ကျေးဇူးကြီးပေ့ တို့မေမေ

 ( အမေများနေ့သို့ အမှတ်တရကဗျာ )

af Ko Baloi den 12. maj 2012 kl. 21:04 ·
အမေ....အမေဟာ သား/သမီးတွေဘယ်လောက်ဆိုးဆိုး
ဘယ်လောက်ပင်တေတေ ဘယ်လောက်ပင်ပေပေ
အမြင့်မားဆုံး မေတ္တာဓါတ်တွေပေးပြီး
သားသမီးတွေအပေါ်
အပြစ်မတင် အပြစ်မမြင်ပဲ ချစ်ခင်နေလျှက်ပါ....အို- မိခင်။
ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်တစ်
အူဝဲလို့ စအော်လိုက်ကတည်းက
အနှိုင်းမဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ နို့ချိုတိုက်ကျွေး
ကျမ္မာရေးအစ ဝေယာဝစ္စတွေ လုပ်ပေးရင်းက
လူလားမြောက်အောင်
မညီးမညူ တာဝန်ယူခဲ့သူပါ....အို- မိခင်။
အမေဟာ အခက်ခဲတွေကြားမှာ
သား/သမီးတွေ ဘယ်လို ဒုက္ခတွေဝေဝေ
ဒဏ်ရာပလပွနဲ့
ဘယ်လိုရောဂါမျိုးဖြစ်ဖြစ် ဘယ်လောက်ရောဂါ ဘယ်လိုဆိုးဆိုး
ပစ်ခွါမပြေးပဲ အနား- နားမှာ အပြုံးမပျက်ပဲ
မညီးမညူ ပြုစုရှောက်စောင့်ပေးနေသူပါ....မေမေ။
သား- သမီးတွေအပေါ်ထားတဲ့ မိဘရဲ့ ချစ်ခြင်းမေတ္တာ
အတိမ်အနက်ကို ဖော်ကြူးပြသ
သားတို့ရုပ်ရည် သီတာမြည်သား
သား- သမီးတို့အပြုံး တချက်လင်းလက်လိုက်တာနဲ့
မိဘတို့ဝမ်း ငြိမ်းစတမ်း....တဲ့။
သောကတွေနဲ့ အပူငုတ်နေပေမယ့်
သားသမီးတွေလူလားမြောက်ဖို့ ပြုစုပျိုးထောင်
အနာဂတ်ရေးအတွက် အတတ်ပညာတွေကိုလည်း
ဆည်းပူးလေ့လာ သင်ယူတတ်မြောက်စေချင်သူပါ....မေမေ။
ဝေးဝေး နီးနီး ဘယ်ဆီကိုရောက်ရောက်
သား- သမီးများအတွက် ညစဉ်မပျက်
အန္တရာယ်ကင်း ဘေးရှင်းစေရန်
မြတ်ဘုရားထံရှေ့
တောင်းဆုမေတ္တာတွေကို ပေးဝေရင်းက
သတ္တဝါအပေါင်း ဘေးရန်ကင်းဖို့
ကြေးစည်တီးကာ အမျှဝေနေသူပါ....အို- မိခင်။
စမ်းရေပမာ မိဘမေတ္တာ မြှင့်မိုလ်ထက်ကြူး
ထို- ထိုကျေးဇူးတွေကို မဆပ်ဘူးချင်သူ ရှိရိုးတဲ့လား။
ကျနော်ယုံတယ် မေမေ
အမေတွေဟာ သားသမီးများအတွက်
ဘယ်သူနဲ့မှ မတူတဲ့
လမ်းပြရှေ့ဆောင်ကောင်းတစ်ယောက်ဆိုတာ ပါပဲ။
လက်ဦးဆရာ မည်ထိုက်စွာ ပုပ္ပစရိယ မိနဲ့ ဖ၊
ဘဝလမ်းခရီးတွေ လယ်လိုပင်ခက်ထန်ကြမ်းတမ်းနေပါစေ...
အဲဒီ- ဘဝခရီးလမ်းမှာ အမေဟာ ကျနော်တို့အတွက်
စိတ်ဓါတ်ခွန်အားတွေ အများကြီး မျှဝေပေးခဲ့....သလို
အမေဟာ သားသမီးများအားလုံးအတွက်
အမှောင်ကိုခွင်းပြီး အလင်းကိုဆောင်ကြဉ်းပေးခဲ့တဲ့
လမ်းပြကြယ်စင် စစ်လေးပါ...မေမေ။
ကျနော်တို့လဲရင် မေမေထူတယ်၊
ကျနော်တို့ငိုရင် မေမေချော့တယ်၊
ကျနော်တို့ ဆိုးနွဲ့ပြီး စိတ်ကောက်တဲ့အခါ
သား-ာသမီးအလိုကျ တခုခုလုပ်ပေးပြီး
စိတ်ကောက်ပြေအောင် ပြန်လည်ချော့မြူတတ်တဲ့
မေမေ့ကိုလေ နေ့စဉ်နေ့တိုင်း ညရှစ်ခိုးတဲ့ခါ
မေမေကျမ္မာစေကြောင်း  အခါခါဆုတောင်း
သြော်- ငါတို့အားလုံးရဲ့ ကျေးဇူးကြီးတဲ့....တို့မေမေ။
( ကိုဗလိုင် ) အမေ့သား။
ကမ္ဘာ့မိခင်များနေ့မှာ ဤကဗျာဖြင့် မွေးမိခင်အား ကန်တော့အပ်ပါသည်။
အမေများနေ့တွင်   အမေများအားလုံး   ကိုယ်၏ ကျမ္မာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့နှင့်
ပြည့်စုံစေပြီး၊   အန္တရာယ်ကင်း    ဘေးရန်ရှင်းကာ     ပူပင်သောကတွေပပျောက်စေပြီး
ထာဝရငြိမ်းအေးတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ကြပြီး   အမေများအားလုံး အသက်ရာကျော်
ရှည်ကြပါစေလို့ ဆုမွန်ကောင်းတောင်း မေတ္တာပို့သရင်း....ဤကဗျာဖြင့် မွေးမိခင်များအား
ဂုဏ်ပြုအပ်ပါသည်။