ဒီမိုနဲ့ခရိုနီ (ကဗျာ)




" မီးမရှိရင်
ဖယောင်းတိုင်
ထွန်းနေပေါ့"တဲ့၊
ဒီမိုရဲ့ဘ၀လေး
အမှောင်ကျသွားတယ်။

"လွှတ်တော်ထဲမှာ
နိုင်ငံရေးစကား
မပြောရဘူး" တဲ့၊
ဒီမိုရဲ့အသံလေး
တိုးလျော့သွားတယ်။

"တိုက်လေယာဉ်ဝယ်ထားတာ
ပြည်တွင်းစစ်မှာ
ထိုးစစ်ဆင်ဖို့" တဲ့၊
ဒီမိုလေးလဲ
ဗုံးခိုကျင်းထဲ
ရောက်သွားပါလေရော။


"အကြွေးကျေဖို့အတွက်
ထမင်းတနပ်လျှော့စားရမယ်" တဲ့၊
ဒီမိုဘဝ
ငတ်ရတော့မှာပါလား။

ဒီအချိန်မှာပဲ
ပြိုးပြိုးပျက်ပျက်နဲ့
ခရိုနီ ဆိုတာကြီးက
ဝုန်းကနဲ
ခုန်ထွက်လာတယ်။
ကြောက်ကြောက်လန့်လန့်နဲ့
ဒီမိုထပြေးတယ်၊
ပါးစပ်ကနေ
အယောင်ယောင်အမှားမှားနဲ့
ထအော်သွားတာက
"နှုတ်ဆက်ခဲ့ပါတယ်
ကျွန်တော်သွားတော့မယ်" တဲ့။

ခင်မမမျိုး (၃၊ ၁၊ ၂၀၁၃)





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: