
စစ်ပွဲကြီးတွေ
အကျည်းတန်သလောက်
စစ်သင်္ချိုင်း ကလှလိုက်တာ။
ပန်းရောင်စုံနဲ့
နှင်းမှုန်နဲ့
စိန်ပန်းပြာနဲ့
ဆည်းဆာနဲ့။
အော်သံမရှိ
ငိုသံမရှိ
သေနတ်သံမရှိ
ဗုံးသံမရှိ။
တိတ်ဆိတ်ငြိမ်းချမ်းမှုအတိ။ ။
မိုဃ်းဇော်
သရုပ်ဖေါ်ပန်းချီ မောင်ဒီ
Written by မိုးဃ်းဇော် | |
No comments:
Post a Comment