စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ယက်နှင့် မြန်မာနိုင်ငံဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ယက် ပူးတွဲကြေညာချက်


စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ယက်နှင့်
မန်မာနိုင်ငံဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ယက်
ပူးတွဲကြေညာချက်
သဘောထားထုတ်ပြန်ချက်
(၁၃၇၄ ၊ပထမ ၀ါဆိုလပြည့်ကျော်(၂)ရက်)
(၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၅)ရက်)
(၅.၇.၂၀၁၂)
၁၉၆၂ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်အံတုခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများ ရဲ့ အသက်သွေးပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့ နှစ်(၅၀) ပြည့်တဲ့နေ့ ဖြစ်တယ်။ ဇူလိုင်လ(၇)ရက်နေ့မှာ စက်မှုတက္ကသိုလ် ကျောင်းသားများ ကွန်ယက်နှင့် မြန်မာနိုင်ငံ ၀ိဇ္ဇာ၊သိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ယက်မှ ၀မ်းနည်းခြင်း အထိမ်း အမှတ်အဖြစ် အနက်ရောင် အ၀တ်များ ၀တ်ဆင်၍ နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုများကို ဖေါ်ဆောင်ခြင်း၊  အထက်ဗမာပြည် နှင့် အောက်ဗမာပြည်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က နှစ်(၅၀) ပြည့် 7 - JULY အောက် မေ့ဖွယ် အခမ်းအနားများ ကျင်းပခြင်း တို့ကို ပြုလုပ်သွားမည် ဖြစ်သည်။ ယင်းကဲ့သို့ နှစ်(၅၀) ပြည့် ရွှေရတု 7 - JULY အ ခမ်းအနားများကို နိုင်ငံတ၀ှမ်းလုံးတွင် ကျင်းပပြုလုပ်သွားမည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အ စည်းများမှ တာဝန်ရှိသူများက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်) လုပ်ငန်း ကော်မတီနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီမှ ကျောင်းသား ခေါင်းဆောင်များ အပါအ၀င် ဗမာတစ်ပြည်လုံးရှိ ခရိုင်အသီးသီးမှ ကျောင်းသား ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံပြီး ခြိမ်းခြောက်၊ တားမြစ်၊ ပိတ်ပင်ခြင်း များ ပြုလုပ်လျက် ရှိနေပါသည်။ ယင်းကဲ့သို့ အာဏာပိုင်များမှ ပြုမူ ဆက်ဆံပုံများသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံး အ ကောင်အထည် ဖော်ဆောင်နေသည့် လမ်းကြောင်းမှ သွေဖယ်နေသလို  မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီစနစ် နှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ စက်မှုတက္ကသိုလ် ကျောင်းသားများ ကွန်ယက်နှင့် မြန်မာနိုင်ငံ ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ယက် နှစ်ခုမှ  မေးခွန်းများ ထုတ်ရတော့မည် ဖြစ်သည်။ ထို့ကြောင့် ယခု ကြုံတွေ့နေရသည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ ပြင်းထန်စွာ ရှုံ့ချလိုက်ပြီး ခြိမ်းခြောက် ဟန့်တား နှောင့်ယှက်မှုများကို သက်ဆိုင်ရာ အာဏာပိုင်များမှ ချက်ချင်း လက်ငင်း ရပ်တန့်ပေးရန် ကျွန်ုပ်တို့ ကွန်ယက်နှစ်ခုမှ သဘောထား ထုတ်ပြန် ကြေညာလိုက်သည်။

စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ယက်နှင့်မြန်မာနိုင်ငံဝိဇ္ဇာ၊သိပ္ပံ တက္ကသိုလ်ကျောင်းသားများကွန်ယက် သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ

(၅.၇.၂၀၁၂)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: