လိုက်တိုင်းလဲမရ ပြေးတိုင်းလည်း မလွတ်
ဟိုရှေးရှေးတုန်းက ယာခင်းတခုမှာ အဖိုးအိုနဲ့ အဖွားအို ဇနီးမောင်နှံရှိပါတယ်။ သူတို့ဟာ ကြင်နာတတ်တဲ့ ဇနီးမောင်နှံဖြစ်ပေမယ့် သားသမီး မထွန်းကားတာကြောင့် ၀မ်းနည်းစိတ်အားငယ်နေကြပါတယ်။
ဘကြီးအောင် ညာတယ်
ကလေးသူငယ်လူမမယ်များ၊အားနည်းသူများနဲ့အဖိနှိပ်ခံပြည်သူများရဲ့ မျှော်လင့်ချက်တွေကိုလျစ်လျူရှုတတ်သော ဘကြီးအောင်လို လူစားများ မြန်မာပြည်မှာ ကင်းရှင်းစေရန် ရည်သန်လျှက် ဆရာကြီး မင်းသုဝဏ် ရေးသားခဲ့သော"ဘကြီးအောင်ညာတယ်"၀တ္ထုတိုလေးအားမျှဝေခံစားပါတယ်။
၉၀ ရွေးကောက်ပွဲရလဒ်နှင့်အတူ အရွေးချယ်ခံများ၏ကဏ္ဍ ပျက်ပြယ်ပြီဟုဆို
Published on August 29, 2011 by အံ့ဘုန်းမြတ်
ဗကသ ပြန်လည်ဖွဲ့စည်းခြင်း လေးနှစ်ပြည့်
၂၀ဝ၇ မျိုးဆက် ကျောင်းသားတွေက ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ၄ နှစ် ပြည့်တဲ့ ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန် ခဲ့ပြီး၊ ဗကသအဖွဲ့ တရားဝင်ရပ်တည်နိုင် ရေး လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါ တယ်။
အပြင်မှာရှိနေတဲ့ ကျောင်းသားခေါင်းဆောင် တွေနဲ့ အကျဉ်းချခံထားရတဲ့ ကျောင်းသား ခေါင်းဆောင်တွေရဲ့ မိသားစုဝင် ၇၀ ကျော်က အကျဉ်းချခံထားရတဲ့ ၂၀ဝ၇ ဗကသ မဖြိုးဖြိုးအောင် အိမ်မှာ တွေ့ဆုံပြီး ဗကသအဖွဲ့ တရားဝင်ရပ်တည်နိုင်ရေး လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၀၇ ဗကသ ခေါင်းဆောင် ကိုဉာဏ်လင်းက ဘီဘီစီကို အခုလို ပြောပြပါတယ်။
'' ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသစ် ဆိုတာပေါ်ပေါက်လာတယ်၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းမှာလဲ လွတ်လပ်စာ အသင်းအပင်းဖွဲ့စည်းခွင့် သမဂ္ဂများ တည်ထောင်ခွင့် ဆိုတာ ပါတယ်ခင်ဗျာ။ အဲဒီကနေပြီးတော့ ကျောင်းသား အခွင့်အရေးတွေ၊ လူ့အခွင့်အရေး တွေ၊ ဒီမိုကရေစီရေးတွေ စိတ်ဝင်စားတဲ့ ကျောင်းသားတိုင်း က နေပြီးတော့ တရားဝင်ခွင့် ရတဲ့ ကျောင်းသားသမဂ္ဂကို ဖေါ်ဆောင်နိုင်ဖို့ ရည်ရွယ်တဲ့ သဘောတရားအနေနဲ့ ဒီနေ့ နှစ်ပတ်လည်နေ့ကို လုပ်ဖြစ်ခဲ့တာပါခင်ဗျာ၊ ဘယ်လိုများ လုပ်ဆောင်ရင် တရားဝင် လုပ်ဆောင်ခွင့် ရမလဲဆိုတာ ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရကို ကျနော်တို့ ဘယ်လိုပုံစံနဲ့ ချဉ်းကပ်မလဲဆိုတာ ခုချိန်မှာ စဉ်းစားနေပါတယ် '' လို့ သူကပြောကြား သွားတာပါ။
၂၀ဝ၇ ဗကသ ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ ကျော်ကိုကို၊ ဒီငြိမ်းလင်း၊ ရဲမြတ်ဟိန်း၊ စည်သူမောင်၊ ဟန်နီဦးနဲ့ ဖြိုးဖြိုးအောင် တို့ဟာ မိသားစုနဲ့ ဝေးလံတဲ့ ထောင်တွေမှာ ထောင်ဒဏ် နှစ်ရှည်တွေ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
စစ်တပ် အရာရှိဟောင်း တဦးဖြစ်တဲ့ ဗိုလ်ကြီးနေမျိုးဇင်ကို အင်းစိန် အထူးတရားရုံးက အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ(၃၃-က)နဲ့ ထောင်၁ဝနှစ် ချမှတ် လိုက်ပါတယ်။
ဒီကိစ္စအပေါ် မိသားစုဝင် တွေကတော့ မကျေမနပ် ဖြစ်နေကြပြီး အကျိုးဆောင်ရှေနေ ကတော့ ဒီစီရင်ချက်ဟာ ဥပဒေနဲ့ ညီညွတ်တာ တခုမှ မရှိဘူးလို့ ပြောပါတယ်။
အင်းစိန်ထောင် အထူးတရားရုံး တရားသူကြီး ဦးခင်မောင်က ထောင်(၁ဝ)နှစ်အမိန်ချ လိုက်တာနဲ့ပါတ်သက်ပြီး အေချမ်းစွာ နေထိုင်တဲ့ မိသားစုကို စိတ်ထိခိုက်အောင် ဖြိုခွဲလိုက်တာလို့ ဗိုလ်ကြီး နေမျိုးဇင်ရဲ့ ညီဖြစ်သူ ကိုခင်မောင်ထွေးက ပြောပါတယ်။
အမှု စတင် ပေါ်ပေါက်ပုံနဲ့ ဖမ်းဆီးပစ္စည်း သိမ်းဆည်းမှုတွေ စလုပ်ထဲက ဥပဒေနဲ့ ညီညွတ်တာ မရှိခဲ့ဘူး သက်သေခံ တင်ပြနိုင်တာလည်း မရှိတဲ့ အကြောင်း ရှေ့နေကြီး ဦးလှမျိုးမြင့်ကလည်း ပြောပါတယ်။
ဗိုလ်ကြီးနေမျိုးဇင် ကတော့ အယူခံ မ၀င်ဘူးလို့ ပြောပေမဲ့ ဥပဒေအရ လုပ်သင့်တာကိုဆက်လုပ်ရမယ် အယူခံတင်မယ်လို့ ရှေ့နေက ပြောပါတယ်။
ဗိုလ်ကြီး နေမျိုးဇင်ဟာ အန်အယ်ဒီ သွေး အကူအညီ ပေးရေးမှာ ပါ၀င် ကူညီ ဆောင်ရွက်ခဲ့သလို ရေဘေး ဒုက္ခသယ်တွေကို ကူညီပေးခဲ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက ရဲထောက်လှမ်းရေးက ခေါ်ယူ ဖမ်းဆီးခံရပြီး အီလက်ထရောနစ် ပုဒ်မနဲ့တရားစွဲထောင်ချခံရတာ ဖြစ်ပါတယ်။
သောကြာ, 26 သြဂုတ် 2011
ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်

မှတ်မှတ်ရရ သူ့စကား
Sunday, 21 August 2011 00:00 | Written by ဥက္ကဌ ဦးစောတာခဲလယ် |
ဥက္ကဌ ဦးစောတာခဲလယ်
ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ)
ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ)
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ တွေ့ဆုံဆွေးနွေးချက်တွေကို ပါတီ ထောက်ခံ ကြိုဆို
2011-08-22
သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေး သဘောတူခဲ့တာတွေကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ဒီနေ့သဘောတူ ကြိုဆို ထောက်ခံ လိုက်ပါတယ်။(Photo: AFP)
ရင်ထဲကရှစ်ဆယ့်ရှစ် အပိုင်း ( ၅ )(မောင်မောင်ဝမ်း) 0 Comments - 23 08 2011 သြဂုတ်လ ၉ ရက် ၁၉၈၈ ဒီနေ့လည်း မနေ့ကရှစ်လေးလုံးလိုပဲ..လူထုဆန္ဒပြပွဲနဲ့စီတန်းလှည့်လည်တာကို မြို့မြောက်ဘက်က နေထွက်ပြီးတောင်ဘက်ကပြန်ဝင်လာခဲ့တယ်…ထူးခြားတာက..ပစ်တာခတ်တာလုံးဝမရှိခဲ့ဘူး..မြို့လူထုကပိုရဲတင်းလာတယ်…သောက်ရေတွေအိုးတွေကိုအိမ်တွေရှေ့မှာတန်းစီချထားတာမျိုး၊သပိတ်တပ်ဦးကိုပန်းကုံးတွေစွပ်တာမျိုးတွေလုပ်ကြတယ်….သတင်းတွေထဲမှာလည်းတနိုင်ငံလုံးလောက်လူထုအုံကြွမူ့တွေစနေကြပြီ…တမြို့ပြီးတမြို့ဆန္ဒပြပွဲတွေအကြောင်းအသံလွှင့်ဌာနတွေကတဆင့်သိနေရတယ်….တကယ်တော့…လူထုဟာဘယ... More Lin |
သန်းရွှေ ကို သက်တော် စောင့်များ ထားခွင့်မပြုတော့
မတ်လ ၃၁ ရက်နေ့ က ရာထူးကနေ အနားယူသွားတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ့  အိမ်တော်ရဲ့  လုံခြုံရေး တာဝန်ယူဖို ယခင် တပ် သား ၁၀၀ ကျော် အရာ လေးဦး ပါဝင်တဲ့ လုံခြုံ ရေး တပ်
ခွဲ ကို လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချူပ် မင်းအောင် လှိုင် ရဲ့  အမိန့် အရ ဖယ်ရှား လိုက်
ပြီ လို့  သတင်း ရရှိ ပါတယ်။
ဒီနေ့ တနင်္လာ နေ့ မနက် အစော ပိုင်းမှာ ဖယ် ရှား တာ ဖြစ်ပြီး ကာကွယ်ရေး ၀န်ကြီး ဌာန က
စေလွှတ် တဲ့ တပ် သား လေး ဦး ကတော့ ဆက်လက် တာဝန် ယူ နေဆဲ ဖြစ်တယ် လို့  ဆိုပါ
တယ်။
အာဏာလွှဲ ပြောင်း ခြင်း မပြု ခင် ကတည်း က ကျန်းမာ ရေး ချို့  ယွင်း နေတဲ့ ဗိုလ်ချုပ်မှုး ကြီး
သန်းရွှေ ဟာ မြန်မာ နိုင်ငံ ရေး ကို နောက် ကွယ် က နေ လဲ ကြိုး ကိုင် ထား နိုင် ခြင်း မရှိ တော့
ဘူး လို့  သူ့ မိသား စု နဲ့ နီးစပ် တဲ့ အသိုင်း အ၀ိုင်း က FNG ကိုပြောပါတယ်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ့  ကိုယ်ရံတော် တပ် လို့  ခေါ် နိုင်တဲ့ သူ့ ရဲ့  လုံခြုံရေး တပ် ကို ဘာ
ကြောင့် ဖယ်ရှား လိုက် ရတာ လဲ ဆိုတာ အသေးစိတ် မသိရ ပေမယ့် ဒီတပ်ကို ယခင် မြန်မာ
စစ်ခေါင်းဆောင် က အသေအချာ လေ့ကျင့် ပေး ခဲ့တာ ဖြစ်ပြီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ့ 
အမိန့် က လွဲ ရင် ဘယ် အမိန့် မှာ မခံ ယူတဲ့ တပ် လည်း ဖြစ်ပါတယ်။
ယခင် သီတင်းပတ်က မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ အထူးယုံကြည်
စိတ်ချရသူများတွင် ပါဝင်သူများ ဖြစ် သည့် ဗိုလ်ချုပ် ဝေလွင် နှင့် ဗိုလ်ချုပ် ခင်ဇော်ဦး တို့  ကို
၎င်း တို့  ၏ ရာထူးများမှ ခေတ္တ အရာ ချထား ကာ အဆိုပါ တာဝန် များ ကို အခြား စစ် အရာ
ရှိ များ နှင့် အစား ထိုး ထား လိုက်သည် ဟု သိရသည်။
ယခု လုံခြုံရေး တပ်ဖွဲ့ များ ကို ဖယ်ရှား ခိုင်းသည် မှာ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ ဆန္ဒဖြစ်ပုံ မရ
ဟု ခိုင်မာ သော သတင်း ရပ် ကွက် များ က ပြောကြားသည်။
x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x
အင်္ဂါနေ့၊ ဩဂုတ်လ ၂၃၊ ၂၀၁၁
၂၀၀၈ ဖွဲ့စည်းပုံ လက်ခံရေးအတွက်သမ္မတ မောင်သိန်းစိန်ပြည်ထောင်စုလွှတ်တော်မှာ ပြော
သမ္မတ ဦးသိန်းစိန်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့ အဖွဲ့အစည်းတွေ လက်ခံလာအောင် ကြိုးစားနေပါတယ်လို့ ပြောဆိုလိုက်ပါတယ်။ အရင်က ပြောဆိုဆွေးနွေးတာတွေ မလုပ်ခဲ့ဘူးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ ဆောင်ရွက်နေသလို သမ္မတအဖြစ် တာဝန်ယူခဲ့စဉ်က ပေးခဲ့တဲ့ ကတိနဲ့အညီ ပြည်သူ့ဆန္ဒအရ သန့်ရှင်းတဲ့ အစိုးရ ဖြစ်အောင် အကောင်အထည်ဖော် လုပ်ဆောင်နေပါတယ်လို့လည်း ဒီနေ့ စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပုံမှန် အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း ပြောဆိုသွားခဲ့တာပါ။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။
Micro finance နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး
နိဒါန်း
ဒေါ်မြမေဆိုတဲ့ ကလေးသုံးယောက်အမေ မုဆိုးမကြီးဟာ ….မြို့မှာ အကြော်များကို ဗန်းကလေးထဲ ထည့်ပြီး လိုက်ရောင်းတဲ့ ခေါင်းရွက်ဗျတ်ထိုး ဈေးသည် အမျိုးသမီးကြီး ဖြစ်ပါတယ်။ သူမဟာ အကြော်မျိုးစုံ ကြော်လှော်ခြင်းနဲ့ လက်သုပ်စုံလုပ်ရာမှာ ကျွမ်းကျင်လှပေမယ့် ဆိုင်ဖွင့်ဖို့ အရင်းအနှီး မရှိပါဘူး။ သူမရဲ့ အိမ်လေးဟာ ကျောင်းသွားကျောင်းပြန် လမ်းဖြစ်တာကြောင့် ဆိုင်လေးဖွင့်ရရင် အောင်မြင်မယ်လို့ သူမမျှော်လင့်နေပါတယ်။ ဒါကြောင့် အသိအကျွမ်းများကို အကူအညီတောင်းပေမယ့် ဘ၀တူတွေမို့ ငွေချေးငှားပေးဖို့ မတတ်နိုင်ကြပါဘူး။ ရပ်ကွက်ထဲက ငွေတိုးချေးစားတဲ့ အိမ်ကို သွားတော့လဲ တရာမှာ ဆယ့်ငါးကျပ်တိုး၊ တရာမှာ နှစ်ဆယ်တိုးတွေ ဖြစ်တာကြောင့် သူမတတ်နိုင်တဲ့ အတိုးနှုန်းထက် ပိုပြီး မြင့်မားနေပါတယ်။
မြေအောက်လျှို့ဝှက် (ယူဂျီ) လုပ်ငန်းဆောင်တာများ (အပိုင်း- ၁)
နိဒါန်း
နယ်ချဲ့တော်လှန်ရေး၊ အရင်းရှင်တော်လှန်ရေး၊ အာဏာရှင်စနစ်တော်လှန်ရေးစတဲ့ တော်လှန်ရေးတွေမှာ မြေအောက်လျှို့ဝှက် (ယူဂျီ) လုပ်ငန်းဆောင်တာတွေက အရေးပါလှပါတယ်။ နှလုံးရည်တိုက်ပွဲနည်းနာများကို အခြေခံတဲ့ တော်လှန်ရေးပဲဖြစ်ဖြစ်၊ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲများကို အခြေခံတဲ့ တော်လှန်ရေးပဲ ဖြစ်ဖြစ် မြေအောက်လျှို့ဝှက် (ယူဂျီ) လုပ်ငန်းဆောင်တာများကို အချိန်အခါနဲ့ လိုက်လျောညီထွေ လုပ်ဆောင်ရတာတွေ ရှိပါတယ်။ လုပ်ငန်းဆောင်ရွက်ပုံတွေ မတူပေမယ့်လဲ တော်လှန်ရေးတိုင်းမှာ ယူဂျီ လုပ်ငန်းက အရေးကြီးပါတယ်။ ယူဂျီလုပ်ငန်းကျဆင်းမှုတွေ ရှိလာရင် လူထုနဲ့ကင်းကွာခြင်း၊ လူ့အဖွဲ့အစည်းနဲ့ အဆက်အသွယ်ပြတ်ခြင်းတွေ ဖြစ်ပြီး တော်လှန်ရေး ရေချိန်ကို ထိခိုက်နိုင်ပါတယ်။
အောင်ဆန်းဂျာမွန်း သီချင်း 0 Comments - 19 08 2011 |
စနေနေ့၊ ဩဂုတ်လ ၂၀၊ ၂၀၁၁
MRTV-4 ရုပ်မြင်သံကြားက ထုတ်လွှင့်သွားခဲ့သည့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသိန်းစိန်( 2008 ဖွဲ့ စည်းပုံအရတက်လာသော သမတဟုဆိုသူ) တွေ့ဆုံဆွေးနွေးမှု
Video.. မေသင်္ကြန်ဟိန်း
သိန်းစိန်ရဲ့ ရုံးခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းပုံချိတ်ထားတာတွေ့ရတာရယ်၊ နှစ်ဦးစလုံးရဲ့ ကိုယ်ဟန်ကိုယ်ထားကလည်း ယုံကြည်ချက် ရှိနေပုံတွေရယ်က ထူးခြားနေပါတယ်။ သမ္မတ ဧည့်ခန်းဆောင်ရဲ့ နံရံများပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံသာမက စဝ်ရွှေသိုက်၊ ဒေါက်တာဘဦး၊ မန်းဝင်းမောင် လက်ရှိသမ္မတဦးသိန်းစိန်၏ ပုံများပါချိတ်ဆွဲထားပါသည်။(ထိုအထဲတွင် ၈၈ မှလူသတ်သမားလဲပါဝင်နေ)
အာဏာရှင်တွေဟာ elite management ဆိုတဲ့ ရေပေါ်ဆီ လူတန်းစား စီမံခန့်ခွဲမှုကို ကနဦးလုပ်ကြတယ်လို့ ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြတယ်။ အဓိကကတော့ နိုင်ငံရေးဦးဆောင်နေသူတွေ၊ ခေါင်းဆောင်တွေကို သူတို့ရဲ့ စီမံကိန်းထဲ ရောက်အောင် ရာထူးအာဏာ၊ ဥစ္စာဓန၊ ပျော့ပျောင်းသော အတွေးအခေါ်တွေနဲ့ ချဉ်းကပ်ပြီး ကျုံးသွင်းခြင်းပါ။ ဒီလိုလုပ်လာတဲ့အခါမှာ နိုင်ငံရေးဒိတ်ဒိတ်ကြဲခေါင်းဆောင်ကြီးတွေကတောင် လက်ခံလိုက်ပြီဆိုတဲ့ သတင်းစကားကို လူထုထဲ ဖြန့်လိုက်တာနဲ့ လူထုရဲ့ အာဏာရှင်ဆန့်ကျင်ရေးစိတ်တွေ လျော့ပါးသွားမယ်လို့ ယူဆကြပါတယ်။ အဓိကကတော့
Mg-Thar-Cho by pcfburmeseလမ်းဘေး အကြော်တဲလေးထဲမှာ လူတစ်ယောက်ချမ်းနေရှာတာကို သူမြင်တော့ သူဝတ်ထားတဲ့ ကုတ်အကျီကို ချွတ်ပေးတယ်….။ နိုင်ငံတော်ရဲ့ အကြီး အကဲ ဆီက မယူရဲတော့ ဗိုလ်ချုပ်က ဘာပြောတယ်ထင်လည်း ။ မင်းချမ်းနေတာ ငါနဲ့ ဆိုင်တယ်ကွ….. ပြည်သူလူထု ဆင်းရဲနေတာ ငါနဲ့ဆိုင်တယ်. ။ ဘာကြောင့်လည်း ဆိုတော့ ငါက တိုင်းပြည်ရဲ့ အကြီးအကဲဖြစ်လို့ဘဲ- - - -
x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x
တရားမဝင် ရောက်ရှိနေထိုင်သူများ အပေါ်လေ့လာ သုံးသပ်ချက်
Smuggling of Migrants အကြောင်း သိကောင်းစရာ
ဒေါ်စု၏ပဲခူးခရီးစဉ်
x x x x x x x x x x x x x x x x x x x x x x x x x x x x x
သမ္မတက နေပြည်တော်တွင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံမည်(ကလစ်ပါ)
x x x x x x x x x x x x x x x x x x x x x x x x x x x x x
ဒေါ်စုနဲ့  NLD ကို အချိုသတ်ထားပြီး အစိုးရအနေနဲ့ တစ်ဘက်မှာ သူတို့ အဓိကထားတဲ့ လွှတ်တော် နိုင်ငံရေးကို အနှောက်အယှက်ကင်းကင်းနဲ့  ရုပ်လုံးကြွလာအောင် အခုအချိန်မှာ ထုဆစ်ပုံဖော်ပါတော့မယ်။ ကျွန်တော်တို့ ကဟိုဘက်ကို ငေးမော၊ ဒီဘက်ကို ထောက်ခံနဲ့  ကျွန်တော်တို့ မကြိုက်တဲ့ ကြံ့ဖွံ့ အစိုးရရဲ့  နူးညံ့တဲ့လက်သီးထိုးချက်တွေကို ထုံပေပေခံရတော့မယ့်ပုံပါဘဲ။ အခုတောင် ကျွန်တော့်ကို-- - - - - - - - - -ကလစ်ပါ (ဒေါ်စုကိုဆက်ချစ်ပါရစေ)x x x x x x x x x x x x x x x x x x x x x x x x x x x x x
စစ်ထောက်ချုပ်နှင့် စစ်ရေးချုပ်တို့ကို ရာထူးချထား (ကလစ်ပါ)
ဦးဘုန်း ( ဓါတု) ရဲ့ အိမ် by Burma Thwe
ကိုယ့်အိမ်ကိုတောင် ကိုယ်တိုင် စိတ်မ၀င်စားရင် အဲဒီ အိမ်ကြီး သာယာနိုင်ပါ့မလား ။
ပြည်ထောင်စု အမွေ ထိန်းသိမ်းစို့လေ ဆိုတာ ထိန်းသိမ်းစောင်ရှောက်ဖို့ပါ ၊ ရောင်းစားဖို့ မဟုတ်ဘူး ။
နိုင်ငံတော် သီချင်း အဓိပ္ပာယ်တောင် သူတို့ နားလည်ကြရဲ့လား မသိဘူး ။
မြန်မာနိုင်ငံ မြေပုံလေးကိုဆွဲပြီး ဆရာကို ပြတဲ့ အခါ ဧရာဝတီမှာ မေခနဲ့မလိခ မထည့်ဘဲ ဆွဲမိတော့ ဆရာက ပြည်ဖျက်သူ ဆိုပြီး အမည်ရေးထိုးပေးလိုက်တယ်ဗျ....။

စာပေဟောပြောပွဲ မှ
ရွာလည်က တံတားအို (ဟိုတချိန်က တံတားအို)
(တချိန်ကဆို x x ရွာလည် ချောင်းဖြတ်တံတားအို x x လက်ရမ်း ကြမ်ခင်း ဆွေးမြေ့ပြို x x ဖုရားသွားကျောင်းတက် ဒီတံတားကလျှောက်ရင် ကျိုးများကျလေမလား ပြိုများပြိုသွားမလား စိုးရိမ်းစိတ်အမြဲ ပို x xပြင်သူမရှိ ဆင်သူမရှိ ဖြတ်ကျော်သွားသူများ x ဥပေက္ခာပြူလို့ ဖြင့် x နေလာ ခဲ့ကြ နှစ်လရှည်ပြီကိုx x x x ) ၂
အခုများဆို x x ကို့ အသိ ကို့ အတွေး x အများနဲ့ ဆွေးနွေးပြောဆို x စုကာပေါင်းကာဝိုင်းကာ တယောက်တလက် တချက်တအား x တူဆွဲသံနဲ့ ရိုက်ချက်ကို x x သူ့ အိမ်ငါ့အိမ် x တအိမ် တချပ်ပျဉ်တွေရသမျှကို x x ယူကာခင်းရင်းတေးသီချင်းဆို x x လူငယ်လူကြီး ပီတိရွှမ်းစိုစို x x ဟိုတချိန်ကတံတားအို x x အခုတော့နုနယ်ပျို x အသစ် အသစ်ဖြစ်ပြီကို x x x x x x
(အနှစ်လေးဆယ်ကျော်က မြန်မာ့အသံမှတေးကလေးတပုဒ် ကိုပြန်လည်ခံစားခွင်ပေးသော ဆရာဘုန်းကိုကျေးဇူးတင်ပါတယ်)
x x x x x x x x x x x x x x x x x x x x x x x
အရူးချေးပန်း မေကျော်ဆန်း အဖြတ်ခံရ (ကလစ်ပါ)
RFA မှ ဦးဝင်းတင်နှင့်ဆွေးနွေးခန်းမှတ်တမ်း
x x x x x x x x x x x x x x x x x x x x x x x x x
ဒေါ်စု ပဲခူးခရီးစဉ် ချောမွေ့အောင်မြင်(Read More)
x x x x x x x x x x x x x x x xx x x x x x x x x x x x x x x x x x x x x
မြန်မာနိုင်ငံ သွေးစည်းညီညွတ်ရေး တည်ဆောက်မှု အဖွဲ့ မှ ဂုဏ်ပြုမှတ်တမ်း
x x x x x x x x x x x x x x x x x x x x x x x x x x
BBC မြန်မာ့အရေး August 12, 2011 (အသံဖိုင်)
(ကလစ်ပါ)
မိခင်ဧရာဝတီသို့ 
(ဤနေရာမှလည်းဒေါင်းလုပ် လုပ်နိုင်တယ်)
x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x
မီးငြိမ်းသပ်ခြင်း (ကလစ်ပါ)
မီးတောက်တခုဟာ ဘာကြောင့်တောက်လောက်နေမှန်း သေချာမသိသေးတဲ့အခါ မီးငြိမ်းသတ်ဖို့ကိုသာ အလျင်စလို လုပ်ဆောင်လို့ မရပါဘူး။ လေဖိအားပေးထားတဲ့ ရေနဲ့ ငြိမ်းသတ်တဲ့ မီးတိုင်းလဲ မသေသလို၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ငြိမ်းသတ်တဲ့ မီးတိုင်းလဲ မီးညွှန့်ကျိုးချင်မှ ကျိုးသွားမှာပါ။ လောင်စာကို fine yellow powder နဲ့ အတင်းဖိနှိပ် ရောထွေးလိုက်တိုင်းလဲ မီးက ငြိမ်းချင်မှ ငြိမ်းပါတယ်။ မီးတောက်ဖြစ်ပွားစေခဲ့တဲ့ အဓိကလောင်စာ အမျိုးအစားကို ခွဲခြားသိနိုင်ဖို့ကိုသာ ကနဦးကြိုးပမ်းကြရမှာ - -

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ခင်မမမျိုး
ငါတို့ ရဲ့မိခင် ဧရာဝတီကို ကာကွယ်ကြ
နွေရာသီ ယဉ်ကျေးမှုသင်တန်း SUMMER CAMP
နယူးဇီလန်နိုင်ငံ အော်ကလန်မြို့တွင်ပြုလုပ်သော(၂၃)နှစ်မြောက်ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အခမ်းအနား 0 Comments - 08 08 2011 8888 Programme Burmese Final(function() { var scribd = document.createElement("script"); scribd.type = "text/javascript"; scribd.async = true; scribd.src = "http://www.scribd.com/javascripts/embed_code/inject.js"; var s = document.getElementsByTagName("script")[0]; s.parentNode.insertBefore(scribd, s); })(); သတင်းဓာတ်ပုံများပေးပို့သော မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။... More Lin |
ဗုဒ္ဓဟူးနေ့၊ ဩဂုတ်လ ၁၀၊ ၂၀၁၁
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးဦးစားပေးပါ
ရန်ကုန်၊ သြဂုတ် ၉၊ ၂၀၁၁ (YPI) - မြန်မာနိင်ငံ၏တိုင်းရင်းသားအရေးကိစ္စပြေလည်ရန် အပစ်အခတ်ရပ်စဲရေးကို ဦးစားပေး လုပ်ဆောင်ဖို့လိုအပ်ကြောင်း ဟောင်ကောင် City တက္ကသိုလ်မှ တွဲဘက်ပါမောက္ခဒေါက်တာကျော်ရင်လှိုင်က သြဂုတ်လ ၆ရက်နေ့တွင်ပြောကြားသည်။ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုမြန်မာနိင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ( Union of Myanmar Federation of Chambers of Commerce and Industry – UMFCCI) တွင်ပြုလုပ်သည့် ဘာသာရပ်ဆိုင်ရာပညာရှင်များ၏ဟောပြောပွဲတွင်Making Democrcy Works (ဒီမိုကရေစီ အသက်ဝင်ခြင်း) ခေါင်းစဉ်ဖြင့် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
လူပုဂ္ဂိုလ်ပေါ်အခြေခံထားသော အပစ်အခပ်ရပ်စဲရေးကို ငြိမ်းချမ်းရေးဟု ခေါင်းစဉ်တပ်ခဲ့ကြောင်း ယခု ကိုယ်ကျိုး စီပွားများ၊ အဖွဲ့အစည်းများ၏အကျိုးစီးပွားများ အမျိုးသားခံစားခွင့်များ မတူညီသည့်အခြေအနေတွင် ခိုင်မာသောငြိမ်းချမ်းရေး မရှိနိင်ကြောင်း ဒေါက်တာကျော်ရင်လှိုင်က ပြောကြားသည်။
စစ်အစိုးရခေတ်နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း နိုင်ငံရေးအရလုပ်နိုင်ခဲ့သည်မှာ တိုင်းရင်းသားအဖွဲ့ အစည်းများ နှင့် အပစ်အခတ်ရပ်စဲရေး၊ အာဆီယံအသိုင်းဝိုင်းထဲသို့ဝင်ခွင့်ရခဲ့ခြင်းသာရှိခဲ့ကြောင်း အဆိုပါ ဟောပြောပွဲသို့ တက်ရောက်ခဲ့သူရှစ်လေးလုံးမျိုးဆက်တစ်ဦးက သုံးသပ်သည်။
ပြည်တွင်းစစ်ကို ပိုးမွေးသလိုမွေးမြူနေခဲ့ကြသူများတွင် ဦးနု၊ဦးနေ၀င်း၊စစ်အစိုးရတို့သည် အတူတူ ပင် ဖြစ်ကြောင်း၊ စစ်အစိုးရအနေဖြင့် ပြည်ပကျူးကျော်မှုမရှိချိန်တွင် ပြည်တွင်းစစ်ကို အကြောင်း ပြူပြီး စစ်အင်းအားတို့ချဲ့ကာပြည်သူများကို ဖိနှိပ်ရန်လက်နက်များတပ်ဆင်ခွင့်ရနေကြောင်း အသက်၄၅ နှစ်အရွယ် ရှမ်းတိုင်းရင်းသားတစ်ဦးကပြောသည်။
တမျိုးလေးလိမ်ရဦးမယ်
(မြစ်ဆုံ ဝေဖန်ချက်ကို တုန့်ပြန်ပြီ)
မြန်မာနိုင်ငံ၏ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းကြီးဖြစ်သည့် ဧရာဝတီမြစ်ဆုံ စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးပြီး နိုင်ငံအတွက် ဆိုးကျိုးများဖြစ်လာမည် ဟူသော ဝေဖန်ချက်များမှာ လုပ်ကြံပြောဆိုချက်များ ဖြစ်ကြောင်း၊ နိုင်ငံအတွက် စိုးရိမ်စရာ မရှိသည့် စီမံကိန်းဖြစ်ကြောင်း အင်္ဂါနေ့ထုတ် အစိုးရ သတင်းစာများက တုံ့ပြန် ရေးသားလိုက်သည်။
“ဧရာဝတီမြစ်ကို အမှီပြု၍ ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ လူမှုရေးလုပ်ငန်းများအပေါ်၌ ထိခိုက်မှု လုံးဝ မရှိနိုင်ပေ” ဟု သတင်းစားဆောင်းပါးရှည်တွင် ရေးသားထားသည်။
စီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်းရှိ ပြည်သူလူထု အထင်မှား အမြင်မှားဖြစ်စေရေး မဟုတ်မမှန် ဖန်တီးလုပ်ကြံ၍ ရေးသား လုပ်ဆောင်မှုများ ရှိနေသည်ဟု ဆိုသည်။
ဧရာဝတီမြစ်၏ ကချင်ပြည်နယ် မေခ၊ မလိခ မြစ်ဆုံဒေသတွင် မြန်မာ အစိုးရ၏ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနနှင့် တရုတ် ကုမ္ပဏီ တခု ဖြစ်သော CPI တို့က လျှပ်စစ်ဓာတ်အား မီဂါဝဒ် ၆၀၀၀ ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။ စီမံကိန်းအတွက် ဧရာဝတီမြစ်ရေ၏ ၇.၆ ရာခိုင်နှုန်းမျှသာ သုံးစွဲမည်ဟု ဆိုသည်။
မြစ်ဆုံဆည် စီမံကိန်းဒေသသည် စင်္ကာပူနိုင်ငံခန့် အရွယ်အစား ရှိပြီး ဒေါ်လာ ၃.၆ ဘီလျံ အကုန်ကျခံကာ ၂၀၀၉ ခုနှစ် မှ စတင် ဆောက်လုပ်နေသည်။ ၁၀ နှစ် ကြာမည့် ထိုစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု အမွေအနှစ်၊ စီးပွားရေး၊ လူမှုရေးတို့ ထိခိုက် ပျက်စီးမည်ဟု ပြောဆို ကန့်ကွက်နေသည့် ကြားက ထိုစီမံကိန်း ဆက်လက် လည်ပတ်နေခြင်း ဖြစ်သည်။
စီမံကိန်းနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင် တရုတ်-မြန်မာ ကျွမ်းကျင်ပညာရှင်ပေါင်း ၁၀၀ ကျော် ပါဝင်သည့် စူးစမ်း လေ့လာရေးအဖွဲ့က ၆ လကြာ သုတေသန လုပ်ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာခြင်းမရှိဟု သိရသည်။
လေ့လာ သုတေသနပြုချက်များတွင် စီမံကိန်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုး အလွန် များပြားနိုင်ကြောင်း ထောက်ပြထားကြသည်ဟု ဆိုသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ကချင်ပြည်နယ် မြစ်ဆုံ စီမံကိန်းကို လုံးဝ ဆန့်ကျင်ကြောင်း၊ တခြား ဆည်စီမံကိန်းများနှင့် ပတ်သက်၍လည်း အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီး ဂွမ်မော်က ပြောသည်။
“ကျနော်တို့က မတိုက်ပါဘူး။ ဒါပေမယ့် တိုက်ပွဲတွေဖြစ်လို့ တရုတ် တာပိန်ဆည်တွေမှာ ဖြစ်သလို ဒီမြစ်ဆုံဆည် စီမံကိန်းဟာ အဲဒီလိုပဲ ဖြစ်သွားလိမ့်မယ်” ဟု ဗိုလ်မှူးကြီး ဂွမ်မော်က ပြောသည်။
ဇွန်လက ကချင်ပြည်နယ်ရှိ တာပိန်ဆည်များ အနီး တိုက်ပွဲများ ဖြစ်ပွားနေ၍ လုပ်ငန်းများ ရပ်တန့်နေခြင်းကို သူက ရည်ရွယ် ပြောဆိုခြင်း ဖြစ်သည်။
မြစ်ဆုံစီမံကိန်းကြောင့် ဆိုးကျိုးဖြစ်လာမည်ကို မြန်မာနိုင်ငံသားတို့ ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြသေးကြောင်း၊ တမျိုးသားလုံးအတွက် အလွန်အရေးကြီးသည့် ကိစ္စဖြစ်ကြောင်း လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အများအပြားက ထောက်ပြနေကြသည်။
ရန်ကုန်မြို့တွင် ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသည့် ဒေါ်မြင့်မြင့်ခင်ဖေက ယခုစီမံကိန်းကြီးကြောင့် ဆုံးရှုံးနစ်နာမှု လွန်စွာများပြားမည် ဖြစ်ကြောင်း၊ ဧရာဝတီမြစ်နှင့် အသက်မွေးနေရသည့် လယ်သမား၊ယာသမားများ၊ ဒေသခံ တိုင်းရင်းသားများနှင့် အတူ နိုင်ငံသားအားလုံးအတွက် ထိခိုက်မည်ကို စိုးရိမ်ရကြောင်း ဧရာဝတီကို ပြောသည်။
“ဒီစီမံကိန်းကြီးဟာ ကျမတို့နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင်ကိစ္စပါ မကပါဘူး၊ အမျိုးသားရေး သမိုင်းပါ ဆုံးရှုံးသွားနိုင်တယ်လို့ မြင်ပါတယ်။ နိုင်ငံအတွက် အရမ်း အန္တရာယ်ကြီးတဲ့ ဒီစီမံကိန်း သဘောမတူခင်ကတည်းက ကျမတို့ နိုင်ငံသားတွေ ကျယ်ကျယ် ပြန့်ပြန့်သိအောင် လုပ်ဖို့ လိုတယ်။ အစိုးရအနေနဲ့လည်း အနာဂတ် မျိုးဆက်တွေ အတွက်ပါ ကြည့်ပြီး စီမံကိန်းကို ရပ်တန့်ပါ။ အားလုံးနဲ့ လက်တွဲ လုပ်ဆောင်သွားစေချင်တယ်” ဟု ဒေါ်မြင့်မြင့်ခင်ဖေက ပြောသည်။

Subscribe to:
Posts (Atom)