နယူးဇီလန်နိုင်ငံ အော်ကလန်မြို့တွင်ပြုလုပ်သော(၂၃)နှစ်မြောက်ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အခမ်းအနား 0 Comments - 08 08 2011 8888 Programme Burmese Final(function() { var scribd = document.createElement("script"); scribd.type = "text/javascript"; scribd.async = true; scribd.src = "http://www.scribd.com/javascripts/embed_code/inject.js"; var s = document.getElementsByTagName("script")[0]; s.parentNode.insertBefore(scribd, s); })(); သတင်းဓာတ်ပုံများပေးပို့သော မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။... More Lin |
ဗုဒ္ဓဟူးနေ့၊ ဩဂုတ်လ ၁၀၊ ၂၀၁၁
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးဦးစားပေးပါ
ရန်ကုန်၊ သြဂုတ် ၉၊ ၂၀၁၁ (YPI) - မြန်မာနိင်ငံ၏တိုင်းရင်းသားအရေးကိစ္စပြေလည်ရန် အပစ်အခတ်ရပ်စဲရေးကို ဦးစားပေး လုပ်ဆောင်ဖို့လိုအပ်ကြောင်း ဟောင်ကောင် City တက္ကသိုလ်မှ တွဲဘက်ပါမောက္ခဒေါက်တာကျော်ရင်လှိုင်က သြဂုတ်လ ၆ရက်နေ့တွင်ပြောကြားသည်။ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုမြန်မာနိင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ( Union of Myanmar Federation of Chambers of Commerce and Industry – UMFCCI) တွင်ပြုလုပ်သည့် ဘာသာရပ်ဆိုင်ရာပညာရှင်များ၏ဟောပြောပွဲတွင်Making Democrcy Works (ဒီမိုကရေစီ အသက်ဝင်ခြင်း) ခေါင်းစဉ်ဖြင့် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
လူပုဂ္ဂိုလ်ပေါ်အခြေခံထားသော အပစ်အခပ်ရပ်စဲရေးကို ငြိမ်းချမ်းရေးဟု ခေါင်းစဉ်တပ်ခဲ့ကြောင်း ယခု ကိုယ်ကျိုး စီပွားများ၊ အဖွဲ့အစည်းများ၏အကျိုးစီးပွားများ အမျိုးသားခံစားခွင့်များ မတူညီသည့်အခြေအနေတွင် ခိုင်မာသောငြိမ်းချမ်းရေး မရှိနိင်ကြောင်း ဒေါက်တာကျော်ရင်လှိုင်က ပြောကြားသည်။
စစ်အစိုးရခေတ်နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း နိုင်ငံရေးအရလုပ်နိုင်ခဲ့သည်မှာ တိုင်းရင်းသားအဖွဲ့ အစည်းများ နှင့် အပစ်အခတ်ရပ်စဲရေး၊ အာဆီယံအသိုင်းဝိုင်းထဲသို့ဝင်ခွင့်ရခဲ့ခြင်းသာရှိခဲ့ကြောင်း အဆိုပါ ဟောပြောပွဲသို့ တက်ရောက်ခဲ့သူရှစ်လေးလုံးမျိုးဆက်တစ်ဦးက သုံးသပ်သည်။
ပြည်တွင်းစစ်ကို ပိုးမွေးသလိုမွေးမြူနေခဲ့ကြသူများတွင် ဦးနု၊ဦးနေ၀င်း၊စစ်အစိုးရတို့သည် အတူတူ ပင် ဖြစ်ကြောင်း၊ စစ်အစိုးရအနေဖြင့် ပြည်ပကျူးကျော်မှုမရှိချိန်တွင် ပြည်တွင်းစစ်ကို အကြောင်း ပြူပြီး စစ်အင်းအားတို့ချဲ့ကာပြည်သူများကို ဖိနှိပ်ရန်လက်နက်များတပ်ဆင်ခွင့်ရနေကြောင်း အသက်၄၅ နှစ်အရွယ် ရှမ်းတိုင်းရင်းသားတစ်ဦးကပြောသည်။
တမျိုးလေးလိမ်ရဦးမယ်
(မြစ်ဆုံ ဝေဖန်ချက်ကို တုန့်ပြန်ပြီ)
မြန်မာနိုင်ငံ၏ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းကြီးဖြစ်သည့် ဧရာဝတီမြစ်ဆုံ စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးပြီး နိုင်ငံအတွက် ဆိုးကျိုးများဖြစ်လာမည် ဟူသော ဝေဖန်ချက်များမှာ လုပ်ကြံပြောဆိုချက်များ ဖြစ်ကြောင်း၊ နိုင်ငံအတွက် စိုးရိမ်စရာ မရှိသည့် စီမံကိန်းဖြစ်ကြောင်း အင်္ဂါနေ့ထုတ် အစိုးရ သတင်းစာများက တုံ့ပြန် ရေးသားလိုက်သည်။
“ဧရာဝတီမြစ်ကို အမှီပြု၍ ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ လူမှုရေးလုပ်ငန်းများအပေါ်၌ ထိခိုက်မှု လုံးဝ မရှိနိုင်ပေ” ဟု သတင်းစားဆောင်းပါးရှည်တွင် ရေးသားထားသည်။
စီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်းရှိ ပြည်သူလူထု အထင်မှား အမြင်မှားဖြစ်စေရေး မဟုတ်မမှန် ဖန်တီးလုပ်ကြံ၍ ရေးသား လုပ်ဆောင်မှုများ ရှိနေသည်ဟု ဆိုသည်။
ဧရာဝတီမြစ်၏ ကချင်ပြည်နယ် မေခ၊ မလိခ မြစ်ဆုံဒေသတွင် မြန်မာ အစိုးရ၏ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနနှင့် တရုတ် ကုမ္ပဏီ တခု ဖြစ်သော CPI တို့က လျှပ်စစ်ဓာတ်အား မီဂါဝဒ် ၆၀၀၀ ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။ စီမံကိန်းအတွက် ဧရာဝတီမြစ်ရေ၏ ၇.၆ ရာခိုင်နှုန်းမျှသာ သုံးစွဲမည်ဟု ဆိုသည်။
မြစ်ဆုံဆည် စီမံကိန်းဒေသသည် စင်္ကာပူနိုင်ငံခန့် အရွယ်အစား ရှိပြီး ဒေါ်လာ ၃.၆ ဘီလျံ အကုန်ကျခံကာ ၂၀၀၉ ခုနှစ် မှ စတင် ဆောက်လုပ်နေသည်။ ၁၀ နှစ် ကြာမည့် ထိုစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု အမွေအနှစ်၊ စီးပွားရေး၊ လူမှုရေးတို့ ထိခိုက် ပျက်စီးမည်ဟု ပြောဆို ကန့်ကွက်နေသည့် ကြားက ထိုစီမံကိန်း ဆက်လက် လည်ပတ်နေခြင်း ဖြစ်သည်။
စီမံကိန်းနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင် တရုတ်-မြန်မာ ကျွမ်းကျင်ပညာရှင်ပေါင်း ၁၀၀ ကျော် ပါဝင်သည့် စူးစမ်း လေ့လာရေးအဖွဲ့က ၆ လကြာ သုတေသန လုပ်ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာခြင်းမရှိဟု သိရသည်။
လေ့လာ သုတေသနပြုချက်များတွင် စီမံကိန်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုး အလွန် များပြားနိုင်ကြောင်း ထောက်ပြထားကြသည်ဟု ဆိုသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ကချင်ပြည်နယ် မြစ်ဆုံ စီမံကိန်းကို လုံးဝ ဆန့်ကျင်ကြောင်း၊ တခြား ဆည်စီမံကိန်းများနှင့် ပတ်သက်၍လည်း အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီး ဂွမ်မော်က ပြောသည်။
“ကျနော်တို့က မတိုက်ပါဘူး။ ဒါပေမယ့် တိုက်ပွဲတွေဖြစ်လို့ တရုတ် တာပိန်ဆည်တွေမှာ ဖြစ်သလို ဒီမြစ်ဆုံဆည် စီမံကိန်းဟာ အဲဒီလိုပဲ ဖြစ်သွားလိမ့်မယ်” ဟု ဗိုလ်မှူးကြီး ဂွမ်မော်က ပြောသည်။
ဇွန်လက ကချင်ပြည်နယ်ရှိ တာပိန်ဆည်များ အနီး တိုက်ပွဲများ ဖြစ်ပွားနေ၍ လုပ်ငန်းများ ရပ်တန့်နေခြင်းကို သူက ရည်ရွယ် ပြောဆိုခြင်း ဖြစ်သည်။
မြစ်ဆုံစီမံကိန်းကြောင့် ဆိုးကျိုးဖြစ်လာမည်ကို မြန်မာနိုင်ငံသားတို့ ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြသေးကြောင်း၊ တမျိုးသားလုံးအတွက် အလွန်အရေးကြီးသည့် ကိစ္စဖြစ်ကြောင်း လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အများအပြားက ထောက်ပြနေကြသည်။
ရန်ကုန်မြို့တွင် ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသည့် ဒေါ်မြင့်မြင့်ခင်ဖေက ယခုစီမံကိန်းကြီးကြောင့် ဆုံးရှုံးနစ်နာမှု လွန်စွာများပြားမည် ဖြစ်ကြောင်း၊ ဧရာဝတီမြစ်နှင့် အသက်မွေးနေရသည့် လယ်သမား၊ယာသမားများ၊ ဒေသခံ တိုင်းရင်းသားများနှင့် အတူ နိုင်ငံသားအားလုံးအတွက် ထိခိုက်မည်ကို စိုးရိမ်ရကြောင်း ဧရာဝတီကို ပြောသည်။
“ဒီစီမံကိန်းကြီးဟာ ကျမတို့နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင်ကိစ္စပါ မကပါဘူး၊ အမျိုးသားရေး သမိုင်းပါ ဆုံးရှုံးသွားနိုင်တယ်လို့ မြင်ပါတယ်။ နိုင်ငံအတွက် အရမ်း အန္တရာယ်ကြီးတဲ့ ဒီစီမံကိန်း သဘောမတူခင်ကတည်းက ကျမတို့ နိုင်ငံသားတွေ ကျယ်ကျယ် ပြန့်ပြန့်သိအောင် လုပ်ဖို့ လိုတယ်။ အစိုးရအနေနဲ့လည်း အနာဂတ် မျိုးဆက်တွေ အတွက်ပါ ကြည့်ပြီး စီမံကိန်းကို ရပ်တန့်ပါ။ အားလုံးနဲ့ လက်တွဲ လုပ်ဆောင်သွားစေချင်တယ်” ဟု ဒေါ်မြင့်မြင့်ခင်ဖေက ပြောသည်။

No comments:
Post a Comment