လက်ခတ်သံ
( “ဘုရားငုတ်တို ရောင်တော်လွှတ်မှ ပုံတော်ဆင်ဝတ်ကြပါစို့  မောင်ကြီးရေ တော့ အောက်ပြည်ကို(ဆို) လှေတော်ထိုး ပိုးမှာလိုက်တယ် လေ လေ့” ) ၂
ဘုရားငုတ်တို လို့ ဆိုကထဲက အုပ်ကျိုးအုပ်ပဲ့တွေနဲ့  လူသူကရုမစိုက်ပြစ်ထားသော ဘုရားအို ဘုရားဟောင်း ကိုမျက်စေ့ထဲ ပြေးမြင်မိပါတယ်။  ဒီလိုဘုရားအိုမှ ရောင်တော်လွှတ်ပမလား လို့ လဲ တွေးမိပါတယ်။ အဲဒိ အခါကြမှ “ပုံတော်ဆင်ဝတ်ကြပါစို ”့ တဲ့
ပုံတော်ဆင် ဆိုတာ ပုံဏ္ဍား တို့ ဝတ်သော အဖြူရောင်ကို ဆိုလိုရင်းဖြစ်မယ် ထင်ပါတယ် ။ သီလ ဖြူစင်ချင်းကို ကိုယ်စား ပြုတာလား လို့ တွေးမိပါတယ် ။ “အောက်ပြည်ကို လှေတော်ထိုး ပိုးမှာလိုက်တယ်” ဆိုတဲ့အပိုဒ်ကြတော့ ကျနော့အတွေး ပိုကျယ်ပျံလာတယ် လှေထိုးတယ် ဆိုတဲ့ လူများဟာ ရိုးရိုးတုံးတုံး လှေထိုးရုံမှလွဲ၍ ဘာမှမလုပ်တတ်သူများဖြစ်ကြလို့  လှေကြီးထိုး ရိုးရိုးကြီး လို့ တောင် စကားပုံ ရှိပါတယ် ။ ဆိုတော့ ရိုးသားလှတဲ့ သူမရဲ့ မောင်ကြီးကို မှာလိုက်တယ် အောက်ပြည်က ပိုးဝယ်ခဲ့ပါ တဲ့ ။ ပိုးဆိုတဲ့ချည်ခင်ဟာ တရုတ်ပြည် သို့ မဟုတ် အိန္ဒိယပြည် ဖက်ကလာတာပါ ဘယ့်နှယ် အထက်အညာ ဒေသက အောက်ပြည်ကို ပိုးမှာ နေတာလဲ? ။ သူမလိုချင်တာ အောက်ပြည်ကပိုးချည်ပါ ။
အနားတ(တစ်)ဖတ်(ဘက်)တ(တစ်)ချက်ရယ်က စိမ်းနုခြယ် စိမ်းနုခြယ် အလယ်မှာ (ကောင်) သံရောင်ကွက်တယ် ချစ်တဲ့သူယက်ခဲ့တယ်
ကြည့်ပါဦး အနားတဘက် အချက်စီမှ စိမ်းနုရောင်လေးချယ်လို့  ကျေးလက် သဘာဝလေးကို ကိုယ်စားပြုနေပြီး အလယ်မှာ သံရောင်ကွတ်ရယ် တဲ့ အလုပ်သမားထုကို ပြောသယောင် ။
[ လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ
လက်ခတ်သံ လက်ခတ်သံ ပျိုလေးလက်ခတ်သံ. .
 လက်ခတ်သံ ကျွှံဖို့ သား (ကျွံလို့ သွား)
သောင်းတိုင်က ကြားသလေ့  
လက်ခတ်သံ ကျွှံဖို့ သား (ကျွံလို့ သွား)
သောင်းတိုင်က
သောင်းတိုင်က
သောင်းတိုင် က ကြားသလေ့
ယက်ကန်းသည်မလေးက သူအတွေးနဲ့ သူမရဲ့ မောင်ကြီးအတွက် အကွတ်ဆန်း ယက်နေပါတယ် ။ ဒီအတွက် သူမမှာ အဘယ်မျှ အားမာန်ရှိကြောင်းကို ဖွဲ့ နွဲ့ လိုက်တာ လက်ခတ်သံ ကျွံ လို့ သွားတယ် သောင်းတိုင် ကတောင် ကြားရမယ်ဆိုပဲ ။
( ရွှေချည် ငွေချည်တန်းပါလို့  ယက်ကန်းရွှေစင် တန်းရွှေစင် )၂
ကဲ သူမရဲ့အကွတ်ဆန်းက ရွှေစင်တန်း ဝင်ရမယ် တဲ့
ဘယ်သူဘယ်သူ ဝင်ကာမှ ချည်ငင်ထွေး
ရှင်းနိုင်ပ မရှင်း . . မရှင်း  နိုင်ပမရှင်
ဘယ်သူမှ ဝင်လို့ ရှင်းမရအောင် ရှုတ်နေတဲ့ချည်ခင် ပျိုလေးရှင်းလို့  အကွတ်ဆန်း ထွင်လိုက်မယ် - တဲ့ ။
( ယက်ကန်းစင်  အကွတ်ဆန်းထွင်
ပျော်လိုက်တဲ့ အကြင် ခင်ရေ့
အတော်လိုက်မဲ့ အဆင်ယဉ်လေ့ ]၂-
မတူညီတဲ့ အရောင်မျိုးစုံတွေနဲ့  အကွတ်ဆန်းကို သူမယက်လုတ်နေပါတယ် ။
ရွှေတန်းဝင်ရမည် လို့ လဲ ကြုံးဝါးထားပါတယ် ။
အားမာန်ပြည့်တဲ့ သီချင်း ကဗျာလေးပါ ။
မျှဝေလိုက်ပါတယ် ။
ဒီသီချင်းကို ကဗျာအနေနဲ့ လည်းရှိတယ် လို့ ကျနော်ထင်တယ် ။ ငယ်စဉ် လေးငါးနှစ် အရွယ်လောက်က ကျနော့မေမေက ဆိုပြပါတယ် ။ ဆရာကြီး ဦးသုခရဲ့ “ရွှေချည်ငွေချည်တန်းပါလို့ ” ရုပ်ရှင်ထဲမှာ အဖွားလုပ်သူက သူမမြေးကို ချော့သိပ်ရာမှာ ဒီသီချင်းကို နောက်ခံထားသုံးပါတယ် ။ ကျနော့မေမေဆိုပြလို့ လား ဒီဇာက်ကားကြောင့်လား သီချင်းရဲ့ဆွဲဆောင်မှုကောင်းလို့ လားတော့ မသိပါ ။ ကျနော် ဒီသချင်းကို နှစ်သက်ပါတယ် ။ အသံအားဖြင့် သန်းသန်းဆင့် ရဲ့အသံက ပိုပြီး သီချင်းနဲ့ လိုက်ဖက်မယ်လို့ ယူဆပြီး စိုးစန္ဒာထွန် အသံကြတော့လည်း ဂရုနာသံ နဲ့  ကောင်းပါတယ် ။ တီးဝိုင်းကြပြန်တော့ စိုးစန္ဒာထွန်းရဲ့ နောက်ခံတီးဝိုင်းက မြန်မာ့တီးဝိုင်းကို ပိုကြိုက်တယ် ။
ပတ်လုံးတီး ဆရာရဲ့ ရိုက်ချက်ကတော့ ရွှေတန်းဝင်တယ် ။
ခါးတမာ
No comments: