ကောက်ရိုးပုံအောက်မှာ - - - - -

ကောက်ရိုးခြေထာက် မြက်ခြေထောက် ဘဝက
စသူတွေ စခဲ့ရသလို - - - - - -

ရေမကူးတတ်လို့ 
ကောက်ရိုးစ ဆွဲသူကဆွဲ  - - - - - -

ကိုယ်မစားတဲ့ ကောက်ရိုးပုံ
စောင့်တဲ့ သူကစောင့်ရ - - - - - -

ကိုယ်ဆွဲ တဲ့ အလှည့်မှ
ကောက်ရိုးလှည်း မိုးမိ ခံရသူကခံရ - - - - - -

ဆေးသမားက ကောက်ရိုးကို သစ်တုံးထင်
အရက်သမားက “တိုက်ပြစ် လိုက်” နဲ့ မာန်သွင်း
ဘိန်းစားက တော့ “ရှောင်သွာပါ”  လို့ ညှိ နှိုင်း နေကြတဲ့
ဖေါင်ပေါ်က လူတစု ကလဲရှိနေသေး ရဲ့- - - - - -

ကောက်ရိုးပုံထင်ပြီးတော့ မီးရှို့ 
ဖွဲမီး စွဲမှ ဘာလုပ်ရမှန်မသိလို့ 
ဗျာများနေသူတွေက တော့  - - - - -

ခါးတမာ
Jan 22, 2012

No comments: