မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ 
ဥက္ကဌ ဦးသံခဲက သူတို့ရဲ့ တော်လှန်ရေးမပြီးဆုံးသေးကြောင်း ဇန်နဝါရီလ ၃ 
ရက်နေ့က ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ ABSDF အဖွဲ့ရဲ့  
မြန်မာနိုင်ငံတွင်း ပထမဆုံးအကြိမ် သီတင်းနှစ်ပတ်ကျော်ကြာလာရောက်ခဲ့တဲ့ 
ခရီးစဉ် နဲ့ပတ်သက်လို့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ 
ပြောဆိုသွားပါတယ်။  နံနက် ၉ နာရီကနေစတင်ပြီး ၁ နာရီနီးပါးကြာ ပြုလုပ်တဲ့ 
ဒီသတင်းစာရှင်းလင်းပွဲအတွင်း အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ 
ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ ABSDF အဖွဲ့အနေနဲ့ 
ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်လိုကြောင်း ဒါ့အပြင် တစ်ချိန်က ABSDF 
အဖွဲ့အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ မိမိတို့အဖွဲ့အတွက် 
သင်ခန်းစာတစ်ခုဖြစ်သလို နောက်မဖြစ်အောင်လဲ ကြိုးစားနေကြောင်း ဦးသံခဲက 
ပြောဆိုခဲ့ပါတယ်။
Burma VJ မှ
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
 
No comments:
Post a Comment