လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအား ရပ်ဆိုင်းပေးရန် မကဒတ က တောင်းဆိုလိုက်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်
တပ်ဦး
(ကျောင်းသားတပ်မတော်)

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအား ရပ်ဆိုင်းပေးရန် မကဒတ က တောင်းဆိုလိုက်ခြင်း
 
(၁) လူထုဆန္ဒသဘောထားမပါသော ပွင့်လင်းမြင်သာမှုမရှိသော သဘာဝပတ်ဝန်းကျင်နှင့် Aခြေခံ
လူထုဘ၀ထိခိုက်ပျက်ဆီးနေသော လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းရန်အလေးအနက်တောင်းဆိုသည်။
 
(၂) ၂၀၁၂ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ.တွင် အာဏာပိုင်များဖက်က သံဃာနှင့်လူထု၏ ငြိမ်းချမ်းစွာ
ဆန္ဒဖော်ထုတ်မှုများအား အကြမ်းဖက်ဖြိုခွင်းမှုကို လုံးဝကန့်ကွက်ရှုံ့ချသည်။
 
(၃) ယင်းအကြမ်းဖက်ဖြိုခွဲမှုတွင် ပါဝင်ပါတ်သက်ခဲ့သည့်တာဝန်ရှိသူများအားအရေးယူပေးရန်တောင်းဆိုသည်။
 
(၄) ထို့ပြင် လူထုဆန္ဒသဘောထားနှင့်အညီ သီးခြားလွတ်လပ်သော ကော်မရှင်တရပ်ဖွဲ့စည်းပေး၍ အစီရင်ခံ
စာတစောင်အား လူထုတရပ်လုံးထံ တင်ပြပေးရန် တောင်းဆိုသည်။
 
(၅) ယင်းအကြမ်းဖက်ဖြိုခွဲမှုတွင် ဒဏ်ရာရခဲ့သူများ၊ထိခိုက်နစ်နာသူများအတွက် ဆေးဝါးကုသမှုများနှင့်
ထိုက်သင့်သော လျော်ကြေးပေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုသည်။
 
(၆) လက်ပန်းတောင်းတောင်လှုပ်ရှားမှုတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသူများအား ချက်ချင်းပြန်လွှတ်ပေးရန်
တောင်းဆိုသည်။

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)
နေ့စွဲ။ ။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်

No comments: