ကချင်ကိုဗျင်းနေတုံး ကရင်ကို ကျောပွတ်ပေးထားမှ ဟ ဟ -

 ကေအင်ယူကိုယ်စားလှယ်အဖွဲ့နဲ့ ကာကွယ်ရေးဦးစီးချုပ် ဆွေးနွေး

2013-01-06
ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံး အကြိမ်အဖြစ် KNU ကရင်အမျိုးသားအစည်းရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ဟာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင် တဲ့ မြန်မာ့တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေ နဲ့ နေပြည်တော်၊ ဘုရင့်နောင် ရိပ်သာမှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
Photo : Myawady
KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ဦးဆောင်တဲ့ အဖွဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော် ဘုရင့်နောင် ရိပ်သာတွင် ဇန်နဝါရီ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်
ဒီနှစ်ဘက်ခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုမှာ ကချင်ပြည်နယ်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေနဲ့ မြန်မာ့ တပ်မတော် အကြားဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်စဲရေးအတွက်ကိုလည်း နှစ်ဘက်ခေါင်းဆောင်တွေ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူး(၂) ပဒို မန်းမန်းက RFA ကို အခုလို ပြောဆိုပါတယ်။
“ မြန်မာအစိုးရနဲ့ အပြစ်အခတ်ရပ်စဲရေး ပိုမိုခိုင်မာစေဖို့ နှစ်ဖက်ညှိနှိုင်းထားတဲ့ ကျင့်ဝတ်တွေ စည်းကမ်းတွေကို အဓိကထားဆွေးနွေးခဲ့တယ်၊ ကချင်ဘက်မှာဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လဲ ဆွေးနွေးခဲ့တာရှိပါတယ်”
ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ ကေအိုင်အေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကြိုးစားနေကြောင်း၊ သမ္မတ ဦးသိန်းစိန်အစိုးရ အကောင်အထည်ဖော်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေကို (၇၀) ရာခိုင်နှုန်း အားရကျေနပ်မှုရှိကြောင်း၊ တပ်မတော်အနေနဲ့လည်း ငြိမ်းချမ်းရေးကို လိုလားကြောင်း ကေအန်ယူ တာဝန်ရှိသူတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်အတွင်း KNU နဲ့ မြန်မာ့ တပ်မတော် အကြား တပ်တွေ ပြန်လည်နေရာချထားရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖို့ မြန်မာ့တပ်မတော် အနေနဲ့ အဆင်သင့်ရှိနေပြီ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့ထဲက ပဒိုမန်းမန်းကို  RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: