
ဗကသ ပြန်လည်ဖွဲ့စည်းခြင်း လေးနှစ်ပြည့်

ဗကသအဖွဲ့ တရားဝင်ရပ်တည်နိုင်ရေး လုပ်ဆောင် သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်
၂၀ဝ၇ မျိုးဆက် ကျောင်းသားတွေက ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ၄ နှစ် ပြည့်တဲ့ ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန် ခဲ့ပြီး၊ ဗကသအဖွဲ့ တရားဝင်ရပ်တည်နိုင် ရေး လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါ တယ်။
အပြင်မှာရှိနေတဲ့ ကျောင်းသားခေါင်းဆောင် တွေနဲ့ အကျဉ်းချခံထားရတဲ့ ကျောင်းသား ခေါင်းဆောင်တွေရဲ့ မိသားစုဝင် ၇၀ ကျော်က အကျဉ်းချခံထားရတဲ့ ၂၀ဝ၇ ဗကသ မဖြိုးဖြိုးအောင် အိမ်မှာ တွေ့ဆုံပြီး ဗကသအဖွဲ့ တရားဝင်ရပ်တည်နိုင်ရေး လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၀၇ ဗကသ ခေါင်းဆောင် ကိုဉာဏ်လင်းက ဘီဘီစီကို အခုလို ပြောပြပါတယ်။
'' ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသစ် ဆိုတာပေါ်ပေါက်လာတယ်၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းမှာလဲ လွတ်လပ်စာ အသင်းအပင်းဖွဲ့စည်းခွင့် သမဂ္ဂများ တည်ထောင်ခွင့် ဆိုတာ ပါတယ်ခင်ဗျာ။ အဲဒီကနေပြီးတော့ ကျောင်းသား အခွင့်အရေးတွေ၊ လူ့အခွင့်အရေး တွေ၊ ဒီမိုကရေစီရေးတွေ စိတ်ဝင်စားတဲ့ ကျောင်းသားတိုင်း က နေပြီးတော့ တရားဝင်ခွင့် ရတဲ့ ကျောင်းသားသမဂ္ဂကို ဖေါ်ဆောင်နိုင်ဖို့ ရည်ရွယ်တဲ့ သဘောတရားအနေနဲ့ ဒီနေ့ နှစ်ပတ်လည်နေ့ကို လုပ်ဖြစ်ခဲ့တာပါခင်ဗျာ၊ ဘယ်လိုများ လုပ်ဆောင်ရင် တရားဝင် လုပ်ဆောင်ခွင့် ရမလဲဆိုတာ ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရကို ကျနော်တို့ ဘယ်လိုပုံစံနဲ့ ချဉ်းကပ်မလဲဆိုတာ ခုချိန်မှာ စဉ်းစားနေပါတယ် '' လို့ သူကပြောကြား သွားတာပါ။
၂၀ဝ၇ ဗကသ ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ ကျော်ကိုကို၊ ဒီငြိမ်းလင်း၊ ရဲမြတ်ဟိန်း၊ စည်သူမောင်၊ ဟန်နီဦးနဲ့ ဖြိုးဖြိုးအောင် တို့ဟာ မိသားစုနဲ့ ဝေးလံတဲ့ ထောင်တွေမှာ ထောင်ဒဏ် နှစ်ရှည်တွေ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

No comments: