ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင
ကျွန်တော်တို့ရဲ့ စည်းဝေးခန်းမကြီးထဲကို ၀င်လိုက်ရင် သိပ်ပြီးသပ်ရပ် သန့်ရှင်းနေပါတယ်။ စားပွဲတွေပေါ်မှာ အားလုံးရှင်းလင်းနေပြီး ယခင် အစည်း အဝေးက စာရွက်လက်ကျန်တွေ ဘာတစ်ခုမှမရှိပါဘူး။ ကုလားထိုင်တွေ အားလုံးဟာ တည့်တည့်မတ်မတ် ရှိနေပါတယ်။ ဒါပေမဲ့ တစ်ခုခုလိုနေ သလိုပဲ။
အခန်းက ထူးထူးခြားခြား သပ်ရပ်နေတယ်။ ကျွန်တော် နောက်မှ သဘောပေါက်လာတယ်။ အစည်းအဝေးကျင်းပတိုင်း အစည်းအဝေးထိုင် သူတွေဟာ ကုလားထိုင်တွေကို သူတို့အရပ်အမောင်းအနေအထားနဲ
အစည်းအဝေး တစ်ခုပြီးတိုင်း အတွင်းရေးမှူးလေးတွေ (အားလုံး မြန်မာ လူမျိုးတွေ) ဟာကုလားထိုင်တွေကို ပြန်ပြီး တည့်တည့်မတ်မတ်ထားပေး ရုံမက အနိမ့်အမြင့်ကိုတောင် မနိမ့်လွန်းမမြင့်လွန်း ကြားအနေအထား ရောက်အောင် ပြန်ညှိပေးထားကြတာသိရလို့ ကျွန်တော်အံ့အားသင့်မိ ပါတယ်။
ဂျပန်နိုင်ငံကို ခေတ်မီအရည်အသွေး ထိန်းချုပ်မှုနည်းစနစ်မှာ အထူး ကျွမ်းကျင်ကောင်းမွန်သောနို
မှန်ပါတယ်၊ ကျွန်တော်တို့ဟာ စက်ရုံတွေမှာသာမက ရုံးတွေမှာလည်း အတော်ပင် တိကျသေချာမှုကို အလေးထားကြပါတယ်။
သို့နှင့်တိုင် ယခုလို တိကျတာမျိုးတော့ ဂျပန်နိုင်ငံမှာတောင် မတွေ့ဖူးပါဘူး။ တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ ယဉ်ကျေးမှုတစ်ခုပါပဲ။
ဒီနောက်တော့ 'ဘီလူးချောင်း' အမှတ် (၂)ရအားလျှပ်စစ်စီမံကိန်းအေ
ဘီလူးချောင်း စီမံကိန်း ပြန်လည်ထူထောင်ရေး အတွက် လိုအပ်ချက်တွေ စိစစ်အကဲဖြတ်ဖို့ကျွမ်းကျင်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
ရေအားလျှပ်စစ်စက်ရုံဆိုတာ ရေအင်အားနဲ့ စက်အခြေအနေတွေကြောင့် စွမ်းအားပြည့် ၁၀၀ ရာခိုင်နှုန်း ဘယ်တော့မှ မရနိုင်ကြပါဘူး။
ဂျပန်ပညာရှင်တွေဟာ အလွန်ဝေးကွာလှမ်းတဲ့ ဘီလူးချောင်းရေအား လျှပ်စစ် စက်ရုံက ပြန်ရောက်လာကြတဲ့အခါမှာ မြန်မာ အင်ဂျင်နီယာတွေနဲ့ ပညာရှင် ၀န်ထမ်းတွေ ရာစုနှစ်တစ်ဝက်လောက်ကြာအောင
ခေတ်ပေါ်ကွန်ပျူတာတွေ တပ်ဆင်ထားခြင်းမရှိဘဲ နေ့စဉ်လုပ်ဆောင် လည်ပတ်မှုတွေကို လက်နဲ့ပဲတစ်ရက်မပျက် မှတ်တမ်းတင်ထားခဲ့ကြတာ ကိုလည်း အံ့အားသင့်ခဲ့ကြရတယ်။
ဒီလို အောင်မြင်ခဲ့တာဟာလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် စတင်တည် ဆောက်ခဲ့ကြတဲ့ ဂျပန်အင်ဂျင်နီယာတွေရဲ့ အစကောင်းခဲ့မှု၊ တပ်ဆင်ပေးခဲ့တဲ့ စက်ကိရိယာတွေ အရည်အသွေးကောင်းမွန်မှု၊ ဂျပန်အင်ဂျင်နီယာတွေက မြန်မာ အင်ဂျင်နီယာနဲ့ ၀န်ထမ်းတွေကို ကောင်းမွန်စွာလေ့ကျင့် သင်ကြား ခဲ့မှုတွေ ကြောင့်လည်း ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
အရည်အသွေး မြင့်မားတဲ့ ရင်းနှီးမြှုပ်နှံရေး စီမံကိန်းတစ်ခုမှာ ဒေသခံ မြန်မာ ၀န်ထမ်းမျိုးဆက်အဆင့်ဆင့် (နှစ် ၆၀ ကျော်)ရဲ့ ပြည့်ဝကောင်းမွန်တဲ့ ၀န်ဆောင်မှု လုပ်အားတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ အချိန်ရဲ့စမ်းသပ်မှုကို ခံနိုင်ရည်ရှိတဲ့ဘီလူးချောင
ယခုအချိန်အထိ တစ်နိုင်ငံလုံး ရေအားလျှပ် စစ်ရဲ့ ၁၁ ရာခိုင်နှုန်းကို ဒီစက်ရုံ က ပေးနေဆဲပါပဲ။ အလွန်အကျိုးသက်ရောက်မှုရှိတဲ
အပြိုင်အဆိုင်များလှတဲ့ နိုင်ငံတကာ ဈေးကွက်မှာ မြန်မာနိုင်ငံ အောင်မြင် မယ်၊ မြန်မာလူမျိုးတို့ရဲ့ပြင်ြး
ဤသို့သော ယဉ်ကျေးမှု ဓလေ့စရိုက်ရှိတဲ့နိုင်ငံမှာ
သို့တစေ၊ ၀ိရောဓိဖြစ်နေတဲ့ နမူနာ ဖြစ်ရပ်များကိုလည်း မြင်တွေ့ရပြန်တယ်။ အစပထမတော့ရန်ကုန်နေပြည်တော်
ဒါပေမဲ့ ခေတ်မီအမြန်လမ်းမလို အသုံးချလို့ မရပါဘူး။ လမ်းအချိုးအကွေ့တွေ ရဲ့ ဒီဇိုင်းကလည်းတည်ဆောက်ပုံ မှန်ကန်မှုမရှိပါဘူး။ လမ်းမျက်နှာပြင် ကလည်း လှိုင်းထနေတာကြောင့် အောက်ခံဖောင်ဒေးရှင်း မကောင်းလို့ မညီညာ နိမ့်ကျနေတာတွေ ဖြစ်နေပါတယ်။
ညံ့ဖျင်းစွာ တည်ဆောက်ထားတဲ့ အမြန်လမ်းမကြီး ပိုပျက်စီးသွားမှာစိုးလို့ ၀န်လေးကုန်ကားကြီးတွေကို ပေးမဖြတ်ပါဘူး။ ဒီလို ကန့်သတ်လိုက်တော့ ဒီအမြန်လမ်းမကြီးရဲ့ စီးပွားရေးတန်ဖိုးဟာအကြီးအက
ဒီပြဿနာကြီးတွေဟာ ယခင် ပေါ်လစီ ချမှတ်သူတွေရဲ့ အမြော်အမြင် နည်းပါးမှုကြောင့်ပါပဲ။စီမံက
မြန်မာ အင်ဂျင်နီယာတွေ ဘယ်လောက်ပဲ ကောင်းအောင် လုပ်ချင်လုပ်ချင်၊ ခေတ်မီအမြန်လမ်း ဒီဇိုင်း နည်းပညာတွေကို လက်လှမ်းမမီရင်လည်း ကောင်းမွန်မှန်ကန်တဲ့ အမြန်လမ်းမကြီး တစ်ခုရလာမှာ မဟုတ်ပါဘူး။
ဘတ်ဂျက် ငွေ မလုံမလောက်နဲ့ လမ်းဖောင်ဒေးရှင်း ကောင်းအောင်လုပ်နိုင်မှာ မဟုတ်ဘူး။ ခုတော့မြန်မာတွေဟာ ထိန်းသိမ်းပြုပြင်ဖို့ရော၊ ပြန်လည်ပြင်ဆင် ဖို့ရော အင်မတန် အကုန်အကျများမယ့် အမြန်လမ်း (အဆင့်မမီကြီး) လက်ထဲ ပိုက်လျက်သား ဖြစ်နေပါပြီ။
ဒုတိယအနေနဲ့ ဘီလူးချောင်း အမှတ် (၂) စီမံကိန်းကြီး ပြန်လည် ထူထောင်ရေး ဆွေးနွေးကြတဲ့အခါ မြန်မာအစိုးရဘက်က ပုဂ္ဂိုလ်တွေဟာ ကုန်ကျစရိတ် အနည်းဆုံး၊ အသက်သာဆုံး ဖြစ်ဖို့ကိုသာ အာရုံထား နေကြ တာကို တွေ့ရပါတယ်။
ဂျပန် အင်ဂျင်နီယာတွေဟာ အရည်အသွေး ကောင်းဖို့ကိုသာ အာရုံ ထားနေတော့ ဒီဇိုင်းတွေ အကောင်းလွန်နေတတ်တာ ၀န်ခံပါတယ်။
အစွန်းနှစ်ဖက် ချိန်ခွင်ညှာ ညီအောင်လုပ်ရပါမယ်။ ဒါပေမဲ့ မြန်မာအစိုးရ အဖို့မှာတော့အရည်အသွေးဆိုတာ
ပြည့်စုံကောင်းမွန်အောင် လုပ်တတ်တဲ့ မြန်မာတွေရဲ့ စရိုက်သဘာဝတွေ ဘယ်ရောက်ကုန်လဲလို့ကျွန်တော
အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေဟာ မတူကွဲပြားခြားနားတဲ့ ပုံသေအတွေး အခေါ်တွေ၊ ပုံစံကျ အမြင်တွေ(mindset) နဲ့ အသားကျနေပုံရတယ်။
နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထိတွေ့ခွင့်မရဘဲ ရှိတာလေးနဲ့ပဲ အလုပ်ဖြစ်အောင် လုပ်ခဲ့ကြရတော့ မြန်မာအစိုးရအဆက်ဆက်ဟာ ပြဿနာ အရပ်ရပ်ကို ဖာထေးဖြေရှင်းပြီး ဆူလွယ်နပ်လွယ်ရေတို ဖြေရှင်းတဲ့ အလေ့အထတွေ ရလာခဲ့တာ ဖြစ်နိုင်ပါတယ်။
မြန်မာအစိုးရတွေဟာ ဒါထက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းကို မတတ်နိုင်ကြတာလည်း အမှန်ပါပဲ။ ဆယ်စုနှစ် ပေါင်းများစွာရခဲ့တဲ့ ဒီအကျင့် ဟာ ခုတော့ အမြစ်တွယ်နေပုံရပါတယ်။ ခေတ်ပြောင်းလာခဲ့ပါပြီ။
မြန်မာနိုင်ငံဟာ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကနေပြီး အခွန်ဘဏ္ဍာတွေ သိသိသာသာ ရလာခဲ့ပါပြီ။ ပြည်ပက အထောက်အပံ့ အကူအညီတွေလည်း ပြန်ရလာပါပြီ။ ရေရှည်မှာ မြန်မာနိုင်ငံကိုကောင်းစွာ အကျိုးပြုစေမယ့် အဆင့်မြင့် အရည်အသွေးမီ စီမံကိန်းတွေကို ဈေးကောင်းကောင်းပေးပြီး ရွေးချယ်နိုင်တဲ့ အခြေအနေ ရှိလာပါပြီ။
မြန်မာအစိုးရ အရာရှိတွေကလည်း ဒါကို နားလည်သဘော ပေါက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ဈေးပေါတာရွေးချင်တဲ့ အကျင့်ကတော့ ဖျောက်နိုင်ခဲလှတယ်။ ဒီပုံစံကျ အတွေးအခေါ် (mindset) ကို ချေဖျက် အနိုင်ယူဖို့ အလွန်အရေးကြီးပါတယ်။
မြန်မာအဖို့ ရင်းနှီးမြှုပ်နှံဖို့လာသူ တွေထဲက ရွေးစရာတွေ များစွာရှိနေပါပြီ။ ပထမတန်းစား စီမံကိန်းတွေမှာသာ ရင်းနှီးမြှုပ်နှံတဲ့ ရှေးကမြန်မာ ရှေးထုံး အစဉ်အလာကို ပြန်လည် ထိန်းသိမ်းပြီးအဆင့်မြင့်မြ
အရည်အသွေးကောင်းနဲ့ ပြည့်စုံမှုတွေအတွက် အာရုံထားမှုကို အားဖြည့်ပေး ဖို့ ပဲ ဖြစ်ပါတယ်။ ဒီမြန်မာ့ အမွေအနှစ် အစဉ်အလာတွေ ပျောက်ဆုံးမသွား သေးပါဘူး။ ဒါပေမဲ့ အရည်အသွေးနိမ့်တဲ့စီမံကိန်း
ဒါဟာ မြန်မာအတွက် ၀မ်းနည်းကြေကွဲဖွယ် ဆုံးရှုံးမှုဖြစ်လာပါလိမ့်မယ်
(မစ္စတာတာနာကာသည် မြန်မာနိုင်ငံရှိ JICA ရုံး၏ အကြီးအကဲပုဂ္ဂိုလ် ဖြစ်သည်။)
http://
No comments:
Post a Comment