ဘဝသံသရာဇတ်ခုံထဲ
ဒုက္ခဝန်ကိုထမ်းပိုး
သုခဗလာနဲ့ဝေးနေကြတဲ့
ပြည်သူတွေဟာ
လမ်းပေါ်မှာလမ်းပျောက်
ညအမှောင်ထဲ
စမ်းတဝါးဝါးနဲ့
လမ်းလျှောက်နေရတော့
ယိုင်နဲ့နဲ့ဘဝတွေဟာ
စုတ်ပြတ်
အနာဂတ်တွေမီးလောင်နေစဲ။
အခုချိန်ထိ
ချစ်မိုးတွေမစွေပဲ
စစ်မိုးတွေရွာဖြိုးနေတော့
ခြောက်ခြောက်ကပ်ကပ်နဲ့
နေ့ဟာနေ့နဲ့
မတူဘူး ညဟာ ညနဲ့မတူပဲ
စိတ်ဒဏ်ရာသင့်
ပြည်သူတွေဟာ
နွေရာသီလယ်ကွက်လို
အသဲနှလုံးတွေပက်ကြား
အက်ကွဲ၊
အသိဥာဏ်မဲ့
စစ်ဘီလူးတွေကြောင့်
လူတွေဟာ....မဆိုချင်ပဲ
ကမ္ဘာမကြေဘူးတေးသီချင်း
ဆိုတတ်ကုန်ပြီ။
ရေညှိ့တွေ
ငြိတွယ်နေတဲ့
အသိဥာဏ်မဲ့
စစ်ဦးနှောက်တွေကို
သံဘလပ်နဲ့
ခပ်ကြမ်းကြမ်းပွတ်တိုက်
ဖိနှိပ်ခံလူသားတွေကို
တုံးအောက်ကဆွဲထုတ်
ပေးဆပ်ရင်း
လွတ်မြောက်ရေးအားထုတ်နေသူတွေ
ကမ္ဘာမကြေဘူးတေးသီချင်း
ဆိုကုန်ကြပြီ။
( ကိုဗလိုင်
)
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment