ဆရာမင်းသုဝဏ်

ဆရာမင်းသုဝဏ် ဟာ ၁၉၀၉ ဖေဖေါ်ဝါရီ(၁၀)ရက်နေ့ မှာမွေးဖွားခဲ့တဲ့အတွက်
ဒီနေ့ (၁၀၄)နှစ်မြောက်မွေးနေ့ ဖြစ်ပါတယ်မွေးနေ့ တိုင်းသတိရနေသလားဆိုတော့မဟုတ်ပါဘူး၊
ဆရာ့ဂုဏ်ကျေးဇူးကိုတော့ကြုံဆုံတိုက်ဆိုင်တိုင်းဆင်ချင်မိစမြဲပါ
ခေတ်စမ်းစာပေကို ဆရာဇော်ဂျီနဲ့ အတူဦးဆောင်ခဲ့ပြီး တိုင်းပြည်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဉ်မှာ
သူ့ ခေါင်းမှာတဲ့သပြေညို၊ငါ့ခေါင်းမှာတဲ့သပြေညို ဆိုတဲ့ကဗျာက လွတ်လပ်ရေး သပြေညိုပန်းကို တစ်နိုင်ငံလုံးကခေါင်းမှာဆင်မြန်းလိုတဲ့ ဆန္ဒကိုနှိုးဆော်ပေးလိုက်မှုက ကြီးမားတဲ့ကျေးဇူးဖြစ်ခဲ့သလို
လွတ်လပ်ရေးကိုမြန်မာတွေရဲ့ အောင်နိမိတ်ပန်းဖြစ်တဲ့သပြေပန်းနဲ့ နှိုင်းရာမှာပင်
ချစ်ခင်မြတ်နိုးဖွယ်ဖြစ်အောင် သပြေညို လို့ ရွေးချယ်ခဲ့တာဟာ နေ့ စဉ်လူမှုဘဝထဲက
သပြေပန်းဖြစ်တဲ့အတွက် လွတ်လပ်ရေးကိုမြန်မာပြည်သူတွေဟာ
နေ့ စဉ်နိုးထမှုနဲ့ အတူ မမေ့မလျော့နဲ့ သတိရနေကြပြီး
အဲဒီအချိန်ကာလက လွတ်လပ်ရေးကို မျက်ခြည်မပြတ် ရှိနေကြမယ်လို့ ထင်ပါတယ်။

ကျွန်တော့် တစ်ယောက်စာမှာတင် ဆရာမင်းသုဝဏ်ရဲ့ ကဗျာများနဲ့ ကြီးပျင်းခဲ့ရပြီး
လယ်စောင့်တဲလေးခြေတံရှည် နဲ့ မောင်ခွေး မှသည် နှင်းဆီပွင့်၊ ပျဉ်းမငုတ်တို၊ဖိုးမောင်လာပြီ၊အမောင်ပျောက်ကျားမှသည် တရားဦးဟောလှည့်ပါထိ အရွယ်အလိုက်နှစ်သက်ခဲ့ရသလို ခွန်အားများစွာရရှိစေခဲ့တဲ့ကျေးဇူးကလည်းကြီးမားခဲ့ပါတယ်။
နာဂစ်ဖြစ်ပြီးအလှူအတန်းထွက်ချိန်က ကွမ်းခြံကုန်းမြို့ ကို ကျော်ထွက်လိုက်စဉ်မှာပဲ
ကွမ်းခြံကုန်းဇာတိလို့ ဆိုတဲ့ ဆရာမင်းသုဝဏ်ကို သတိရလိုက်မိပါတယ်၊ ကွင်းကျယ်အဝေးဝေးတွေကိုတွေ့ ရပေမယ့် ဆရာ့ရဲ့ လယ်စောင့်တဲလေးကိုတော့မတွေ့ ရတော့ပါ။
ဒါဆိုရင် ကြာနီတစ်ပွင့် ဖြူတစ်ပွင့်ကရော၊ အဲဒီမှာ ဆရာမင်းသုဝဏ်ကိုတွေ့ ရပါပြီ။
ကောက်ပင်လေးတွေပျိုးထားတဲ့ ပျိုးခင်းတွေထဲမှာ ကြာဖြူ ကြာနီလေးတွေပေါက်မှ ပျိုးခင်းလေးတွေကပျိုးအောင်တာပါတဲ့၊ ပင်လယ်ဆားငံရေတွေဝင်နေတဲ့ ဒီလယ်ကွင်းတွေထဲမှာ
ဘယ်လိုနည်းနဲ့ မှ ကြာဖြူကြာနီလေးတွေ ပွင့်နိုင်မည်မဟုတ်တော့ပါ ဒါဆိုရင်
ပျိုးပင်လေးတွေလည်းအောင်နိုင်မည်မဟုတ်တော့ပါ။
ကြာနီတစ်ပွင့်ဖြူတစ်ပွင့်၊ တဲနဲ့ ပနံတင့်။
ဒါဆိုတော့လည်း ကလေးကဗျာလို့ ဆိုကြလေတဲ့ လယ်စောင့်တဲလေးဟာအဓိပ္ပါယ်များစွာပါ။
အမောင်ပျောက်ကျားတိုင်းပြည်အားကိုဘာများမှာကြားခဲ့လိုသနည်း
တိုင်းပြည်အားကို အားနာခဲ့ကြောင်းပြောပါလေ ဆိုတဲ့ကဗျာကစလို့ 
ဆရာမင်းသုဝဏ်ဟာ သူ့ နှလုံးသားကို တိုင်းပြည် နဲ့ ထပ်ထားတယ်ဆိုတာ
သူ့ ကဗျာအားလုံးမှာမြင်တွေ့ နိုင်ပါပြီ။
နိုင်ငံ့စာဆိုလို့ သတ်မှတ်တော့နိုင်ငံ့စာဆိုမည်သည်မှာဆိုတာလည်းနားလည်ပါပြီ။
ရေဝေးသုဿန် မှာ အုတ်ဂူအမှတ်(၅၀)နဲ့ (၅၁) မှာလဲလျောင်းနေကြတဲ့
ထူးအိမ်သင်နဲ့ နိုင်ငံ့စာဆိုမင်းသုဝဏ်ကို နှိုင်းယှဉ်ခြင်းမဟုတ်ပါ ရက်ကပ်ရက်သေဆုံးပြီးအုတ်ဂူကပ်ရက်လဲလျောင်းနေကြတဲ့ လူသားနှစ်ဦးဟာနိုင်ငံ့အတွက် National Lost ဖြစ်ပါတယ်လို့ လည်းဆိုခြင်ပါတယ်။
ဆရာမင်းသုဝဏ်ရဲ့ (၁၀၄)နှစ်မြောက်မွေးနေ့ ဒီနေ့ မှာ
နိုင်ငံ့စာဆိုကြီးရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ဆင်ချင်မိတဲ့
အနည်းငယ်သော အကြောင်းအရာမျှသာ။. ။

Myo Swe Than (FB မှ)



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: