အမေ....အမေဟာ
သားသမီးတွေ
ဘယ်လောက်ဆိုးဆိုး
ဘယ်လောက်ပင်တေတေ
ဘယ်လောက်ပင်ပေပေ
အမြင့်မားဆုံး
မေတ္တာဓါတ်တွေပေးပြီး
သားသမီးတွေအပေါ်
အပြစ်မတင်
အပြစ်မမြင်ပဲ
ချစ်ခင်နေလျှက်ပါ....အို- မိခင်။
ဖဝါးလက်နှစ်လုံး
ပုခုံးလက်နှစ်တစ်
အူဝဲလို့
စအော်လိုက်ကတည်းက
အနှိုင်းမဲ့
ချစ်ခြင်းမေတ္တာတွေနဲ့
နို့ချိုတိုက်ကြွေး
ကျမ္မာရေးနဲ့
ဝေယာဝစ္စတွေလုပ်ပေးရင်းက
လူလားမြောက်အောင်
မညီးမညူတာဝန်ယူခဲ့သူပါ....အို-
မိခင်။
အမေဟာ အခက်ခဲတွေကြားမှာ
သားသမီးတွေ
ဘယ်လိုဒုက္ခတွေဝေဝေ
ဒဏ်ရာပလပွနဲ့
ဘယ်လိုရောဂါမျိုးဖြစ်ဖြစ်
ဘယ်လောက်ရောဂါ
ဘယ်လိုဆိုးဆိုး
ပစ်ခွါမပြေးပဲ
အနား- နားမှာ
အပြုံးမပျက်ပဲ
မညီးမညူ
ပြုစုစောင့်ရှောက်ပေးနေသူပါ....မေမေ။
မေမေရဲ့ပြရုပ်ဟာ
သားသမီးတွေအပေါ်ထားတဲ့
မိဘတွေရဲ့
ချစ်ခြင်းမေတ္တာ အတိမ်အနက်ကို ဖော်ကြူးပြသ
သားတို့ ရုပ်ရည်
သီတာမြည်သား
သား- သမီးတို့အပြုံး
တချက်လင်းလက်လိုက်တာနဲ့
မိဘတို့ဝမ်း
ငြိမ်းစတမ်း....တဲ့။
သောကတွေနဲ့
အပူငုတ်နေပေမယ့်
အမေဟာ....
သားသမီးတွေလူလားမြောက်ဖို့ ပြုစုပျိုးထောင်
အနာဂတ်ရေးအတွက်
အတတ်ပညာတွေကိုလည်း
ဆည်းပူးလေ့လာ
သင်ယူတတ်မြောင်စေချင်သူပါ....အို- မိခင်။
ဝေးဝေး နီးနီး
ဘယ်ဆီကိုရောက်ရောက်
သားသမီးများအတွက်
ညစဉ်မပျက်
အန္တရာယ်ကင်း
ဘေးရှင်းစေရန်
မြတ်ဘုရားထံရှေ့
တောင်းဆုမေတ္တာတွေကို
ပေးဝေရင်းက
သတ္တဝါအပေါင်း
ဘေးရန်ကင်းဖို့
ကြေးစည်တီးကာ
နေ့စဉ်နဲ့အမျှ
အမျှပေးဝေနေသူပါ....အို-
မိခင်။
စမ်းရေပမာ မိဘမေတ္တာ
မြှင့်မိုလ်ထက်ကြူး
ထို- ထိုကျေးဇူးတွေကို
မဆပ်ဘူးချင်သူ
ရှိရိုးတဲ့လား။
ကျနော်ယုံတယ်
မေမေ
အမေတွေဟာ
သားသမီးများအတွက်
ဘယ်သူနဲ့မှ
မတူတဲ့
လမ်းပြရှေ့ဆောင်ကောင်းတစ်ယောက်ဆိုတာကို
ပါပဲ။
လက်ဦးဆရာ
မည်ထိုက်စွာ ပုပ္ပစရိယ မိနဲ့ ဖ၊
ဘဝလမ်းခရီးတွေ
ဘယ်လိုပင်ခက်ထန်ကြမ်းတမ်းနေပါစေ...
အဲဒီ- ဘဝလမ်းခရီးမှာ
အမေဟာ ကျနော်တို့အတွက်
စိတ်ဓါတ်ခွန်အားတွေ
အများကြီး မျှဝေပေးခဲ့....သလို
အမေဟာ....သားသမီးများအားလုံးအတွက်
အမှောင်ကိုခွင်းပြီး
အလင်းကိုဆောင်ကြဉ်းပေးခဲ့တဲ့
လမ်းပြကြယ်စင်
စစ်စစ်လေးပါ....မေမေ။
ကျနော်တို့လဲရင်
မေမေထူတယ်၊
ကျနော်တို့ငိုရင်
မေမေချော့တယ်၊
ကျနော်တို့
ဆိုးနွဲ့ပြီး စိတ်ကောက်တဲ့အခါ
သားသမီးအလိုကျ
တစ်ခုခုလုပ်ပေးပြီး
စိတ်ကောက်ပြေအောင်
ပြန်လည်ချော့မြူတတ်တဲ့
မေမေ့ကိုလေ နေ့စဉ်နေ့တိုင်း ညရှစ်ခိုးတဲ့ခါ
မေမေကျမ္မာစေကြောင်း
အခါခါဆုတောင်း
သြော်- ငါတို့အားလုံးရဲ့
ကျေးဇူးကြီးတဲ့....တို့မေမေ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကမ္ဘာ့မိခင်များနေ့ကို
ဤကဗျာဖြင့် မွေးမိခင်အား ကန်တော့အပ်ပါသည်။
အမေများနေ့တွင်အမေများအားလုံး ကိုယ်၏ ကျမ္မာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့နှင့်
ပြည့်စုံစေပြီး၊ အန္တရာယ်ကင်း ဘေးရန်ရှင်းကာ ပူပင်သောကတွေပပျောက်စေပြီး
ထာဝငြိမ်းအေးတဲ့
မိသားစုဘဝကို ပိုင်ဆိုင်ကြပြီး အမေများအားလုံးအသက်ရာကျော်
ရှည်ပါစေလို့
ဆုမွန်ကောင်းတောင်း မေတ္တာပို့သရင်း...ဤကဗျာဖြင့် မွေးမိခင်များအား
ဂုဏ်ပြုအပ်ပါသည်။
( ကိုဗလိုင်
) အမေ့သား။
No comments:
Post a Comment