ပြည်ပရောက်အမျိုးသားကျောင်းသားမျုားအဖွဲ့(မြန်မာပြည်) ဗဟို ဒိန်းမတ်နှင်ငံ နှင့် မြန်မာနိုင်ငံလူထုလှုပ်ရှားမှု အင်အားစု ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့မှ ပူးတွဲထုတ်ပြန်သည့်
နှစ် ၅၀ ပြည့်ရွှေရတုအထိမ်းအမှတ်
သဘောထားထုတ်ပြန်ကြေညာချက်
စာအမှတ်။ ။ ပမကဖ / ပသထ / မလအ/ ၁၂
နေ့စွဲ ။ ။ ၇. ၇. ၂၀၁၂
ယနေ့ ကျရောက်လာသည့် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့သည် နှစ် ၅၀ ပြည့် သမိုင်း ဝင်ကျောင်းသားသမဂ္ဂအဆောက်အဦးအား စစ်အာဏာရှင် ဗိုလ်နေဝင်းနဲ့
အပေါင်းပါများက
ရက်ရက်စက်စက် ဖြိုဖျက်ဆီးခဲ့သည့်
ဝမ်းနည်းကြေကွဲဖွယ်ကောင်းသောနှစ် ၅၀ ပြည့် ရွှေရတုအထိမ်း
အမှတ်အခမ်းနားနေ့ဖြစ်သည်။
၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးသည့်နောက်ပိုင်း၊ မြန်မာနိုင်ငံတွင် ဒုတိယ အကြီးမားဆုံး
ဆုံးရှူံးခဲ့ရသည့် ဝမ်းနည်းကြေ ကွဲဖွယ်ကောင်းသော နှစ် ၅၀ ပြည့် သမိုင်းဝင် ရွှေရတု အထိမ်းအမှတ် အခါသမယ နေ့လည်းဖြစ်သည်။
မြန်မာ့နိုင်ငံ၏ သမိုင်းအဆက်ဆက်ကိုပြန်လည်ကြည့်လျှင်
သမိုင်းဝင် ကျောင်းသားသမဂ္ဂမှ
မွေးဖွါးသန့်စင်ပေးလိုက်သည့်
ကျောင်းသားခေါင်းဆောင်များသည် နိုင်ငံတော်မှအားကိုး အားထားရလောက်ရသည့်အပြင်၊ မြန်မာ့နိုင်ငံလွတ်လပ်ရေးကိုအရယူပေး
ခဲ့သည့် လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကိုလည်း မွေးဖွါးသန့်စင်ပေးခဲ့သည့် မော်ကွန်းတင် သမိုင်းဝင်အဆောက်
အအုံဖြစ်သည်။ ထိုသို့ နိုင်ငံကောင်းကျိုးအတွက်
နိုင်ငံသားကောင်းများအား
မွေးဖွါးသန့်စင်ပေးခဲ့သည့် သမိုင်းဝင် အဆောက်
အဦးကို စစ်အာဏာရှူးမှ လည်းကောင်းတို့အာဏာတည်မြဲရေးအတွက် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို လူမဆန်စွာရက်ရက်
စက်စက် ဒိုင်းနမိုင်နဲ့ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့ကြသည်။
၁၉၃၅ ခုနှစ် နောက်ပိုင်း ကိုလိုနီပညာရေးစနစ်ကိုတော်လှန်ခဲ့ကြသော ကျောင်းသားသမဂ္ဂအား နိုင်ငံရေးအသွင်သို့ ကူးပြောင်းပေး
ခဲ့သည့်အပြင် နှစ်ပေါင်းများစွာကိုလိုနီနယ်ချဲ့တို့၏ ဖိနှိပ်ချုပ်ချယ်မှုကို အမြဲတစေ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သောကျောင်းသားများ
၏ စုစည်းပေါင်းစုံရာ နေရာလည်းဖြစ်ခဲ့သည်။
၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းခေါင်းဆောင်သောစစ်အုပ်စုသည် နိုင်ငံတော်အာဏာအား
မတရားသိမ်းယူပြီးသည့်နောက် ၊ ကျောင်းသားများကမကျေနပ်သဖြင့် ဆန့်ကျင်ဆန္ဒပြ တိုက်ပွဲဝင်ခဲ့ကြသည်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မတိုင်မှီ ၂ ရက်အလိုတွင်
ရာပေါင်းများစွာသောကျောင်းသားများသည်
ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်း စုရုံးခဲ့
ကြပြီး၊ စီတန်းလှည့်လည် ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြသည့်အပြင် နိုင်ငံတော်အာဏာအား မတရားသိမ်းယူထားခြင်းအပေါ် ဆန့်ကျင်ရေး
တရားဟောပြောပွဲများပြုလုပ်ခဲ့ကြသည်။
ထိုသို့ ပြုလုပ်နေစဉ် ဇူလိုင်လ ၇ ရက်နေ့တွင် စစ်တပ်မှ စတင်ပစ်ခတ်ခဲ့ပြီး၊ ဆန္ဒပြပွဲနှင့်ဟောပြောပွဲနေရာများကို ချေမှုန်းခဲ့သဖြင့် တက္က
သိုလ်ကျောင်းသားများ ၁၀၀ ကျော်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြသည်။
ထိုနေ့သည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည့်နောက်၊ မြန်မာ့သမိုင်းတွင် ကျောင်းသားများ သွေးမြေကျခဲ့သည့် သမိုင်းဝင်
ဇူလိုင်လ ၇ ရက်နေ့ဖြစ်သည်။ နောက်တနေ့နံနက်တွင် သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဒိုင်းနမိုင်းဖြင့်
ရက်စက်
စွာ
ဖေါက်ခွဲဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
ထို့ကြောင့် ကျွန်ူပ်တို့ ( ပမကဖ ) အမျိုးသားကျောင်းသားများအဖွဲ့နှင့် ( မလအ ) မှ ပြည်တွင်း/ပ ကျောင်းသားများထုတစ်ရပ်လုံးအား သိစေလိုသည်မှာ အသက်၊ သွေး၊ ချွေးပေးဆပ်ခဲ့ကြတဲ့ နောင်တော်များအတွက် သမိုင်းပေးတာဝန်ကို ကျေပြွန်စွာထမ်းဆောင်သယ်
ပိုးဖို့နဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦး ပြန်လည်တည်ဆောက်ဖို့အတွက်သည် မျိုးဆက်သစ်ကျောင်းသားထုတစ်ရပ်လုံးရဲ့
တာဝန်တစ်ရပ်ဖြစ်သည်ကို ရဲရဲကြီးခံယူထားကြရမည်။သမိုင်းအစဉ်အလာကြီးမားတဲ့ ကျောင်းသားများသည် တော်လှန်ရာတွင်ရှေ့က
ဦးစီးခဲ့သော်ငြားလည်း၊ ကျနော်တို့မျှော်ရည်မှန်းထားတဲ့ တိုင်းပြည်ကို တည်ထောင်နိုင်ခဲ့ခြင်းမရှိသေးပါ။
ထို့ကြောင့် ယနေ့ကျရောက်လာသည့် နှစ် ၅၀ ပြည့် ရွှေရတု အထိမ်းအမှတ်အခမ်းအနား ကျောင်းသားသမဂ္ဂအဆောက်အဦး ဖြိုခွင်း
ဖျက်ဆီးခြင်းခံခဲ့ရသည့်နေ့တွင် သမိုင်းတခေတ် အကောင်းအမှန် ပြောင်းဖို့အတွက် ငါတို့ရဲ့ သမိုင်းကို ငါတို့ရဲ့ အသက်၊ သွေး၊ ချွေးတွေနဲ့ ရင်းပြီး ကျောင်းသားသမဂ္ဂအဆောက်အဦးကို ပြန်လည်တည်ဆောက်ဖို့ အချိန်အခါရောက်ပြီးဖြစ်တဲ့အကြောင်း ကျွန်ူပ်တို့ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ့နှင့် မြန်မာနိုင်ငံလူထုလှုပ်ရှားမှု အင်အားစုမှ သဘောထားကြေညာချက်ထုတ်ပြန်လိုက်သည်။
( လက်ပုခုံးပြောင်းတာဝန် ကျေပြွန်ဖို့……ငါတို့ရဲ့ အသက်၊ သွေး၊ ချွေးတွေ ရင်းနှီး ပေးဆပ်ကြပါစို့ )
ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
၁- ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့(မြန်မာပြည်) ဗဟို ( ဒိန်းမတ်နိုင်ငံ )
၂- မြန်မာနိုင်ငံလူထုလှုပ်ရှားမှု အင်အားစု ( အဖဝ )
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment