အမေ

အမေ သူတို့  တွေ ဒုက္ခွပေးကြဦးမှာလားဟင်
အမေ သူတို့ ဒီသချင်းကိုကြိုက်မယ်လို့ ထင်လား
အမေ သူတို့  ကျနော့ ကစားစရာတွေကို ဖျက်ဆီးကြမလား ဟင်
အို အမေ ကျနော် အတွက်အကာအရံတွေကြိုလုပ်မထားသင့် ဘူး လား - - - -

အမေ ကျနော် ခေါင်းဆောင်လုပ်သင့်လား ဟင်
အမေ ကျနော် ဒီအစိုးရကို ယုံရမလား
အမေ သူတို့  ကျနော့ကို ဒုက္ခရောက်အောင်လုပ်မှာ လား ဟင်
အို အမေ (သူတို့ လုပ်နေ)ဒါတွေက အချိန်ဖြုံးနေတာသက်သက် မဟုတ်ဘူးလား

အို ကလေးရယ်  ကလေးရယ်- မစိုးရိမ်ပါနဲ့ 
အမေ မင်းရဲ့အိမ်မက်ဆိုးတွေကို ကောင်းလာအောင် ပြင်ပေးပါ့မယ်-
အမေ့ရဲ့ ပူပင်မှုတွေက မင်းအတွက်ပါဘဲ -
အမေ့ရဲ့ ရင်ခွင်ထဲမှာ မင်းကို လုံခြုံအောင်ထိမ်းသိမ်းထားပါမယ် -
မင်းကို အဝေးသွားခွင့်တောင်မပေးနိုင်ဘူး ဒါပေမဲ့ သီချင်းလေးတွေတော့ဆိုနေနိုင်ပါတယ် -
အမေလေ မင်းကို နွေးထွေးလုံခြုံ ပြီး ပျော်ရွှင်ချမ်းမြေ့ နေရအောင် -
အို ကလေးရယ် - အို - - ကလေး ရယ် - -
အို - - - ကလေး ရယ် - -
အမေလေ - မင်းအတွက် လုံခြုံမဲ့ ဒီ တံတိုင်းအကာကြီးကို ဆောက်ပေးပါမယ် - - -

အမေ ဒီကောင်မလေး သားအတွက် သင့်တော်မယ်လို့ ထင်လားဟင် -
အမေ ဒီကောင်မလေး သားကို အန္တရယ် တွေ ပေးမလားဟင် -
အမေ ဒီကောင်မလေး သားဘဝကို တစစီ စုတ်ဖြဲပြစ်မှာလား ဟင် -
အို အမေရယ် အဲဒီ့ ကောင်မလေး သားရဲ့ အသဲတွေကိုရော ခွဲလိုက်မှာလား -

အို ကလေးရယ် - မစိုးရိမ်ပါနဲ့ 
အမေ မင်းချစ်သူကောင်မလေးကို သေသေခြာခြာ လေ့လာကြည့်မယ်နော် -
အမေလေ ဘယ်သူမှ မင်းကို ထိခိုက်မှုလုပ်မှာကိုခွင့်မပေးဘူး -
အမေလေ ဘဝဆိုတာကို မင်းသိနားလည်ချိန်အထိ စောင့်ကြည့်နေမယ် -
အမေလေ မင်းဘာဖြစ်ချင်တယ် ဘယ်လမ်းသွားချင်တယ်ဆိုတာကို စောင့်ကြည့်နေမယ် -
အမေလေ မင်းရဲ့ စိတ်ရောကိုယ်ရော ကျန်းမာအောင် စောင့်ရှောက်ပေးပါမယ် -

အို ကလေးရယ် - အို - - ကလေး ရယ် - -
အို - - - ကလေး ရယ် - -
မင်းဟာ အမေ့ရဲ့ ထာဝရ ရင်သွေးပါ - - -

အမေလေ ဒါတွေအားလုံး အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ပါတယ် - - -