“ငါမင်းကိုမေးမယ် နာဂစ်”

“ငါမင်းကိုမေးမယ် နာဂစ်”

ဒီကျွန်းစုငယ်နဲ့ ဟိုဘက်ရွာအိမ်စုကလူတွေ
ဘယ်သူ မျှော်လင့်ထားကြမလဲ
လူတွေအိပ့်ချိန်မှာ တရွာလုံးကိုမွှေနှောက်
မင်း...ရက်စက်ရာမရောက်ဘူးလား...နာဂစ်။

ငါ...တုန်လှုပ်ခြောက်ခြားသွားခဲ့တယ်
မိုးလင်းတော့ တရွာလုံးဟာတိတ်ဆိတ်
ငါ့ရွာကိုတောင် ငါမမှတ်မိတော့ဘူး....နာဂစ်။

ပုံပြင်မဆန်တဲ့ အဲဒီနေ့ အဲဒီညမှာ
ငါ့...သူငယ်ချင်းတွေကို မင်းခေါ်သွားခဲ့တယ်၊
ငါ့...အမေ ငါ့ အဖေ ငါ့ အဒေါ် ငါ့ ဦးလေး
ငါ့ တူ- ငါ့ သား- ငါ့ နွား- ငါ့ ခွေး- ငါ့ ဝက်- ငါ့ ကြက်
ငါ့ ဆိတ်- ငါ့ ဘဲ-
ငါ့ ညီ ငါ့ အကို ငါ့ မောင်နှမတွေအကုန်လုံးနဲ့
မိခင်ဗိုက်ထဲကခလေး အူဝဲလို့မအော်ခင်မှာ
မပြန်လမ်းကို မင်းခေါ်သွားခဲ့တယ်....နာဂစ်။

ငါ့တို့ရွာငယ် ကျွန်းစုကလူတွေဟာ
တပါးသူတွေအပေါ်...
မနာလိုစိတ်နဲ့ ရန်မလိုတတ်ဘူး
တစ်ဝမ်းတစ်ခါးလှရင် ကျေနပ်နေသူတွေပါ...နာဂစ်၊
လောဘနဲ့ မောဟ ဒေါသတရားတွေပါကင်းစင်ပြီး
အရိုးခံစိတ်နဲ့ မေတ္တာတရားတွေရောယှက်ကာ
ပေါင်းစည်းတည်ဆောက်ထားတဲ့ ရွာငယ်ကျွန်းစုတွေပါ...နာဂစ်၊
ကံကြမ္မာကို ရိုးမယ်မဖွဲ့တတ်တဲ့ ငါတို့ရွာ
ဖြုစင်စိတ်ထားရှိတဲ့ အဲဒီ ငါတို့တရွာလုံးကို
ဘယ်အငြိုးနဲ့များ ရက်ရက်စက်စက်
မင်း...အလဲထိုးသွားခဲ့သလဲ....နာဂစ်။
အမေ့သား(ဒိန်းမတ်)