မအူပင် အဓိရုန်း ရဲ ၂၅ ဦးဒဏ်ရာရ လယ်သမား ၆ ဦးသေ

 Nay Wai
မအူပင် အဓိရုန်း ရဲ ၂၅ ဦးဒဏ်ရာရ လယ်သမား ၆ ဦးသေ

ကိုမင်းဇော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( လွှတ်တော် ကိုယ်စား လှယ်ရုံး အဖွဲ့ဝင် )
တယ်လီဖုန်းနှင့် ဆက်သွ
ယ်ပြောဆိုချက်

နေ့လည် ၁၂ နာရီခန့်မှာ ကျနော့်ကိုဖုန်းဆက်ခေါ်တယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာကိုသွားတယ် ။ အဲဒီမှာ ပုဒ်မ ၁၄၄ ထုတ်ထားတယ် ကျနော်ရောက်တဲ့အချိန်က ၂ နာရီလောက်ရှိပြီ ။ ရဲချုပ်နဲ့ စစ်တိုင်းမှူးကို ၁၄၄ ရပ်ထားပေးဖို့မေတ္တာရပ်ခံတယ် ။ ကျနော်ကြားဝင်ပြီးပြေလည်အောင်ဆောင်ရွက်ပေးမယ်လို့ပြောပါတယ် ။ တောင်သူတွေက လက်ခံပါတယ် ။ ပြည်သူတွေထဲက လေးယောက် ကျနော်အပါအ၀င် မြို့နယ်အုပ်ချုပ်ရေးမှူး ခရိုင်အုပ်ချုပ်ရေးမှူး တိုင်းဒေသ ၀န်ကြီး ရာယ်ဆွေးနွေးကြတဲ့အခါ ပြေလည်တယ် ။ တောင်သူတွေက သိမ်းဆည်းခံလယ်ယာတွေကိ လယ်ပြန်စိုက်ချင်တယ် ။ တောင်းဆိုတာကို စာနဲ့တောင်းဆိုပါ ဆောင်ရွက်ပေးမယ်လို့ပြောပါတယ် ။ အဲဒါနဲ့ပြေလည် သွား တယ် ။ ကျနော်က ရဲတွေတားထားတဲ့ခြံစည်းရိုးထဲကနေ သွားပြီး ပြည်သူ တွေကြားထဲမှာငြိတယ် ။ ဥပဒေဘောင်အတွင်းကနေ ပြန်တောင်း ဆိုမယ် စာတင်မယ် ။ လို့ပြောတဲ့ အခါ တောင်သူအများစုကလက်ခံတယ် ။ အဲဒီအချိန်မျာ ကိုမောင်စိုးဆိုသူက ((( နောက်ကြောင်းပြန်လှည့်ရင် ဘယ်လို လုပ် မလဲ ပြည်သူတွေအာဏာပိုင် ကိုမယုံနဲ့ ))) လို့ထပြောတယ် ။ ကျနော် ဥပဒေအတိုင်းမှမဆောင်ရွက်ရင် အသက်ဆုံးရှုံးမယ် ကိုယ်လိုချင်တာ ကိုမရ ဘူး ဖြစ်မယ် အဲလိုပြောတော့ မောင်စိုးက ((( အခုချက်ခြင်း မရရင် ကျနော်တို့က မယုံဘူး )))လို့ပြောတယ် ။ အဲဒါနဲ့ ငြိနှိုင်းပေးလို့မှမရရင် ကျနော်ပြန်မယ် ။ ကျနော်လည်းပြန်လို့ ရဲတွေသတ်မှတ်ထားတဲ့ ခြံစည်းရိုး အတား အဆီးအပြင်ကို ကျနော်ရောက်တာနဲ့ ( ၅ - ၄၄ ) အတိ စပြီး - ရဲတွေက ဒိုင်းတွေ သူတို့မှာပါလာတဲ့ တုတ်တွေနဲ့ ညာသံပေးပြီးရိုက်တယ် ။ အဲဒီအချိန်မှာ ရဲတွေကို ရွာသားတွေက ၀င်ရိုက်တယ် ။ တုတ်တွေကော ဓါးတွေကောတွေ့တယ် ။ ရွာသားအင်အား ၂၀၀ ခန့်လောက်ရှိလိမ့်မယ် ။ ရဲအင်အားကတော့ ၂၀၀ ကျော်လောက်ရှိတယ် ။ ရိုက်နှက်တဲ့ အချိန် ၁၅ မိနစ်လောက်ဝန်းကျင်လောက်ဖြစ်နေပါတယ် ။ ပထမ ရုန်းရင်း ဆန်ခတ် ဖြစ်ပြီး ၅ မိနစ်လောက်မျာ သေနတ်သံတွေကြား ရပါတယ် ။ သေနတ်သံ ဆယ့်လေးငါးချက်လောက်တော့ကြားတယ်
ကျနော် တို့လည်း အခင်းဖြစ်တဲ့ချောင်းရဲ့ တစ်ဘက်ကမ်းကို ထွက်ပြေး ခဲ့တယ် ။ NLD လူငယ် ကျနော်အပါအ၀င် လေးငါးဆယ်ဦး လောက်ရှိတယ် ။ ကျနော်တို့ ဟိုဘက်ကမ်းရောက်တဲ့အချိန်မှာဘဲ ရဲလူနာတွေသယ်ထုတ်လာတာတွေ့ရတယ် - ကျနော်ပြန်တဲ့အချိန်အထိကို ၂၅ ဦးဒဏ်ရာရနေပြီ ။ ပထမဆုံးတွေ့လိုက်တဲ့ရဲက စောင်ပုခက်နဲ့သယ်လာ တာ မျက်နှာမှာသွေးသံရဲရဲတွေ့တယ် ။
အခုဆို လယ်သမား ၆ ဦးသေတယ်လို့သတင်းရနေပါပြီ ။___________________________________________________________
လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်နေသော မအူပင်မြို့နယ်မှ လယ်သမားများအား ရဲတပ်ဖွဲ့ဝင်များမှ သေနပ်ဖြင့်ပစ်ခက်

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ၂၁ ရက်နေ့မှ စတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာအပိုင် ကွင်းအမှတ်(၉၆၉)အတွင်း လယ်သမားများစိုက်ပျိုးလုပ်ကိုင်စားသောက်လာသော ဘိုဘွားပိုင်လယ်ယာမြေ ဧက(၁၀၀၀)ခန့်ကို အောချက် ကုမ္မဏီပိုင်ရှင် ဒေါက်တာမြင့်စိန်မှ သိမ်းယူထားသည့်အတွက် ဒေသခံလယ်သမား(၅၀၀)ကျော်တို့သည် မိမိတိုလယ်ယာမြေများပြန်လည်ရရှိရေးကို ယနေ့အချိန်ထိ စုရုံးဆန္ဒထုတ်ဖော်ခဲ့သည်။ မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ယနေ့ နေ့လည် ၂း၀၀ နာရီနောက်ဆုံးထားပြီး လူစုခွဲရန် ပုဒ်မ ၁၄၄အမိန်ထုတ်ပြန်ခဲ့သည်။ လူစုမခွဲပါက သေနပ်ဖြစ်ပစ်ခက် လူစုခွဲမည်ဟု ဓါတ်စက်ဖြင့်ကြေငြာနေခြင်းဖြစ်သည်။ လက်ရှိအနေထားတွင် လယ်သမား(၅၀၀)ကျော်နှင့် ရဲတပ်ဖွဲ့ဝင်အင်းအား (၃၀၀)ကျော်တို့ အပြန်အလှန်တင်မာမှုများဖြင့် ရင်ဆိုင်နေကြသည်။ လယ်သမားများအနေဖြစ်လည်း မိမိတို့လယ်ယာမြေပြန်လည်ရရှိရေးကို အသက်ပေး၍ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ည ၇း၀၀ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များမှ လယ်သမားများလူစုမကွဲသောကြောင့် သေနပ်ဖြင့် အချက်(၁၅၀)ခန့် ပစ်ခက်ခဲ့ရာ လယ်သမား(၈)ဦး သေနပ်ကျည်ဆံထိမှန်ပြီး အတွင်းလူနာအဖြစ် မအူပင်ဆေးရုံတွင်တင်ထားရသည်။ လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်နေသော လယ်သမားများမှ ယခုအချိန်ထိ ဆက်လက်ဆန္ဒထုတ်နေကြောင်း သတင်းရရှိသည်။

အကြောင်းစုံကို ဆက်လက်ရှိချင် စုံစမ်းလိုပါက ၀၉ ၄၂၀၁၈၀၃၆၆ ဒေါ်ဝင်းချိုသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 FB





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: