စောဇင်ညီ  
      | 
   အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၉ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၁၈ မိနစ် 
ယခင်က ချင်းပြည်နယ်နေ့ဟု သတ်မှတ်ကျင်းပခဲ့ရာမှ ယခုနှစ်တွင် 
ချင်းအမျိုးသားနေ့အဖြစ် ပထမဆုံးအကြိမ် အမည်ပြောင်းလဲ 
ကျင်းပနိုင်ပြီဖြစ်ကြောင်း ချင်းအမျိုးသား ပါတီ အတွင်းရေးမှူး ကိုငပီးက 
မဇ္ဈိမသို့ ပြောသည်။
“ဒီဇင်ဘာ၁ရက်မှာ ချင်းတပ်ဦးနဲ့  အစိုးရ သဘောတူပြီး လွတ်တော်က တစ်ဆင့် ချင်းအမျိုးသားနေ့ ဆိုပြီး
ပြောင်းလဲ လိုက်တာပါ။ဒီနှစ်တော့  ကျင်းပခွင့် ရပါပြီ။”ပာု ကိုငပီး ဆက်လက်ပြောသည်။
ယခင် နအဖ အစိုးရလက်ထက်က ချင်းအမျိုးသားနေ့ဟု တရားဝင်နာမည် သုံးစွဲ ကျင်းပခွင့်မရခဲ့ပေ။ ယခုနှစ်
တွင်
 ချင်းအမျိုးသားနေ့ အဖြစ်  ကျင်းပနိုင်ရန် ယမန်နှစ်   ဒီဇင်ဘာ၁ရက်နေ့က 
ချင်းအမျိုးသားတပ်ဦးနှင့်   အစိုးရတို့  သဘောတူညီမှု ရရှိခဲ့ ပြီး ပြည်နယ် 
လွတ်တော်တွင် ချင်းပါတီ အချို့ က အဆိုပြုခဲ့ရာ
အောင်မြင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း အတွင်းရေးမှုး ကိုငပီး ကပြောသည်။
လွတ်လပ်ရေး
 ရပြီးနောက်ပိုင်း ၁၉၄၈ ဖေဖော်ဝါရီ ၂၀တွင် ချင်းပြည်နယ် ဖလမ်းမြို့တွင် 
စော်ဘွားအုပ်ချူပ်သည့် စနစ်အား ပယ်ဖျက်၍ ဒီမိုကရေစီစနစ်ဆန်ဆန် လူထုက 
ခေါင်းဆောင်တဦးကို ရွေးကောက်တင်မြှောက်နိုင်ခဲ့
သည့် နေ့ဖြစ်သဖြင့် ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု ကိုငပီးက ရှင်းပြခဲ့သည်။
ထို့ကြောင့်
 ယခုနှစ်တွင် နိုင်ငံတော်အစိုးရ၏ သဘောတူညီမှုဖြင့် ချင်းအမျိုးသားနေ့ဟု 
ပြောင်းလဲ သတ်မှတ် ကျင်းပ ခွင့်ရခြင်းအပေါ် ချင်းပြည်နယ် ဒေသခံများက 
ကြိုဆိုလျှက်ရှိကြောင်း နှင့် ကြိုဆို ခြင်းသည် သမိုင်းဝင်ခဲ့
သည့် 
နေ့တစ်နေ့အား ပြန်လည် အသက်သွင်းနိုင်ခဲ့ ခြင်းကြောင့် ဖြစ်ကြောင်း 
နိုင်ငံအရေးလေ့လာသော ချင်းအမျိုးသား ကိုဆလိုင်း မာန်ကပြောသည်။
၎င်းက “ 
ဒီနှစ် ချင်းအမျိုးသားနေ့  အဖြစ် ကျင်းပနိုင်တာ ကျွန်တော် အရမ်း 
ဝမ်းသာပါတယ်။ဘာကြောင့်  လဲ ဆိုတော့  ချင်းပြည်နယ်နေ့ နဲ့  ချင်းအမျိုးသားနေ
တဲ့ နေ့ဖြစ်လို့ ပါ။”ပာု ပြောသည်။
ယခုနှစ်
 ချင်းအမျိုးသားနေ့  အား ရန်ကုန်မြို့  သမိုင်းလမ်းဆုံရှိ လှိုင်ခန်းမတွင် 
ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ယခင် က တက္ကသိုလ် မောင်မယ် များသားရွှေးချယ်ရာမှ 
ယခုနှစ်တွင် ချင်းအမျိုးသားနေ့  ပြရုပ်များ ပုံဖော်မည်ဖြစ်
ကြောင်း 
သိရသည်။ ယခုအကြိမ် ကျင်းပမည့် ချင်းအမျိုးသားနေ့မှာ (၆၅)ကြိမ်မြောက် 
ဖြစ်ပြီး နိုင်ငံရပ်ခြားရှိ ချင်းလူမျိုးများ နေထိုင်ရာ ပြည်နယ်များတွင် 
ချင်းအမျိုးသားနေ့ အခမ်းအနားအား ကျင်းပရန် စီစဉ်နေကြသည်။
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment