
သီတဂူဆရာတော် ဦးဥာဏိဿရ သည်နိုဝင်ဘာလ ၃၀ ရက်နံနက် ၉နာရီခွဲခန့် မှ နံနက်
၁၀ နာရီခန့် အထိ မုံရွာပြည်သူ့ ဆေးရုံကြီး ၀င်းအတွင်းရှိ စိန်ကြည် သံဃာ့ ဆေးရုံ ကြီးတွင်
ဆေးကုသမှုခံယူနေသော သံဃာတော်များ ကို လာရောက်ကြည့် ရှုကာ အားပေးစကား
ပြောသွားကြောင်းသိရှိရပါသည်
"ဆရာတော် ကြီးက ဒဏ်ရာရတဲ့  သံဃာတော်တွေကို အားပေးစကားပြောသွားတယ်။လိုရ
 လူမိုက်တို့ဟာ ကံအရှိန်ရှိနေသေးသ၍ မကောင်းမှုကို ပျားသကာလို 
ချိုမြိန်နေတုန်းပါပဲလို့ အဓိပ္မာယ် ရတဲ့  ပါဠိစကားပါပဲ။ 
သံဃာတော်တွေရဲ့ဒဏ်ရာတွေကို ကြည့်ရှုပြီးတော့  ယမမင်းပေးတဲ့  ရေနဲ့ 
ပက်ဖျန်းခံခဲ့ရတာလို့  မိန့်ကြားခဲ့ပါတယ်။" ဟူ၍  မုံရွာပြည်သူ 
့ဆေးရုံကြီးဝင်းအတွင်းရှိ စိန်ကြည် သံဃာ့ ဆေးရုံကြီးတွင် 
ဆေးကုသမှုခံယူနေသော သံဃာတစ်ပါးဖြစ်သည့် 
အရှင် အာစာရမှ မိန့် ကြားခဲ့သည်။ ELeven Media Group Facebook မှ
အရှင် အာစာရမှ မိန့် ကြားခဲ့သည်။ ELeven Media Group Facebook မှ

ဒီသင်္ကန်းကို သေချာသိမ်းထားပါ ။ ကမ္ဘာကျော်မဲ့ သင်္ကန်းတွေ ဖြစ်ပါတယ် ။ ငါ့မှာတောင် ဒီလို သင်္ကန်းမရှိဘူး တန်ဖိုးဖြတ်လို့မရဘူးဟု မိန့်တော်မူကာ မီးကျွမ်းနေတဲ့ သင်္ကန်းတွေကို သေချာစွာ ကြည့်ရှု့နေတော်မူပုံ။
သတင်းနှင့် ဓာတ်ပုံ - သလ္လာဝတီတိုင်မ်း
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment