အနှစ် ၂၀ အကျဉ်းကျ နိုင်ငံရေး အကျဉ်းသားတဦး ရောဂါ မျိုးစုံ ခံစားနေရ

2011-08-22
ရန်ကုန် အင်းစိန်ထောင်က နိုင်ငံရေး အကျဉ်းသား ကိုဇော်လင်းထွန်းရဲ့ ကျန်းမာရေး အခြေအနေ အင်မတန် ဆိုးဝါးနေပြီး၊ ရောဂါ ၆ မျိုးလောက် တပြိုင်တည်း ခံစားနေရတယ်လို့ သိရပါတယ်။

(Photo:RFA/Tyler Chapman)
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် ကမႝာကျော်သော အင်းစိန်ထောင် ဖြစ်ပါသည်။ (Photo:RFA/Tyler Chapman)
ကိုဇော်လင်းထွန်းကို လောလောဆယ် ထောင်တွင်း ဆေးရုံမှာ တင်ထားရပြီး၊ ဆေးဝါး မပြည့်စုံတဲ့ အတွက် ပြင်ပဆေးရုံမှာ ကုသခွင့် ရရှိဖို့ အရေးပေါ် လိုအပ်နေတယ်လို့ မိတ်ဆွေ တဦးက ပြောပါတယ်။ အဆုတ်တီဘီ ရောဂါ၊ နှလုံး သွေးကြောကျဉ်း ရောဂါ၊ အသဲကြီးတဲ့ရောဂါ၊ သည်းခြေအိတ် ကျောက်တည်တဲ့ ရောဂါ၊ အသဲရောဂါ၊ အစာအိမ်ရောင် စသဖြင့် ရောဂွများ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ ကိုဇော်လင်းထွန်းဟာ ၂၀၀၃ ခုနှစ် အတွင်း ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဖွဲ့စည်းမှုနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ် ခံထားရတာ ဖြစ်ပါတယ်။ ကိုဇော်လင်းထွန်းဟာ ခံတွင်းပျက်ပြီး အစားအသောက် မစားတာ တစ်လ ကျော်သွားပြီ ဖြစ်ပြီး၊ လမ်းလည်း မလျှောက်နိုင်ဘူးလို့ သိရပါတယ်။ သူ့မှာ မိဘတွေ မရှိတော့တဲ့ အတွက် ရင်းနှီးတဲ့ မိတ်ဆွေတဦးက တလတခါ ထောင်ဝင်စာတွေ့ပြီး ကူညီ ပေးနေတယ်လို့လည်း သိရပါတယ်။


No comments: