တော်လှန်ရေး (Revolution) ဆိုရာဝယ်

နိဒါန်း

(၂၀) ရာစုကာလတလျှောက်ဟာ စစ်ပွဲတွေနဲ့ ပြည့်လွှမ်းနေတဲ့ ရာစုနှစ်ကြီးတခုပါ။ ကမ္ဘာစစ်ကြီးတွေ၊ စစ်အေးတိုက်ပွဲတွေ၊ နယူးကလီးယား ထုတ်လုပ်အားပြိုင်မှုတွေက နိုင်ငံတကာ အဆင့်မှာ ဖြစ်ပွားနေခဲ့သလို၊ ကိုလိုနီနယ်ချဲ့စနစ်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးတွေ၊ အာဏာရှင်စနစ် အသွင်အမျိုးမျိုးကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လှိုင်းလုံးကြီးတွေကနေ ပေါ်ထွက်လာခဲ့တဲ့ လူထုတော်လှန်ရေးတွေကလဲ နိုင်ငံပေါင်းများစွာမှာ ဖြစ်ပွားခဲ့ပါတယ်။ တော်လှန်ရေးတွေမှာ အချိန်တိုအတွင်း အောင်မြင်သွားတဲ့ တော်လှန်ရေးတွေ ရှိသလို၊ ဆယ်စုနှစ်ပေါင်းများစွာ ကြာတော့မှ အောင်မြင်သွားတဲ့ တော်လှန်ရေးတွေလဲ ရှိပါတယ်။ (၂၁) ရာစုကာလရောက်ချိန်မှာလဲ (၂၀) ရာစုမှာ မအောင်မြင်သေးပဲ၊ (၂၁) ရာစုအထိ သယ်ဆောင်လာတဲ့ တော်လှန်ရေးတွေနဲ့ အာဏာရှင်နိုင်ငံတွေက အဖိနှိပ်ခံပြည်သူတွေ ရုန်းထ ပုန်ကန်ရာက ပေါ်ထွက်လာတဲ့ တော်လှန်ရေးတွေ ရှိနေဆဲပါပဲ။
တော်လှန်ရေးဆိုတဲ့ အနက်အဓိပ္ပာယ်ကို ရှုထောင့် သုံးမျိုးခွဲပြီး အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ ယဉ်ကျေးမှုရေးရာ ရှုထောင့် (Cultural Approach) က ကြည့်မယ်ဆိုရင် တော်လှန်ရေးဆိုတာ လူ့အဖွဲ့အစည်းကို ဖြစ်ထွန်းစေတဲ့ တန်ဖိုးထားမှုစနစ် (value system) ပြောင်းလဲခြင်းဖြစ်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေမှာ တွေးခေါ်ပညာရှင် Thomas Khun ဖော်ပြထားခဲ့တဲ့ ကမ္ဘာကြီးကို လူအများက ရှုမြင်တဲ့ သဘောတရားရေးရာ framework ပြောင်းလဲမှု (paradigm shift) လဲ ပါဝင်နိုင်ပါတယ်။ နိုင်ငံရေးဘောဂဗေဒရှုထောင့် (Political - economic approach) ကကြည့်မယ်ဆိုရင် တော်လှန်ရေးဆိုတာ Mode of production ကို လွှမ်းမိုးချုပ်ကိုင်နိုင်မှုတွေအပေါ် ပြောင်းလဲမှုဖြစ်စေခြင်းဖြင့် အုပ်စိုးသူလူတန်းစား သဘောသဘာဝကို ပြောင်းလဲစေခြင်း ဖြစ်ပါတယ်။ ကျဉ်းမြောင်း သော နိုင်ငံရေးရှုထောင့် (Narrowly political approach) ကကြည့်မယ်ဆိုရင်တော့ တော်လှန်ရေးဆိုတာ အာဏာရှင်ကို ဖြိုချခြင်းဖြစ်ပါတယ်။ နိုင်ငံရေးတွေးခေါ်ပညာရှင် Karl Marx က တော်လှန်ရေးဆိုတာကို နိုင်ငံရေးဘောဂဗေဒရှုထောင့်နဲ့ ကျဉ်းမြောင်းသော နိုင်ငံရေးရှုထောင့် နှစ်မျိုးကနေ ပေါင်းစပ်လေ့လာခဲ့ပြီး၊ လူမှုဗေဒ ပညာရှင် Max Weber ကတော့ တော်လှန်ရေးဆိုတာကို နိုင်ငံရေး ဘောဂဗေဒရှုထောင့်နဲ့ ယဉ်ကျေးမှုရေးရာ ရှုထောင့်နှစ်မျိုးကနေ ပေါင်းစပ်ပြီး လေ့လာထားခဲ့ပါတယ်။
ရေးသားခဲ့တဲ့ McAdam ဆိုသူက နိုင်ငံရေးလှုပ်ရှားမှုကြီးကို အကောင်အထည်ဖော်ပေးနိုင်တဲ့ အရေးပါဆုံး အချက်နှစ်ခုဟာ structural opportunities နဲ့ အဖွဲ့အစည်းအင်အား (organization strength) တို့ ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ အာဏာရှင်သက်တမ်း ရှည်ကြာလာတဲ့အခါမှာ ရေရှည်အာဏာတည်တံ့ခိုင်မြဲရေးကို မျှော်ကိုးပြီး အာဏာရှင်တွေဘက်ကနေ ပြုပြင်ပြောင်းလဲမှု အချို့ကို စတင်လုပ်လာလေ့ရှိပါတယ်။ အဲဒီအချိန် အခါမှာ စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်တတ်မှု သဘောတရားပေါ်မှာ အခြေခံတဲ့ တော်လှန်ရေး အဖွဲ့အစည်း အင်အားတွေသာ ခိုင်ခိုင်မာမာနဲ့ တောင့်တောင့်တင်းတင်း တည်ရှိနေမယ်ဆိုရင် လူထုတော်လှန်ရေး တရပ်ကို အကောင်အထည်ဖော်နိုင်ကြောင်း McAdam က ရေးသားထားခဲ့ပါတယ်။
သူ့ရဲ့သီအိုရီအရ အစိုးရရဲ့ ဖိအားလျော့ကျလာတဲ့ structural opportunities တွေဟာ တော်လှန်ရေး လှုပ်ရှားမှုကြီးကို သူ့ဘာသာသူ အလိုအလျောက် ပေါ်ပေါက်သွားစေတာ မဟုတ်ဘူးဆိုတာ အထင်အရှား တွေ့မြင်နိုင်ပါတယ်။ တော်လှန်ရေးအခွင့်အခါကောင်းကို အမိအရ ဖမ်းယူဆုပ်ကိုင်ပြီး အဆုံးသတ်အောင်ပွဲကို ဆောင်ကျဉ်းပေးနိုင်မယ့် cognitive liberation (တော်လှန်ရေးအပေါ် စိတ်ဓာတ်ကျဆင်းပြီး အဆိုးမြင်နေသည့် အတွေးအခေါ်များနှင့် ငြိမ်သက်တိတ်ဆိတ်မှု သဏ္ဍာန်များကို ဖြိုခွင်း၍ အောင်ပွဲကို ဦးတည်သည့် ခြေလှမ်းများကို စတင်အကောင်အထည်ဖော်နိုင်သော အဖိနှိပ်ခံ ပြည်သူတို့၏ စွမ်းရည်သတ္တိ) လိုအပ်ပါတယ်။ ဒီအတွက် တော်လှန်ရေးအင်အားစုတွေရဲ့ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ လက်တွဲချိတ်ဆက်မှု၊ လူထုနဲ့ တသားတည်းဖြစ်နေမှု တွေက အလွန်အရေးကြီးပါတယ်။ Tocqueville ရဲ့ သီအိုရီနဲ့ နှိုင်းယှဉ်ကြည့်ရာမှာ စကားလုံးအသုံးအနှုန်းနဲ့ ဆန်းစစ်မှုသဏ္ဍာန်တွေ အနည်းငယ်ကွဲပြားပေမယ့် လူမည်း လှုပ်ရှားမှုပေါ်မှာ အခြေခံပြီး ဆန်းစစ်ထားခဲ့တဲ့ သူ့ရဲ့သီအိုရီဟာလဲ perceived opportunities နဲ့ structural opportunities အကြားက ဆက်နွယ်မှုတွေကို ကွက်ကွက်ကွင်းကွင်း ရှင်းလင်းတင်ပြထားခဲ့ပါတယ်။
လူထုလှုပ်ရှားမှု သံသရာစက်ဝန်းကို လေ့လာခဲ့တဲ့ Tarrow ကလဲ တခါတရံမှာ လူထုလှုပ်ရှားမှုကို ကနဦးအစပျိုး အကောင်အထည်ဖော်သူတွေ (early risers) တွေကြောင့် structural conditions တွေ ပြောင်းလဲသွားတတ် ပေမယ့် လူထုလှုပ်ရှားမှုအများစုမှာတော့ လှုပ်ရှားမှုအစနဲ့ အဆုံးမှာ perceptions က ယှဉ်တွဲပါနေကြောင်း ဆိုထားခဲ့ပါတယ်။
Klandermans နဲ့ Opp တို့ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ လှုပ်ရှားမှု အင်အားကြီးလာလေလေ၊ လူထုရဲ့ ပူးပေါင်းလာနိုင်မှု ရေချိန် မြင့်မားလာလေလေ ဖြစ်ကြောင်း တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသူအများစုကတော့ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးကို ဒီရှုထောင့်ကနေ သုံးသပ်ပြောဆို ခဲ့ကြပါတယ်။ အီရန်တော်လှန်ရေးမတိုင်ခင်ကာလတွေမှာ အစိုးရဘက်ကနေ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ structural opportunities တွေ သိပ်မရှိခဲ့ပေမယ့် တော်လှန်ရေးတရပ် ပေါ်ပေါက်သွားခဲ့ပါတယ်။ ဒီလိုပေါ်ပေါက်လာရမှုဟာ အင်အားစုများ အကြားက ချိန်ခွင်လျှာ အပြောင်းအလဲကြောင့် ဖြစ်ပါတယ်။ တော်လှန်ရေးအပေါ် လူထုရဲ့ ထောက်ခံမှု အင်အားကြီးထွားလာရာကနေ တော်လှန်ရေးနိုးကြားမှု ရေချိန်မြင့်တက်လာပါတယ်။ အဲဒီကနေ လှုပ်ရှားမှုလေးတွေကတဆင့် အလွှာပေါင်းစုံ လူထုပူးပေါင်းပါဝင်မှုနှုန်း မြင့်တက်လာပြီး တော်လှန်ရေးကြီး ဖြစ်ပွားသွားခဲ့တာပါ။ Resource Mobilization theory ကတော့ အတိုက်အခံ တော်လှန်ရေးအင်အားစုတွေရဲ့ အရင်းအမြစ်၊ ခြေကုပ်ရယူနိုင်မှု၊ အင်အားတောင့်တင်းမှု အပြောင်းအလဲပေါ်မှာ မူတည်တဲ့ ချိန်ခွင်လျှာ အပြောင်းအလဲကို ဦးစားပေးဖော်ပြထားပါတယ်။

တော်လှန်ရေး အလားအလာနှင့် လိုအပ်ချက်များ

တော်လှန်ရေးတရပ် အောင်မြင်မှုရှိဖို့ တော်လှန်ရေးအလားအလာ၊ တော်လှန်ရေး အခြေအနေ၊ ဦးဆောင်မှုနဲ့ အဖွဲ့အစည်း၊ လူထုထောက်ခံအားပေးမှု စတာတွေရှိဖို့ လိုအပ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ စီးပွားရေးအခြေအနေ ယိုယွင်းလာတဲ့ အချိန်အခါ (သို့မဟုတ်) အစိုးရအုပ်ချုပ်ရေး ယန္တရားများ လျော့ရဲနေတဲ့ အချိန်အခါ (သို့မဟုတ်) အစိုးရအပြောင်းအလဲများ ဖြစ်ပွားနေတဲ့ အချိန်အခါများမှာ တော်လှန်ရေး တရပ် ပေါ်ထွက်လာနိုင်တဲ့ အခွင့်အခါ ကောင်းနှင့် အလားအလာများ ရှိလာတတ်ပါတယ်။ တော်လှန်ရေး အလားအလာဆိုရာမှာ စီးပွားရေး အခြေအနေ ပျက်စီးမှု၊ ငွေကြေးဖောင်းပွမှု၊ လာဘ်ပေး လာဘ်ယူမှု၊ လူလတ်တန်းစား အရေအတွက် လျော့နည်းမှု၊ ရာဇ၀တ်မှုများ ထူပြောမှု၊ တိုင်းရင်းသား ပြည်သူများအား နှိပ်စက်ညှဉ်းပမ်းမှု စတာတွေ ပါဝင်ဦးဆောင်သူတွေလို့ ထင်မြင်နေခြင်း စတဲ့ စိတ်ကြွ၊ စိတ်ကျ သံသရာမှာ လည်နေပြီး၊ တော်လှန်ရေးကလဲ ကျည်ဆန်ရှိလျက်နဲ့ ပစ်၍မရသော သေနတ်စုတ်ကြီးကဲ့သို့ ဖြစ်နေတတ်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းရဲ့ သဘောသဘာဝကလဲ တော်လှန်ရေးဦးဆောင်မှု သဘောသဘာဝနဲ့ တူညီပါ တယ်။ တော်လှန်ရေးတရပ်ကို တော်လှန်ရေးလမ်းစဉ်ကိုင်စွဲတဲ့ အဖွဲ့အစည်းတွေက ဦးဆောင်မှသာ တော်လှန်ရေး အရှိန် မြင့်မားလာမှာ ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်ရာမှာ နည်းပရိယာယ်မျိုးစုံ အသုံးပြုရန် လိုအပ်ကြောင်း အချို့က ဆိုတတ်ကြပါတယ်။ ဒါပေမယ့် ပြတ်သားသော လမ်းစဉ်တခုတည်းကိုသာ တောင်းဆိုလာတဲ့ အခြေအနေ၊ အချိန်အခါများလဲ ရှိနေတတ်ပါတယ်။ တော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဦးဆောင်မှသာ တော်လှန်ရေး အောင်မြင်နိုင်တဲ့ ရာခိုင်နှုန်း များပြားတာကြောင့် တော်လှန်ရေးအဖွဲ့အစည်းများ အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ပေါ်ထွက်လာဖို့ လိုအပ်လှပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းရာမှာ လူထု၊ လူတန်းစား အလွှာအသီးသီးအကြား စိမ့်ဝင်ပျံ့နှံ့နေတဲ့ Grass – root infrastructure လိုအပ်ပါတယ်။
လူထုလူတန်းစား အလွှာအသီးသီးကြားမှာ စိမ့်ဝင်ပျံ့နှံ့နေတဲ့ Grass- root infrastructure မရှိတဲ့အခါ အာဏာရှင်တို့ဘက်က တော်လှန်ရေးတိုက်ပွဲများကို အချိန်အနည်းငယ်အတွင်း ထိန်းချုပ်သွားနိုင်ပါတယ်။ လှုပ်ရှားမှုတခုကိုပဲ ဦးစားပေးဖော်ဆောင်လို့မရနိုင်ပါဘူး။ ရေရှည်မြှုပ်နှံ- ပြင်ဆင်တည်ဆောက်မှုကို မလွဲမသွေ ပြုလုပ်ရန် လိုအပ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အလွှာစုံ၊ ကဏ္ဍစုံမှာ တော်လှန်ရေးရဲ့ ခြေတံ၊ လက်တံများ စိမ့်ဝင် ပျံ့နှံ့နေစေဖို့ လှုပ်ရှားအဖွဲ့ငယ်များကို မြေအောက်ယူဂျီ သဏ္ဍာန်၊ နိုင်ငံရေးဦးဆောင်မှု ကော်မတီများကို ဒေါင်လိုက်သဏ္ဍာန်၊ မဟာမိတ်ဆက်ဆံရေးနှင့် ပူးတွဲလှုပ်ရှားမှုများတွင် အလျားလိုက် ကွန်ယက် ချိတ်ဆက်မှု သဏ္ဍာန်များနဲ့ သတင်းအချက်များ ရှာဖွေစုဆောင်းရေးအတွက် circuit သဏ္ဍာန်တို့ကို အသုံးပြုရန် လိုအပ်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းများ ချိတ်ဆက်တည်ဆောက်မှုမှာ centralization စနစ်ကို အသုံးပြုခြင်းဟာ ကွဲပြားခြားနားမှုနည်းတဲ့ နိုင်ငံရေးအခြေအနေများအတွက် သင့်လျော်ပေမယ့်၊ နိုင်ငံရေးအဖွဲ့အစည်းများ အများအပြားရှိနေတဲ့ နိုင်ငံရေးအခြေအနေများမှာကျတော့ အခက်အခဲများစွာ ပေါ်လာတတ်ပါတယ်။ လေး-ငါးဖွဲ့ပေါင်းလိုက်၊ တဖွဲ့တည်ထောင်လိုက်၊ ဆယ်ဖွဲ့ကွဲလိုက်၊ ပြန်စုစည်းလိုက် သံသရာမှာ ညီညွတ်ရေးတော်လှန်ရေးအင်အားစုများနဲ့ ပြည်သူလူထု တရပ်လုံးမှာ clear vision of revolution မရှိလာတဲ့ ကာလတလျှောက်လုံး မည်သို့သော တော်လှန်ရေးမှ အောင်မြင်မှာမဟုတ်ပါဘူး။ တော်လှန်ရမယ်ပြောလိုက်၊ တောင်းဆိုရမယ်ပြောလိုက်၊ တိုက်ရမယ် ပြောလိုက်၊ ခေါင်းငုံ့ခံ၍ အာဏာရှင်တို့နှင့် ပူးပေါင်းဆောင်ရွက်ရမယ် ပြောလိုက်နဲ့ အတွေးအခေါ်များ ရှုပ်ထွေးနေသော တော်လှန်ရေးတရပ်မှာ မည်သို့သော လူထုကမှ အပြည့်အ၀ ထောက်ခံအားပေးမှုနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု (Full support and collaboration) ကို ပေးမှာ မဟုတ်ပါဘူး။
တော်လှန်ရေး ဆင်နွှဲရာမှာ စစ်မျက်နှာ တခုတည်းကိုသာ အာရုံစိုက်လို့ မရပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးနဲ့ နိုင်ငံတကာရေးရာ စစ်မျက်နှာအားလုံးမှာ ဘက်ပေါင်းစုံမှ ပြင်ဆင်တည်ဆောက် တိုက်ပွဲဝင်နိုင်မှသာ အောင်မြင်နိုင်တဲ့ ရာခိုင်နှုန်း မြင့်မားပါတယ်။ ဆဲလ်ဖွံ့ဖြိုးမှု ဖြစ်စဉ်အရ central core မှာ nucleus ဖြစ်ပြီး၊ cytoplasm region တွင် nucleus ကို ၀န်းရံထားသော segments များ ရှိပါတယ်။ တော်လှန်ရေး စစ်မျက်နှာများရဲ့ nucleus က နိုင်ငံရေးစစ်မျက်နှာ (political battlefront) ဖြစ်ပြီး၊ ပြင်ပ segments များမှာ အတွေးအခေါ်စစ်မျက်နှာ၊ လူမှု-စီးပွား စစ်မျက်နှာ၊ စစ်ရေး စစ်မျက်နှာနှင့် နိုင်ငံတကာ စစ်မျက်နှာများ ပါဝင်ပါတယ်။ အဲဒီ စစ်မျက်နှာတွေမှာ လူရဲ့ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုများ၊ ယုံကြည်ချက်များ၊ ခံယူချက်များ နဲ့ သက်ဆိုင်သော အတွေးအခေါ် စစ်မျက်နှာဟာ တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။
လူမှု-စီးပွားစစ်မျက်နှာဟာ လူရဲ့နှလုံးသားနဲ့ သက်ဆိုင်တာကြောင့် နိုင်ငံရေးစစ်မျက်နှာက တဆင့် အတွေးအခေါ် စစ်မျက်နှာနဲ့ လူမှု-စီးပွားစစ်မျက်နှာများကို အသုံးပြုပြီး၊ တော်လှန်ရေးလှုပ်ရှားမှုများကို ဦးတည်ရမှာ ဖြစ်ပါတယ်။ စစ်ရေးစစ်မျက်နှာဟာ အဆုံးသတ်စစ်ရေးအောင်ပွဲကို ဦးတည်နိုင်ခြင်း မရှိပေမယ့်၊ အခြားစစ်မျက်နှာများကို ပံ့ပိုးဖို့ မဖြစ်မနေ ရှိသင့်တဲ့ စစ်မျက်နှာဖြစ်ပါတယ်။ နိုင်ငံတကာစစ်မျက်နှာကတော့ အာဏာရှင်အစိုးရနဲ့ အာဏာရှင် ရုတ်သေးအစိုးရများကို ပြင်ပက ဖိအားပေးရန် ဖြစ်ပါတယ်။ အဲဒီစစ်မျက်နှာအားလုံးကို ဘက်ပေါင်းစုံကနေ ပြင်ဆင်တည်ဆောက် တိုက်ပွဲဝင်နိုင်မှသာ အောင်မြင်နိုင်တဲ့ ရာခိုင်နှုန်း မြင့်မားမှာ ဖြစ်ပါတယ်။

တော်လှန်ရေး အဖွဲ့အစည်းများ

တော်လှန်ရေးတရပ် ဆင်နွှဲရာမှာ တော်လှန်ရေးအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍဟာ အလွန်ပဲ အရေးကြီးလှ ပါတယ်။ တော်လှန်ရေးဆင်နွှဲဖို့အတွက် တော်လှန်ရေးသမားတွေ စုစည်းမိလာကြတဲ့အခါ တော်လှန်ရေး အဖွဲ့အစည်းကို ဘယ်လိုသဏ္ဍာန်နဲ့ စုဖွဲ့ပြင်ဆင်မှာလဲ ဆိုတာက မေးခွန်းထုတ်စရာ ရှိလာပါတယ်။ လူအများကို အခြေပြုတဲ့ (Mass-based Revolutionary Organization) အနေနဲ့ စုဖွဲ့မှာလား၊ ထိပ်ပိုင်းက လူအနည်းစုကို အခြေပြုတဲ့ (Elite-based Revolutionary Organization) အနေနဲ့ စုဖွဲ့မှာလား၊ ဗဟိုဦးစီးစနစ် (Centralization) ကို အခြေခံမှာလား၊ ဗဟိုဦးစီးမှုဖြေလျှော့ထားသောစနစ် (Decentralization) ကို အခြေခံမှာလား ဆိုတဲ့ စဉ်းစားရွေးချယ်စရာ အချက်အလက်တွေ အများအပြား ပေါ်ထွက်လာတတ်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းအတွင်းမှာ centralization စနစ်ကို ကျင့်သုံးမှာလား၊ decentralization စနစ်ကို ကျင့်သုံးမှာလား ဆိုတာက ဒီအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လို ချမှတ် လုပ်ကိုင်ကြမယ် ဆိုတာပေါ်မှာ မူတည်ပါတယ်။ လူတယောက်ကပဲ ဦးဆောင်ပြီး ဆုံးဖြတ်ချက်တွေ အားလုံးချမှတ်မယ်ဆိုရင် centralization စနစ်ကို ကျင့်သုံးတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ လူအယောက် (၁၀၀၀) ရှိတဲ့ အဖွဲ့အစည်းထဲမှာ ဆုံးဖြတ်ချက်တွေအားလုံးက လူအယောက် (၁၀၀၀) လုံးက ညီတူညာတူဆုံးဖြတ်ချက် ချမှတ်မယ်ဆိုရင်တော့ decentralization စနစ်ကို ကျင့်သုံးတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ သာမန် အဖွဲ့ဝင်တွေက လုပ်ငန်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်အချို့နဲ့ ခေါင်းဆောင်ငယ်တွေက ဆုံးဖြတ်ချက်အများစုကို ချမှတ်ပြီး၊ ဗဟိုအမှုဆောင်များက အရေးပါတဲ့ ဆုံးဖြတ်ချက်အချို့ကို ချမှတ်မယ်ဆိုရင်တော့ centralization- decentralization continuum ရဲ့ အလယ်အလတ် စနစ်ကို ကျင့်သုံးတယ်လို့ ဆိုနိုင်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းရေးရာ လေ့လာဆန်းစစ်သူ Jennergren က decentralization စနစ်ကို ကျင့်သုံးတဲ့ အဖွဲ့အစည်းတွေမှာလဲ decentralized လုံးဝ မလုပ်တဲ့ အရေးကြီးဆုံးဖြတ်ချက်တွေ ရှိသေးကြောင်း ညွှန်းဆိုပြောကြားခဲ့ပါတယ်။ အဲဒီ အရေးကြီးဆုံးဖြတ်ချက်များ (important decisions) တွေထဲမှာ အဖွဲ့အစည်းရေးရာဦးတည်ချက်များ (Organizational Objectives)၊ မဟာဗျူဟာစီမံချက်များ (Strategic Plans) နဲ့ အခြေခံ မူဝါဒများ (Basic Policies) စတာတွေ ပါဝင်ပါတယ်။
စီးပွားရေးလောကက အဖွဲ့အစည်းတွေကို လေ့လာဆန်းစစ်ခဲ့တဲ့ အဖွဲ့အစည်းရေးရာ လေ့လာသူ Mintzberg က ဘဏ္ဍာရေး၊ ဥပဒေရေးရာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို အများအားဖြင့် ထိပ်ပိုင်းခါင်းဆောင်များက ဆုံးဖြတ်ချက်ချလေ့ရှိပြီး၊ ဈေးကွက်ရှာဖွေရေးနဲ့ ထုတ်လုပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အလယ်အလတ် ခေါင်းဆောင်များက ဆုံးဖြတ်ချက်ချလေ့ ရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတွေမှာ centralized decisions တွေ ရှိနိုင်သလို decentralized decisions တွေလဲ ရှိနိုင်ကြောင်း သိသာ ထင်ရှားလှပါတယ်။ centralization နဲ့ decentralization စနစ်တွေကိုပဲ သီးခြား ကျင့်သုံးတဲ့ အဖွဲ့အစည်းတွေဆိုတာ မရှိသလောက် ရှားပါးလှပါတယ်။ အဖွဲ့အစည်းရဲ့ သဘောသဘာဝပေါ် မူတည်ပြီး degree of decentralization ကတော့ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။
decentralization ဟာ ဆုံးဖြတ်ချက်ချမှတ်မှုတွေမှာ အခြေခံပြီး၊ ဆုံးဖြတ်ချက်ချမှတ်မှုအတွက် သတင်းအချက် အလက်ဟာ အရေးပါလာတဲ့အခါမှာ အိုင်အက်စ်လို့ခေါ်တဲ့ သတင်းအချက်အလက်စနစ် (Information System) ရဲ့ အခန်းကဏ္ဍဟာလဲ degree of decentralization အပေါ်မှာ သက်ရောက်မှု ရှိလာပါတယ်။ တိုးတက်လာတဲ့ အိုင်အက်စ်စနစ်နဲ့ centralization/ decentralization တို့အကြားက ဆက်နွယ်မှု နှစ်ခုကို ပညာရှင်တွေက ထုတ်ဖော်တွေ့ရှိခဲ့ကြပါတယ်။ ပထမတချက်အနေနဲ့ အိုင်အက်စ်စနစ်ဟာ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန် ရရှိနိုင်စေတဲ့အတွက် centralization ကို တိုးမြှင့်ပေးနိုင်ပါတယ်။ အခြားတဘက်မှာလဲ အိုင်အက်စ်စနစ်ဟာ အဖွဲ့အစည်းအတွင်းက စီမံခန့်ခွဲမှုအဆင့်တိုင်းကို သတင်းအချက် အလက်တွေ ပြည့်ပြည့်စုံစုံ ရရှိအောင် ဆောင်ရွက်ပေးနိုင်တဲ့အတွက် ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ အောက်ခြေအဆင့်ဆင့်ကို ဆုံးဖြတ်ချက်ချမှတ်လုပ်ဆောင်ခွင့်တွေ ပေးအပ်နိုင်ပြီး decentralization ကို တိုးမြှင့်ပေးနိုင်ပါတယ်။
စီမံချက်တွေကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်မှု ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းတော်လှန်ရေး အဆက်ဆက်ရဲ့ သင်ခန်းစာများအရ Efficiency ကို အာရုံစိုက် လုပ်ဆောင်မှုများလေလေ၊ အဖွဲ့အစည်းရဲ့ လုံခြုံရေးကို ထိခိုက်လေလေပဲ ဖြစ်ပါတယ်။ မဟာဗျူဟာလေ့လာသူ McCormick က တော်လှန်ရေး အဖွဲ့အစည်းတွေဟာ ဗဟိုဦးစီးချုပ်ကိုင်မှုကို လျှော့ချပြီး ကွန်ယက်ချိတ်ဆက်မှုတွေ၊ decentralization process တွေကို အကောင်အထည်ဖော်တဲ့အခါ အချိန်အနည်းငယ်အတွင်း Efficiency ဖြစ်အောင် လုပ်ဆောင်နိုင်မှသာ အောင်ပွဲကို ရမှာဖြစ်ပြီး၊ အချိန်ကြာလာခဲ့ရင်တော့ တော်လှန်ရေးအဖွဲ့အစည်းရဲ့ လုံခြုံရေးကို ထိခိုက်မှု ပိုများလာတာနဲ့အမျှ ပျက်စီးတိမ်ကောသွားနိုင်ကြောင်း ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ ဒါကြောင့် တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ ရေတိုကာလမှာ Efficiency ရဖို့အတွက် ရေရှည်ရပ်တည်နိုင်မှုရဲ့ security ကို ဘယ်လောက်အတိုင်းအတာအထိ sacrifice လုပ်ဖို့သင့်သလဲဆိုတာကို တိုက်ပွဲဖော်ဆောင် လှုပ်ရှားမှုသဏ္ဍာန် တိုင်းမှာ ရွေးချယ်ဆုံးဖြတ်နိုင်ကြဖို့ လိုအပ်လှပါတယ်။
ဒီလိုမဟုတ်ပဲ ဗဟိုဦးစီးစနစ်နဲ့ မြေအောက်ဆဲလ်တွေအပေါ်မှာ အခြေခံတည်ဆောက်မှုသဏ္ဍာန် (hierarchical cell-based organization) ကနေ ကွန်ယက်သဏ္ဍာန် (network structures) ကို ကူးပြောင်းမှု လုပ်မယ်ဆိုရင်လဲ တိုးတက်ပြောင်းလဲလာတဲ့ efficiency နဲ့ ညီမျှတဲ့ security ကို တပြိုင်တည်း တိုးမြှင့်ရမှာ ဖြစ်ပါတယ်။ Network structures ပေါ် အခြေခံတဲ့ ချိတ်ဆက်မှုတွေမှာ အဖွဲ့အစည်းငယ်လေးတွေ (nodes) အများအပြား ပါဝင်ပြီး၊ ဒီ nodes တွေအကြားက ဆက်စပ်မှု၊ ဆက်သွယ်မှု (interconnections) တွေလဲ အများအပြား ပါရှိတဲ့အတွက် သတင်းလုံခြုံရေး ရဖို့ဆိုတာကတော့ အလွန်ခဲယဉ်းတတ်ပါတယ်။ Node တခုကို နိုင်ငံတော် အုပ်ချုပ်ရေးယန္တရား ဒေါက်တိုင်တွေက ခြေရာခံမိတာနဲ့ Network structure ကြီးတခုလုံးကို ရန်သူက ဖြိုခွင်းနိုင်ဖို့ လမ်းဖွင့်ပေး လိုက်သလို ဖြစ်သွားတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် centralization မှာ အားသာတဲ့ အဖွဲ့အစည်းတွေက security ကောင်းမွန်ပြီး ရေရှည်မြှုပ်နှံဖို့ လိုအပ်တဲ့ တော်လှန်ရေးအတွက် ပိုပြီး အသုံးဝင်တတ်သလို၊ decentralization မှာ အားသာတဲ့ အဖွဲ့အစည်းတွေက efficiency တိုးမြှင့်ပေးနိုင်တဲ့ အတွက် ရေတိုတော်လှန်ရေး ကာလအတွင်း အောင်ပွဲရနိုင်မှုအတွက် အသုံးဝင်တတ်ပါတယ်။ သက်ဆိုင်ရာ တော်လှန်ရေးရဲ့ ရေတိုရေရှည် အတိမ်အနက်ကို မှန်မှန်ကန်ကန် သုံးသပ်တွက်ချက်နိုင်ဖို့ပဲ လိုပါတယ်။ မဟုတ်ရင်တော့ ရေရှည်မြှုပ်နှံရမယ့်ရူပဗေဒပညာရပ်မှာ centre of gravity ဆိုတာ ရုပ်ဝတ္တုတခုရဲ့ ရွေ့လျားခြင်း၊ လည်ပတ်ခြင်း၊ ရွေ့လျားမှု ရပ်ဆိုင်းခြင်းတွေကို ဖြစ်ပေါ်စေတဲ့ extraneous forces အားလုံး ဆုံတဲ့ ဆုံမှတ်ကို ခေါ်ဆိုတာဖြစ်ပါတယ်။ စစ်ပညာရှင် ကလော့ဝတ်စ်က စစ်တပ်များ တပ်စွဲနေရာယူမှုတွေကို ဖော်ပြတဲ့အခါမှာ ဒီသဘောတရားကို ပြန်လည်အသုံးပြုခဲ့ပါတယ်။ တနည်းဆိုရင် centre of gravity ဆိုတာ ပါဝါနဲ့ လှုပ်ရှားမှုတွေ အားလုံးတည်မှီနေတဲ့ hub တခုလို့ ဆိုနိုင်ပါတယ်။ တိုက်ပွဲတခုရဲ့ အရှုံးအနိုင်ကို အဆုံးအဖြတ်ပေးနိုင်သော၊ အားအကောင်းဆုံးသော တပ်ရင်း၊ တပ်မတွေကို centre of gravity အနေနဲ့ conventional war တွေမှာ သတ်မှတ်လေ့ရှိကြပါတယ်။ ကလော့ဝစ်ရဲ့ strategic doctrine အရ တပ်မှူးတွေဟာ မိမိရဲ့ centre of gravity ကို သိဖို့ လိုအပ်သလို၊ တဘက်ရန်သူရဲ့ centre of gravity ကိုလဲ သိဖို့ လိုအပ်လှပါတယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေမှာလဲ ဒီအတိုင်းပါပဲ။ တော်လှန်ရေးခေါင်းဆောင်တွေဟာ တော်လှန်ရေးရဲ့ centre of gravity ကိုသာမက နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားရဲ့ centre of gravity ကိုပါ သိဖို့ လိုပါတယ်။ တော်လှန်ရေးရဲ့ centre of gravity ဟာ mass-based မဟုတ်ပဲ elite-based ဖြစ်နေရင် အောင်ပွဲနဲ့ ဝေးတတ်ပါတယ်။

Charles Tilly's Framework နှင့် လူထုတော်လှန်ရေး

လူထုတိုက်ပွဲ (သို့မဟုတ်) လူထုတော်လှန်ရေးတွေကို လေ့လာသုံးသပ်တဲ့အခါမှာ အချက်သုံးချက်ကို အာရုံစိုက် လေ့လာလေ့ ရှိကြပါတယ်။ ပထမအချက်က လူထုတော်လှန်ရေး ပေါ်ထွက်လာရတဲ့ အခြေခံ အကြောင်းရင်းတွေဖြစ်တဲ့ ပြဿနာအရင်းခံ၊ အတိုက်အခံအင်အား၊ ပြဿနာအရင်းခံအပေါ်မှာ အတိုက်အခံများရဲ့ ရှုမြင်သုံးသပ်မှု၊ တိုက်ပွဲဆင်နွှဲပုံနည်းလမ်း စတာတွေဖြစ်ပါတယ်။ ဒုတိယအချက်က တော်လှန်ရေးသန္ဓေ တည်လာတဲ့ လူ့အဖွဲ့ အစည်းအတွင်းက ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုတွေ ဖြစ်ပါတယ်။ တတိယအချက်ကတော့ လူတဦးတယောက် (သို့မဟုတ်) လူအုပ်စုတွေဟာ အာဏာပိုင်တွေကို တော်လှန်ဖို့ ဘယ်လိုစုဝေးပေါင်းစည်းလာပြီး အဖွဲ့အစည်း တွေ၊ လှုပ်ရှားမှုတွေကနေ လူထုတိုက်ပွဲကြီးပေါ်ထွက်လာလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလိုလူအုပ်စုတွေ စုစည်း လာမှုကနေ လူထုတော်လှန်ရေးကြီးတွေ ဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို Charles Tilly's Framework မှာ ဖော်ပြ ထားပါတယ်။
common identity ပေါ် မူတည်ပြီး အဖွဲ့အစည်း (ဥပမာ- ကျောင်းသားအဖွဲ့အစည်း၊ အမျိုးသမီးအဖွဲ့အစည်း၊ နိုင်ငံရေးဝါဒပေါ် အခြေခံပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း) ဖွဲ့စည်းလေ့ရှိကြပါတယ်။
ဒါကြောင့် အဖွဲ့အစည်းတွေရဲ့ ရေချိန်ကို လေ့လာတဲ့အခါမှာ catness လို့ခေါ်တဲ့ degree of common identity ကို လေ့လာဖို့ လိုပါတယ်။ ဒါတွင်မကပဲ အဖွဲ့အစည်းအတွင်းက လူပုဂ္ဂိုလ်တွေအချင်းချင်းရဲ့ ချိတ်ဆက်မှုနဲ့ ဆက်နွယ်မှု သဏ္ဍာန်တွေကိုလဲ လေ့လာဖို့ လိုပါသေးတယ်။ အဖွဲ့ဝင်တွေအကြားမှာ ရဲဘော်ရဲဘက်စိတ် တည်ဆောက်ထားနိုင်ရင် တော်လှန်ရေးအတွက် ပိုပြီးအကျိုးသက်ရောက်မှု များပါတယ်။ ဒါကိုတော့ netness (degree of internal networking) ကို ပညာရှင်များက သတ်မှတ်ခေါ်ဆိုပါတယ်။ catness နဲ့ netness ပေါ်မှာ မူတည်ပြီး အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေ ပေါ်ထွက်လာပါတယ်။ ရေချိန်မြင့်တဲ့ အဖွဲ့အစည်းတွေက လှုပ်ရှားမှုအားကောင်းပြီး၊ ရေချိန်နိမ့်တဲ့ အဖွဲ့အစည်းတွေက လှုပ်ရှားမှုအားလျော့နေတတ်ပါတယ်။

(၃) လှုပ်ရှားမှု (Mobilization)

အုပ်စုဖွဲ့လှုပ်ရှားမှုမှာ ပုံစံသုံးမျိုးရှိပါတယ်။ ပထမတမျိုးက ခုခံကာကွယ်ရေး လှုပ်ရှားမှု (defensive mobilization) ဖြစ်ပါတယ်။ ပြင်ပက တိုက်ခိုက်မှု (သို့မဟုတ်) အာဏာရှင်တွေရဲ့ မတရားဖိနှိပ်စော်ကားလာမှု (threats) တွေကို ခုခံကာကွယ်ဖို့ လူအများစုစည်းလာပြီး၊ ခေါင်းဆောင်တွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒီလိုအုပ်စုဖွဲ့လှုပ်ရှားမှုကို bottom-up approach လို့ သတ်မှတ်ကြပါတယ်။ လှုပ်ရှားမှုက ကနဦးစတင်ပြီးမှ ခေါင်းဆောင်က လှုပ်ရှားမှုကနေ ပေါ်ထွက်လာတာမျိုးပါ။
ဒုတိယတမျိုးက တိုက်ခိုက်ရေးလှုပ်ရှားမှု (offensive mobilization) ဖြစ်ပါတယ်။ တော်လှန်ရေးအတွက် အခွင့်အလမ်းတွေကို ခေါင်းဆောင်တွေက ရှာဖွေပြီး တော်လှန်ရေးဆင်နွှဲတာ ဖြစ်ပါတယ်။ ပမာဆိုရရင် မြန်မာပြည်ရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတုန်းက အင်္ဂလိပ်အခက်၊ ဗမာ့အချက်လို့ ကြွေးကြော်ပြီး နယ်ချဲ့ ဆန့်ကျင်ရေးကို အရှိန်မြှင့်ခဲ့ကြပါတယ်။ ဒါဟာ တိုက်ခိုက်ရေးလှုပ်ရှားမှု ဥပမာတခုပဲ ဖြစ်ပါတယ်။ ဒီလို(၅) လူထုတော်လှန်ရေး (သို့မဟုတ်) လူထုတိုက်ပွဲ
လူထုတိုက်ပွဲဆိုတာ လမ်းပေါ်ထွက်ပြီး လူအများစုဝေးကြ၊ တရားဟောကြတာကိုတင် ဆိုလိုတာ မဟုတ်ပါဘူး။ လူထုတိုက်ပွဲမှာ ရည်မှန်းချက်ပန်းတိုင် ရှိရပါမယ်။ လူအများစုဝေးပြီး တိုက်ပွဲတခုကို ဖော်ဆောင်တာမှာ တိုက်ပွဲရဲ့ ဗဟိုချက်မ ရှိရပါမယ်။ ဒီတိုက်ပွဲဟာ ဘာကို ဦးတည်တိုက်တာလဲ၊ တိုက်ပွဲရဲ့ အောင်မြင်မှုရလဒ်က ဘာလဲဆိုတာ သိဖို့ လိုပါတယ်။ အစိုးရ ပြုတ်ကျရေးလား၊ အစိုးရကို အင်အားပြပြီး ဆွေးနွေးညှိနှိုင်းလာအောင် ပြုလုပ်ရေးလား၊ အစိုးရကို ဖြုတ်ချပြီး အစိုးရသစ်တခုနဲ့ အစားထိုးရေးလားဆိုတာ ရှင်းလင်းဖို့ လိုပါတယ်။ ဒီလို တိကျတဲ့ ရည်မှန်းချက်ပန်းတိုင် မရှိရင် တိုက်ပွဲမရှိတာက ပိုကောင်းပါတယ်။
Bard O’Neill's Framework နှင့် တော်လှန်ရေးဆန်းစစ်ချက်
တော်လှန်ရေးတွေကို စနစ်တကျ ဆန်းစစ်ချက်ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ Framework တခုကို စစ်ရေးနဲ့ တော်လှန်ရေးစစ်ပွဲများ လေ့လာသူ ပညာရှင် Dr. Bard O’Neill က ဖော်ထုတ်ပေးခဲ့ပြီး နောက်ပိုင်းမှာ တကမ္ဘာလုံးက စစ်ဦးစီးတက္ကသိုလ်တွေနဲ့ စစ်မဟာဗျူဟာ လေ့လာရေး သင်တန်းတွေတိုင်းမှာ Bard O’Neill's Framework ဆိုတာ မပါမဖြစ်တဲ့ သက်ရိုးညွှန်းတန်း သင်ခန်းစာ တခုဖြစ်လာခဲ့ပါတယ်။ ဒီ Framework မှာ အရေးကြီးဆုံး အချက်ကတော့ တော်လှန်ရေးရဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။ တော်လှန်ရေးသဘောသဘာဝ ဆိုရာမှာ တော်လှန်ရေးရဲ့ ပန်းတိုင်၊ အခြေခံရပ်တည်ချက်၊ သုံးသပ်စဉ်းစားချက်နဲ့ တော်လှန်ရေး ဗျူဟာတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီ Framework ဟာ လေ့လာဆန်းစစ်သူတွေကို တော်လှန်ရေးရဲ့ ပန်းတိုင်၊ လမ်းကြောင်း၊ ဗျူဟာပိုင်းဆိုင်ရာတွေထဲက အားသားချက်၊ အားနည်းချက်တွေကို ဖော်ထုတ်ထောက်ပြပေးရုံသာမက တော်လှန်ရေးတခုရဲ့ အောင်မြင်မှု ဖြစ်နိုင်ချေကိုပါ တွက်ချက်ပေးနိုင်ပါတယ်။
တော်လှန်ရေးဆိုတာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်သူတွေကို တော်လှန်တဲ့ အင်အားစုတွေအကြားက Political Struggle တခုပါ။ တော်လှန်တဲ့ အင်အားစုတွေဟာ အဖွဲ့အစည်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ၀ါဒဖြန့်ချိရေးနဲ့ လူထုလှုပ်ရှားမှုPluralistic စနစ်မှာကျတော့ တဦးချင်း လွတ်လပ်ခွင့်၊ ညှိနှိုင်းဆောင်ရွက်မှု၊ အပေးအယူရှိမှု၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် စတာတွေကို တန်ဖိုးထားပြီး၊ ဒီတန်ဖိုးတွေကို ဒီမိုကရေစီ အစိုးရသဏ္ဍာန်နဲ့ အကောင်အထည်ဖော် ပြီးမြောက်စေပါတယ်။
နိုင်ငံရေးရဲ့ တတိယမျက်နှာစာကတော့ အုပ်ချုပ်သူတွေ ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေ ဆိုတာမှာ အုပ်ချုပ်ရေး အာဏာကို အမိန့်ပေးကျင့်သုံးသူတွေ ပါဝင်သလို၊ အာဏာကို အသက်ဝင်စေတဲ့ ဒေါက်တိုင်တွေလဲ ပါပါတယ်။ အုပ်ချုပ်ခံရတဲ့ ပြည်သူလူထုကနေ အုပ်ချုပ်နေသူတွေဟာ “လာဘ်ပေးလာဘ်ယူမှုတွေ ရှိတယ်၊ တိုင်းပြည် တိုးတက်ရေးကို မဆောင်ကျဉ်းပေးနိုင်ဘူး၊ ပြည်သူလူထုကို ဖိနှိပ်နေတယ် ဆိုပြီး စဉ်းစားလာတဲ့အခါတွေကျရင် အာဏာဖီဆန်မှုနဲ့ ပုန်ကန်ခြားနားမှုတွေ ထွက်ပေါ်လာနိုင်ပါတယ်။ နိုင်ငံရေးရဲ့ စတုတ္တ မျက်နှာစာကတော့ ပေါ်လစီ မူဝါဒတွေ ဖြစ်ပါတယ်။ ဒီမူဝါဒတွေထဲမှာ အစိုးရရဲ့ ပန်းတိုင်တွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ စီမံချက်တွေ ပါဝင်ပါတယ်။ ဒီပေါ်လစီတွေဟာ လူမျိုးရေး၊ ဘာသာရေး၊ အသား အရောင်နဲ့ စီးပွားရေးရပ်တည်မှုတွေမှာ မျှမျှတတ ရေးဆွဲထားခြင်းမရှိပဲ ခွဲခြားသတ်မှတ်ခံရတယ်လို့ အုပ်ချုပ် ခံရတဲ့ ပြည်သူလူထုတွေထဲက လူထု လူတန်းစားတွေ၊ လူမျိုးစုတွေက ယုံကြည်လာတဲ့အခါ တော်လှန်ရေးတွေ စတင်ပေါက်ဖွားလာနိုင်ပါတယ်။
တော်လှန်ရေးတွေ ပေါ်ပေါက်လာတဲ့အခါ တော်လှန်ရေးအင်အားစုတွေ သဏ္ဍာန်အမျိုးမျိုးနဲ့ ထွက်ပေါ် လာပါတယ်။ နိုင်ငံရေးပညာရှင်တွေက တော်လှန်ရေးအင်အားစု အမျိုးအစားတွေကို ခုနစ်မျိုး ခွဲခြား ဖော်ပြခဲ့ ပါတယ်။ ပထမလေးမျိုးဖြစ်တဲ့ anarchist, egalitarian, traditionalist, and pluralist သဏ္ဍာန်လေးမျိုးရဲ့ ပန်းတိုင်ကတော့ ရှိနေတဲ့ နိုင်ငံရေးစနစ်ကို လုံးဝ ပြောင်းလဲဖို့ ဖြစ်ပါတယ်။ Anarchist တွေရဲ့ ပန်းတိုင်ကတော့ institutionalized လုပ်ထားတဲ့ နိုင်ငံရေးအစီအမံတွေကို ဖယ်ရှားပစ်ဖို့ ဖြစ်ပါတယ်။ Egalitarian တွေကတော့ distributional equality နဲ့ ဗဟိုထိန်းချုပ်မှု ဖွဲ့စည်းပုံကို အခြေခံပြီး လူမှုအဖွဲ့အစည်းကို ပြောင်းလဲနိုင်မယ့် နိုင်ငံရေးစနစ်သစ်ကို အစားထိုးဖို့ ရည်ရွယ်ပါတယ်။ traditionalist တွေကတော့ လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ကို အာဏာရှင်စနစ်နဲ့ စစ်တပ်၊ ဘာသာရေး အသိုင်းအ၀ိုင်း၊ ရေပေါ်ဆီ လူတန်းစားတွေစစ်မဟာဗျူဟာအရတော့ ဒါကို အန်စီဒဗလျူ (Network centric Warfare) လို့ ခေါ်ဝေါ် သုံးစွဲကြပါတယ်။ ဒီသဏ္ဍာန်ကနေ Effects- Based Operations (EBO) ဆိုတဲ့ လုပ်ဆောင်လိုက်တဲ့ လှုပ်ရှားမှုကနေ ထွက်ပေါ်လာမယ့် ရလာဒ်ကို ဦးစားပေးသော အော်ပရေးရှင်းတွေ အကောင်အထည် ဖော်နိုင်လာပါတယ်။ ညီညွတ်မှုကို နှုတ်ကတိတွေ၊ ကြေငြာချက်တွေ၊ ညီလာခံကြီးတွေနဲ့ ရယူတာမဟုတ်ပဲ တော်လှန်ရေး လှုပ်ရှားမှု တခုချင်းဆီက ထွက်ပေါ်လာမယ့် အကျိုးရလဒ်ကို အခြေခံပြီး case by case အနေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရယူခြင်းပါ။ အဲဒီကနေ တဆင့် ပူးပေါင်းဆောင်ရွက်လို့ ရလာတဲ့ အကျိုးရလဒ်တွေအတွက် ယုံကြည်မှု တည်ဆောက်မှု အဆင့်ကို ထပ်မံ တိုးတက်အောင် လုပ်ယူသွားလို့ ရနိုင်ပါတယ်။ တော်လှန်ရေးနဲ့ ညီညွတ်ရေးကို တပြိုင်တည်း အကောင်အထည် ဖော်ဆောင်သွားမှု ဖြစ်ပါတယ်။
ဒီလိုနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ အာဏာပိုင် ယန္တရားရဲ့ မျက်နှာစာလေးခုကို ဖယ်ရှား တိုက်ခိုက်တာ၊ အသွင်ပြောင်းယူတာတွေ လုပ်ရပါမယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် နိုင်ငံရေးစစ်မျက်နှာနဲ့ စစ်ရေး စစ်မျက်နှာ နှစ်ခုကို ဖွင့်ရပါမယ်။ တချို့ကတော့ နိုင်ငံရေးစစ်မျက်နှာမှာ နိုင်ငံတကာပံ့ပိုးထောက်ကူမှုကို စစ်မျက်နှာတခုအနေနဲ့ ထည့်သွင်း ပြောဆိုတတ်ပါတယ်။ စစ်ရေးစစ်မျက်နှာမှာလဲ မြို့ပြပြောက်ကျားအသွင်နဲ့ အစိုးရအုပ်ချုပ်ရေးယန္တရားကို တတိတိ ဖြိုချမှုတွေ၊ တောတောင်လျှိုမြောင်မှာ လက်နက်လူသူ စုဆောင်းပြီး ပြောက်ကျားပုန်ကန်မှုတွေကနေ တပ်ရင်းတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး အာဏာပိုင်တပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် ထိတွေ့မှုတွေ ဆိုပြီး လူအင်အား၊ လက်နက်အင်အား၊ အခြေစိုက်စခန်း တည်နေရာ စတာတွေပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိရောက်တဲ့ အမိန့်ပေးစနစ်နဲ့ ထိန်းချုပ်မှုတွေ၊ logistics ရေးရာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ လှုပ်ရှားမှုတွေမှာ အမိန့်ပေးစနစ် ဖရိုဖရဲဖြစ်ရင် ဟန်ချက် ပျက်ပါတယ်။ ပစ်မှတ်ကို မထိရင် ကျည်ဆံ တတောင့်သုံးသုံး၊ အတောင့်တရာသုံသုံး အတူတူပဲ ဖြစ်တာမို့ ငွေအင်အား၊ လူအင်အားတွေ သုံးနိုင်ပေမယ့် အမိန့်ပေးစနစ် မကောင်းလို့ အင်အားကျဆင်းသွားတဲ့ တော်လှန်ရေးတွေ အများကြီးပါပဲ။
တော်လှန်ရေးအင်အားစုတွေဟာ တော်လှန်ရေးပန်းတိုင်တွေ ချမှတ်ပြီးတဲ့အခါ (သို့မဟုတ်) ရလဒ်အခြေပြု အော်ပရေးရှင်းတွေ အကောင်အထည်ဖော်မယ်လို့ စဉ်းစားပြီးတဲ့အခါ စစ်မျက်နှာတွေ ဖွင့်ပါတယ်။ ဒီလိုအချက်ကတော့ လူထုထောက်ခံမှုရဖို့ စနစ်တကျ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုမရှိပါဘူး။ လက်ရှိ ထောက်ခံမှုဟာ လုံလောက်ပြီလို့ ယူဆပြီး၊ စစ်မြေပြင်မှာ အောင်ပွဲရရေးကိုပဲ ဦးတည်ဆောင်ရွက်ပါတယ်။ အမေရိကန် ပြည်တွင်းစစ်တုန်းက Confederacy က ဒီမဟာဗျူဟာကို ကျင့်သုံးခဲ့ပါတယ်။ နောက်ထပ် မဟာဗျူဟာ တခုကတော့ urban-warfare strategy ဖြစ်ပါတယ်။ မြို့ပြမှာ ပြောက်ကျားလှုပ်ရှားမှုတွေ၊ ပုန်ကန်ခြားနားမှုတွေနဲ့ အစိုးရယန္တရားကို တိုက်ခိုက်တာ ဖြစ်ပါတယ်။ တော်လှန်ရေးအများစုမှာ တော်လှန်ရေး သမားတွေဟာ ဒီမဟာဗျူဟာလေးခုလုံးကို ပေါင်းစပ်အကောင်အထည် ဖော်လေ့ရှိကြပါတယ်။ အပျော့အမာလိုင်း၊ အအေး အပူလိုင်းတွေ ကွာခြားပေမယ့် ပေါင်းစပ်နိုင်မှုကတော့ အရေးကြီးပါတယ်။
Bard O’Neill ရဲ့ Framework မှာ တော်လှန်ရေး အောင်ပွဲကို ဆန်းစစ်နိုင်မယ့် သော့ချက် ခြောက်ချက်ကို ဖော်ပြထားပါတယ်။ Bard O’Neil ရဲ့ သော့ချက် ခြောက်ချက်ဟာ ကမ္ဘာတ၀ှမ်းများ အောင်မြင်ခဲ့တဲ့ တော်လှန်ရေး တွေကို လေ့လာဆန်းစစ်ပြီး အနှစ်သာရတွေကို ပြန်လည်စုစည်းပေးထားတာ ဖြစ်တဲ့အတွက် တော်လှန်ရေး တရပ်ရဲ့ နိုင်ငံရေး ထိရောက်မှုနဲ့ မဟာဗျူဟာ ထိရောက်မှုတွေကို ပြန်လည်ဆန်းစစ် အကဲဖြတ်ရာမှာ အသုံးဝင်တဲ့ စံညွှန်းတွေပဲ ဖြစ်ပါတယ်။

(၁) လူထုထောက်ခံမှု

တော်လှန်ရေးတခု အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ရှိနေလား၊ မရှိနေဘူးလား ဆိုတာ ဆန်းစစ်တဲ့အခါ တော်လှန်ရေးနဲ့ လူထုကြီးနဲ့ ဘယ်လောက်အထိ နီးကပ်မှု ရှိနေလဲ ဆိုတာ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဘယ်တော်လှန်ရေးခေါင်းဆောင်မဆို ပထမဆုံးစဉ်းစားရမယ့် အချက်က လူထုထောက်ခံမှုကို ဘယ်လိုရအောင် ယူမလဲ ဆိုတာပါပဲ။ အာဏာပိုင် အစိုးရဘက်မှာ စစ်တပ်၊ ရဲ၊ ဒေါက်တိုင်အင်အားစု၊ သတင်းပေးတွေနဲ့ တိုင်းပြည်ဘဏ္ဍာတွေကို လိုသလို အသုံးပြုနိုင်မှု စတဲ့ အားသာချက်တွေ ရှိပါတယ်။ ဒီအားသာချက်တွေကို ပါဝါချိန်ခွင်တဘက်ကနေ ထိန်းညှိနိုင်ဖို့က လူထုထောက်ခံမှုပဲ ဖြစ်ပါတယ်။ လူထုထောက်ခံမှု ဆိုရာမှာ လူထုထောက်ခံမှု အမျိုးအစားတွေ၊ ပညာရှင်တွေနဲ့ ပြည်သူလူထုရဲ့ အခန်းကဏ္ဍတွေနဲ့ လူထုထောက်ခံမှု ရဖို့အတွက် တော်လှန်ရေးသမားတွေ အသုံးပြုရမယ့် နည်းလမ်းတွေကို နားလည်ဖို့ လိုအပ်ပါတယ်။
အတွေ့အကြုံနဲ့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ ပံ့ပိုးပေးနိုင်သူတွေ ဖြစ်တာမို့ သီးခြားပရောဂျက်နဲ့ စနစ်တကျ စည်းရုံးသိမ်းသွင်းမှု လုပ်ဖို့ လိုအပ်ပါတယ်။ Masses ဆိုတဲ့ အများပြည်သူတွေကို စည်းရုံးတဲ့အခါမှာလဲ တော်လှန်ရေးသမားတွေအနေနဲ့ စနစ်တကျ လှေကားချပြီး စည်းရုံးဖို့ လိုပါတယ်။ လူထုရဲ့ နိုင်ငံရေးရေချိန်ပေါ် မူတည်ပြီး အချိန်အခါနဲ့အညီ ချိန်ကိုက်လှုပ်ရှားဖို့ လိုအပ်ပါတယ်။ လူထုထောက်ခံမှု ရရှိဖို့နဲ့ တော်လှန်ရေး သမားတွေ ပေါ်ထွက်လာဖို့ စည်းရုံးလှုပ်ရှားမှုတွေမှာ နည်းလမ်းအမျိုးမျိုး ရှိပေမယ့် အောင်ပွဲအတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းခြောက်ခုရှိပါတယ်။
Charismatic attraction ဆိုတဲ့ နည်းလမ်းကတော့ ခေါင်းဆောင်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အသုံးပြုပြီး စည်းရုံးရေး ဖြစ်ပါတယ်။ ခေါင်းဆောင်ဟာ လူထုနဲ့ တသားတည်း ရှိနိုင်ဖို့ လိုပါတယ်။ လူထုရဲ့ အတွေး၊ လူထုရဲ့ အမြင်နဲ့ တထပ်တည်း ကျနေရပါမယ်။ လူထုထဲမှာသာ တော်လှန်ရေးရဲ့ အဆုံးသတ်အောင်ပွဲကို ရယူနိုင်မယ့် အင်အားရှိနေတယ်ဆိုတာ နားလည်နေရပါမယ်။ ခေါင်းဆောင်နဲ့ လူထုအကြားမှာ ကွင်းဆက်မပြတ်ဖို့ လိုအပ်ပါတယ်။ လက်ဆင့်ကမ်းခေါင်းဆောင်မှုကို အကောင်အထည် ဖော်နိုင်ရမယ်။ ဒီလိုမဟုတ်ရင် ကွင်းဆက် ပြတ်သွားပြီး တော်လှန်ရေး ခါးဆက်ပြတ်သွားတတ်ပါတယ်။ နောက်ထပ်နည်းလမ်းတခုကတော့ Esoteric appeals ဖြစ်ပါတယ်။ ဒီနည်းလမ်းက ပညာတတ် လူ့အဖွဲ့အစည်းကို အာရုံစိုက်စည်းရုံးမှု ဖြစ်ပါတယ်။ ဒီလိုစည်းရုံးတဲ့အခါမှာ သီအိုရီသဘောတရားတွေနဲ့ အယူအဆ၊ အတွေးအခေါ်တွေ၊ အခြေအနေတွေကို သပ်သပ်ရပ်ရပ်နဲ့ တိတိကျကျ ရှင်းလင်းဖော်ပြဖို့ လိုအပ်ပါတယ်။
Exoteric appeals ဆိုတာကတော့ လူထုထဲမှာ အမှန်တကယ် ခံစားနေရတဲ့ ဘ၀အခြေအနေတွေကို မီးမောင်းထိုးပြပြီး စည်းရုံးလှုံ့ဆော်တာ ဖြစ်ပါတယ်။ လူထုကို စည်းရုံးလှုံ့ဆော်မှုမှာ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ အလုပ်လက်မဲ့ပြဿနာ၊ လာဒ်ပေးလာဒ်ယူမှုတွေ၊ မြေယာပိုင်ဆိုင်မှုရေးရာ တွေကို အာရုံစိုက်ရပါမယ်။ intelligentsia စည်းရုံးမှုမှာတော့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ အာဏာပိုင် တွေရဲ့ ပညာတတ်တွေကို တန်ဖိုး မထားမှု၊ အသိအမှတ် မပြုမှု စတာတွေကို အာရုံစိုက်ဖော်ပြရပါမယ်။စတုတ္တနည်းလမ်းကတော့ လှုပ်ရှားမှုတွေကို ပြောက်ကျားတိုက်ပွဲတွေ အနေနဲ့ အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေအနေနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကို အမြစ်ဖြတ် နှိမ်နင်းလို့ မရနိုင်ဘူးဆိုတာကိုတောင်းစားနေတာကို မြင်ရလို့ ရင်ထဲမှာ ဆို့နင့်ပြီး တော်လှန်ရေးကို ထောက်ခံလာသူတွေလဲ အများအပြားပါ။ Human touch ဖြစ်မှ ၀ါဒဖြန့်ချိရေးယန္တရား အောင်မြင်မှာ ဖြစ်ပါတယ်။ ၀ါဒဖြန့်ချိရေးယန္တရားဆိုတာ စနစ်တကျ အကောင်အထည်ဖော်ရတာပါ။ ဒီကဏ္ဍအားနည်းနေတဲ့ တော်လှန်ရေးတွေကတော့ နှောင့်နှေးကြန့်ကြာတတ်ပါ တယ်။ Physical aspect တခုဖြစ်တဲ့ ဆက်သွယ်ရေးစနစ်ကို အကောင်အထည်ဖော်ဖို့အတွက် တော်လှန်ရေးသမား တွေက အားသန်လေ့ရှိပါတယ်။ ဆက်သွယ်ရေးစနစ်ရှိပြီး ကိုယ်ပြောချင်တာတွေပဲ စွပ်ပြီးပြောနေ၊ သတင်းအချက် အလက်တွေ ပေးနေရုံနဲ့ အောင်မြင်မှာ မဟုတ်ပါ။
အိုင်တီ နည်းပညာခေတ်မှာ အီးမေးလ်အုပ်စုတွေ၊ ဘလော့တွေနဲ့ လူထုကြီးကို သတင်းတွေပေးဖို့ အလွန် အားသန်ကြပါတယ်။ ဒီသတင်းစကားတွေဟာ လူဦးရေရဲ့ ရာခိုင်နှုန်း ဘယ်လောက်ကို စီးဆင်းသွားနိုင်မလဲ ဆိုတာနဲ့ သတင်းစကားကို လက်ခံရရှိသူတွေဆီက active support, passive support ဘယ်လောက်ထိ ရနိုင်မလဲဆိုတာရယ်ကို တွက်ချက်ဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်ပဲ ၀ါဒဖြန့်ချိရေးနဲ့ သတင်းစကားပေးတာတွေက တော်လှန်ရေးသမားတွေ အကြားမှာပဲ ပြန်ပြီး လည်ပတ်နေတာဆိုရင်တော့ အားနည်းချက်ရှိနေပါပြီ။ ဖြည့်ဆည်းရမယ့် အချက်ဖြစ်နေပြီဆိုတာ နားလည်ရပါမယ်။ Human Dimension ဖြစ်တဲ့လူမှုအဆောက်အအုံကိုထည့်သွင်းမစဉ်းစားရင် တော်လှန်ရေး နှောင့်နှေးတတ်ပါတယ်။

(၃) အဖွဲ့အစည်း

တော်လှန်ရေးအောင်မြင်မှုရဲ့တတိယသော့ချက်ကတော့ တော်လှန်ရေးအင်အားစုတွေပဲ ဖြစ်ပါတယ်။
 တော်လှန်ရေး အဖွဲ့အစည်းတွေမှာ ဖွဲ့စည်းမှုရေးရာအရ structural dimension တွေဖြစ်တဲ့ Scope နဲ့ Complexity ဆိုတာ တွေရှိပါတယ်။ Scope ဆိုတာက နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ အရေးပါတဲ့ နေရာတွေကနေ တက်တက်ကြွကြွ လုပ်နေသူတွေဖြစ်တဲ့ ကေဒါတွေ၊ မြေအောက်ယူဂျီအုပ်စုတွေ၊ တောခိုပုန်ကန်နေသူနဲ့ လှုပ်ရှားမှုရဲ့ active supporters တွေပါ။ Complexity ဆိုတာကတော့ တော်လှန်ရေးအဖွဲ့အစည်းရဲ့ စုဖွဲ့မှု သဏ္ဍာန် organizational structure ဖြစ်ပါတယ်။ တော်လှန်ရေးခေါင်းဆောင်တယောက်ဟာ organizational structure နဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ ရှိနေဖို့ လိုအပ်ပါတယ်။ လူများအောင် လိုက်စည်းရုံးနေရုံနဲ့တော်လှန်ရေးထဲ ပါဝင်လာဖို့ အတွက် သတင်းတခုကို ထုတ်ပြန်တဲ့အခါနဲ့ လှုပ်ရှားမှုဓာတ်ပုံတပုံကို ထုတ်တင်ပေးတဲ့အခါ ဒီသတင်းနဲ့ ပုံတွေထဲမှာ တခြားမဟာဗျူဟာ ဖော်ဆောင်ရေးကို ထိခိုက်စေမယ့် သတင်းအချက်အလက်တွေ ပါသွားနိုင်မလားဆိုတာကို သတိပြုစဉ်းစားပြီးမှ လုပ်သင့်ပါတယ်။ ဒီအချက်ဟာ ခေါင်းဆောင်တွေအတွက် အလွန်အရေးကြီးတဲ့ စည်းတခုပါ။ ဒီစည်းကို ကျော်ပြီး ခေါင်းဆောင်မှု ရှိတဲ့ တော်လှန်ရေးတိုင်းမှာ strategic conflict ဖြစ်ပါတယ်။ ဒါတွေဖြစ်လာရင် တော်လှန်ရေး ထိရောက်မှုမှာ အားနည်းတတ်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းတွေအတွင်းမှာ သဘောသဘာဝ ကွဲပြားမှု ရှိနေတဲ့ အခါမှာတော့ တပ်ပေါင်းစုသဏ္ဍာန် ကွန်ယက်ချိတ်ဆက် လှုပ်ရှားမှုနဲ့ စုပေါင်းခေါင်းဆောင်မှုကို အကောင်အထည်ဖော်ရပါတယ်။ ကွန်ယက် ချိတ်ဆက်လှုပ်ရှားမှုဆိုတာ တော်လှန်ရေး အဖွဲ့အစည်းတွေ စုပေါင်းပြီး လှုပ်ရှားမှု လမ်းကြောင်းတခု ပေါ်မှာ ရလဒ်အခြေပြု လှုပ်ရှားတာကို ဆိုလိုတာပါ။ အဖွဲ့တွေစုပြီး လုပ်ငန်းဖော်ဆောင်မှုမပါတဲ့ နှုတ်ကတိ၊ ကြေငြာချက် အခြေပြု ညီညွတ်ရေး လှုပ်ရှားမှုကို ဆိုလိုတာ မဟုတ်ပါ။ ညီညွတ်ရေးဆိုတာ တိုက်ပွဲရှိမှ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ တိုက်ပွဲမဖော်ဆောင်ပဲ ညီညွတ်ရေးပဲ လုပ်နေရင် ခေါင်မိုးတခုပေါ်မှာ ခေါင်မိုးတထပ် ဆင့်ရင်းဆင့်ရင်း ခေါင်မိုးဒဏ်ပိပြီး အဆောက်အဦး ပြိုကျတတ်ပါတယ်။ ခေါင်မိုးတွေနဲ့ အုတ်မြစ်တွေအကြားမှာ တည်ဆောက် ထားတဲ့ framework ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ကွင်းလယ်ခေါင်မှာ ထီးထီးကြီးရှိနေတဲ့ အိမ်ကြီး တလုံးပေါ်မှာ ခေါင်မိုးတွေ တဆင့်ပြီးတဆင့် ထပ်ဖို့ ကြိုးပမ်းမှုထက် မြေလွတ်တဲ့ နေရာတွေမှာ အုတ်မြစ်တွေ ချပြီး၊ အဆောက်အဦးတွေ လိုက်တည်ဆောက်ပေးပြီးမှ ခေါင်းမိုးသစ်တွေ တင်ပေးတာ၊ ခေါင်မိုးတွေအချင်းချင်း ချိတ်ဆက်ပေးတာက လက်တွေ့မှာ ပိုအသုံးဝင်နိုင်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ နောက်ထပ် အရေးပါတဲ့ အချက်တခုကတော့ အစိုးရ ယန္တရားအတွင်းကို ထိုးဖောက်ဝင်ရောက်မှုပါပဲ။ ရန်သူရဲ့ အလယ်အလတ်ခေါင်းဆောင်တွေနဲ့ ဒေါက်တိုင်တွေကို ထိပ်တိုက်ရင်ဆိုင်မှုတွေ လုပ်တာထက် အခွင့်သာသလို စည်းရုံးသိမ်းသွင်းပြီး သူ့လူ ကိုယ့်ဘက်သားဖြစ်အောင် စည်းရုံးနိုင်မှုဟာ အခရာကျပါတယ်။ တော်လှန်ရေးအတွက် အဖိုးမဖြတ်နိုင်တဲ့ critical information ကို ရနိုင်ပါတယ်။ ဒါပေမယ့် ဒီသတင်းအချက်အလက်တွေကို ဘယ်လို စီမံချက်တွေအတွက် အသုံးပြုမှာလဲ ဆိုတာကကွင်းဆက်မပြတ်ဖို့က တော်လှန်ရေးမှာ အလွန်အရေးကြီးပါတယ်။ ကွင်းဆက်ပြတ်ပြီး လိုင်းပူးတတ်မှုက တော်လှန်ရေးကြီး တခုလုံးကို ဖျက်ဆီးပစ်တတ်ပါတယ်။ တဘက်က လိုင်းပူးလာရင်လဲ အပူးမခံဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် မြေအောက်လှုပ်ရှားမှုကို တာဝန်ယူနေတဲ့ ခေါင်းဆောင်တွေ သတိပြုရပါမယ်။ မြေအောက်လှုပ်ရှားမှု လုပ်နေတာဟာ ရုပ်ရှင်မင်းသား လုပ်နေတာ မဟုတ်ပါ။ မိတ်ဆက်လာသမျှ အော်တိုပြန်ရေးပေးနေလို့ မရသလို၊ စာနယ်ဇင်းအင်တာဗျူးပွဲမှန်သမျှ လက်ခံနေလို့ မရပါ။ အထူးသတိပြုရမယ့် အချက်တွေ ဖြစ်ပါတယ်။

(၅) ပြည်ပထောက်ခံမှု

တော်လှန်ရေးတခုရဲ့ အောင်မြင်မှုသော့ချက်တွေထဲမှာ နိုင်ငံတကာထောက်ခံမှုက အရေးကြီးပါတယ်။ နိုင်ငံတကာ ထောက်ခံမှုဆိုတာမှာ စိတ်ပိုင်းဆိုင်ရာ ထောက်ခံမှု (Moral Support) ၊ နိုင်ငံရေးထောက်ခံမှု (Political Support)၊ ရုပ်ဝတ္ထုပစ္စည်းထောက်ပံ့မှု (Material Support) နဲ့ နယ်မြေဒေသ၊ အခြေစိုက်စခန်း ပံ့ပိုးပေးမှု (Sanctuary Support) တွေ ပါဝင်ပါတယ်။ Moral support ဆိုတာက နိုင်ငံခြားအစိုးရ(သို့မဟုတ်) နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒီတော်လှန်ရေးကို ထောက်ခံမှုကို စတိတ်မင့်တွေ၊ ကြေငြာချက်တွေ တရားဝင် ထုတ်ပြန်ကြေငြာတာ ဖြစ်ပါတယ်။
Political support ဆိုတာကတော့ နိုင်ငံရပ်ခြား အစိုးရတွေက တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံတကာ ရည်မှန်းချက်တွေကို ပြည့်မှီလာအောင် အကူအညီ ပေးတာ ဖြစ်ပါတယ်။ ဥပမာ- ကုလသမဂ္ဂမှာ ဆွေးနွေးပွဲတွေ ဖြစ်လာအောင် ကူညီပေးတာမျိုး စတာတွေပါ။ Material support ဆိုတာကတော့ တော်လှန်ရေးအတွက် ငွေကြေး၊ လက်နက်ပစ္စည်းနဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကို ပံ့ပိုးပေးတာပါ။ Sanctuaries ဆိုတာကတော့ တော်လှန်ရေးသမားတွေကို လေ့ကျင့်သင်ကြားပေးရေး၊ လက်နက်များ သိုလှောင်သိမ်းဆည်းရေး၊ အော်ပရေး ရှင်းများ စီမံရေးဆွဲရေးနဲ့ ခေတ္တဆုတ်ခွာလာနိုင်မှုတွေ အတွက် လိုအပ်မယ့် နယ်မြေဒေသ ပံ့ပိုးပေးထားခြင်းပါ။

(၆) အာဏာပိုင်တွေရဲ့ တုန့်ပြန်မှုခြေလှမ်းများ

တော်လှန်ရေးတခုရဲ့ အောင်မြင်ရေးသော့ချက်မှာ နောက်ဆုံးအရေးကြီးတဲ့ အချက်ကတော့ အာဏာပိုင်တွေရဲ့ တုန့်ပြန်မှုတွေ ဖြစ်ပါတယ်။ တဘက်ရဲ့ ခြေလှမ်းတွေကို ကြိုပြီး သုံးသပ်လေ့လာရပါမယ်။ တော်လှန်ရေး လှုပ်ရှားမှုဆိုတာ သားကောင်နဲ့ မုဆိုး အပြန်အလှန် ချောင်းကြပြီး၊ သားကောင်ဖြစ်လိုက်၊ မုဆိုးဖြစ်လိုက်၊ ပြေးလိုက်၊ လိုက်လိုက်နဲ့ အသက်နဲ့ ဘ၀တွေကို ထပ်ပြီး ကစားနေကြတဲ့ ပွဲပါ။ တောချောက်တာကို ထပြေးပြီး ထောင်ချောက်ထဲ တိုးဝင်တဲ့ သားကောင်တွေလို ပြုမူလို့ မရပါဘူး။ ဆိုင်းတီးပေးတိုင်း ထကကြရမယ့် မျောက်ကပွဲလဲ မဟုတ်ပါဘူး။ ရန်သူရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ၊ ပရိယာယ်တွေ၊ ခြေလှမ်းတွေကို သေချာသုံးသပ်ပြီးမှ ခြေလှမ်းတလှမ်းချင်းကို သတိနဲ့တိုးဖို့ လိုအပ်လှပါတယ်။ ရန်သူရဲ့ တုန့်ပြန်မှုတွေ၊ ခြေလှမ်းတွေကို အကဲမဖြတ်နိုင်တဲ့ တော်လှန်ရေးဟာ ကျဆုံးလေ့ရှိပါတယ်။

နိဂုံး

နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်ရေးအာဏာ၊ တရားဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတွေ ရောထွေးပြီး (separation of powers) အားနည်းနေချိန် (သို့မဟုတ်) မတရားမှုဟာ ဥပဒေဖြစ်ချိန် (သို့မဟုတ်) လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတွေ မရှိချိန် (သို့မဟုတ်) လူမျိုးရေး တန်းတူညီမျှမှု မရှိချိန် (သို့မဟုတ်) ပြည်သူ့အာဏာကို မတရားသိမ်းပိုက်ခံထားရချိန်တွေမှာ တော်လှန်ရေးတွေ ပေါ်ထွက်လာတတ်ပါတယ်။ တော်လှန်ရေးရဲ့ အဆုံးသတ်ပန်းတိုင်က အုပ်ချုပ်ရေး ယန္တရားကို ဖြိုချပြီး၊ သင့်လျော်မယ့် ယန္တရားတခုကို ယာယီဖြစ်စေ၊ ရေရှည်ဖြစ်စေ အစားထိုးနိုင်ရေးဖြစ်ပြီး၊ တော်လှန်ရေး အောင်မြင်ရေးဟာ အတွေးအခေါ်နှင့် ယုံကြည်ချက်ခိုင်မာမှု၊ ပြည်သူလူထုကို စည်းရုံးနိုင်မှုနဲ့ political establishment တည်ရှိမှုတို့အပေါ်မှာ မူတည်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

 ရည်ညွှန်းကိုးကားစာရင်း

Abrahamian, E (1982) Iran Between Two revolutions, Princeton, NJ: Princeton University Press
Applegate, Melissa (2002) Preparing for Asymmetry: As Seen Through the Lens of Joint Vision 2020. Carlisle, PA: Strategic Studies Institute.
Arquilla, J. & Ronfeldt, D. (1997) 'The Advent of Netwar', in 'In Athena's Camp: Preparing for Conflict in the Information Age', Santa Monica: RAND
Bell, J. B. (1989) 'Aspects of the Dragonworld: Covert Communications and the Rebel Ecosystem', International Journal of Intelligence and Counterintelligence, 3 (1)
Cohan, A. S. (1975) Theories of Revolutions: An Introduction, New York, John Wiley and Sons
Dubik, James M. (2003) “Effects-based Decisions and Actions.” Military Review, 83: p. 33-36. (January-February 2003.)
Goldstone, J. (1991) Ideology, Cultural Frameworks and the Process of Revolution, Theory and Society, Vol.20, pp. 405-53
Gurr, Ted Robert. (1970) Why Men Rebel. Princeton, NJ: Princeton University Press.

Gramsci, A. (1971) Selections from the Prison Notebooks, Translated by Hoare, Q & Smith, G. N, New York: International Publishers
Hatch, Mary Jo.(1997) Organization Theory: Modern, Symbolic, and Postmodern Perspectives. Oxford: Oxford University Press
Hirsch, E. (1986) 'The Creation of Political Solidarity in Social Movement Organizations', The Sociological Quarterly, 27, pp. 373-87
Jennergren, L. P. (1981) 'Decentralization in Organizations', in Nystrom, P. & Starbuch, W. (eds.) Handbook of Organizational Design: Volume 2, Remodeling Organizations and their Environments, Oxford, Oxford University Press
Klandermans, B. (1904) 'Mobilization and Participation: Social-Psychological Expansions of Resource Mobilization Theory, American Sociological Review, Vol. 49, pp. 583-600
Kuran, T. (1989) 'Sparks and Prairie Fires: A Theory of Unanticipated Political Revolution', Public Choice, Vol. 61, pp. 41-74
Mann, Edward C., Endersby, Gary and Searle, Thomas R.(2002) Thinking Effects: Effects-Based Methodology for Joint Operations. Maxwell Air Force Base, AL, Air University Press. (CADRE paper, no. 15).
Roper, Daniel S. (2004) A Dual-edged Sword: Operational Risk and “Efficiency”-Based Operations (EBO). Fort Leavenworth, KS, School of Advanced Military Studies, 2004, 62 p.
Tarrow, S. (1994) Power in Movement: Social Movements, Collective Action and Politics, Cambridge, UK: Cambridge University Press
Tilly, C. (1978) From Mobilization to Revolution, New York, McGraw Hill
Tocqueville, A. (1955) The Old Regime and the French Revolution, Translated by Gilbert, S., Garden City, NY: Doubleday Anchor
Tse-Tung, Mao. (1961) On Guerilla Warfare. New York, NY: Fredrick A. Praeger Inc., 1961.
U.S. Department of Defense (2003) Military Transformation: A Strategic Approach. Washington, DC: Office of the Secretary of Defense. Fall 2003.

စာရေးသူ၏ ကိုယ်ရေးအကျဉ်း

ကလောင်အမည်-ခင်မမမျိုး
မွေးဖွားရာဇာတိ-တောင်ကြီးမြို့၊ မြန်မာနိုင်ငံ
လက်ရှိနေရပ်-အဘာဒင်းမြို့၊ ယူကေနိုင်ငံ
ပညာအရည်အချင်း-နိုင်ငံရေးနှင့် အစိုးရရေးရာ ဒီပလိုမာ၊ နိုင်ငံတကာလေ့လာရေး ဘီအေဂုဏ်ထူးဘွဲ့၊
နိုင်ငံရေးဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့၊
စစ်မဟာဗျူဟာလေ့လာရေး မဟာသိပ္ပံဘွဲ့၊
နိုင်ငံရေးသုတေသန မဟာသုတေသနဘွဲ့။
လက်ရှိ-နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ကျောင်းသူ၊ ဘုရင့်ကောလိပ်
အဘာဒင်းတက္ကသိုလ်။
တွဲဖက်သုတေသီ၊ ကောဘက်စင်တာ၊
စစ်ဦးစီး တက္ကသိုလ်။
ပရော်ဖက်ရှင်နယ်အဖွဲ့ဝင်-နိုင်ငံတကာ လုံခြုံရေးအဖွဲ့၊ နိုင်ငံတကာ လေ့လာရေးအသင်း၊ အမေရိကန်ပြည်ထောင်စု။
လုံခြုံရေး နှင့် ထောက်လှမ်းရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင် အဖွဲ့၊ နိုင်ငံရေးရာ လေ့လာရေးအသင်း၊ ဗြိတိန်နိုင်ငံ။
အကြမ်းဖက်မှုနှိမ်နင်းရေးနှင့် လုံခြုံရေး ဆိုင်ရာ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များ အစည်းအရုံး၊ အမေရိကန် ပြည်ထောင်စု။
ယဉ်ကျေးမှုရေးရာ သံတမန်သိပ္ပံ၊ ဂျာမဏီ။





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: