တောင်တရုတ်ပင်လယ်နှင့် မဟာဗျူဟာရေးရာ (အပိုင်း-၉)

 ပဋိပက္ခဖြေရှင်းရန် အကြံပြုချက်များ


တောင်တရုတ်ပင်လယ်အငြင်းပွားမှုကနေ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားလာခြင်း မရှိရေးအတွက် တိုက်ရိုက်နဲ့ သွယ်ဝိုက် ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေအားလုံးမှာ တာဝန်ရှိပါတယ်။ စစ်ရေး ထိတွေ့မှုတွေ မဖြစ်ပွားလာစေရေးအတွက် တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေအနေနဲ့ ပဋိပက္ခ ဖြေရှင်းခြင်းနည်းလမ်းများကို အသုံးပြုသင့်ကြောင်း ပညာရှင်များက အဆိုပြုထားကြပါတယ်။ ဒီလို ဖြေရှင်းရာမှာ အစိုးရချင်းဆက်ဆံမှု နည်းလမ်းများသာမက၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ တဆင့် အသုံးပြုနိုင်တဲ့ နည်းလမ်းများကိုပါ ကျင့်သုံးသင့်ကြောင်း ဆိုထားကြပါတယ်။ တိုက်ရိုက် ပါဝင်ပတ်သက်နေတဲ့ နိုင်ငံများအနေနဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် commitment ရှိသင့်ကြောင်း ဆိုထားကြပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်းတွေကိုလဲ ပွင့်လင်းမြင်သာစွာ ဖွင့်လှစ် သင့်ကြောင်းကိုလဲ အချို့က အဆိုပြုထားကြပါတယ်။

(၁) ယုံကြည်မှုတည်ဆောက်ခြင်း နည်းလမ်းများ

ပညာရှင်အများစုက တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ နိုင်ငံများအကြားမှာ ယုံကြည်မှုတည်ဆောက်ခြင်း နည်းလမ်းများ (confidence building measures) အသုံးပြုသင့်ကြောင်း အဆိုပြုထားကြပါတယ်။ ရည်ရွယ်ချက်များကို ရှင်းလင်းစွာ ဖော်ပြခြင်း၊ မှားယွင်းတွက်ချက်မှုများကို လျှော့ချခြင်းနဲ့ ပွင့်လင်း မြင်သာမှုရှိခြင်းတို့ကြောင့် စစ်ရေးပဋိပက္ခ ဖြစ်ပွားနိုင်ချေ လျော့နည်းနိုင်ကြောင်း တွက်ချက်ထားကြ ပါတယ်။ အချို့ပညာရှင်တွေကတော့ အငြင်းပွားမှုဖြစ်ပွားရာနေရာတွေမှာ တပ်စွဲမှုများ လျှော့ချရေးနဲ့ long-range weapons များကို အငြင်းပွားရာနေရာဝန်းကျင်မှာ မသုံးစွဲရန် သဘောတူညီချက်များ ပြုလုပ်ရေး စတာတွေကို အဆိုပြုကြပါတယ်။ Spratlys ကျွန်းစု အနီးတ၀ိုက်မှာ စစ်အင်အား ပြသမှုတွေ ပြုလုပ်ခြင်းကို လျှော့ချခြင်းဟာ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် အခြေခံဖြစ်ကြောင်း ဆိုထားကြပါတယ်။

ပညာရှင်များအဆိုပြုထားတဲ့ အခြားနည်းလမ်းတွေကတော့ maritime သတင်းအချက်အလက်ဆိုင်ရာ စင်တာများ တည်ဆောက်ခြင်း၊ ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ချဉ်းကပ်နည်းလမ်းများ ဖော်ဆောင်ခြင်း၊ disaster relief ပြုလုပ်ရန် နည်းလမ်းများ ဖော်ထုတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေးဇုံများ တည်ထောင်ခြင်း စတာတွေ ဖြစ်ပါတယ်။ အခြားရေကြောင်း အငြင်းပွားမှုတွေမှာ အသုံးပြုတဲ့ နည်းလမ်းတွေဖြစ်တဲ့ စစ်ရေးလေ့ကျင့်မှုနှင့် လှုပ်ရှားမှုများ မပြုလုပ်ခင်မှာ ကြိုတင်အကြောင်းကြားရေး၊ ရေတပ်စခန်းဌာနချုပ်များသို့ အပြန်အလှန် လေ့လာရေး ခရီးစဉ်များ ထားရှိရေး၊ ရေတပ်ပူးတွဲလေ့ကျင့်မှုများပြုလုပ်ရေး၊ non-sensitive information များအား ဖလှယ်ရေး စတာတွေကိုလဲ တောင်တရုတ်ပင်လယ်အရေးမှာ ပြုလုပ်နိုင်ပါတယ်။ Maritime Institute of Malaysia က ပညာရှင်များကတော့ systematic monitoring and verification mechanism ကို ကျင့်သုံးပြီး၊ ပွင့်လင်းမြင်သာမှု တည်ဆောက်သင့်ကြောင်း အဆိုပြုထားကြပါတယ်။ ဒီအဆိုပြုချက်မှာ အငြင်းပွားမှုဖြစ်ပွားရာနေရာက လှုပ်ရှားမှုများကို ဂြိုလ်တုပုံများနဲ့ ရိုက်ကူးရေးနဲ့ သံသယဖြစ်ဖွယ် အခြေအနေများကို ဘက်မလိုက်သောအဖွဲ့အစည်းတရပ်က ပြန်လည်ဆန်းစစ်ရေး အချက်ကိုလဲ ထည့်သွင်းဖော်ပြထားပါတယ်။

(၂) Multilateral Efforts

လက်ရှိအခြေအနေမှာ ပဋိပက္ခဖြေရှင်းရေးအတွက် ASEAN Regional Forum (ARF) နဲ့ Council for Security Cooperation in the Asia Pacific (CSCAP) တို့က Multilateral Efforts အနေနဲ့ ကြိုးပမ်းထားကြပါတယ်။ ဒါပေမယ့် တရုတ်က တောင်တရုတ်ပင်လယ်အရေးကိစ္စတွေ အစည်းအဝေး အာဂျင်ဒါတွေမှာ မပါရေးအတွက် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ Bilateral initiatives တွေအနေနဲ့ တရုတ်နဲ့ ဖိလစ်ပိုင်တို့အကြား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့အကြား ကြိုးပမ်းမှုတွေလဲ ရှိပါတယ်။ သို့ပေမယ့် တရုတ်က အသိအမှတ်မပြုသမျှ Multilateral Efforts တွေနဲ့ Bilateral initiatives တွေက အကျိုးကျေးဇူးဖြစ်ထွန်းမှာ မဟုတ်ကြောင်း အဆိုပြုထားကြပါတယ်။

(၄) ပူးပေါင်းဆောင်ရွက်မှု

အငြင်းပွားမှု ဖြစ်ပွားရာ ရေပိုင်နက်နဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်း အားဖြင့် ပဋိပက္ခဖြစ်ပွားတဲ့ နိုင်ငံများအကြား ယုံကြည်မှုတည်ဆောက်လို့ရနိုင်ကြောင်း အဆိုပြုချက် တွေလဲ ရှိပါတယ်။ အချုပ်အခြာအာဏာ အငြင်းပွားမှုအရေးကို ဘေးဖယ်ပြီး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပူးပေါင်းရှာဖွေမှု ပြုလုပ်ဖို့ တရုတ်က အဆိုပြုထားပါတယ်။ ဒါပေမယ့် အာဆီယံ အဆင့်မြင့်ပုဂ္ဂိုလ် တဦးက အချုပ်အခြာအာဏာအရေးကို ဘေးဖယ်ထားဖို့ဆိုတာ ခက်ခဲတဲ့အတွက် ပူးပေါင်းဆောင်ရွက် ရေးဟာ သဘောတရားသာဖြစ်ပြီး၊ လက်တွေ့မှာ မဖြစ်နိုင်ကြောင်း ဆိုထားခဲ့ပါတယ်။ ပူးပေါင်း ဆောင်ရွက်မှုဆိုတာ သူကဘာပိုင်ဆိုင်တယ်၊ ကိုယ်က ဘာပိုင်ဆိုင်တယ်ဆိုတာ သိပြီးမှ တွဲဖက်ပြီး ပူးပေါင်းလို့ရတာဖြစ်ကြောင်း ရှုမြင်ကြသူတွေလဲ ရှိပါတယ်။

(၅) Demilitarization Initiatives

အငြင်းပွားမှုဖြစ်ပွားရာရေပိုင်နက်ကို Demilitarization ဒေသအဖြစ် သတ်မှတ်ဖို့ အဆိုပြုချက်တွေလဲ ရှိပါတယ်။ အငြင်းပွားရေပိုင်နက်ထဲက ကျွန်းတွေကို အနီးဆုံးနိုင်ငံမှ တာဝန်ယူစောင့်ရှောက်ပြီး၊ steward country အဖြစ်သတ်မှတ်ဖို့နဲ့ ငြိမ်းချမ်းသောနည်းလမ်းများနဲ့သာဖြေရှင်းဖို့ အချက်တွေ ထည့်သွင်း ထားပေမယ့် တိုက်ရိုက်ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေက ဒီနည်းလမ်းကို လက်ခံနိုင်ချေဖွယ် နည်းပါတယ်။

(၆) code of conduct

တောင်တရုတ်ပင်လယ်မှာ တိကျတဲ့ code of conduct တွေချမှတ်ဖို့ အဆိုပြုချက်တွေလဲ ရှိပါတယ်။ CSCAP ကထုတ်ထားတဲ့ The "Guidelines for Regional Maritime Cooperation" ကို စံနမူနာအဖြစ် ကျင့်သုံးသင့်ကြောင်း အကြံပြုထားကြပါတယ်။

(၇) eminent persons group and third party negotiation

အာဆီယံနိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံများက ကိုယ်စားလှယ်များ စုစည်းပြီး တောင်တရုတ်ပင်လယ်ဆိုင်ရာ "eminent persons group" တခု တည်ထောင်ဖို့ အကြံပြုချက်များလဲ ရှိပါတယ်။ ဒီလိုအုပ်စု ရှိခြင်းအားဖြင့် အတွေးအခေါ်သစ်များ ပေးနိုင်ရုံသာမက third party negotiation ကိုလဲ အကောင် အထည်ဖော်နိုင်ကြောင်း ဆိုထားကြပါတယ်။

(၈) "Lines in the Sand" သတ်မှတ်ခြင်း

အမေရိကန်နိုင်ငံအပါအ၀င် တခြားဘယ်နိုင်ငံကမှ တောင်တရုတ်ပင်လယ် အငြင်းပွားရေပိုင်နက်အရေးနဲ့ ပတ်သက်ပြီး "Lines in the Sand" ကို ကွဲကွဲပြားပြား မသိကြပါဘူး။ ဘာမှန်းမသိတဲ့အတွက် ဖြေရှင်းဖို့နည်းလမ်းကို ရှာဖို့အလွန်ခဲယဉ်းပါတယ်။ ဒါကြောင့် ဘယ်လို လှုပ်ရှားမှုဟာ တိုက်ရိုက်ပါဝင် ပတ်သက်တဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ (သို့မဟုတ်) အကျိုးစီးပွားကို ထိခိုက်နိုင်တယ်ဆိုတာ သိရှိဖို့အတွက် candid dialogue တွေ ပြုလုပ်ပြီး "Lines in the Sand" သတ်မှတ်ဖို့လိုကြောင်း အကြံပြုချက်တွေလဲ ရှိပါတယ်။

(၉) အမေရိကန်ပြည်ထောင်စု၏ Forward Military Presence နည်းဗျူဟာ

အာဆီယံနိုင်ငံအချို့ရဲ့ ပညာရှင်များကတော့ တောင်တရုတ်ပင်လယ်အရေးမှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ Forward Military Presence နည်းဗျူဟာကျင့်သုံးပေးခြင်းအားဖြင့် အာရှတိုက်မှာ U.S. protective umbrella ထားရှိပြီး၊ တရုတ်ရဲ့ ခြိမ်းချောက်မှုကို ကာကွယ်ပေးထားနိုင်ကြောင်း အကြံပြုထားကြပါတယ်။ U.S. forward-deployed forces ဟာ ဒေသတွင်းတည်ငြိမ်ရေးကို ထိန်းသိမ်း နိုင်ကြောင်း အချို့က ရှုမြင်ကြပါတယ်။

နိဂုံး

တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး အဖြစ်သင့်ဆုံးအဖြေကတော့ တိုက်ရိုက်ပါဝင် ပတ်သက်နေတဲ့ နိုင်ငံများအနေနဲ့ သူတို့အဆိုပြုချက်တွေကို ပြန်လည်သုံးသပ်ပြီး ပူးပေါင်း ဆောင်ရွက်ရေး၊ အပေးအယူပြုလုပ်ရေး၊ စေ့စပ်ဆွေးနွေးရေးတွေ ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံများအနေနဲ့ စစ်ရေးနည်းလမ်းနဲ့ ပြဿနာဖြေရှင်းမှုဟာ ပါဝင်တဲ့နိုင်ငံတွေကို သာမက အခြားနိုင်ငံများကိုပါ စစ်ပွဲထဲ ဆွဲသွင်းရာရောက်နိုင်ကြောင်း ပကတိအခြေအနေကို တွက်ဆပြီး၊ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးကို ဦးတည်ဖို့ လိုအပ်ပါတယ်။ သို့ပေမယ့်လဲ Law of the Sea Convention နဲ့အညီ code of conduct များ ချမှတ်ပြီး၊ hostilities တွေကို နိုင်ငံအားလုံးက လျှော့ချမှသာ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တဲ့အတွက် လက်ငင်းအခြေအနေမှာ ပြဿနာပြေလည်နိုင်မယ့် လမ်းစ တွေတော့ သိပ်မရှိသေးပါဘူး။ ပြဿနာမီးပွားတွေကို ဆက်လက်မပြန့်ပွားလာအောင် ထိန်းသိမ်းထား ကြတဲ့ အခြေအနေသာ ရှိပါသေးတယ်။ ဒါတင်မကပဲ သွယ်ဝိုက်ပတ်သက်နေတဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့လဲ ငြိမ်းချမ်းစွာဖြေရှင်းရေးကိုသာ ဦးတည်ပြီး၊ စစ်ရေးအရ ၀င်ရောက် စွက်ဖက်မှု မပြုလုပ်ကြောင်း အတိအလင်းကြေငြာမှသာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အားနည်းချက်တွေ အပေါ်မှာ ကြောက်ရွံ့မှုမှ အခြေခံပြီး ပေါ်ထွက်လာသော hostilities များ လျော့နည်းလာမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီလိုကြေငြာမှုတွေ ပေါ်ထွက်လာဖို့ကလဲ လက်တွေ့မှာ ခဲယဉ်းနေပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သေချာတာတခုကတော့ စစ်ရေးထိတွေ့မှုဖြစ်ပွားလာတာနဲ့ စစ်ပွဲကို စနိုင်ချေအများဆုံး ရှိတဲ့ တရုတ်နိုင်ငံ အပါအ၀င် နိုင်ငံအများစုကို ဆိုးကျိုးတွေ သက်ရောက်လာနိုင်တာကြောင့် နိုင်ငံခေါင်းဆောင် များအနေနဲ့ rational decisions များ ချမှတ်နိုင်ဖို့ကိုသာ မဟာဗျူဟာပညာရှင် အများစုက မျှော်လင့် ထားလျက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၄၊ ၁၁၊ ၂၀၁၂)


ရည်ညွှန်းကိုးကား။ ။

Acharya, A. (2010) ‘China Southeast Asia: Security Aspects’ in K.Santhanam and Srikanth Kondapalli (eds.), Asian Security and China 2000‐2010, Delhi: Shipra Publication.

Auslin, M. (2010) “Security in the Indo-Pacific Commons: Toward a Regional Strategy”, American Enterprise Institute, December 2010.

ASEAN‐China Dialogue Relations (2012), http://www.aseansec.org/5874.htm

Bacon, L. (2010) “Deep Dive: Self-Inflicted Attack Sub Cuts Cripple America’s Sea Superiority,” Armed Forces Journal, May 2010.

Baker, J.and David G. Wiencek (2002) Cooperative Monitoring in the South China Sea: Satellite Imagery, Confidence-Building Measures, and the Spratly Islands Disputes, Westport, CT: Praeger

Bateman, S. and Ralf Emmers (eds.) Security and International Politics in the South China Sea: Towards a Cooperative Management Regime, New York: Routledge.

Cheng, D. (2011) “Sea Power and the Chinese State: China’s Maritime Ambitions” , Heritage Foundation, July 11, 2011.

Chi K.(1989) China Policy towards Territorial Disputes the case of South China Sea Island, London: Routledge Press.

Djalal, H. (1996) "Territorial Disputes at Sea: Situation, Possibilities, Prognosis," presented at the 10th Asia-Pacific Roundtable, Kuala Lumpur, Malaysia, June 5-8, 1996.

Dutton, P. (2011) “Three Disputes and Three Objectives: China and the South China Sea,”
Naval War College Review, 64 no. 4 , pp. 42-67.

Fravel, M. (2008) Strong Borders, Secure Nation: Cooperation and Conflict in China’s Territorial Disputes, Princeton, NJ: Princeton University Press.

Fravel, M. (2011) “China’s Strategy in the South China Sea,” Contemporary Southeast Asia, no.3, December 2011.

Garver, J. (1992) “China’s Push Through the South China Sea”, The China Quarterly, No. 132, December 1992.

Gomez, J. (2011) “U.S. Vows Second Warship for Philippines,” Navy Times, November 17. http://www.navytimes.com/news/2011/11/ap-us-vows-second-warship-for-philippines-111711/.

Gurtov, M. and Byong-Moo Hwang (1998) China’s Security: The New Roles of the Military, Boulder, CO: Lynne Rienner Publishers.

Hernandez, C. and Cossa, R. (eds.) (1997) Security Implications of Conflict in the South China Sea: Perspectives from Asia-Pacific, Quezon City, Philippines: Institute for Strategic and Development Studies.

Jiangming, S. (2002) “China’s Sovereignty over the South China Sea Islands: a Historical Perspective”, Chinese Journal of International Law, vol.1, issue 1 2002, pp. 94-157.

Jennings, R. (2009) “Taiwan Says China Has 1,500 Missiles Aimed at Island,” Reuters, February 13, 2009.

Ji, Y. (1997) "Security Implications of Conflict in the South China Sea: A Chinese Perspective," in Hernandez and Cossa (eds.) Security Implications of Conflict in the South China Sea: Perspectives from Asia-Pacific, Quezon City, Philippines: Institute for Strategic and Development Studies.

Kaplan, R. (2010) “China’s Caribbean,” The Washington Post, September 26, 2010.

Kaplan, R. (2011) “The South China Sea Is the Future of Conflict,” Foreign Policy (September/October 2011).

Kleine-Ahlbrandt, S. (2011) “Rocky times ahead in South China Sea”, Global Post, 5 July 2011.

Keyuan, Z. (1999) “The Chinese traditional maritime boundary line in the South China Sea and its legal consequences for the resolution of the dispute over the Spratly Islands”, International Journal of Marine Coastal Law, vol. 14, issue 1.

Lampton, D. (2001) “China’s Foreign and National Security Policymaking Process: Is It Changing, and Does It Matter?”, in David M. Lampton (ed.) The Making of Chinese Foreign and Security Policy in the Era of Reform, Stanford University Press.

Li, M. (2010) “Reconciling Assertiveness and Cooperation? China’s Changing Approach to the South China Sea Dispute,” Security Challenges, Winter 2010.

Pedrozo, R. (2009) “Close Encounters at Sea: The USNS Impeccable Incident,” Naval War College Review, 62 no. 3, Summer 2009, pp. 101-111.

Pedrozo, R. (2011) “Beijing’s coastal real estate: a history of Chinese naval aggression”, Foreign Policy, 15 November 2011.

Ruiz, J. (2010) “RP, Vietnam Agree on Spratlys,” Manila Bulletin, October 28, 2010.

Rahman, C. & Martin Tsamenyi (2010) “A Strategic Perspective on Security and Naval Issues in the South China Sea”, Ocean Development & International Law, Special Issue: Issues in the South China Sea, vol. 41, Issue 4, 2010.

Shicun, W. (2009) Origin and development of Spratly disputes, China Economic Publishing House.

Swaine, M. (2011) “China’s Assertive Behavior – Part One: On ‘Core Interests,’” China Leadership Monitor, 34 , Winter 2011.

Swaine, M. and M. Taylor Fravel (2011) “China’s Assertive Behavior – Part Two: The Maritime Periphery,” China Leadership Monitor, 35, Summer 2011.

Secretary of State Hillary Rodham Clinton, “America’s Pacific Century,” Foreign Policy (November,2011).http://www.foreignpolicy.com/articles/2011/10/11/americas_pacific_century.

Springut, M. (2009) ‘Managing China’s Growing Assertiveness in the South China Sea’, World Politics Review, 27 July 2009.

Storey, I. (2012) “China’s bilateral and multilateral diplomacy in the South China Sea”, Cooperation from Strength: United States, China and the South China Sea, Centre for New
America Security, January 2012.

Storey, I. (2011) “China and the Philippines: Implications of the Reed Bank Incident”, China Brief, vol. 11, no. 8, Jamestown Foundation, 6 May 2011.

Thayer, C. (2011) ‘The Tyranny of Geography: Vietnamese Strategies to Constrain China in the South China Sea’, paper presented at the 52nd Annual Convention of International Studies Association, Montreal, Quebec, 16–19 March 2011.

Thayer,C. (2010) ‘Recent Developments in the South China Sea: Grounds for Cautious Optimism?’, working paper no. 220, S. Rajaratnam School of International Studies, 14 December, 2010, http://www.rsis.edu.sg/publications/WorkingPapers/WP220.pdf.

Torode, G. (2010) “Exercises Show PLA Navy’s Strength,” South China Morning Post, April 18, 2010.

U.S. Department of defence (2011) Annual Report to Congress: Military and Security Developments Involving the People’s Republic of China 2011

Valencia, M. (1995) "China and the South China Sea Disputes," Adelphi Paper 298, International Institute for Strategic Studies, October 1995.

Vatikiotis, M.(2003) ‘Catching the Dragon’s Tail: China and Southeast Asia in the 21st Century’, Contemporary Southeast Asia.






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: