(၁၃၇၄) နှစ်သစ်စကား



                                                                              ဦးနန္ဒဝံသ (NC, USA)
ဆွေတို့ ရေ
နှစ်သစ်ရောက်ပြီလေ။
လွန်မြောက်လာတဲ့ နှစ်ဟောင်းက
ညစ်ထေးစရာ့ အရာများကို
ရင်မှာလေ ထွေးပိုက်
နာကျင်တဲ့ ဝေဒနာတွေ
ဆက်ခံစား မနေလိုက်နဲ့ တော့။

လှပတဲ့ ဒီကမ္ဘာ
ခဏသာ အတူနေရ
ပုထုဇဉ်သဘာဝ
မှားခဲ့တဲ့ အရာတွေ 
ဒို့ မှာလေ ရှိရင်တောင်
ပြီးတာတွေ ပြီးစေတော့လို့ 
ဆွေ့ တို့ စိတ်မှာ သဘောပိုက်
ခွင့်လွှတ်သာ မေ့လိုက်နော်။

အချိန်တွေကုန်တယ်ကွာ
ငေးမှိုင်ကာ မတွေဝေနဲ့ 
ပျော်ပျော်သာနေလိုက်
ဓမ္မကို ရင်ဝယ်ပိုက်လို့ ။

ရွှေတို့ ရဲ့  မြန်မာ
နှစ်သစ်ချိန်ခါလဲ စပြီိမို့ 
အမှားတွေ နောင်တရ

ဘဝသံသရာ လှစေဖို့ 
ကောင်းကျိုးဖြစ်မဲ့ အရာတွေကို
ခုကစ လုပ်ကြစို့ လေ။