ဆည်းပူးလေ့လာ နိုင်ငံရေးပညာ

 Myanmar Institute of Peace and Security Studies (MIPSS)
နိုင်ငံရေး နှင့် နိုင်ငံတကာ လေ့လာရေး စာစဉ် အမှတ် (၆)
ဖေဖော်ဝါရီလ၊ ၂၀၁၃ ခုနှစ်

 


နိဒါန်း

အိုင်ဒီရော်လော်ဂျီဆိုတဲ့ စကားလုံးကို (၁၈) ရာစုနှောင်းပိုင်းမှာ ပြင်သစ်ပညာရှင် Antonie Destutt de Tracy က Eléments d'Idéologie ဆိုတဲ့ ပရောဂျက်မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ De Tracy က အိုင်ဒီရော်လော်ဂျီဆိုတာကို အတွေးအခေါ်များ၏ သိပ္ပံ (science of ideas) အဖြစ် ညွှန်းဆိုခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ဇီဝဗေဒ (ဘိုင်အိုလော်ဂျီ) ကဲ့သို့သော သိပ္ပံပညာရပ်တခုအဖြစ် အိုင်ဒီရော်လော်ဂျီဆိုတဲ့ သိပ္ပံပညာရပ် ပေါ်ထွက်လာစေရန်ဖြစ်ပါတယ်။ သို့ပေမယ့် (၁၉) ရာစု ကာလရောက်တော့ နိုင်ငံရေးဆိုင်ရာ စကားလုံးတရပ်အဖြစ် အသွင်ကူးပြောင်းသွားခဲ့ပါတယ်။ (၁၈၄၆) ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ The German Ideology ဆိုတဲ့ စာအုပ်မှာ မာ့စ်နဲ့ အိန်ဂယ်လ် တို့က အိုင်ဒီရော်လော်ဂျီရဲ့ သဘောတရားများကို စတင်ဖော်ပြခဲ့ပါတယ်။ အရင်းရှင်တွေရဲ့ bourgeois ideology ဟာ သွေးစုပ်ခြယ်လှယ်ခံရသူတွေအကြားမှာ delusion (သို့မဟုတ်) false consciousness ဖြစ်ပွားစေပြီး၊ သွေးစုပ်ခြယ်လှယ်နေမှုကို သတိမထားမိစေရန် ဖုံးကွယ်ထားကြောင်း မာ့စ်ဝါဒက ဖော်ပြထားပါတယ်။
အိုင်ဒီရော်လော်ဂျီဆိုတဲ့ စကားလုံးကို လစ်ဘရယ်ဝါဒီများကလဲ အသုံးပြုထားကြပါတယ်။ Karl Popper, J. Talmon နဲ့Hannah Arendt ဆိုသူတို့က အိုင်ဒီရော်လော်ဂျီဆိုတာကို နာခံမှုနဲ့ လိုက်နာ ဆောင်ရွက်မှုတွေပြုလုပ်ရန် ဖန်တီးထားတဲ့ လူမှုထိန်းချုပ်ရေး ကိရိယာတခုအနေနဲ့ ရှုမြင်သုံးသပ် ကြပါတယ်။ Michael Oakeshott စတဲ့ ကွန်ဆာဗေးတစ်ဝါဒီများကတော့ အိုင်ဒီရော်လော်ဂျီတွေဟာ စိတ်ကူးယဉ်အတွေးအခေါ်စနစ်တွေဖြစ်ပြီး၊ နိုင်ငံရေးလက်တွေ့(political reality) နဲ့ ကင်းကွာကြောင်း ယူဆထားကြပြီး၊ ကွန်ဆာဗေးတစ်ဝါဒကို အိုင်ဒီရော်လော်ဂျီအဖြစ် မရှုမြင်ပဲ disposition အနေနဲ့ ရှုမြင်ဖို့ လိုအပ်ကြောင်း ဆိုထားကြပါတယ်။ ဒါကြောင့် အိုင်ဒီရော်လော်ဂျီနဲ့ ပတ်သက်ပြီး၊ ၀ါဒအမျိုးမျိုးကနေ ရှူမြင်ပုံတွေ ကွဲပြားပါတယ်။ မာ့စ်က သူ့ရဲ့အတွေးအခေါ်တွေဟာ သိပ္ပံနည်းကျဖြစ်ပြီး၊ အိုင်ဒီရော်လော်ဂျီမဟုတ်ကြောင်း ဆိုထားပါတယ်။
လူအများပါဝင်မှုကို ကန့်သတ်ထားတဲ့ ရေပေါ်ဆီဒီမိုကရေစီ (elitist democracy) နဲ့ ကိုယ်စားပြု ဒီမိုကရေစီ (representative democracy) စပြီး အမျိုးအစားများစွာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကွန်မြူနစ်ဝါဒ (Communism) ဆိုတဲ့ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီက ပြည်သူ့ဒီမိုကရေစီကို ဖွင့်ဆို ဖော်ညွှန်းထားပြီး၊ လစ်ဘရယ်ဝါဒ (Liberalism) ဆိုတဲ့ နိုင်ငံရေး အိုင်ဒီရော်လော်ဂျီကတော့ ကိုယ်စားပြု ဒီမိုကရေစီကို ဖွင့်ဆိုဖော်ညွှန်းထားပါတယ်။
နိုင်ငံရေးအိုင်ဒီရော်လော်ဂျီ အမျိုးအစားများကို ပညာရှင်များက ခွဲခြားဖော်ပြကြရာမှာ ဆိုရှယ်လစ်ဝါဒ၊ လစ်ဘရယ်ဝါဒ၊ ကွန်ဆာဗေးတစ်ဝါဒ၊ ဖက်ဆစ်ဝါဒ စတာတွေ ပါဝင်တဲ့ linear spectrum၊ ဆိုရှယ်ဒီမိုကရေစီ၊ လက်ယာသစ်၊ လက်ဝဲသစ်နဲ့ မင်းမဲ့ဝါဒ စတာတွေ ပါဝင်တဲ့ alternative spectrum၊ အမျိုးသားကွန်မြူနစ်ဝါဒ၊ နိုင်ငံတကာကွန်မြူနစ်ဝါဒ၊ အမျိုးသားဆိုရှယ်လစ်ဝါဒ၊ နိုင်ငံတကာ ဆိုရှယ်လစ် ၀ါဒ၊ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒ၊ ဆိုရှယ်ရီပတ်ပလီကန်ဝါဒ၊ အရင်းရှင်ဒီမိုကရက်တစ်ဝါဒ၊ အရင်းရှင် ရီပတ်ပလီကန်ဝါဒ၊ တိုးတက်သောနီရိုလီဘရယ်ဝါဒ၊ ကွန်ဆာဗေးတစ် နီရိုလစ်ဘရယ်ဝါဒ၊ နီရိုလစ်ဘရယ် ၀ါဒ၊ အမျိုးသားရေးဝါဒ စတာတွေ ပါဝင်တဲ့ Moral Matrix စသဖြင့် သဏ္ဍာန် အမျိုးမျိုးကွဲပြားပါတယ်။
Linear Spectrum of Political Ideologies
Linear Spectrum က နိုင်ငံရေးအိုင်ဒီရော်လော်ဂျီတွေကို လက်ဝဲ၊ လက်ယာခွဲခြားပြီး ဖော်ပြထားပြီး၊ ဆိုရှယ်လစ်ဝါဒ (Socialism)၊ လစ်ဘရယ်ဝါဒ (Liberalism)၊ ကွန်ဆာဗေးတစ်ဝါဒ (Conservatism) နဲ့ ဖက်ဆစ်ဝါဒ (Fascism) စတာတွေ ပါဝင်ပါတယ်။

(၁) ဆိုရှယ်လစ်ဝါဒ


ဆိုရှယ်လစ်ဝါဒရဲ့ အတွေးအခေါ် အစအနတွေကို ဆယ့်ခြောက်ရာစုခေတ်နဲ့ ဆယ့်ခုနစ်ရာစု ခေတ်တွေမှာ ပေါ်ထွက်ခဲ့တဲ့ နိုင်ငံရေး တွေးခေါ်ပညာရှင် Thomas More, Levellers နဲ့ Diggers တို့ရဲ့ပညာရှင် Robert Owen (၁၇၇၁-၁၈၅၈)၊ Charles Fourier (၁၇၇၂-၁၈၃၇) နဲ့ William Morris (၁၈၅၄-၁၈၉၆) တို့ရဲ့ အတွေးအခေါ်များနဲ့ ဆက်နွယ်နေတဲ့ ethical socialism ဆိုင်ရာ သဘောတရား များနဲ့ Eduard Bernstein ဖော်ထုတ်ခဲ့တဲ့ revisionist Marxism သဘောတရားများကနေ မြစ်ဖျားခံ စီးဆင်းလာတာဖြစ်ပါတယ်။
(၂၀) ရာစုကာလရောက်တော့ ဆိုရှယ်လစ်လှုပ်ရှားမှုမှာ အုပ်စုနှစ်ခု ကွဲပြားလာပါတယ်။ တော်လှန်သော ဆိုရှယ်လစ်ဝါဒ (revolutionary socialism) ယုံကြည်လက်ခံသူများဖြစ်တတဲ့ လီနင်နဲ့ ဘော်ရှီဗစ်တွေက ကွန်မြူနစ်တွေလို့ သူတို့ကိုယ်သူတို့ သတ်မှတ်ပြီး၊ ပြန်လည်ပြင်ဆင်ရေး သမားများကတော့ reformist socialists တွေလို့ သူတို့ကိုယ်သူတို့ သတ်မှတ်ခဲ့ကြပါတယ်။ ပြန်လည်ပြင်ဆင်ရေးသမားတွေက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံသော နိုင်ငံရေးကို သက်ဝင်ယုံကြည်ကြပြီး၊ အဲဒီကနေတဆင့် ဆိုရှယ်ဒီမို ကရက်တစ်ဝါဒ ဆိုတဲ့ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီတခု ထပ်မံပေါ်ထွက်လာပါတယ်။
ဆိုရှယ်လစ်ဝါဒဟာ လူတန်းစားနိုင်ငံရေး (class politics) နဲ့ ဆက်နွယ်နေပါတယ်။ လူ့အဖွဲ့အစည်းကို ရှုမြင်ရာမှာ ဆိုရှယ်လစ်တွေက distribution of wealth ကို အခြေခံပြီး သုံးသပ်ပါတယ်။ အစဉ် အလာအရ ဆိုရှယ်လစ်ဝါဒဟာ ဖိနှိပ်ခံရတဲ့ အလုပ်သမားလူတန်းစားတွေ၊ ကျောမွဲအခြေခံ လူတန်းစားတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုပါတယ်။ အလုပ်သမားလူတန်းစားကို လူမှုရေး ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးနိုင်တဲ့ agents of social change အဖြစ် သတ်မှတ်ထားပါတယ်။ ဆိုရှယ်လစ်ဝါဒရဲ့ အဓိကတန်ဖိုးက လူမှုတန်းတူညီမျှမှုဖြစ်ပါတယ်။ ဆိုရှယ်လစ်ဝါဒက ပြိုင်ဆိုင်ခြင်း ထက် ပူးပေါင်းဆောင်ရွက်ခြင်းကို ဦးစားပေးပါတယ်။ တကိုယ်ကောင်းစိတ်ထက် အများအကျိုး ဆောင်ရွက်စိတ်ကို ပိုမို ဦးစားပေးပါတယ်။

(၂) လစ်ဘရယ်ဝါဒ

လစ်ဘရယ်ဝါဒဟာ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီတခုအဖြစ် ဆယ့်ကိုးရာစုအစောပိုင်း ကာလရောက်မှ ပေါ်ထွက်လာခဲ့တာဖြစ်ပေမယ့် လစ်ဘရယ်သီအိုရီနဲ့ အခြေခံသဘောတရားတွေကတော့ ဥရောပ လူ့အဖွဲ့အစည်းမှာ ဆယ့်ခြောက်ရာစုကာလကတည်းက ပေါ်ထွက်နေခဲ့ပြီးသား ဖြစ်ပါတယ်။ အစောပိုင်းကာလတွေမှာ လစ်ဘရယ်ဝါဒဟာ absolutism ကို တိုက်ခိုက်ရေးဆိုင်ရာ နိုင်ငံရေးအယူအဆ တခုအနေနဲ့ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး၊ ဆယ့်ကိုးရာစုအစောပိုင်းကာလမှာတော့ အစိုးရ၀င်ရောက် စွက်ဖက်ခြင်း လုံးဝကင်းမဲ့သော အရင်းရှင်စနစ်ရဲ့ အကျိုးကျေးဇူးများကို ဖော်ပြတဲ့ လစ်ဘရယ် ဘောဂဗေဒ ပညာရပ် ပေါ်ထွက်လာပါတယ်။
ဒီအတွေးအခေါ်တွေဟာ ဆယ့်ကိုးရာစု လစ်ဘရယ်ဝါဒရဲ့ ဗဟိုချက်မ ဖြစ်လာပါတယ်။ ဆယ့်ကိုးရာစုနှောင်းပိုင်းမှာတော့ စီးပွားရေးရာ ၀င်ရောက်စွက်ဖက်မှု (economic intervention) နဲ့ လူမှုဖူလုံရေး ပြုပြင်ပြောင်းလဲမှု (social welfare reform) ကို ထောက်ခံအားပေးတဲ့ ဆိုရှယ်လစ်ဘရယ် ၀ါဒ ထပ်မံပေါ်ထွက်လာခဲ့ပြီး၊ ၂၀ရာစု လစ်ဘရယ်ဝါဒရဲ့ အခြေခံ သွင်ပြင်လက္ခဏာ ဖြစ်လာခဲ့ပါတယ်။ လစ်ဘရယ်ဝါဒရဲ့ အခြေခံစည်းမျဉ်းက တဦးချင်းဝါဒဖြစ်ပါတယ်။ လူသားတဦးချင်းဟာ လူအုပ်စု တွေထက် ပိုမိုအရေးကြီးပြီး၊ လူသားတွေဆီမှာ ကွဲပြားခြားနားတဲ့ သွင်ပြင်လက္ခတွေနဲ့ စွမ်းရည်တွေ ရှိပါတယ်။ ဒါကြောင့် လစ်ဘရယ်ဝါဒရဲ့ အဆုံးစွန်ရည်မှန်းချက်က လူတဦးချင်းစီရဲ့ စွမ်းရည်တွေကို အကောင်းဆုံးဖော်ထုတ်နိုင်ခွင့်ရှိသော လူအများပါဝင်တဲ့ လူ့အဖွဲ့အစည်းကို တည်ထောင်ရေး ဖြစ်ပါတယ်။
လူတဦးချင်းလွတ်လပ်ခွင့်ဟာ လစ်ဘရယ်ဝါဒရဲ့ အခြေခံတန်ဖိုးဖြစ်ပြီး၊ ဒီတန်ဖိုးဟာ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတွေထက် ပိုပြီးတန်ဖိုးရှိတယ်လို့ လစ်ဘရယ်ဝါဒီများက ယူဆကြပါတယ်။ သို့ပေမယ့် လွတ်လပ်ခွင့်ဟာ တရားဥပဒေဘောင်အတွင်းက လွတ်လပ်ခွင့်ဖြစ်ပြီး၊ လူတဦးရဲ့ လွတ်လပ်ခွင့်ဟာJoseph de Maistre (၁၇၅၃-၁၈၂၁) သဏ္ဍာန်ဖော်ခဲ့တဲ့ သွင်ပြင်လက္ခဏာတွေ အများအပြား ပါဝင်လာပါတယ်။ ဒီသဏ္ဍာန်မှာ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ပြီး၊ အစဉ်အလာဓလေ့ထုံးစံတွေကို တရားသေဆုပ်ကိုင်ထားမှုတွေ ပါဝင်ပါတယ်။
သို့ပေမယ့် အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့မှာ ပေါ်ထွက်လာတဲ့ ကွန်ဆာဗေးတစ် ၀ါဒကတော့ နိုင်ငံရေးတွေးခေါ်ပညာရှင် Edmund Burke (၁၇၂၉- ၉၇) ရဲ့ ထိန်းသိမ်းရေးအတွက် ပြောင်းလဲရေး ဆိုတဲ့ သဘောတရားကို အခြေခံထားခဲ့တာကြောင့် အောင်မြင်တဲ့ ကွန်ဆာဗေးတစ် ၀ါဒတရပ်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ (၁၉၅၀) နှောင်းပိုင်းကာလတွေမှာတော့ ဗြိတိန်နိုင်ငံက ကွန်ဆာဗေးတစ်ပါတီဟာ စစ်ပွဲပြီးကာလ ပြန်လည်တည်ဆောက်ရေးနဲ့ လူမှုပြုပြင်ပြောင်းလဲရေးတွေကို စတင်လက်ခံလာခဲ့ပြီး၊ ဆိုရှယ်ဒီမိုကရေတစ်ဝါဒထဲက သဘောတရားအချို့ကိုလဲ လက်ခံလာကြပါတယ်။ (၁၉၇၀) ကာလတွေရောက်တော့ ဒီအတွေးအခေါ်တွေကို အသစ်ထပ်မံပေါ်ထွက်လာတဲ့ လက်ယာသစ် (New Right) ၀ါဒက ဖိအားပေးမှုတွေ ရှိလာခဲ့ပါတယ်။
ကွန်ဆာဗေးတစ်ဝါဒရဲ့ အခြေခံစည်းမျဉ်းကတော့ အစဉ်အလာ၊ ဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်း စောင့်ရှောက်ရေး ဖြစ်ပါတယ်။ အစဉ်အလာတွေဟာ ခေတ်သမိုင်းအဆက်ဆက်မှာ ဖြတ်သန်းပေါ်ထွက် လာခဲ့တဲ့ ဥာဏ်ပညာတွေကို ပေါင်းစုထားတာဖြစ်ပြီး၊ နှစ်ပေါင်းများစွာ လေ့လာစမ်းသပ်ထားပြီး ဖြစ်တာကြောင့် နောင်
မျိုးဆက်တွေရဲ့ အကျိုးစီးပွားတွေအတွက် လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက် သင့်ကြောင်း ကွန်ဆာဗေးတစ်ဝါဒီတွေက ယူဆကြပါတယ်။ ကွန်ဆာဗေးတစ်တွေက သူတို့ရဲ့ ဆောင်ရွက်ချက်တွေဟာ လက်တွေ့ကျသော အခြေအနေ၊ လက်တွေ့ကျသော မျှော်မှန်းချက်များနဲ့ အညီပေးထွက်လာတာ ဖြစ်တဲ့အတွက် ကွန်ဆာဗေးတစ်ဝါဒကို နိုင်ငံရေးအိုင်ဒီရော်လော်ဂျီအဖြစ် မသတ်မှတ်ပဲ ဘ၀ချဉ်းကပ်မှုတခုအနေနဲ့ ရှုမြင်ဖို့ ငြင်းဆိုချက်တွေ ပြုလုပ်ကြပါတယ်။
ကွန်ဆာဗေးတစ်ဝါဒအရ လူသားတွေဟာ မှီခိုတတ်တဲ့ သဘောသဘာဝရှိတဲ့အတွက် တည်ငြိမ် အေးချမ်းသော လူ့အဖွဲ့အစည်းရှိဖို့ လိုအပ်ပါတယ်။ လူသားတွေကို တကိုယ်ကောင်းစိတ်တွေ၊ လောဘတွေနဲ့ အာဏာရူးသွပ်စိတ်တွေက လွှမ်းမိုးထားတဲ့အတွက် လူသားတွေဟာ စိတ်ပိုင်းဆိုင်ရာအရ ပျက်ယွင်းနေသူများလဲ ဖြစ်ပါတယ်။ ဒါကြောင့် ရာဇ၀တ်မှုများ၊ တည်ငြိမ်အေးချမ်းရေး ပျက်စီးမှုများ ပေါ်ထွက်လာရခြင်း ဖြစ်တဲ့အတွက် အင်အားကြီးမားသော နိုင်ငံတော်၊ တင်းကြပ်တဲ့ ဥပဒေ၊ ပြင်းထန်သော ပြစ်ဒဏ်ပေးမှုများနဲ့ ငြိမ်ဝပ်ပိပြားရေးကို တည်ဆောက်ဖို့လိုတယ်လို့ ကွန်ဆာဗေးတစ် ၀ါဒီ များက ယုံကြည်ကြပါတယ်။
ဒါတင်မကပဲ အချို့လူတွေဟာ ကိုယ်ပိုင်အကျိုးစီးပွားကို ရယူခံစားဖို့အတွက် ဗဟုသုတ၊ အတွေ့ အကြုံနဲ့ ပညာရေးတွေမှာ အားနည်းချက်တွေ ရှိနေတာကြောင့် ဦးဆောင်မှု၊ လမ်းညွန်မှုနဲ့ ပံ့ပိုးမှုတွေကို မိဘက သားသမီးတွေကို ပေးအပ်သလိုပုံစံမျိုးနဲ့ လုပ်ဆောင်ပေးဖို့ လိုအပ်ကြောင်းနဲ့ အထက်မှ အာဏာကျင့်သုံးမှု ရှိရမှာဖြစ်ကြောင်း ကွန်ဆာဗေးတစ်များက ယုံကြည်လက်ခံကြပါတယ်။ ဒါကြောင့် authority ဟာ ကွန်ဆာဗေးတစ်ဝါဒရဲ့ အဓိက တန်ဖိုးဖြစ်ပြီး၊ လွတ်လပ်မှုဟာလဲ တာဝန်ဝတ္တရားနဲ့ ပူးတွဲတည်ရှိကြောင်း အဆိုပြုထားကြပါတယ်။
ဒီလို နိုင်ငံတော်မှ ပြည်သူအား မိဘမှ သားသမီးကို စောင့်ရှောက်ခြင်းကဲ့သို့ အုပ်ချုပ်သောသဏ္ဍာန်၊ တာဝန်ဝတ္တရား၊ hierarchy စတဲ့ သဘောတရားများအပေါ် အခြေခံထားတဲ့ ကွန်ဆာဗေးတစ်ဝါဒကို paternalistic conservatism လို့ သတ်မှတ်ခေါ်တွင်ကြပါတယ်။ ဥရောပကွန်ဆာဗေးတစ်များက နောက်ထပ်ဖော်ထုတ်ထားတဲ့ အခြေခံသဘောတရားတရပ်ကတော့ ခရစ်ယန်ဒီမိုကရေစီ သဘောတရားဖြစ်ပါတယ်။ ဒီသဘောတရားကို ဂျာမန် ခရစ်ယန် ဒီမိုကရက်များရဲ့ လူမှုဈေးကွက် ဒဿနိကဗေဒ (social market philosophy) မှာ တွေ့မြင်နိုင်ပါတယ်။ ဒီဒဿနိကဗေဒရဲ့ အခြေခံတန်ဖိုးကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများနဲ့ ပြိုင်ဆိုင်များပြုလုပ်ရာမှာ ဈေးကွက် မဟာဗျူဟာများကို အသုံးပြုရာကတန်းတူညီမျှမှု စတဲ့ သဘောတရားတွေကို ဖက်ဆစ်ဝါဒီတွေက ခေါင်းဆောင်၊ အာဏာ၊ ဟီးရိုးဝါဒ၊ စစ်ပွဲ၊ အာဏာ စတာတွေနဲ့ အစားထိုးခဲ့ပါတယ်။ ဖက်ဆစ်ဝါဒကို အရင်းရှင်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ ကွန်ဆာဗေးတစ် ၀ါဒနဲ့ လစ်ဘရယ်ဝါဒ စတဲ့ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီများ အားလုံးကို ဆန့်ကျင်သော ၀ါဒတခုအဖြစ် ပုံဖော်ထားကြပါတယ်။
ဖက်ဆစ်ဝါဒရဲ့ အဓိကယုံကြည်ချက်ကတော့ ညီညွတ်ခြင်းအင်အား (strength through unity) ဖြစ်ပါတယ်။ ဖက်ဆစ်နိုင်ငံတော်ရဲ့ သားကောင်းဆိုတာကို တာဝန်၊ သစ္စာရှိမှုနဲ့ ကိုယ်ကျိုးစွန့်မှု ဆိုတာ တွေနဲ့ ပုံဖော်ထားပြီး၊ နိုင်ငံတော်ရဲ့ သားကောင်းဟာ သူ့နိုင်ငံနဲ့ လူမျိုးအတွက် အထက်က ပေးအပ် လာတဲ့ တာဝန်ကို ပြန်လှန်မေးခွန်းထုတ်ခြင်း၊ စဉ်းစားသုံးသပ်ခြင်းမရှိပဲ အသက်ပေး ထမ်းဆောင်ခြင်း ဆိုတာက ဖက်ဆစ်ဝါဒရဲ့ ideal ဖြစ်ပါတယ်။
ဖက်ဆစ်ဝါဒီတွေရဲ့ အတွေးအခေါ်တွေ အားလုံးကတော့ တထပ်တည်း မတူညီပါဘူး။ အီတလီ ဖက်ဆစ်ဝါဒက အစွန်းရောက် နိုင်ငံတော်ဝါဒ ဖြစ်ပါတယ်။ နိုင်ငံသားတွေဟာ နိုင်ငံတော် အပေါ်မှာ ပြန်လှန်မေးခွန်းမထုတ်တဲ့ အလုံးစုံလေးစားမှုနဲ့ သစ္စာရှိမှု ရှိရပါတယ်။ ဖက်ဆစ်တွေးခေါ် ပညာရှင် Gentile (၁၈၇၅-၁၉၄၄) က "အစစအရာရာဟာ နိုင်ငံတော်ပဲ ဖြစ်ရမယ်။ နိုင်ငံတော်ကို မဆန့်ကျင်ရဘူး။ နိုင်ငံတော်ရဲ့ ပြင်ပမှာ မဟုတ်ရဘူး" ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။
ဂျာမန်ဖက်ဆစ်ဝါဒ ကကျတော့ လူမျိုးရေး ခွဲခြားမှုအပေါ်မှာ အခြေတည်တဲ့ ဂျာမန်အမျိုးသားရေး ဆိုရှယ်လစ်ဝါဒ အပေါ်မှာ အခြေခံထားပါတယ်။ ဂျာမန်ဖက်ဆစ်ဝါဒဟာ သီအိုရီနှစ်ခုအပေါ်မှာ အခြေခံ ထားပါတယ်။ ပထမသီအိုရီကတော့ ဂျာမန်အမျိုးသားတွေဟာ သခင်လူမျြိုးဖစ်ပြီး၊ ကမ္ဘာကို စိုးမိုးအုပ်ချုပ် ရမယ်လို့ ယုံကြည်တဲ့ Aryanism သီအိုရီဖြစ်ပြီး၊ ဒုတိယသီအိုရီကတော့ ဂျူးတွေဟာ ဂျာမန်လူမျိုးတွေကို ဖျက်ဆီးဖို့ ပေါ်ထွက်လာတဲ့ မကောင်းဆိုးဝါးတွေဖြစ်တယ်ဆိုတဲ့ anti-Semitism သီအိုရီ အမျိုးအစား တမျိုး ဖြစ်ပါတယ်။
Alternative Spectrum of Political Ideologies
Alternative Spectrum မှာ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒ၊ လက်ယာသစ် (New Right)၊ လက်ဝဲသစ် (New Left) နဲ့ မင်းမဲ့ဝါဒ (Anarchism) စတာတွေ ပါဝင်ပါတယ်။

(၁) ဆိုရှယ်ဒီမိုကရက်တစ်ဝါဒ

ဆိုရှယ်ဒီမိုကရက်တစ်ဝါဒဟာ classical liberalism နဲ့ revolutionary socialism သဘောတရားတွေကို ချိန်ခွင်ညှိထားတဲ့ သဘောတရားဖြစ်ပါတယ်။ ပထမသဘောတရားက ဈေးကွက်ကို ဦးစားပေးပြီး၊ ဒုတိယ သဘောတရားက ဘုံပိုင်ဆိုင်မှုကို ဦးစားပေးတာ ဖြစ်ပါတယ်။ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒကို ဈေးကွက်နဲ့ နိုင်ငံတော်အကြားက ချိန်ခွင်လျှာ၊ တဦးချင်းစီနဲ့ အများအကြားက ချိန်ခွင်လျှာအဖြစ်လဲ သတ်မှတ် ပြောဆိုကြပါတယ်။ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒဟာ အရင်းရှင်စနစ်ကို ကြွယ်ဝချမ်းသာမှုတွေ ဖော်ထုတ် ပေးနိုင်တဲ့ တခုတည်းသော ယန္တရားအဖြစ် သတ်မှတ်လက်ခံထားသလို၊ အခြားတဘက်မှာလဲ ဒီလိုချမ်းသာကြွယ်ဝမှုတွေကို ပြန်လည်မျှဝေသုံးစွဲသင့်ကြောင်း လက်ခံထားပါတယ်။
(၂၀) ရာစုအစောပိုင်းကာလတွေမှာတုန်းက ဒီဝါဒကို ပြန်လည်ပြင်ဆင်သော ဆိုရှယ်လစ်ဝါဒ (reformist socialism) အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ (၁၉၅၉) ခုနှစ်မှာ ဂျာမန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီက မာ့က်စ်ဝါဒကို တရားဝင်စွန့်လွှတ်ကြောင်း ကြေငြာခဲ့ပြီး၊ "ဖြစ်နိုင်မှုရှိလျှင် ပြိုင်ဆိုင်ခြင်း၊ လိုအပ်ချက်ရှိလျှင် ကြိုတင်စီမံခြင်း ဆိုတဲ့ သဘောတရားကို ကျင့်သုံးခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ၊ အလုပ်သမားပါတီကလဲ ပါတီရဲ့ ဆိုရှယ်လစ်ဝါဒ ယုံကြည်ချက်ကို တန်းတူညီမျှခြင်းဆိုတဲ့ သဘောတရား အပေါ်မှာပဲ ကန့်သတ်ချက် သတ်မှတ်ထားရှိခဲ့ပါတယ်။
ပေးခြင်းကိုတော့ မလုပ်ဆောင်နိုင်ပါဘူး။ ဒီဝါဒနှစ်ရပ်အကြားမှာ ကွဲပြားခြားနားမှုတွေ၊ တင်းမာမှုတွေ ရှိတာကြောင့် ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေလဲ ပေါ်ထွက်လာပါတယ်။ နိုင်ငံရေး တွေးခေါ်ပညာရှင် Andrew Gamble က " လွတ်လပ်သောစီးပွားရေးအဆောက်အအုံနဲ့ အင်အားကြီး သော နိုင်ငံတော် (the free economy and the strong state) “ အဖြစ် ရပ်တည်မှုဟာ အကောင်းဆုံး ပေါင်းစပ်နိုင်သော နည်းလမ်းအဖြစ် အကြံပြုထားပါတယ်။

(၃) လက်ဝဲသစ်

လက်ဝဲသစ်အတွေးအခေါ်တွေရဲ့ မျိုးစေ့က ဆိုဗီယက်ပြည်ထောင်စုမှာ de-Stalinization လုပ်တဲ့ ကာလမှာ အစပြုလာခဲ့တာ ဖြစ်ပါတယ်။ (၁၉၅၆) ခုနှစ်၊ ဖေဖော်ဝါရီလမှာ Nikita Khrushchev ရဲ့ မိန့်ခွန်းမှာ "On the Cult of Personality and Its Consequences" ဆိုတဲ့ စကားလုံးပါဝင်ခဲ့တာက အမေရိကန်ပြည်ထောင်စုကွန်မြူနစ်ပါတီ၊ ဗြိတိန်နိုင်ငံ ကွန်မြူနစ်ပါတီနဲ့ ဂျပန်ကွန်မြူနစ်ပါတီတို့ကို အတွေးအခေါ် ရှုပ်ထွေးမှုတွေ ဖြစ်သွားစေခဲ့ပါတယ်။ ငယ်ရွယ်တဲ့ မာ့က်စ်ဝါဒီပညာရှင်တွေက သူတို့ရဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ ဗဟိုဦးစီးဝါဒကို ဆန့်ကျင်လာကြပါတယ်။ ဒီလိုဆန့်ကျင်လာကြတဲ့ ကွန်မြူနစ်များ ပေါင်းစည်းမိရာက လက်ဝဲသစ်ဝါဒ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ကနဦးအစမှာ ဗြိတိန်နိုင်ငံက ကွန်မြူနစ်ပညာရှင်များနဲ့ တက္ကသိုလ်အခြေပြု လေ့လာရေးအုပ်စုဝင်များနဲ့ အမေရိကန် ပြည်ထောင်စုက တက္ကသိုလ်ကောလိပ်အခြေပြု လေ့လာရေးအုပ်စုများ ပေါင်းစည်းပါဝင်လာကြပါတယ်။
ပြင်သစ်မှာတော့ "nouvelle gauche" ဆိုတဲ့ သဘောတရားတရပ်က (၁၉၅၀) ကာလတွေမှာ ကတည်းက ပေါ်ပေါက်နေခဲ့ပါတယ်။ ဒီလိုပေါ်ထွက်နေမှုက France Observateur ရဲ့ အယ်ဒီတာClaude Bourdet နဲ့ ဆက်နွယ်နေပါတယ်။ Claude Bourdet ဆိုသူက စတာလင်ဝါဒနဲ့ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒတို့အကြားနဲ့ စစ်အေးတိုက်ပွဲဘက်နှစ်ဘက်အကြားမှာ ရှိနိုင်တဲ့ တတိယ သဘောတရားတရပ်ကို ရှာဖွေဖော်ထုတ်နေသူဖြစ်ပါတယ်။ ဒါက ပြင်သစ်ရဲ့ လက်ဝဲသစ်ဝါဒဖြစ်ပြီး၊ ဗြိတိန်က ဒီစကားလုံးကို ဆက်လက်သုံးစွဲခဲ့တာ ဖြစ်ပါတယ်။
(၁၉၆၀) ခုနှစ်မှာ လူမှုဗေဒပညာရှင် C. Wright Mills (1916–62) ရေးသားခဲ့တဲ့ အိတ်ဖွင့်ပေးစာကို အကြောင်းပြုပြီး လက်ဝဲသစ်ဝါဒက ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ Mills က လက်ဝဲအစဉ်အလာ တရပ်ဖြစ်တဲ့ အလုပ်သမားလူတန်းစားကိုယ်စားပြုလှုပ်ရှားမှု (labor metaphysic) နဲ့ သက်ဆိုင်ခြင်း မရှိတဲ့ new leftist ideology အကြောင်းကို အိတ်ဖွင့်ပေးစာမှာ ရေးသားထားခဲ့ပါတယ်။ သူ့စာအရ ပစ္စည်းမဲ့လူတန်းစားတွေဟာ တော်လှန်ရေးအင်အားစုတွေ မဖြစ်နိုင်တော့ကြောင်းနဲ့ တော်လှန်ရေး ပြောင်းလဲမှုကို လုပ်ဆောင်နိုင်မယ့် လူသစ်တွေဟာ ကမ္ဘာတ၀ှမ်းက ပညာတတ်လူငယ်တွေဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။
ဗြိတိန်နိုင်ငံမှာ (၁၉၆၀) ခုနှစ်မှာ New Left Review ဆိုတဲ့ ဂျာနယ်တစောင် စတင်ပေါ်ထွက် လာခဲ့ပါတယ်။ ဒီကာလတွေမှာတုန်းက လက်ဝဲသစ်ဝါဒီအများစုဟာ Campaign for Nuclear Disarmament မှာ ပါဝင်ခဲ့ကြပါတယ်။ (၁၉၆၁) နှောင်းပိုင်းကလာရောက်တော့ ဒီလှုပ်ရှားမှု အားပျော့ လာတဲ့အတွက် ဂျာနယ်ထုတ်ဝေရေးဘုတ်အဖွဲ့ဝင်များအကြားမှာ မရေရာမှုနဲ့ ကွဲပြားမှုတွေ ပေါ်ထွက် လာပြီး ဂျာနယ်ထုတ်ဝေရေးကို မျိုးဆက်သစ်လူငယ်များရဲ့ လက်ထဲကို လွှဲပြောင်းပေး ခဲ့ရပါတယ်။
(၁၉၆၀-၇၀) ကာလတွေမှာတော့ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့မှာ လက်ဝဲသစ်ဝါဒ လှုပ်ရှားမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ လက်ဝဲသစ် ၀ါဒီတွေက အလုပ်သမားလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားမှုထက် ကျောင်းသားလှုပ်ရှားမှုကို ပိုမိုဇောင်းပေးကြပါတယ်။
မာ့က်စ်ဝါဒရဲ့ ပစ္စည်းမဲ့ လူတန်းစားများအပါအ၀င် လူထုလူတန်းစားပေါင်းစုံရဲ့ တက်ကြွလှုပ်ရှားမှု သဘောတရားများကို ဆန့်ကျင်ပြီး၊ ကျောင်းသား လှုပ်ရှားမှုကိုသာ လှုပ်ရှားမှု ပါဝါအဖြစ် သတ်မှတ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံ တို့မှာ ပေါ်ထွက်ခဲ့တဲ့ လက်ဝဲသစ်ဝါဒ လှုပ်ရှားမှုတွေဟာ ဟစ်ပီလှုပ်ရှားမှုတွေ၊ တက္ကသိုလ်ကျောင်း အလိုက် ဆန္ဒပြပွဲတွေနဲ့ ဆက်နွယ်နေခဲ့ပါတယ်။ (၁၉၆၈) ခုနှစ်မှာ ကမ္ဘာနဲ့အ၀ှမ်း ကျောင်းသား လှုပ်ရှားမှုတွေ အရှိန်မြင့်လာပြီး၊ ကျောင်းသားဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ထွက်လာခဲ့ပါတယ်။

(၄) မင်းမဲ့ဝါဒ

မင်းမဲ့ဝါဒဟာ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီတွေ အကြားမှာ မူမှန်မဟုတ်တဲ့ အိုင်ဒီရော်လော်ဂျီတခု ဖြစ်ပါတယ်။ ဘယ်လို မင်းမဲ့ပါတီကမှ ကမ္ဘာပေါ်မှာ အာဏာမရခဲ့ဖူးပါဘူး။ ဒါပေမယ့် မင်းမဲ့ဝါဒီများရဲ့ လှုပ်ရှားမှုများကတော့ အားကောင်းလှပါတယ်။ အထူးသဖြင့် စပိန်၊ ပြင်သစ်၊ ရရုရှားနဲ့ မက်ဆီကိုနိုင်ငံ တို့မှာ မင်းမဲ့ဝါဒီများရဲ့ လှုပ်ရှားမှုများ အားကောင်းခဲ့ပါတယ်။ မင်းမဲ့ဝါဒီတွေက နိုင်ငံရေးအာဏာတွေ၊ အထူးသဖြင့် နိုင်ငံတော်အာဏာဟာ evil အာဏာဖြစ်ပြီး၊ လိုအပ်တဲ့ အာဏာမဟုတ်ကြောင်း ယုံကြည် ထားကြပါတယ်။
နိုင်ငံတော်အာဏာနဲ့ အစိုးရအုပ်ချုပ်မှုကင်းမဲ့သော လူ့အဖွဲ့အစည်းအတွင်းမှာ လွတ်လပ်တဲ့ လူတွေဟာ သူတို့ရဲ့ အရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်မှု၊ သဘောတူညီချက်တွေနဲ့ စီမံခန့်ခွဲသွားကြမယ် ဆိုတဲ့ မင်းမဲ့ဝါဒအတွေးအခေါ်တွေဟာ liberal individualism နဲ့ socialist communitarianism အတွေးအခေါ်များကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။
liberal individualism အတွေးအခေါ်မှာ တဦးချင်းဝါဒနဲ့ လွတ်လပ်ခွင့်ကို အမြင့်မားဆုံး လိုအပ်သော ဆန္ဒတွေ ပါဝင်ပါတယ်။ ဒါပေမယ့် လစ်ဘရယ်တွေက နိုင်ငံတော်နဲ့ အစိုးရတည်ရှိမှုကို ငြင်းဆန်ခြင်း မရှိပဲ၊ individual anarchists တွေကတော့ နိုင်ငံတော်နဲ့ အစိုးရတည်ရှိမှုဆိုတာကို ငြင်းဆန်ကြပါတယ်။ မင်းမဲ့ဝါဒီတဦးဖြစ်တဲ့ William Godwin (၁၇၅၆- ၁၈၃၆) ဆိုသူက လွတ်လပ်ပြီး၊ အမြော်အမြင်ရှိတဲ့ လူသားတွေဟာ သူတို့ရဲ့ အရေးကိစ္စတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်သူများဖြစ်ပြီး၊ အစိုးရဆိုတာ မလိုလားအပ်တဲ့ ၀င်ရောက်စွက်ဖက် စီမံခန့်ခွဲနေတဲ့ အရာဖြစ်ကြောင်း အဆိုပြုထားခဲ့ပါတယ်။ မင်းမဲ့ဝါဒီတွေက လစ်ဘရယ်ဝါဒရဲ့ လွတ်လပ်သော ဈေးကွက်သဘောတရားများကိုလဲ လက်ခံကြ ပါတယ်။ သို့ပေမယ့် လူသားတွေဟာ ဈေးကွက်ကို လွတ်လပ်စွာ စီမံခန့်ခွဲနိုင်တဲ့အတွက် နိုင်ငံတော်နဲ့ အစိုးရရဲ့ အခန်းကဏ္ဍမလိုအပ်ကြောင်း ယူဆကြပါတယ်။ ဒီအယူအဆတွေကနေ anarchocapitalism ဆိုတဲ့ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
မင်းမဲ့ဝါဒကို နောက်ထပ်လွှမ်းမိုးစေတဲ့ အတွေးအခေါ်တွေကတော့ socialist communitarianism ဖြစ်ပါတယ်။ ဒီအတွေးအခေါ်ထဲက လူ့အဖွဲ့အစည်း၊ ပူးပေါင်းဆောင်ရွက်မှု၊ တန်းတူညီမျှမှု စတဲ့ သဘောတရားတွေကို မင်းမဲ့ဝါဒီတွေက လက်ခံကြပါတယ်။ လူမှုသွေးစည်းညီညွတ်ရေး (social solidarity) ရရှိရေးအတွက် လူသားတွေရဲ့ စွမ်းရည်တွေ လိုအပ်ချက်ကို အာရုံစိုက်တဲ့ Collective anarchism ဆိုတဲ့ အိုင်ဒီရော်လော်ဂျီတရပ်ပေါ်ထွက်လာပါတယ်။ ဒီအိုင်ဒီရော်လော်ဂျီကို ဖော်ထုတ်ခဲ့တဲ့ ပြင်သစ်မင်းမဲ့ဝါဒီ Pierre-Joseph Proudhon ဆိုသူက လွတ်လပ်သော လယ်သမားများ၊ အနုပညာရှင်များ၊ လက်မှုပညာရှင်များ ပါဝင်တဲ့ လူ့အဖွဲ့အစည်းငယ်လေးတွေဟာ အရင်းရှင်စနစ်ရဲ့ အမြတ်ထုတ်မှုတွေ၊ မတရားမှုတွေ မပါဝင်သော တရားမျှတပြီး တန်းတူညီမျှတဲ့ စနစ်တွေကို အသုံးပြုပြီး သူတို့ဘ၀ကို သူတို့ စီမံခန့်ခွဲနိုင်တယ်လို့ ဆိုထားခဲ့ပါတယ်။ မင်းမဲ့ဝါဒနဲ့ ပတ်သက်ပြီး ထင်ရှားကျော်ကြားတဲ့ အခြားတွေးခေါ်ပညာရှင်များကတော့ Noam Chomsky နဲ့ Murray Bookchin ဆိုသူတို့ပဲ ဖြစ်ပါတယ်။
Moral Matrix of Political Ideologies
Moral Matrix of Political Ideologies တွေထဲမှာ အမျိုးသားကွန်မြူနစ်ဝါဒ (National Communism)၊ နိုင်ငံတကာကွန်မြူနစ်ဝါဒ (International Communism)၊ အမျိုးသားဆိုရှယ်လစ်ဝါဒ (National Socialism)၊ နိုင်ငံတကာဆိုရှယ်လစ်ဝါဒ (International Socialism)၊ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒ၊ ဆိုရှယ်ရီပတ်ဘလီကန်ဝါဒ (Social Republicanism)၊ အရင်းရှင်ဒီမိုကရက်တစ်ဝါဒ၊ အရင်းရှင် ရီပတ်ဘလီကန်ဝါဒ (Capitalist Republicanism)၊ တိုးတက်သောဝါဒ (Progressivism)၊ နီရိုလစ်ဘရယ်ဝါဒ (Neo-liberalism) ၊ အမျိုးသားရေးဝါဒ (Nationalism) စတာတွေ ပါဝင်ပါတယ်။

(၁) အမျိုးသား ကွန်မြူနစ်ဝါဒ

အမျိုးသား ကွန်မြူနစ်ဝါဒရဲ့ အခြေခံ သဘောတရားကတော့ ကွန်မြူနစ်ဝါဒရဲ့ အဆုံးစွန်ရည်မှန်းချက်များ ပြည့်မှီရေးအတွက် သက်ဆိုင်ရာ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းရဲ့ အခြေအနေပေါ်မှာ မူတည်တဲ့ မူဝါဒများ ချမှတ်ခြင်း ဖြစ်ပါတယ်။ (၁၉၄၀) ကနေ (၁၉၈၀) အထိ ကာလတွေမှာ ဒီအိုင်ဒီရော်လော်ဂျီကို ဆိုဗီယက်လွှမ်းမိုးမှုအောက်က ရုန်းထွက်လိုသော အရှေ့ဥရောပ ကွန်မြူနစ်များက ယုံကြည်ခဲ့ကြ ပါတယ်။ ယူဂိုဆလပ်ကွန်မြူနစ်ခေါင်းဆောင် Josip Broz Tito က သီးခြားနိုင်ငံခြားရေး ၀ါဒ ချမှတ်ကျင့်သုံးနိုင်ရေးအတွက် အမျိုးသားကွန်မြူနစ်ဝါဒကို ကိုင်စွဲပြီး ဆိုဗီယက်ရဲ့ ရည်မှန်းချက်များနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။ ဆိုဗီယက်- ယူဂိုဆလပ်တို့အကြား တင်းမာမှုများ ပြင်းထန်လာခဲ့ပြီး၊ (၁၉၄၈) ခုနှစ်မှာ Tito ရဲ့ ပါတီကို Cominform (Communist Information Bureau) ကနေ ဖယ်ရှားခြင်း ခံခဲ့ရပါတယ်။ ဆိုဗီယက်တို့ရဲ့ စစ်ရေးနဲ့ စီးပွားရေး ပိတ်ဆို့ခံခဲ့ရပေမယ့် ယူဂိုဆလပ် အမျိုးသားခေါင်းဆောင်တဦးဖြစ်တဲ့ Tito ရဲ့အာဏာကတော့ မကျဆင်းသွားခဲ့ပါဘူး။
(၁၉၅၃) ခုနှစ်မှာ စတာလင်သေဆုံးသွားချိန်မှာပဲ ဟန်ဂေရီမှာ လစ်ဘရယ်ကွန်မြူနစ် Imre Nagy အာဏာရလာခဲ့ပါတယ်။ သူ့ရဲ့ အမျိုးသားကွန်မြူနစ်ဝါဒ ပရိုဂရမ်ဟာ ကုန်သွယ်ရေးနဲ့ လက်မှုလုပ်ငန်း များကို ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများအဖြစ် ပြန်လည်လုပ်ဆောင်ခွင့်ပေးခဲ့ပြီး၊ စက်မှုလုပ်ငန်း ရင်းနှီး မြှုပ်နှံမှုတွေထက် လယ်ယာစိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှုကို ပိုမိုဦးစားပေးခဲ့ပါတယ်။ religious tolerance ကို တရားဝင်မူဝါဒအဖြစ် ကျင့်သုံးခဲ့ပါတယ်။ ဒါကြောင့် (၁၉၅၅) မှာ Nagy ရဲ့ ပါတီနဲ့ နိုင်ငံတော်အဆင့် ရာထူးတွေ ကျဆင်းသွားခဲ့ပါတယ်။ (၁၉၅၆) ခုနှစ်မှာတော့ Nagy ဟာ ကွန်မြူနစ်မဟုတ်သူများနဲ့ ပူးပေါင်းပြီး၊ ဆိုဗီယက်ဆန့်ကျင်အာဏာပိုင်အစိုးရကို အသက်သွင်းဖို့ ကြိုးပမ်းလာခဲ့တာကြောင့် ဆိုဗီယက်တွေက ဟန်ဂေရီကို သိမ်းပိုက်ပြီး၊ သူ့လောက် ဆိုဗီယက်ဆန့်ကျင်ရေးစိတ်ဓာတ် မပြင်းထန်တဲ့ အမျိုးသားကွန်မြူနစ်ဝါဒီ János Kádár ရဲ့ လက်ထဲကို အာဏာအပ်ခဲ့ပါတယ်။ (၁၉၅၆) နောက်ပိုင်းကာလတွေမှာ အီတလီကွန်မြူနစ်ပါတီက polycentric communist world ကို ထောက်ခံအားပေးခဲ့ပါတယ်။ စပိန်နိုင်ငံမှာလဲ (၁၉၇၅) ခုနှစ်မှာ ဖရန်ကို သေဆုံးသွားပြီးနောက်ပိုင်းမှာ စပိန်ကွန်မြူနစ်များက အမျိုးသားကွန်မြူနစ်ဝါဒ အမျိုးအစားတမျိုးဖြစ်တဲ့ “Eurocommunism” ကို လက်ခံလာကြပါတယ်။

(၂) နိုင်ငံတကာ ကွန်မြူနစ်ဝါဒ

(၁၈၄၆) ခုနှစ်မှာ ကားလ်မာ့က်စ်နဲ့ အိန်ဂယ်တို့က Communist Corresponding Committee ကို ဘရပ်ဆဲလ်မှာ တည်ထောင်ခဲ့ပါတယ်။ အဖွဲ့ခွဲတွေကိုလဲလန်ဒန်နဲ့ ပါရီမြို့တို့မှာ ဆက်လက်တည်ထောင် ထားခဲ့ပေမယ့်၊ အပြိုင်အဆိုင်တွေရှိတာကြောင့် အဖွဲ့များအချင်းချင်း စည်းလုံးမှု မရှိခဲ့ပါဘူး။ သို့ပေမယ့် (၁၈၄၇) ခုနှစ်မှာ လန်ဒန်အခြေစိုက် ကော်မတီက အဖွဲ့အစည်းတခုအဖြစ် စုပေါင်းရပ်တည်သင့်ကြောင်း အဆိုတင်သွင်းလာပြီး၊ ဇန်န၀ါရီလ (၂၀) ရက်နေ့မှာ Schapper က မာ့က်စ်ကို လန်ဒန် ကွန်ဂရက်ကို တက်ရောက်ဖို့ ဖိတ်ခေါ်စာပို့ခဲ့ပါတယ်။ ဇွန်လမှာ ကွန်ဂရက်ကျင်းပနိုင်ခဲ့ပြီး၊ Communist Leagueပေါ်ထွက်လာခဲ့ပါတယ်။ Communist League ကို လူ (၃) ဦးအနည်းဆုံး ပါဝင်ပြီး၊ လူဆယ်ဦးထက် မပိုတဲ့ "communes" တွေပေါ်မှာ အခြေခံဖွဲ့စည်းပြီး၊ ဒီလို အခြေခံယူနစ်လေးတွေကို ကြီးမားတဲ့ ယူနစ် "circles" တွေအဖြစ် ပြန်လည်ပေါင်းစည်းထားပါတယ်။ ဒါတွေကို "leading circles" အဖြစ် ဗဟိုကော်မတီက ဦးဆောင်ပါတယ်။ ဗဟိုကော်မတီကိုတော့ ပုံမှန်ကျင်းပတဲ့ ကွန်ဂရက်က ရွေးချယ်ပါတယ်။
ဒုတိယအကြိမ်ကွန်ဂရက်ကို (၁၈၄၇) ခုနှစ်မှာ လန်ဒန်မှာ ထပ်မံကျင်းပခဲ့ပြီး၊ မာ့က်စ်နဲ့အိန်ဂယ်တို့ကို အဖွဲ့အစည်းရဲ့ ကြေငြာစာတမ်းကို ရေးသားဖို့အတွက် ကွန်ဂရက်က တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒီကြေငြာ စာတမ်းဟာ နောင်တချိန်မှာ ကျော်ကြားလာတဲ့ ကွန်မြူနစ်ကြေငြာစာတမ်း (The Communist Manifesto) ဖြစ်ပါတယ်။ နိုင်ငံတကာကွန်မြူနစ်ဝါဒရဲ့ အဓိက ရည်မှန်းချက်ကတော့ ပစ္စည်းမဲ့လူတန်းစားများ၊ အဖိနှိပ်ခံပြည်သူများ၊ အဖိနှိပ်ခံ အမျိုးသားများနဲ့ သွေးစည်းခိုင်မြဲစွာ ပေါင်းစည်း ပြီး၊ အရင်းရှင်များ၊ ဖိနှိပ်သူများ၊ ဗိုလ်ကျစိုးမိုးသူများကို ဆန့်ကျင်တော်လှန်ခြင်း ဖြစ်ပါတယ်။ ဒါကို ပစ္စည်းမဲ့ နိုင်ငံတကာဝါဒ အဖြစ်လဲ သတ်မှတ်ခေါ်တွင်ကြပါတယ်။

(၃) အမျိုးသား ဆိုရှယ်လစ်ဝါဒ

အမျိုးသားဆိုရှယ်လစ်ဝါဒမှာ ဂျာမန်အတွေးအခေါ်မျိုးစေ့တွေ ပါဝင်ပါတယ်။ အစအနလေးတွေကို Frederick William I (1688–1740)၊ Frederick the Great (1712–68) နဲ့ Otto von Bismarck (1815–98) တို့ခေတ်က Prussian tradition မှာ တွေ့မြင်နိုင်ပါတယ်။ ဒီအတွေးအခေါ်တွေအရ တိုက်ခိုက်ရေးစိတ်ဓာတ်နဲ့ ပါရှန်းစစ်တပ်ရဲ့ စည်းကမ်းဟာ လူတဦးချင်းစီရဲ့ ဘ၀နေထိုင်မှုသဏ္ဍာန် ဖြစ်ပါတယ်။ ဆယ့်ကိုးရာစုမှာ ဒီအတွေးအခေါ်တွေကို ဂျာမန်ပညာရှင်များဖြစ်ကြတဲ့ comte de Gobineau (1816–82)၊ Richard Wagner (1813–83) နဲ့ Houston Stewart Chamberlain (1855–1927) တို့ရဲ့ အတွေးအခေါ်တွေက ထပ်မံအားဖြည့်လာခဲ့ပါတယ်။ ဟစ်တလာရဲ့ လူငယ်ဘ၀မှာ ဒီအတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုတွေကို ခံခဲ့ရပါတယ်။
အမျိုးသားဆိုရှယ်လစ်ဝါဒဟာ ကွန်ဆာဗေးတစ်ဝါဒ၊ အမျိုးသားရေး အိုင်ဒီရော်လော်ဂျီကို လူမှု အစွန်းရောက်ဝါဒနဲ့ ပေါင်းစည်းဖို့ ကြိုးပမ်းတဲ့ ၀ါဒဖြစ်ပါတယ်။ ဒီလိုပေါင်းစည်းရာမှာ ကြီးမားကျယ်ပြန့်တဲ့ အမျိုးသားရေးဆိုင်ရာ တော်လှန်ရေးလှုပ်ရှားမှုကြီး ပေါ်ထွက်လာပါတယ်။ ဒီလှုပ်ရှားမှုဟာ လစ်ဘရယ်ဝါဒ၊ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုများနဲ့ မတူညီပဲ လူတဦးချင်းဆီကို နိုင်ငံတော်အပေါ် သစ္စာရှိရေး၊ ခေါင်းဆောင်များရဲ့ အာဏာကို အကြွင်းမဲ့လက်ခံရေးနဲ့ ရိုသေလေးစားရေး စတာတွေအပေါ်မှာ အခြေခံပါတယ်။ ဒါတင်မကပဲ လူအချင်းချင်း ကွဲပြားမှုတွေ၊ လူမျိုးဘာသာ ခွဲခြားဆက်ဆံမှုတွေ၊ နိုင်ငံရေးနဲ့ လူမှုရေး အင်စတီးကျူးရှင်းတွေကို ဖိနှိပ်မှုတွေကို ဇောင်းပေးဖော်ပြထားပါတယ်။ အမျိုးသားဆိုရှယ်လစ်ဝါဒကို အချို့ပညာရှင်များက မျက်ကန်းမျိုးချစ်ဝါဒ အဖြစ် သတ်မှတ်ကြပါတယ်။

(၄) နိုင်ငံတကာ ဆိုရှယ်လစ်ဝါဒ

ဗြိတိန်နိုင်ငံက ဆိုရှယ်လစ်အလုပ်သမားပါတီကို တည်ထောင်ခဲ့တဲ့ Tony Cliff ရဲ့ အတွေးအခေါ်များကို အခြေခံတဲ့ ထရော့စကီးအဖွဲ့အစည်းများ ပေါင်းစည်းထားတဲ့ အစုကို International Socialist Tendency (IST) အဖြစ် သတ်မှတ်ခေါ်တွင်ကြပါတယ်။ နိုင်ငံပေါင်း (၂၇) နိုင်ငံမှာ အဖွဲ့ခွဲတွေ ရှိပေမယ့် အင်အားအများဆုံးကတော့ ဥရောပ၊ အထူးသဖြင့် ဗြိတိန်နိုင်ငံမှာ ဖြစ်ပါတယ်။ IST ရဲ့ နိုင်ငံရေးဟာ ထရော့စကီး နိုင်ငံတကာ အစုအဖွဲ့များရဲ့ နိုင်ငံရေးနဲ့ တူညီပါတယ်။ တခုတည်းသော ခြားနားချက် ကတော့ IST က "state capitalist" economy ကို တည်ထောင်ရန် ရည်ရွယ်ထားပြီး၊ ထရော့စကီး ဂိုဏ်းသားများကတော့ "degenerated workers' state" ကို တည်ထောင်ရန် ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ IST က ဆိုရှယ်လစ်နိုင်ငံများဖြစ်တဲ့ အရှေ့ဥရောပနိုင်ငံများ၊ တရုတ်၊ ဗီယက်နမ်၊ မြောက်ကိုးရီးယားနဲ့ ကျူးဘားနိုင်ငံများကို classical Marxism ကနေ သွေဖည်ပြီး၊ "Stalinist" သဘောသဘာဝရှိနေတဲ့ နိုင်ငံများအဖြစ် ရှုမြင်ပါတယ်။ (၁၉၈၀) နှောင်းပိုင်းကာလတွေမှာ IST အဖွဲ့များ ကြီးထွားလာခဲ့ပါတယ်။ (၂၀၁၁) ခုနှစ်မှာ IST ရဲ့ အီဂျစ်မဟာမိတ်အဖွဲ့ဖြစ်တဲ့ တော်လှန်သော ဆိုရှယ်လစ်အဖွဲ့များက အတိုင်းအတာတခုအထိ အောင်ပွဲရရှိခဲ့ပါတယ်။

(၅) ဆိုရှယ်ရီပတ်ဘလီကန်ဝါဒ

ရီပတ်ဘလီကန်ဝါဒဆိုတာ ကိုယ်စားပြုဒီမိုကရေစီ (representative democracy) ကို ဆိုလိုချင်တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီမိုကရေစီဆိုတဲ့ စကားကို ကန့်သတ်ထားခြင်းကတော့ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ တိုက်ရိုက်ဒီမိုကရေစီ (direct democracy) ကိုသာ ဖော်ညွှန်းတယ်လို့ ယူဆတဲ့အတွက် ဖြစ်ပါတယ်။ ဆိုရှယ်ဒီမိုကရေစီနဲ့ ဆိုရှယ်ရီပတ်ဘလီကန်ဝါဒတို့အကြားက ခြားနားချက်ကတော့ ဆိုရှယ်ရီပတ်ဘလီကန်ဝါဒဟာ လက်ရှိလူတန်းစားဖွဲ့စည်းမှု နဲ့ delineations တွေကို ထိန်းသိမ်း စောင့်ရှောက်မှု ဖြစ်ပါတယ်။ ဆိုရှယ်ရီပတ်ဘလီကန်ဝါဒီ အများစုဟာ သဘောထားအသင့်အတင့်ရှိတဲ့ ကွန်ဆာဗေးတစ်များ ဖြစ်ကြပါတယ်။ ဆိုရှယ်ရီပတ်ဘလီကန်ဝါဒကို ကိုယ်စားပြုတဲ့ ပါတီများက သူတို့ပါတီတွေကို ရီပတ်ဘလီကန်ပါတီများအဖြစ် သတ်မှတ်ခေါ်တွင်ကြပါတယ်။

(၆) အရင်းရှင်ဒီမိုကရက်တစ်ဝါဒ

အရင်းရှင်စနစ်ကို အားပေးထောက်ခံသူများက လွတ်လပ်သောဈေးကွက်၊ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရဲ့ အခန်းကဏ္ဍတွေကို ဖော်ကျူးလေ့ရှိကြပါတယ်။ လူအများစုက အရင်းရှင်စနစ်ဆိုတာကို ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကို ဈေးကွက်မှာ လွတ်လပ်စွာဖလှယ်ခွင့်ရှိပြီး၊ capital goods တွေကို နိုင်ငံတော်မှပိုင်ဆိုင်မှုမရှိခြင်းလို့ နားလည်ထားကြပါတယ်။ အချို့ကတော့ အရင်းရှင်စနစ်ဟာ လုပ်သားဈေးကွက်ကို ဖန်တီးထားပြီး၊ အများပြည်သူက ဥစ္စာဓနပိုင်ဆိုင်သူများအတွက် အလုပ်များလုပ်ဆောင်ပေးရပြီး၊ လုပ်အားအပေါ်မှာ အရင်းရှင်များက လုပ်ခများပြန်လည်ပေးအပ်တယ်လို့ နားလည်ထားကြပါတယ်။

(၇) အရင်းရှင် ရီပတ်ဘလီကန်ဝါဒ

အရင်းရှင် ရီပတ်ဘလီကန်ဝါဒက လွတ်လပ်သော ဈေးကွက်ကို ထောက်ခံပေမယ့်၊ လျင်မြန်စွာ ပြောင်းလဲမှုအပေါ်မှာ ဆန့်ကျင်တဲ့ အမြင်ရှိပါတယ်။

(၈) တိုးတက်သောဝါဒ

အမေရိကန်ပြည်ထောင်စုမှာ လစ်ဘရယ်ဆိုတာကို လက်ဝဲနိုင်ငံရေးလို့ ရည်ညွှန်းပြီး၊ ကွန်ဆာဗေးတစ်ကို လက်ယာနိုင်ငံရေးလို့ ရည်ညွှန်းတတ်ကြပါတယ်။ (၁၉၉၀) နှောင်းပိုင်းကာလတွေမှာ လက်ဝဲအမြင် အချို့ကို ဖော်ပြရာမှာ တိုးတက်သောဝါဒ ဆိုတဲ့ အိုင်ဒီရော်လော်ဂျီကို သုံးစွဲလာကြပါတယ်။ ဒီလို သုံးစွဲလာရခြင်းရဲ့ အကြောင်းရင်းနှစ်မျိုးရှိပါတယ်။ ပထမတခုကတော့ အလယ်အလတ်လက်ဝဲနဲ့ အစွန်းလက်ဝဲကို ခွဲခြားရေးအတွက် ဖြစ်ပါတယ်။
လစ်ဘရယ်ကို အလယ်အလတ်လက်ဝဲ အိုင်ဒီရော်လော်ဂျီအဖြစ် ရည်ညွန်းပြီး၊ တိုးတက်သောဝါဒကို farther-left အိုင်ဒီရော်လော်ဂျီအဖြစ် ရည်ညွှန်းပါတယ်။ နောက်ထပ် အကြောင်းရင်းတခုကတော့ positive connotations ရှိတဲ့ စကားလုံး တခုကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အချို့အမေရိကန်တွေရဲ့ စိတ်ထဲမှာ လစ်ဘရယ်ဆိုတာနဲ့ ပတ်သက်ပြီး pejorative meaning တွေ ရှိနေလို့ပါပဲ။

(၉) နီယိုလီဘရယ်ဝါဒ

နီယိုလီဘရယ်ဝါဒဟာ နိုင်ငံရေးအတွေးအခေါ်တရပ်ဖြစ်ပြီး၊ နိုင်ငံရေးဘောဂဗေဒရေးရာ လှုပ်ရှားမှု တရပ်လဲ ဖြစ်ပါတယ်။ (၁၉၇၀) အစောပိုင်းကာလတွေမှာ စတင်ပေါ်ထွက်လာခဲ့ပြီး၊ စီးပွားရေးမှာ အစိုးရရဲ့ ၀င်ရောက်စွက်ဖက်မှုကို ဆန့်ကျင်တဲ့ အယူအဆဖြစ်ပါတယ်။ နီယိုလီဘရယ်ဝါဒီတွေက ထိန်းချုပ်ခြင်းကင်းမဲ့သော ဈေးကွက်အရင်းရှင်စနစ်ဟာ ကျယ်ပြန့်စွာ တိုးတက်မှုနဲ့ ထိရောက်မှု ပေးအပ်နိုင်တယ်လို့ ယူဆကြပါတယ်။ လူတိုင်းဟာ ကိုယ့်ကံကြမ္မာကို ဖန်တီးဖို့အတွက် တဦးချင်းတာဝန်ရှိတယ်လို့ ရေးသားဖော်ပြကြပါတယ်။ နီယိုလီဘရယ်ဝါဒရဲ့ အတွေးအခေါ်တွေကို လွတ်လပ်သောဈေးကွက်ဆိုင်ရာ ဘောဂဗေဒပညာရှင်များဖြစ်တဲ့ Friedrich Hayek နဲ့ Milton Friedman တို့ရဲ့ စာများမှာ တွေ့ရှိနိုင်ပါတယ်။ ဂလိုဘယ်လိုင်ဇေးရှင်းဖြစ်စဉ် အားကောင်းလာမှုနဲ့ အတူ နီယိုလီဘရယ်ဝါဒက တကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့ပါတယ်။

(၁၀) အမျိုးသားရေးဝါဒ

အမျိုးသားရေးဝါဒ ဆိုတာက တိုင်းပြည်တခု (သို့မဟုတ်) လူမျိုးတစုက သူတိုရဲ့ identity နဲ့ ပတ်သက်ပြီး၊ စုပေါင်းခံစားလက်ခံထားမှုဆိုင်ရာ သဘောတရား ဖြစ်ပါတယ်။ အမျိုးသားရေးဝါဒီတွေက တိုင်းနိုင်ငံတခုကို နိုင်ငံရေးတရားဝင်မှု အပေါ်မှာ မူတည်ပြီး တည်ထောင်ကြပါတယ်။ ဒီတိုင်းနိုင်ငံထဲမှာ နေထိုင်သူတွေဟာ လူမျိုးစု၊ လူထုလူတန်းစား၊ ဘာသာရေး စတာတွေမှာ ကွဲပြားခြားနားမှုတွေ ရှိနိုင်ပါတယ်။ သို့ပေမယ့် သူတို့ဘာသာသူတို့ သက်ဆိုင်ရာတိုင်းနိုင်ငံရဲ့ လူမျိုးအဖြစ် သတ်မှတ်ထားကြပါတယ်။ အမျိုးသားရေးဝါဒဆိုင်ရာ ကနဦးသီအိုရီများက တိုင်းနိုင်ငံအဖြစ် တည်ရှိခြင်း နဲ့ နယ်နိမိတ် အပိုင်းအခြားရှိခြင်း စတာတွေကို ဦးစားပေးပြောဆိုကြပေမယ့်၊ မော်ဒန် သီအိုရီများ ကတော့ အမျိုးသားရေးဝါဒ၊ တိုင်းနိုင်ငံဆိုတာတွေကို socially constructed phenomenon များအဖြစ် သတ်မှတ်ထားကြပါတယ်။

နိဂုံး

နိုင်ငံရေးအိုင်ဒီရော်လော်ဂျီဆိုတဲ့ စကားလုံးဟာ အလွန်ရှုပ်ထွေးပြီး၊ နယ်ပယ်ပေါင်းစုံက အဓိပ္ပာယ် ဖွင့်ဆိုချက်ပေါင်းစုံ၊ အမျိုးအစားပေါင်းစုံ၊ အတွေးအခေါ်ပေါင်းစုံနဲ့ ရောစပ်ယှက်နွယ်နေတဲ့ စကားလုံးတခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ သန်းပေါင်းများစွာသော လူသားတွေဟာလဲ အိုင်ဒီရော်လော်ဂျီနဲ့ ပတ်သက်ပြီး ငြင်းခုန်ဆွေးနွေးသူတွေက ဆွေးနွေး၊ စစ်တိုက်သူတွေကတိုက်၊ လူသတ်သူတွေကသတ်၊ ထောင်ကျသူတွေကကျ၊ ဖိနှိပ်သူတွေက ဖိနှိပ်နဲ့ဖြစ်နေကြပြီး၊ ဘာမှန်းမသိနားမလည်ပေမယ့် ဒီအိုင်ဒီရော်လော်ဂျီရဲ့ တစုံတရာသက်ရောက်မှုကို ခံစားရသူတွေကလဲ ရှိနေကြပါတယ်။
ဒုတိယ ကမ္ဘာစစ်ပြီးချိန်နဲ့ စစ်အေးတိုက်ပွဲပြီးဆုံးသွားချိန်မှာ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီတွေ အဆုံးသတ်သွားခြင်း ရှိမရှိ ပညာရှင်များအကြားက ဆွေးနွေးငြင်းခုန်မှုတွေ ရှိခဲ့ပါတယ်။ သို့ပေမယ့်လဲ အဆုံးသတ်သွားတဲ့ အိုင်ဒီရော် လော်ဂျီတွေ ရှိသလို၊ အသစ်တဖန် ထပ်မံမွေးဖွားလာတဲ့ အိုင်ဒီရော်လော်ဂျီတွေကလဲ အများအပြား ရှိလာပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေး အိုင်ဒီရော်လော်ဂျီ ဆိုတဲ့အရာဟာ နိုင်ငံရေး သီအိုရီနဲ့ နိုင်ငံရေးလက်တွေ့ ကျင့်သုံးမှုတို့အကြားက ပေါင်းကူးတံတား ဖြစ်တဲ့အတွက် နိုင်ငံရေး သတ္တ၀ါဖြစ်သော လူသားတွေရဲ့ ဘ၀တွေနဲ့ မည်သည့်အခါမှ ဝေးကွာသွားမယ့် အရာတခု မဟုတ်တာ ကတော့ မလွဲသေချာပါပဲ။

ခင်မမမျိုး (၂၃၊ ၁၊ ၂၀၁၃)

ရည်ညွှန်းကိုးကား

Albert, M. & Chris Spannos; 2006. “Parecon Today,” ZNet website, 27 Apr. 2006
Bakunin, M., (1990) Statism and Anarchy. New York: Cambridge University Press, 1990.
Beeson, M., 2009.“Developmental States in East Asia,” Asian Perspective, vol. 33, no. 2, 2009
Bello, W., 2009. “Capitalism’s Crisis and Our Response,” speech at the Conference on the Global Crisis, Berlin, 20 Mar. 2009
Bookchin, M., 2002. “The Communalist Project,” Harbinger, 1 Sep. 2002
Burke, E., 1987. Reflections on the Revolution in France. Indianapolis: Hackett.
Dahl, R., 1972. Polyarchy. New Haven, Conn.: Yale University Press.
Etzioni, A., 2006. “The Global Importance of Illiberal Moderates,” Cambridge Review of International Affairs, Sep. 2006
Francis, S., 2005. “The Return of the Repressed,” Occidental Quarterly, Fall 2005
Festenstein, M. and Kenny, M., eds., 2005. Political Ideologies. Oxford: Oxford University Press.
Fukuyama, F., (1992) The End of History and the Last Man. New York: Free Press.
Galston, W., 2010. “The Courage of Our Contradictions,” Democracy Journal, Winter 2010
Gates, B., 2008. “A New Approach to Capitalism in the 21st Century,” speech at the World Economic Forum, Davos, Switzerland, 24 Jan. 2008
Goodin, R. E., Pettit, P. and Pogge, T., 2007. A Companion to Contemporary Political Philosophy. Malden, Mass.; Oxford: Blackwell Publishing. Part II.
Hayek, F. A., (1994)The Road to Serfdom. Chicago: University of Chicago Press
Heywood, A., 2007. Political Ideologies: An Introduction. Basingstoke: Palgrave Macmillan.
Heywood, A., 2007. Politics. Basingstoke: Palgrave Macmillan.
Kymlicka, W., 2002. Contemporary Political Philosophy. Oxford: Oxford University Press.
Nozick, R., (1977) Anarchy, State and Utopia. New York: Basic Books.
Peters, C., 1983. “A Neoliberal’s Manifesto,” Washington Monthly, May 1983
Reeves, R. & Collins, P., 2009. The Liberal Republic, Demos booklet (Britain)
Satin, M., 2007. “Is There an Invisible and Exceptionally Life-Loving Political Movement in Our Midst?,” Radical Middle online newsletter, Oct. 2007
Woods Jr., T., 2010. “The Right to Nullify This Government,” Human Events, 13 Jul. 2010
Yu, W., 2004. “Our Way: Building Socialism with Chinese Characteristics,” Political Affairs, Jan. 2004





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: