဲစောင့်ကြည့်ပြီး လုံခြုံရေး တာဝန်ယူပေးခဲ့သူများနဲ့ နံနက် ထွက်ခွာခါနီး၊ ရေချိုးနေချိန်မှာတောင် ရေကန်ရှေ့မှ တကူးတက လာရောက်စောင့်ကြည့်၊ လုံခြုံရေးယူပေးခဲ့ကြတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများကိုလဲ အလွန်တရာကို ကျေးဇူး တင်မိတာ အမှန်ပါပဲ။

ကားနဲ့ပြန်ဖို့ အခက်အခဲ ကြုံလာရတာကြောင့် ပုဂံကို ဆိုင်ကယ်များနဲ့ပဲ ဒေသခံများက လိုက်လံ ပို့ဆောင် ပေးခဲ့ကြပါတယ်။
ဝါးထရံများခင်းထားတဲ့ သစ်သားတံတားလေးကို ဖြတ်ပြီး၊ ချောင်းကူးရချိန်မှာ တစုံတရာက ကျွန်မရဲ့ အတွေးထဲ ၀င်လာပါတယ်။
ဒီချောင်းမှာ လုံခြုံခိုင်ခံ့စွာ တည်ဆောက်ထားတဲ့ ကွန်ကရစ်တံတား မရှိပါဘူး။ ဖြစ်သလို ခင်းထားတဲ့ ကိုယ်ထူ ကိုယ်ထ တံတားလေးပဲ ရှိပါတယ်။ ဒီတံတားလေးက လုံခြုံမှုလဲ မရှိပါဘူး။ ဆိုင်ကယ်က ၀ါးထရံနဲ့ ချိတ်မိလိုက် တာနဲ့ လူတွေက ရေထဲထိုးချသွားပါမယ်။ ဒါပေမယ့် မဖြစ်မနေ ခရီးတခုကို သွားဖို့ လိုလာတဲ့အခါ၊ လုံခြုံခိုင်ခံ့တဲ့ တံတားတည်ဆောက်ပြီးချိန်ကို ကျွန်မတို့ စောင့်လို့ မရတော့ပါဘူး။ ခရီးရောက်ဖို့ကိုသာ ဦးစားပေးစဉ်းစားဖို့ လိုအပ်လာပါတော့တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်၊ ပေါက်မြို့နယ်လေး ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဆုတောင်းမိရင်း၊ တတ်နိုင်သမျှ တနိုင်တပိုင် ပါဝင်ဆောင်ရွက်ဖို့ကိုလဲ ဆုံးဖြတ်လိုက်မိပါတယ်။

ခင်မမမျိုး (၂၄၊ ၇၊ ၂၀၁၃)

မြန်မာပြည်ကပို့လိုက်တဲ့ ပတ္တမြား ၂၄ လုံးတပ် စာတစောင်

အလောင်းမင်းတရားက အင်္ဂလိပ်ဘုရင် King George II ကို ပေးပို့ခဲ့တယ် ဆိုတဲ့ ရွှေပေလွှာတစောင်ဟာ ဂျာမဏီနိုင်ငံက နယ်ဘက် စာကြည့်တိုက်တခုမှာ ရောက်နေပါတယ်။

ရွှေသားအတိပြီးတယ်ဆိုတဲ့ ဒီစာမှာ ပတ္တမြား ၂၄ လုံးကိုလည်း လှလှပပ တန်ဆာဆင်ထားတာပါ။

ဆင်စွယ်ဘူးနဲ့ ထည့်ပို့လိုက်တဲ့စာ (ဓာတ်ပုံများ - NDR/ဂျာမန်ရေဒီယိုဝက်ဆိုက်)

ဒီစာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ ဝန်းကျင်မှာ ပေးပို့လိုက်တဲ့စာပါ။

အင်္ဂလိပ်ဘုရင်လက်ထဲကို ရောက်ဖို့ ၂ နှစ်လောက် ကြာတယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်ဘုရင်က သူ့ဇာတိမြေမှာ ရှိတဲ့ စာကြည့်တိုက်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။

စာနဲ့ ပတ်သက်တဲ့ အခမ်းအနားတခု မကြာသေးခင်က ပြည်ပမှာ ပြုလုပ်ခဲ့ပုံကို http://www.youtube.com/watch?v=Cd3gekCyZz8 မှာ ကြည့်နိုင်ပါတယ်။
စာကိုသိမ်းထားတဲ့ စာကြည့်တိုက်မှာ ပြုလုပ်ခဲ့ပုံပါပဲ။

ဒီရှေးဟောင်းပစ္စည်းက အခုတော့ မြန်မာပြည် ရောက်လာဖွယ် ရှိနေပါပြီ။
ဒီအကြောင်း မနေ့က ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ဂျာမနီ နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။
ရွှေပေလွှာသိမ်းထားတဲ့ စာကြည့်တိုက်က သဘောတူမယ်၊ စာကြည့်တိုက်ရှိတဲ့ပြည်နယ်ရဲ့ အစိုးရက သဘောတူမယ် ဆိုရင် ဒီစာက မြန်မာပြည် ပြန်ရောက်လာမှာပါ။

အလောင်းမင်းတရားရဲ့သ၀ဏ်လွှာကို ဆင်စွယ်နဲ့လုပ်ထားတဲ့ ဗူးနဲ့ ထည့်ပေးလိုက်တာပါ။

အင်တာနက်မှာ စုံစမ်း ဖတ်ရှုကြည့်တော့ Christian VII လို့ အမည်ရတဲ့ ဒိန်းမတ်ဘုရင်တပါးက လက်ကမြင်းလိုက်တာကြောင့် သ၀ဏ်လွှာက ကြေသွားခဲ့တယ်လို့ ဆိုတယ်။

ဖတ်ရခက်သွားတာပေါ့လေ။သ၀ဏ်လွှာမှာ အလောင်းမင်းတရား ရေးထားတာကတော့ လက်နက် အကူအညီ ရရှိရေး နဲ့ ကုန်သွယ်မှုကိစ္စတွေဖြစ်ကြောင်း သိရပါတယ်။

အင်္ဂလိပ်ဘုရင်က ဒီစာကို သဘောမပေါက်၊ သူ့ဆီရောက်သွားတာလည်း နောက်ကျသွားတယ် ဆိုတော့ ဒီစာကို အကြောင်းပြန်ဖို့၊ အလောင်းမင်းတရားဆီကို စာပြန်ဖို့ အစီအစဉ် ရှိခဲ့ပုံ မရဘူးလို့ ယူဆရပါတယ်။

စာပေးပို့သူ မြန်မာဘုရင် အလောင်းဘုရား
အင်္ဂလိပ်ဘုရင်။ သူက စာလက်ခံရပေမယ့် ဘာတွေရေးထားမှန်း သိမသွားဘူးလို့ ယူဆရပါတယ်။

နှစ်ပေါင်း ၂ဝဝ ကျော် အကြာမှာ ဒီစာကို ပြန်လေ့လာကြပါပြီ။

မကြာမှီ ပြန်လွှတ်တော့မည့် နိုင်ငံေ၇းအကျဉ်းသားများအား တကူးတက စုစောင်းနေရ


ရိုးသားစွာ ယှဉ်ပြိုင်ပါ -


ထန်းတပင်ရွာမှအပြန်



လက်က တဆစ်ဆစ်ကိုက်နေတယ်။
အဖျားရှိန်ကြောင့် မျက်လုံးတွေပူပြီး၊ ခေါင်းတွေ မူးနောက်နေတယ်။
ချော်လဲထားတဲ့ အရှိန်နဲ့ ကိုယ်ခန္ဓာဗယ်ဘက်တခြမ်း အောင့်နေတယ်။
ဒါပေမယ့် စာရေးလိုစိတ်ဆန္ဒကို ကျွန်မ ထိန်းလို့ မရဘူး။
အဖြစ်က ဒီလိုပါ။
ဒီနေ့ ဒဂုံဘက်က သီလရှင်သင်ပညာရေးကျောင်းတခုကို သြစတြေးလျနိုင်ငံ၊ တက္ကသိုလ်တခုမှ ဆရာမတဦး ခေါ်သွားပြီး၊ လိုအပ်တာတွေ တတ်နိုင်သမျှ ကူညီပံ့ပိုးပေးဖို့ needs assessment သွားလုပ်ဖြစ်ကြတယ်။ အဲဒီမှာ ကလေးတွေရဲ့ ပညာသင်ယူရတဲ့ ဘ၀အခြေအနေလေးတွေကို လေ့လာမိရာက ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေရဲ့ ပညာရေးကိုပါ ထည့်သွင်းဆွေးနွေး မိသွားကြတယ်။

ဒါနဲ့ပဲ ပါလာတဲ့ ဆရာမတယောက်က လှည်းကူးဘက်မှာ အကောင်အထည်ဖော်နေတဲ့ ကျောင်းပြင်ပ ကလေးတွေကို ပညာသင်ကြားပေးရေး စီမံချက်တခုကို လိုက်ပြပေးမယ်လို့ အကြံပြုလာတယ်။ ပညာရေးနဲ့ ပတ်သက်ရင် လေ့လာလိုစိတ်ရှိသူတို့ရဲ့ ထုံးစံအတိုင်း ဘယ်သူငြင်းကြပါ့မလဲ။

ဒီလိုနဲ့ ချက်ချင်းကားစီစဉ်ရတော့ ကားက နောက်ဘက်အမိုးဖွင့်။ ဒဂုံဘက်ကနေ မြောက်ဥက္ကလာ ဘက်ရောက်ချိန်အထိ ရာသီဥတုက အကောင်းသား။ မြောက်ဥက္ကလာကျော်လာတော့ ရန်ကုန်မိုးက ဇာတိပြပါလေရော။

ပါလာတဲ့ ထီးတွေ ထုတ်ဆောင်းတော့လဲ လေနဲ့တွေ့။ ကားပေါ်မှာခင်းထားတဲ့ အခင်းပေါ်မှာ မိုးရေတွေက ကျပြီး၊ ကားထဲမှာတင် ရေကြီးနေတော့ လူတွေလဲ ရွှဲရွှဲစို။

ဒီလိုနဲ့ လှည်းကူးရောက်ပြီး၊ ထန်းတပင်ရွာရောက်တော့ ကားကို လမ်းမပေါ်ရပ်ပြီး၊ ရွာထဲလျှောက်ဝင်ရတယ်။ အဲဒီမှာတင် ဇာတ်လမ်းက စတော့တာပါပဲ။ ရွံ့စေးတွေနဲ့ချော်ပြီး ဗိုင်းခနဲပစ်လဲသွားလိုက်တာ ကိုယ့်ဘာသာကိုယ် ဘာဖြစ်မှန်းတောင် မသိလိုက်ဘူး။ ဘေးက လူတွေ လာထူမှပဲ သတိပြန်ဝင်လာတော့တယ်။ တကိုယ်လုံးလဲ ရွံ့တွေပေလို့။

ကျောင်းရောက်ရောက်ချင်း ရေစည်ပိုင်းပြတ်ထဲကနေ ရေလောင်းပြီး ရွံ့တွေကို ဆေးလိုက်ရတယ်။ အ၀တ်ပိုကလဲ ကျောင်းမှာမရှိလေတော့ ကိုယ်ပေါ်မှာတင် အ၀တ်လျှော်လိုက်ရပြီး၊ ရေစိုအ၀တ်နဲ့ပဲ ကလေးတွေနဲ့တွေ့ရတော့တယ်။

ကလေးအများစုက လက်ဖရည်ဆိုင်မှာ အလုပ်လုပ်ကြရတာပါ။ တလနှစ်သောင်းခွဲဆိုတဲ့ လုပ်ခလစာနဲ့ နံနက်လေးနာရီအိပ်ယာထ၊ ဆယ့်နှစ်နှစ်ရီအထိ အလုပ်လုပ်၊ နေ့လည် ဆယ့်နှစ်နာရီကနေ နှစ်နာရီ ဆိုင်လူပါးချိန်မှာ ခဏနား၊ နေ့လည်နှစ်နာရီကနေ ညဘက်ဆိုင်သိမ်းချိန် ဆယ်နာရီအထိ အလုပ်တွေ တောက်လျှောက် လုပ်ကြရရှာပါတယ်။ ဒီကြားထဲက သူတို့အားတဲ့နေ့လေးတွေမှာ စာလာသင်နေကြရှာတာ။ တချို့ကျတော့ ပန်းရောင်းကြရရှာတယ်။ အသက်ဆယ့်နှစ်နှစ်အရွယ် ကလေးလေးဆို ခုမှ နှစ်တန်းစာ သင်ခွင့်ရတာ။

ပြည်ပမှာ အလုပ်တဘက်၊ ကျောင်းတဘက် ဘ၀တွေတုန်းက ကိုယ့်ကိုကိုယ် ပင်ပန်းပြီ ထင်လှတာ။ ခုလို ကလေးလေးတွေနဲ့ တွေ့တော့မှပဲ တခါတရံ ပင်ပန်းတယ်လို့ ငြီးငြူခဲ့မိတာကို ရှက်စိတ်ဝင်မိသွားသလို ခံစားလိုက်ရတယ်။

ကလေးလေးတယောက်ဆို အိတ်ခ်ျအိုင်ဗီရောဂါသည် မိခင်ကို ရှာကျွေးနေရရှာတာ။ အသက်မေးလိုက်တော့ ဆယ်နှစ်။ မတန်တဆ ဆေးဘိုးတွေ၊ ကုန်ဈေးနှုန်းတွေကြားထဲမှာ မိခင်ကို ဆေးကုရင်း၊ မိသားစုရဲ့ စားဝတ်နေရေး တာဝန်ကို ထမ်းဆောင်ရင်းက စာရေးတတ်၊ ဖတ်တတ်ဖို့ ကြိုးပမ်းနေရှာတဲ့ ဒီကလေးလေးရဲ့ အတွေးတွေထဲမှာ ကလေးသဘာဝ ကစားချင်စိတ်လေးတောင် ရှိပါတော့မလားမသိဘူး။

ဒီလိုနဲ့ပဲ ကျောင်းပြင်ပရောက် ကလေးငယ်လေးတွေကို အိမ်အောက်ထပ်လေးမှာ နေရာပေးပြီး၊ တီဗွီရောဂါ ခံစားနေရရာက အားတင်းရင်း စာသင်ပေးနေတဲ့ ဆရာမလေးနဲ့ မိသားစုရဲ့ တာဝန်တွေကို တဘက်က ထမ်းဆောင်ရင်း၊ တတန်း၊ နှစ်တန်းစာလေးတွေကို ခုမှ သင်နေရရှာတဲ့ ဆယ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ် ကလေးငယ်လေးတွေကို တတ်နိုင်သမျှ အားပေးစကားတွေပြောပြီး၊ ပြန်လာဖြစ်ခဲ့ကြပါတယ်။

အမိုးနောက်ဖွင့်ကားပေါ်မှာ ညနေစောင်းလေတ၀ူးဝူးနဲ့ ပြန်စီးလာလိုက်တာ၊ ညစာစားတဲ့ ဆိုင်လဲရောက်ရော၊ အဖျားအစွမ်းက စတင်ပြပါလေရော။

နောက်တနေ့မှာ ပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနဲ့ ဆက်မီနာများ ပြုလုပ်ဖို့ ခရီးရှည်ထွက်ရမယ်ဆိုပြီး၊ ဘယ်လိုပဲ ကြိုးစားအိပ်ပေမယ့်၊ အိပ်လို့က မပျော်နိုင်။

တဲတန်းရှည်လေးထဲမှာ အကန့်လေးတွေခွဲပြီး ပညာရှာရင်း၊ အိမ်သာတလုံးထဲကို သူငယ်တန်းကနေ ဆယ်တန်းအထိ လူလေးရာကျော် အသုံးပြုနေကြရရှာတဲ့ ဆင်ခြေဖုံးရပ်ကွက် သီလရှင်ပညာသင် ကျောင်းက ကလေးငယ်လေးတွေ၊ မိသားစုဝန်ကို တဘက်က ထမ်းရင်း စာရေး၊ စာဖတ်သင်နေကြရရှာတဲ့ ကျောင်းပြင်ပရောက် ကလေးငယ်လေးတွေက ကျွန်မရဲ့ အတွေးအာရုံတွေကို ဆွဲယူဖမ်းစားနေခဲ့တယ်။

သူတို့လေးတွေကို ဆင်းရဲသားကလေးငယ်လေးတွေ၊ လက်ဖက်ရည်ဆိုင် စားပွဲထိုးလေးတွေ၊ လမ်းဘေးဈေးသည်လေးတွေလို့ အချို့က မြင်ကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့လေးတွေက မြန်မာနိုင်ငံရဲ့ အနာဂတ်မျိုးဆက်သစ်လေးတွေပါ။

အလွန်တရာ ညစ်ပတ်တဲ့ စစ်ပွဲတွေလို့ သတ်မှတ်လေ့ရှိကြတဲ့၊ ကိုယ့်အမျိုးသားအချင်းချင်း တိုက်ပွဲဆင်နွှဲကြရသော ပြည်တွင်းစစ်ကို ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ ဒီတိုင်းပြည်ကြီးမှာ တိုင်းပြည်ကို စနစ်တကျ ထူထောင်ရမယ့် အခွင့်အလမ်းတွေ နည်းပါးခဲ့ရပါတယ်။

စစ်ပွဲတွေ၊ နိုင်ငံရေးပဋိပက္ခတွေကြားမှာ အနာဂတ်မျိုးဆက်သစ်များစွာ အသက်တွေ ပျောက်ခဲ့ကြရတယ်။ ဘ၀တွေ ကြွေလွင့်ပျက်စီးခဲ့ရတယ်။ စစ်ပွဲကနေ တိမ်းရှောင်ရတဲ့ ကလေးငယ်လေးတွေ အိမ်နီးချင်းနိုင်ငံမှာ အမှိုက်ကောက်နေကြရတယ်။ အမျိုးသမီးငယ်လေးတွေ ပြည့်တန်ဆာဖြစ်ခဲ့ကြရတယ်။

နိုင်ငံရပ်ခြားမှာ မိဘတွေက အခြေချပြန်တော့လဲ၊ ကလေးငယ်လေးတွေက မြန်မာပြည်ကို ခပ်စိမ်းစိမ်း ဖြစ်သွားခဲ့ကြတယ်။ ဧည့်သည်အဖြစ် အလည်ပြန်ဖို့က လွဲလို့ စိတ်မ၀င်စားကြတော့ဘူး။ အနာဂတ်ပျောက်နေတဲ့ လူငယ်လေးတွေက ပြည်ပကို ထွက်ဖို့ပဲ တာစူကြတယ်။ ပြည်ပ ရောက်တော့လဲ ဟိုမှာပဲ အခြေချရင်း၊ မြန်မာပြည်ပြန်လာဖို့အတွက် ပြည်ပလူနေမှုဘ၀အခြေအနေနဲ့ နှိုင်းယှဉ်ဆန်း
စစ်လာကြရာက၊ အပြီးပြန်လာ အခြေချဖို့ ခဲယဉ်းသွားကြရပြန်တယ်။

ပြည်တွင်းမှာကျတော့လဲ သိန်းနဲ့ချီတဲ့ ကလေးလေးတွေက စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဈေးဆိုင်တွေမှာ ပြည့်နေတာပဲ။ ဒီကလေးလေးတွေရဲ့ အနာဂတ်တွေ ပျောက်နေတယ်။ ရပိုင်ခွင့်တွေ ဆုံးရှုံးနေတယ်။ ကလေးလုပ်သားနဲ့ ပတ်သက်ပြီး၊ စစ်တမ်းကောက်ယူထားမှု၊ ကလေးလုပ်သား မှတ်ပုံတင်မှု၊ ကလေးလုပ်သား အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု စတဲ့ ကဏ္ဍတွေမှာ လိုအပ်ချက်တွေ အများအပြား ရှိနေဆဲပါ။

တကယ်တမ်းကျတော့ ဒါတွေဟာ တိုင်းပြည်တခုရဲ့ အနာဂတ်မျိုးဆက်ဆိုင်ရာ ပြဿနာတွေပါ။ စေ့စေ့တွေးရင်၊ ရေးရေးပေါ်ဆိုသလို စဉ်းစားကြည့်ရင် အင်မတန်ကြောက်မက်ဖွယ်ရာကောင်းတဲ့ အရေးပါ။

ထန်းတပင်ရွာက အပြန်မှာ ကျွန်မရဲ့ လက်လဲ နာနေတယ်။ ကိုယ်ခန္ဓာလဲ နာနေတယ်။ ခေါင်းလဲကိုက်နေတယ်။ ဒီထက် ပိုဆိုးတာက ရင်လဲနာနေတယ်။

နောင်အနှစ်လေးဆယ်မှာ မြန်မာဆိုတဲ့ ကျွန်မတို့ တိုင်းပြည်ကြီးကို ဘယ်သူတွေရဲ့ လက်ထဲမှာ ကျွန်မတို့ ထားခဲ့ကြမလဲ။

ခင်မမမျိုး (၁၇၊ ၇၊ ၂၀၁၃)

ပြည်သူတွေအနေနဲ့ အာဇာနည်သူရဲကောင်းတွေ ကို လေးစားနေရုံနဲ့မပြီးပဲ အာဇာနည်စိတ်ဓာတ် ဆိုတာကို နားလည်ဖို့လိုကြောင်း အာဇာနည် သတ္တိဆိုတာ အများအတွက် စွန့်လွှတ်အနစ်နာခံ တတ်တဲ့ စိတ်ဓာတ်မျိုးကို ခေါ်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

အခြေခံပညာကဏ္ဍ တက္ကသိုလ်ဝင် စာမေးပွဲ၌ စစ်ဆေးသည့် မေးခွန်းပုံစံ စနစ်အား ပြုပြင်ပြောင်းလဲရန် အကြံပြုချက်အား ဆွေးနွေးနေ...


ပြောတော့ပြီးပြီ ဆဲဖို့ ပဲကျန်တော့တယ် ။

မထူးခြင်းသို့  သွားနေသော တိုင်းပြည် -


သိမ်းယူထားတဲ့ လယ်မြေတွေ ကိစ္စ ဖြေရှင်းမပေးတဲ့အတွက် ပဲခူးလယ်သမားတွေ ဆန္ဒပြ


တံခါးအပြင်မှာ လူသတ်သမားရှိနေသည်။

နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်အား ဖျက်သိမ်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊ ၅၉ /၂၀၁၃

၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက်

(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်)

နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်အား ဖျက်သိမ်းခြင်း

နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်အား ယနေ့မှစ၍ ဖျက်သိမ်းလိုက်သည်။


(ပုံ)

သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 သစ်ထူးလွင် မှ

သပ်ရပ်သားနားတဲ့ ကုလားထိုင်တွေနဲ့ ညံ့ဖျင်းတဲ့ လမ်းမကြီးတွေ

တာနာကာ | Wednesday, 03 July 2013

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲအဖြစ် ကျွန်တော် ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့ ရပြီး မကြာခင်မှာပဲ JICA(ရန်ကုန်) ရုံးမှာတစ်စုံတစ်ခုကို စတင်သတိပြုမိလာ ပါတယ်။

ကျွန်တော်တို့ရဲ့ စည်းဝေးခန်းမကြီးထဲကို ၀င်လိုက်ရင် သိပ်ပြီးသပ်ရပ် သန့်ရှင်းနေပါတယ်။ စားပွဲတွေပေါ်မှာ အားလုံးရှင်းလင်းနေပြီး ယခင် အစည်း အဝေးက စာရွက်လက်ကျန်တွေ ဘာတစ်ခုမှမရှိပါဘူး။ ကုလားထိုင်တွေ အားလုံးဟာ တည့်တည့်မတ်မတ် ရှိနေပါတယ်။ ဒါပေမဲ့ တစ်ခုခုလိုနေ သလိုပဲ။

အခန်းက ထူးထူးခြားခြား သပ်ရပ်နေတယ်။ ကျွန်တော် နောက်မှ သဘောပေါက်လာတယ်။ အစည်းအဝေးကျင်းပတိုင်း အစည်းအဝေးထိုင် သူတွေဟာ ကုလားထိုင်တွေကို သူတို့အရပ်အမောင်းအနေအထားနဲ့ အဆင်ပြေသလို ခုံအမြင့်ကို ညှိပြီး ထိုင်ကြပါတယ်။

အစည်းအဝေး တစ်ခုပြီးတိုင်း အတွင်းရေးမှူးလေးတွေ (အားလုံး မြန်မာ လူမျိုးတွေ) ဟာကုလားထိုင်တွေကို ပြန်ပြီး တည့်တည့်မတ်မတ်ထားပေး ရုံမက အနိမ့်အမြင့်ကိုတောင် မနိမ့်လွန်းမမြင့်လွန်း ကြားအနေအထား ရောက်အောင် ပြန်ညှိပေးထားကြတာသိရလို့ ကျွန်တော်အံ့အားသင့်မိ ပါတယ်။

ဂျပန်နိုင်ငံကို ခေတ်မီအရည်အသွေး ထိန်းချုပ်မှုနည်းစနစ်မှာ အထူး ကျွမ်းကျင်ကောင်းမွန်သောနိုင်ငံအဖြစ် လူအများက ယူဆထားကြပါတယ်။

မှန်ပါတယ်၊ ကျွန်တော်တို့ဟာ စက်ရုံတွေမှာသာမက ရုံးတွေမှာလည်း အတော်ပင် တိကျသေချာမှုကို အလေးထားကြပါတယ်။

သို့နှင့်တိုင် ယခုလို တိကျတာမျိုးတော့ ဂျပန်နိုင်ငံမှာတောင် မတွေ့ဖူးပါဘူး။ တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ ယဉ်ကျေးမှုတစ်ခုပါပဲ။

ဒီနောက်တော့ 'ဘီလူးချောင်း' အမှတ် (၂)ရအားလျှပ်စစ်စီမံကိန်းအကြောင်း လေ့လာသိရှိရပါတယ်။ ဒီစီမံကိန်းကို ၁၉၆၀ ပြည့်နှစ်မှာ ဂျပန်နိုင်ငံအကူအညီ နဲ့ တည်ဆောက်ပြီးစီးခဲ့ပါတယ်။

ဘီလူးချောင်း စီမံကိန်း ပြန်လည်ထူထောင်ရေး အတွက် လိုအပ်ချက်တွေ စိစစ်အကဲဖြတ်ဖို့ကျွမ်းကျင်သူများ အဖွဲ့တစ်ဖွဲ့ကို JICA က မကြာမီက စေလွှတ်ခဲ့ပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှာ ဒီရေအားလျှပ်စစ်စက်ရုံဟာ သက်တမ်း အရင့်ဆုံးပါပဲ။ ဒါပေမဲ့ဒီစက်ရုံရဲ့ လည်ပတ်မှုနှုန်း (Plant factor) က ၈၁ ရာခိုင်နှုန်း၊ ပျမ်းမျှလည်ပတ်မှုက၅၀ ရာခိုင်နှုန်းဆိုတော့ အမြင့်ဆုံးလောက် ပါပဲ။

ရေအားလျှပ်စစ်စက်ရုံဆိုတာ ရေအင်အားနဲ့ စက်အခြေအနေတွေကြောင့် စွမ်းအားပြည့် ၁၀၀ ရာခိုင်နှုန်း ဘယ်တော့မှ မရနိုင်ကြပါဘူး။

ဂျပန်ပညာရှင်တွေဟာ အလွန်ဝေးကွာလှမ်းတဲ့ ဘီလူးချောင်းရေအား လျှပ်စစ် စက်ရုံက ပြန်ရောက်လာကြတဲ့အခါမှာ မြန်မာ အင်ဂျင်နီယာတွေနဲ့ ပညာရှင် ၀န်ထမ်းတွေ ရာစုနှစ်တစ်ဝက်လောက်ကြာအောင် ဒီစက်ရုံကို ဂရုတစိုက် ထိန်းသိမ်း စောင့်ရှောက်လာခဲ့ကြပုံကို အံ့ဩချီးမွမ်း မကုန်နိုင်အောင် ဖြစ်ကြရပါတယ်။

ခေတ်ပေါ်ကွန်ပျူတာတွေ တပ်ဆင်ထားခြင်းမရှိဘဲ နေ့စဉ်လုပ်ဆောင် လည်ပတ်မှုတွေကို လက်နဲ့ပဲတစ်ရက်မပျက် မှတ်တမ်းတင်ထားခဲ့ကြတာ ကိုလည်း အံ့အားသင့်ခဲ့ကြရတယ်။

ဒီလို အောင်မြင်ခဲ့တာဟာလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် စတင်တည် ဆောက်ခဲ့ကြတဲ့ ဂျပန်အင်ဂျင်နီယာတွေရဲ့ အစကောင်းခဲ့မှု၊ တပ်ဆင်ပေးခဲ့တဲ့ စက်ကိရိယာတွေ အရည်အသွေးကောင်းမွန်မှု၊ ဂျပန်အင်ဂျင်နီယာတွေက မြန်မာ အင်ဂျင်နီယာနဲ့ ၀န်ထမ်းတွေကို ကောင်းမွန်စွာလေ့ကျင့် သင်ကြား ခဲ့မှုတွေ ကြောင့်လည်း ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

အရည်အသွေး မြင့်မားတဲ့ ရင်းနှီးမြှုပ်နှံရေး စီမံကိန်းတစ်ခုမှာ ဒေသခံ မြန်မာ ၀န်ထမ်းမျိုးဆက်အဆင့်ဆင့် (နှစ် ၆၀ ကျော်)ရဲ့ ပြည့်ဝကောင်းမွန်တဲ့ ၀န်ဆောင်မှု လုပ်အားတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ အချိန်ရဲ့စမ်းသပ်မှုကို ခံနိုင်ရည်ရှိတဲ့ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း ဖြစ်လာခဲ့တာပါပဲ။

ယခုအချိန်အထိ တစ်နိုင်ငံလုံး ရေအားလျှပ် စစ်ရဲ့ ၁၁ ရာခိုင်နှုန်းကို ဒီစက်ရုံ က ပေးနေဆဲပါပဲ။ အလွန်အကျိုးသက်ရောက်မှုရှိတဲ့ ရင်းနှီုးမြှုပ်နှံမှုရဲ့ သက်သေ တစ်ခုပါ။ ခုတော့ ကျွန်တော်သဘောပေါက်ပါပြီ။

အပြိုင်အဆိုင်များလှတဲ့ နိုင်ငံတကာ ဈေးကွက်မှာ မြန်မာနိုင်ငံ အောင်မြင် မယ်၊ မြန်မာလူမျိုးတို့ရဲ့ပြင်းပြသော ဆန္ဒနဲ့ ကောင်းမွန်သော လုပ်ရည် ကိုင်ရည်တွေကြောင့် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အောင်မြင်မှုရမှာ သေချာတယ်လို့ ဂျပန်ကုမ္ပဏီများသာမက အခြားနိုင်ငံတကာကုမ္ပဏီ များကလည်း အထပ်ထပ်အခါခါ ကျွန်တော့်ကို ပြောပြကြပါတယ်။

ဤသို့သော ယဉ်ကျေးမှု ဓလေ့စရိုက်ရှိတဲ့နိုင်ငံမှာ လုပ်ခလစာသက်သာမှုပါ ပေါင်းစပ်လိုက်တဲ့အခါနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံဟာ နိဗ္ဗာန်ဘုံသဖွယ်ဖြစ်သွားပါတယ်။

သို့တစေ၊ ၀ိရောဓိဖြစ်နေတဲ့ နမူနာ ဖြစ်ရပ်များကိုလည်း မြင်တွေ့ရပြန်တယ်။ အစပထမတော့ရန်ကုန်နေပြည်တော် အမြန်လမ်းမကြီးဟာ ခေတ်မီ အမြန် လမ်းမ တစ်ခုလို့ ထင်ရပါတယ်။

ဒါပေမဲ့ ခေတ်မီအမြန်လမ်းမလို အသုံးချလို့ မရပါဘူး။ လမ်းအချိုးအကွေ့တွေ ရဲ့ ဒီဇိုင်းကလည်းတည်ဆောက်ပုံ မှန်ကန်မှုမရှိပါဘူး။ လမ်းမျက်နှာပြင် ကလည်း လှိုင်းထနေတာကြောင့် အောက်ခံဖောင်ဒေးရှင်း မကောင်းလို့ မညီညာ နိမ့်ကျနေတာတွေ ဖြစ်နေပါတယ်။

ညံ့ဖျင်းစွာ တည်ဆောက်ထားတဲ့ အမြန်လမ်းမကြီး ပိုပျက်စီးသွားမှာစိုးလို့ ၀န်လေးကုန်ကားကြီးတွေကို ပေးမဖြတ်ပါဘူး။ ဒီလို ကန့်သတ်လိုက်တော့ ဒီအမြန်လမ်းမကြီးရဲ့ စီးပွားရေးတန်ဖိုးဟာအကြီးအကျယ် ထိခိုက်ကျဆင်း သွားတာပေါ့။

ဒီပြဿနာကြီးတွေဟာ ယခင် ပေါ်လစီ ချမှတ်သူတွေရဲ့ အမြော်အမြင် နည်းပါးမှုကြောင့်ပါပဲ။စီမံကိန်းအတွက် ရန်ပုံငွေ လုံလောက်အောင် ချမပေးခဲ့ တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မြန်မာ အင်ဂျင်နီယာတွေ ဘယ်လောက်ပဲ ကောင်းအောင် လုပ်ချင်လုပ်ချင်၊ ခေတ်မီအမြန်လမ်း ဒီဇိုင်း နည်းပညာတွေကို လက်လှမ်းမမီရင်လည်း ကောင်းမွန်မှန်ကန်တဲ့ အမြန်လမ်းမကြီး တစ်ခုရလာမှာ မဟုတ်ပါဘူး။

ဘတ်ဂျက် ငွေ မလုံမလောက်နဲ့ လမ်းဖောင်ဒေးရှင်း ကောင်းအောင်လုပ်နိုင်မှာ မဟုတ်ဘူး။ ခုတော့မြန်မာတွေဟာ ထိန်းသိမ်းပြုပြင်ဖို့ရော၊ ပြန်လည်ပြင်ဆင် ဖို့ရော အင်မတန် အကုန်အကျများမယ့် အမြန်လမ်း (အဆင့်မမီကြီး) လက်ထဲ ပိုက်လျက်သား ဖြစ်နေပါပြီ။

ဒုတိယအနေနဲ့ ဘီလူးချောင်း အမှတ် (၂) စီမံကိန်းကြီး ပြန်လည် ထူထောင်ရေး ဆွေးနွေးကြတဲ့အခါ မြန်မာအစိုးရဘက်က ပုဂ္ဂိုလ်တွေဟာ ကုန်ကျစရိတ် အနည်းဆုံး၊ အသက်သာဆုံး ဖြစ်ဖို့ကိုသာ အာရုံထား နေကြ တာကို တွေ့ရပါတယ်။

ဂျပန် အင်ဂျင်နီယာတွေဟာ အရည်အသွေး ကောင်းဖို့ကိုသာ အာရုံ ထားနေတော့ ဒီဇိုင်းတွေ အကောင်းလွန်နေတတ်တာ ၀န်ခံပါတယ်။

အစွန်းနှစ်ဖက် ချိန်ခွင်ညှာ ညီအောင်လုပ်ရပါမယ်။ ဒါပေမဲ့ မြန်မာအစိုးရ အဖို့မှာတော့အရည်အသွေးဆိုတာ ဒုတိယဦးစားပေးအလုပ်လို ဖြစ်နေပါ တယ်။

ပြည့်စုံကောင်းမွန်အောင် လုပ်တတ်တဲ့ မြန်မာတွေရဲ့ စရိုက်သဘာဝတွေ ဘယ်ရောက်ကုန်လဲလို့ကျွန်တော့်ကိုယ် ကျွန်တော် မေးကြည့်မိတယ်။ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ကင်းကွာအောင် ဘေးဖယ်ခံထားခဲ့ရပြီး ဘဏ္ဍာငွေကြေး ချို့ချို့ငဲ့ငဲ့နဲ့ နေခဲ့ရတာကြောင့် မြန်မာ
အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေဟာ မတူကွဲပြားခြားနားတဲ့ ပုံသေအတွေး အခေါ်တွေ၊ ပုံစံကျ အမြင်တွေ(mindset) နဲ့ အသားကျနေပုံရတယ်။

နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထိတွေ့ခွင့်မရဘဲ ရှိတာလေးနဲ့ပဲ အလုပ်ဖြစ်အောင် လုပ်ခဲ့ကြရတော့ မြန်မာအစိုးရအဆက်ဆက်ဟာ ပြဿနာ အရပ်ရပ်ကို ဖာထေးဖြေရှင်းပြီး ဆူလွယ်နပ်လွယ်ရေတို ဖြေရှင်းတဲ့ အလေ့အထတွေ ရလာခဲ့တာ ဖြစ်နိုင်ပါတယ်။

မြန်မာအစိုးရတွေဟာ ဒါထက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းကို မတတ်နိုင်ကြတာလည်း အမှန်ပါပဲ။ ဆယ်စုနှစ် ပေါင်းများစွာရခဲ့တဲ့ ဒီအကျင့် ဟာ ခုတော့ အမြစ်တွယ်နေပုံရပါတယ်။ ခေတ်ပြောင်းလာခဲ့ပါပြီ။

မြန်မာနိုင်ငံဟာ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကနေပြီး အခွန်ဘဏ္ဍာတွေ သိသိသာသာ ရလာခဲ့ပါပြီ။ ပြည်ပက အထောက်အပံ့ အကူအညီတွေလည်း ပြန်ရလာပါပြီ။ ရေရှည်မှာ မြန်မာနိုင်ငံကိုကောင်းစွာ အကျိုးပြုစေမယ့် အဆင့်မြင့် အရည်အသွေးမီ စီမံကိန်းတွေကို ဈေးကောင်းကောင်းပေးပြီး ရွေးချယ်နိုင်တဲ့ အခြေအနေ ရှိလာပါပြီ။

မြန်မာအစိုးရ အရာရှိတွေကလည်း ဒါကို နားလည်သဘော ပေါက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ဈေးပေါတာရွေးချင်တဲ့ အကျင့်ကတော့ ဖျောက်နိုင်ခဲလှတယ်။ ဒီပုံစံကျ အတွေးအခေါ် (mindset) ကို ချေဖျက် အနိုင်ယူဖို့ အလွန်အရေးကြီးပါတယ်။

မြန်မာအဖို့ ရင်းနှီးမြှုပ်နှံဖို့လာသူ တွေထဲက ရွေးစရာတွေ များစွာရှိနေပါပြီ။ ပထမတန်းစား စီမံကိန်းတွေမှာသာ ရင်းနှီးမြှုပ်နှံတဲ့ ရှေးကမြန်မာ ရှေးထုံး အစဉ်အလာကို ပြန်လည် ထိန်းသိမ်းပြီးအဆင့်မြင့်မြင့်တွေကိုသာ ရွေးချယ်တဲ့ အလေ့အထ ပြန်လည် ရှင်သန်လာရင် အလွန်အရေးကြီးတဲ့ အကျိုးဆက်တွေ ကို ခံစားစံစားကြရမှာ ဖြစ်ပါတယ်။

အရည်အသွေးကောင်းနဲ့ ပြည့်စုံမှုတွေအတွက် အာရုံထားမှုကို အားဖြည့်ပေး ဖို့ ပဲ ဖြစ်ပါတယ်။ ဒီမြန်မာ့ အမွေအနှစ် အစဉ်အလာတွေ ပျောက်ဆုံးမသွား သေးပါဘူး။ ဒါပေမဲ့ အရည်အသွေးနိမ့်တဲ့စီမံကိန်းတွေကိုသာ ဆက်လက် ရွေးချယ်နေကြမယ် ဆိုရင်တော့ ကျွန်တော် အလွန်တရာအားရနှစ်ခြိုက် ခဲ့ရတဲ့ မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာတွေကို ထိပါးခံရတော့မှာ အမှန်ပါပဲ။

ဒါဟာ မြန်မာအတွက် ၀မ်းနည်းကြေကွဲဖွယ် ဆုံးရှုံးမှုဖြစ်လာပါလိမ့်မယ်။ နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ မြန်မာ့ စီးပွားရေးအတွက် ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်ဟာ ဒါပဲလို့ ကျွန်တော်ယူဆပါတယ်။

(မစ္စတာတာနာကာသည် မြန်မာနိုင်ငံရှိ JICA ရုံး၏ အကြီးအကဲပုဂ္ဂိုလ် ဖြစ်သည်။)

http://www.myanmar.mmtimes.com/ မှ ကူးယူဖော်ပြသည်

ပလက်ဖောင်းပေါ်က အတွေးစများ




မြန်မာပြည်ပြန်ရောက်ပြီး သုံးရက်လောက်မှာ မိသားစု၊ ဆွေမျိုးနဲ့ မိတ်ဆွေများက လိုက်ပါပို့ဆောင်ပေးတဲ့ နေရာတွေကို သွားရင်း ပလက်ဖောင်းကိစ္စကို စပြီး သတိထားမိခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်တိုင် ပလက်ဖောင်းပေါ်ကို ခြေမချရသေးတာကြောင့် အမြင်နဲ့ မရေးသင့်ဘူးထင်လို့ စာမရေးဖြစ်ခဲ့ပါဘူး။ ဒီနေ့တော့ အနားယူမယ်ဆိုပြီး ချိန်းဆိုထားမှုတွေ မလုပ်ထားတာကြောင့် အေးအေဆေးဆေး ပတ်ဝန်းကျင်ကို လေ့လာခွင့်ရသွားခဲ့ပါတယ်။


ပထမဆုံးအနေနဲ့ နေထိုင်ရာဝန်းကျင်ဖြစ်တဲ့ တက္ကသိုလ်ရိပ်သာလမ်းသစ်က ပလက်ဖောင်းပေါ်ကို စတင်ခြေချဖြစ်ပါတယ်။ အဲဒီမှာတင် အင်မတန်ထူးဆန်းတဲ့ ကိစ္စတွေကို တွေ့ရတော့တာပါပဲ။ လူသွားစင်္ကြန်ဆိုတဲ့ ပလက်ဖောင်းပေါ်မှာ ကားတွေက အစီအရီ တက်ရပ်ထားကြပါတယ်။ တချို့နေရာများ ဆိုရင် ကားသုံးစီးကပ်ပြီးရပ်ထားတာကြောင့် လူက လမ်းမကြီးပေါ် လမ်ဒဆင်းလျှောက်ရပါတယ်။


ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မီးစက်ကြီးများကလဲ ပလက်ဖောင်းနေရာကို အပြည့်အ၀ နေရာယူထားပါတယ်။ ဒီကြားထဲ ဆောက်လက်စ ဆောက်လုပ်ရေး လုပ်ငန်းခွင်များကလဲ ပလက်ဖောင်းပေါ်က ဖြတ်သန်းသွားလာသူများရဲ့ လုံခြုံရေးအတွက် အကာအရံများ ထားရှိဖို့ နေနေသာသာ၊ သဲတွေ၊ ကျောက်တွေကိုတောင် ပလက်ဖောင်းပေါ် ပုံထားလိုက်ကြသေး။


လမ်းတဘက်ကနေ နောက်လမ်းတဘက်ကို မောင်းနေတဲ့ ကားတွေရှေ့ကနေ ကားနဲ့လူအပြိုင် လမ်းကူးနေကြတာတွေ တွေ့မြင်ရတာက ပိုပြီးတော့တောင် သည်းထိတ်ရင်ဖိုဖြစ်စရာ ကောင်းပါသေးတယ်။ လူကူးမျဉ်းကျားမှကူးပါ ဆိုတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတော့ ရှိပါရဲ့။ ဘယ်မှာလဲ။ လူကူးမျဉ်းကျားက။ ဟိုဘက်လမ်းထိပ်၊ ဒီဘက်လမ်းထိပ်က မီးပွိုင့်တွေမှာတော့ ကူးလို့ရပါတယ်။ ဒါပေမယ့် မိနစ်နှစ်ဆယ်ခန့် လျှောက်သွားမှ ရောက်နိုင်တာဆိုတော့ မည်သူက မီးပွိုင့်ထိ တခါလျှောက်၊ လမ်းကူး၊ တခါပြန်လျှောက်လာတဲ့ အလုပ်ကို လုပ်ပါမည်တဲ့လဲ။ လူကူးမျဉ်းကျားဆိုတာ တခုနဲ့တခု ကိုက်မည်မျှ အကွာအဝေးမှာ ထားရှိသင့်တယ်ဆိုတဲ့ Infrastructure စည်းမျဉ်းအတိုင်း ၀န်ဆောင်မှုပေးပြီးမှသာ စည်းကမ်းဆိုတာ မထုတ်သင့်ပေဘူးလား။

ဒီတော့ တွေးစရာတွေက ဖြစ်လာပါပြီ။ အုပ်ချုပ်မှုရေးရာ ၀န်ဆောင်မှုက မပြည့်စုံတာလား၊ လူတွေက စည်းကမ်းမလိုက်နာတာလား။ အန္တရာယ်ဖြစ်နိုင်ချေတွေ များနေပါရက်နဲ့ ဒါတွေကို မလျှော့ချပဲ အန္တရာယ်ကို ပညာပေးရုံနဲ့ အန္တရာယ် ဖြစ်ပွားမှုကို ကာကွယ်နိုင်ပါမည်တဲ့လား။

 
ဒီလိုနဲ့ အတွေးစတွေနဲ့ လမ်းလျှောက်လာလိုက်တာ တီတီဆိုတဲ့ အနီးကပ်ကားဟွန်းတီးသံကြောင့် လန့်ပြီး ထခုန်လိုက်မိပါတယ်။ ကိုယ့်ခြေထောက်များ ကားလမ်းမပေါ်ရောက်နေလို့ ဟွန်းတီးခံရတာလားလို့ ပြန်ကြည့်မိတော့လဲ ခြေထောက်က ပလက်ဖောင်းပေါ်မှာပါ။ ကားချိုးကွေ့ဝင်ရတဲ့ လမ်းသွယ်၊ လမ်းဆုံလဲ မဟုတ်။ ဒါနဲ့ လှမ်းကြည့်မိတော့ ကားတစီး။ မြတ်စွာဘုရား။ ပလက်ဖောင်းဆိုတဲ့ လူသွားလမ်းပေါ်မှာ လမ်းလျှောက်နေတဲ့လူကို ကားက ဟွန်တီးပြီး လမ်းဖယ်ခိုင်းနေတာပါလား။ ဒါနဲ့ပဲ ကားက လူသွားလမ်းပေါ်တက်ရပ်ဖို့ လူက ကားလမ်းမပေါ် ဆင်းပေးလိုက်ရပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ဆိုပေမယ့် ဒီလိုဇာတ်မျိုးကို အပြည်ပြည်ဆိုင်ရာ ကြားလို့တောင် သင့်လျော်မှာ မဟုတ်။

ဒီဖြစ်ရပ်ကို အသိတယောက်ကို ရင်ဖွင့်တော့ အနောက်တိုင်းမျက်စိနဲ့ မကြည့်ပါနဲ့တဲ့။ ကျွန်မက အနောက်တိုင်းမျက်စိနဲ့ ကြည့်ပြီး ပြောနေခြင်း မဟုတ်ပါ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ ဂျာမဏီ၊ ဆွီဒင်၊ ဆွစ်ဇာလန်နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲမြန်မာကို နှိုင်းယှဉ်ကြည့်ရလောက်အောင် ကျွန်မမှာ အသိဥာဏ်မခေါင်းပါးပါ။ ကျွန်မပြောနေရခြင်းက ပလက်ဖောင်းပေါ်က အများပြည်သူအတွက် ပြောခြင်းဖြစ်ပါတယ်။ ကားဆိုတာကလဲ အနောက်တိုင်းက စပြီး တီထွင်လိုက်တာ ဖြစ်ပါတယ်။ ပလက်ဖောင်းဆိုတာကလဲ အနောက်တိုင်းက စပြီးတီထွင်လိုက်တာဖြစ်ပါတယ်။ အနောက်တိုင်းက တီထွင်ခဲ့တဲ့ ကားကို စီနေကြပြီး၊ ပလက်ဖောင်းကျတော့မှ အနောက်တိုင်းနဲ့ မတူနိုင်ပါ ဆိုတာကတော့ ပလက်ဖောင်းပေါ် လမ်းလျှောက်သူတွေကို လျစ်လျူရှုရာ ရောက်ပါတယ်။

လူနဲ့ကား မည်သည်က တန်ဖိုးပိုကြီးပါသလဲ။ ဂုဏ်ပကာသန အဆိပ်တက်ပြီး၊ လူစိတ်ပျောက်နေသော လူမည်ကာမတ္တများမှ လွဲရင်၊ လူသားစစ်စစ်ဖြစ်သော မည်သူမဆို အခြားလူသားတယောက်ရဲ့ ဘ၀၊ လူ့ ဂုဏ်သိက္ခာကို တန်ဖိုးထားလေ့ရှိပါတယ်။ မြန်မာတပြည်လုံးက သန်းငါးဆယ်ကျော်သော လူတွေထဲမှာ ကိုယ်ပိုင်ကားစီးသူ လူဦးရေး၊ တက္ကစီစီးသော လူဦးရေက မည်မျှသော ရာခိုင်နှုန်း ရှိပါသတဲ့လဲ။ လမ်းလျှောက်သူတွေရဲ့ အရေးကို ဂရုမပြုပဲ၊ ကားစီးရေ များလာရုံ၊ လူဦးရေ ငါးရာခိုင်နှုန်းခန့် ကားစီးရုံနဲ့ ခေတ်မီတိုးတက်သော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ပါမည်တဲ့လား။ လူအများရဲ့ လူနေမှုဘ၀ကို အေးချမ်းသာယာအောင် အုပ်ချုပ်ရေးဝန်ဆောင်မှု ပေးနိုင်မှသာ ကောင်းမွန်သောအုပ်ချပ်ရေး (Good Governance) ရှိပြီး တိုင်းပြည်တိုးတက်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် လူဦးရေရဲ့ ရာခိုင်နှုန်းအများစုကို ကိုယ်စားပြုနေသူများ နေ့စဉ်လျှောက်လှမ်းနေကြရတဲ့ ပလက်ဖောင်းများ တိုးတက်ကောင်းမွန်လာဖို့ လိုအပ်ပါတယ်။ ကားလမ်းမပေါ်ကနေ ပလက်ဖောင်းကို မောင်ပိုင်တက်စီးထားကြသော ကားများ ရပ်နားဖို့အတွက် ရပ်တန့်ရန်နေရာများ ဖန်တီးပေးဖို့ လိုအပ်သလို၊ စည်းကမ်းမလိုက်နာပါက အရေးယူမှုများ ပြုလုပ်ဖို့လဲ လိုအပ်ပါတယ်။ ခရီးသွားပြည်သူများ အန္တရာယ် ကင်းရှင်းစွာ ဖြတ်သန်းနိုင်မယ့် လူကူးမျဉ်းကျားများကို မြို့လယ်ခေါင်လမ်းများပေါ်မှာတင်မဟုတ်ပဲ၊ လူအများသွားလာလေ့ရှိတဲ့ လမ်းတိုင်းမှာ စနစ်တကျ ထားရှိပေးဖို့ လိုအပ်ပါတယ်။

အများပြည်သူဖြတ်သန်းသွားလာတဲ့ လမ်းမပေါ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို အကာအရံ၊ တံတိုင်းများထားရှိစေပြီး အုတ်ပုံ၊ ကျောက်ပုံ၊ သဲပုံများကို လမ်းပေါ်ထားရှိခြင်းအား ထိန်းချုပ်ခြင်းဖြင့် လုပ်ငန်းခွင်အန္တရာယ်များ ပြည်သူလူထုအပေါ် မသက်ရောက်စေဖို့ ကာကွယ်ပေးရန် လိုအပ်ပါတယ်။

ဒီအကြံပြုချက်တွေဟာ အနောက်တိုင်း၊ အရှေ့တိုင်း မည်သည့်အတွေးအခေါ်ကိုမှ အခြေပြုထားတာမဟုတ်ပါ။ အနောက်တိုင်းဖြစ်စေ၊ အရှေ့တိုင်းဖြစ်စေ ဘယ်နိုင်ငံက အစိုးရမဆို ပြည်သူလူထုအပေါ် ပေးအပ်ရမယ့် အုပ်ချုပ်ရေး ၀န်ဆောင်မှုများသာ ဖြစ်ပါတယ်။

ဒီလိုတွေ ပြောတဲ့အခါ အချို့က ဆိုလေ့ရှိပါတယ်။ အစိုးရက ၀န်ဆောင်မှုပေးတော့ကော ပြည်သူက တန်ဖိုးထားပြီး၊ လိုက်နာကျင့်သုံး၊ ထိန်းသိမ်းစောင့်ရှောက်ပါမည်တဲ့လား ဆိုတဲ့ အချက်ကိုပါ။ တိုင်းပြည်တိုင်းမှာ တရားဥပဒေစိုးမိုးမှု ဆိုတာကို ဆောင်ရွက်ရတဲ့ ယန္တရားတွေ ရှိပါတယ်။ ၀န်ဆောင်မှုပေးပြီးမှ မလိုက်နာ၊ မကျင့်သုံးလျှင်တော့ တရားဥပဒေအရ အရေးယူဆောင်ရွက်မှုတွေ လိုအပ်သလို ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ထမင်းပန်းကန်ကွဲမှာစိုးလို့ ထမင်းမကျွေးဘူးဆိုပြီး လုပ်လို့မှ မရသည်ပဲ။

မည်သို့ဆိုစေ၊ အများပြည်သူရဲ့ လူနေမှုဘ၀လုံခြုံရေး၊ တိုးတက်ရေးအတွက် ပလက်ဖောင်းများ စနစ်တကျ ပြုပြင်ထိန်းသိမ်းတည်ဆောက်ရေး၊ လူကူးမျဉ်းကျားများ ထားရှိရေး၊ လုပ်ငန်းခွင်အန္တရာယ် တိုက်ရိုက်ကျရောက်နိုင်မှုများကို ကာကွယ်ပေးတဲ့ လုပ်ငန်းစဉ်များကို မလွဲမသွေ လုပ်ဆောင်သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၄၊ ၇၊ ၂၀၁၃)