သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ ဗုဒ္ဓဘာသာပေါ်တွင် ထားရှိသည့် ကမ္ဘာကျော် အမြင် ။


သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ ဗုဒ္ဓဘာသာပေါ်တွင် ထားရှိသည့်
ကမ္ဘာကျော် အမြင် ။



အိန္ဒိယလူမျိုးတစ်ယောက်က ဆရာတော်ကို အရှင်ဘုရား ဗုဒ္ဓဘာသာကို( Religion ) ဘာသာတရားလို့ဆိုနိုင်ပါသလားလို့ မေးပါတယ်။

ဆရာတော်က ‘‘ဗုဒ္ဓဘာသာဟာ Religion မဟုတ်ဟု‘‘ ရဲဝံ့ပြတ်သားစွာ ဖြေဆိုခဲ့ပါတယ်။


‘‘ရီလေးဂျင်းမဟုတ်ရင် အရှင်ဘုရားကဘာလို့ပြောချင်တာလဲ‘

‘‘ဗုဒ္ဓဘာသာဟာ ကျင့်စဉ်တစ်မျိုးပါ။‘‘

‘‘ Religion ကတော့ ကျင့်စဉ်မဟုတ်ဘူးလား‘‘
‘‘Religion ဆိုတဲ့ ဘာသာတရားမှာ ကျင့်စဉ်မပါဘူး။

ယုံကြည်ခြင်း၊ရှိခိုးခြင်း ၊ ဆုတောင်းချင်းတို့ပဲရှိပါတယ်။

ယုံကြည်မှုနှင့်ဆုတောင်မှုကိုပဓာန မထားပဲ အကျင့်ကိုသာ ပဓာနထားတဲ့ ဘာသာဟာ ဗုဒ္ဓဘာသာပါ။‘‘

ဒါဆိုရင် ဗုဒ္ဓဘာသာဟိာ (Philosophy) လို့ဆိုရင် ကောရပါသလားလို့ ဒကာကထပ်မေးပါတယ်။

ဆရာတ်ာက ‘‘မရပါဘူ။ ဒီလိုတစ်ဘက်သက်လည်းမပြောနိုင်ပါဘူး။

ဖီလောဆိုဖီ ဆိုတာ အသိသက်သက်ပဲ ။ အကျင့်စရဏမပါဘူး။‘‘

‘‘ဗုဒ္ဓဘာသာဆိုတာ ယုံကြည်မှုနဲ့ အသိဉာဏ်ပေါင်းစပ်ပြီး ကျင့်ရတဲ့တရားပါ‘‘

ယုံကြည်မှုနဲ့ အသိဉာဏ်ပေါင်းစပ်ပြီး ကျင့်တော့ မိမိနှလုံးသားထဲက ယုတ်ညံတဲ့ကိလေသာ တွေအကုန်ရှင်းသွားတယ်။ အဲဒီလိုရှင်းသွားတော့ ချမ်းသာသုခကို အမှန်တကယ်ရတာပါပဲ။‘‘


‘‘ မိမိရဲ့ယုတ်ညံမှုတွေကို မိမိကိုယ်တိုင် သန့်ရှင်းအောင်လုပ်ရပါတယ်။ မိမိစိတ်ဓါတ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို မိမိကိုယ်တိုင် ကြိုးစားယူရတယ်။
အလွန်တန်ဖိုး ထက်မြတ်တဲ့ စိတ်၊စေတသိတ်တို့ကို အသုံချကျင့်ရတာဟာ ဗုဒ္ဓဘာသာပါပဲ‘‘
ဟုဆရာတော်က မိန့်ဆိုလိုက်ပါတယ်။


Credit : Min Thant Aung (FaceBook မှ)

No comments: