အကြွေးတင်လျှင် ဝက်မွေးတာပဲကြားဘူးပါတယ် ( ဝန်ကြီးဦးမြင့်လှိုင်သို့ )


မြန်မာနိုင်ငံရှိဗဗုဒ္ဓဘာသာဝင်တွေဟာ ကြွေးတင်လျှင် သံသရာထိပါသွားမယ်ဆိုတာ အားလုံးကသဘောပေါက်နား
လည်လက်ခံထားကြပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်အခက်ခဲတွေနဲ့ကြုံလာပြီး ချေးဌါးထားသည့်
အကြွေးတွေကို ပြန်မဆပ်နိုင်သေးစဲကာလမှာ ဘာကြောင့်ပြန်မဆပ်နိုင်သေးတာလည်းဆိုတာကို ခေါင်းအေးအေး
ထားပြီး စဉ်းစားအဖြေရှာတတ်ဖို့လိုပါတယ်။
ဆိုကြပါဆို့....ပြန်မဆပ်နိုင်သေးသူကို ထောင်ချမယ်၊ ရိုက်မယ်၊ ထုမယ်၊ ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းရယူမယ်ဆိုတာ
ဟာလည်းအဖြေမဟုတ်ပါ။ ဥပမာ။   ။ ရှိလျှက်သားနဲ့ ပြန်မဆပ်တာက တမျိုးပေါ့နော်။ အခုဟာက ၃၀. ၁. ၂၀၁၃ ရက်
နေ့တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌါန- ဦးမြင့်လှိုင်က လယ်သမားတွေနှင့်တွေ့ဆုံပွဲမှာ အောက်
ဖော်ပြပါ ကိုယ်ချင်းစာတရားခေါင်းပါးတဲ့ ဥပုပ်စောင့်ပြီး ထ္မင်းတနပ်လျှော့စားပါက အကြွေးပြန်ဆပ်ပါဟု ပြောဆိုသုံး
နှုန်းလိုက်သည့်အပေါ်  ကျနော့်အနေနဲ့ ခေါင်းမရှိတဲ့ ဦးမြင့်လှိုင်ကို အနည်းငယ်တင်ပြအကြံပြုရေးသားလိုပါသည်။

ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအသစ်အနေနဲ့ မြန်မာနိုင်ငံကအခြေခံတောင်သူလယ်
သမားတွေရဲ့ ဝင်ငွေနဲ့ လူနေမှုဘဝမြင့်မားတိုးတက်မြင့်မားလာစေရန် တိကျတဲ့ရည်မှန်းချက်များထားပြီး အကောင်ထည်
ဖော်ဆောင်ရွက်လျှက်ရှိတယ်ဆိုပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌါန-ဦးမြင့်လှိုင်အဖွဲ့ကပြောဆိုခဲ့ပါ
တယ်။ ပြီးတော့....ဦးမြင့်လှိုင်နှင့်အဖွဲ့ဟာ ကွင်းဆင်းပြီးလယ်သမားတွေရဲ့အခြေအနေကိုလေ့လာရာမှာတော့ ဧရာဝတီ
တိုင်း မအူပင်ခရိုင် ဓနုမြူမြို့နယ်ထဲက လယ်ယာကဏ္ဍနှင့် ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းတွေ၊ လယ်ယာကဏ္ဍတွေမှာ  အကူ
ညီပေးမယ့်လုပ်ငန်းပိုင်းဆိုင်ရာတွေကိုလည်း သွားရောက်ဆွေနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ကြွေးတင်ပြီးအဆင်
မပြေဖြင့်နေတဲ့လယ်သမားတွေကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဌါန- ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်က
 အောက်ဖော်ပြပါအသုံးနှုန်းကို အခုလိုပြောကြားခဲ့ပါတယ်။ (((  ငါကြွေးတင်နေတဲ့အတွက်ကြောင့် ထ္မင်းတနပ်လျော့
စားမယ်၊ တလပြည့်လို့ရှိရင် ငါဘယ်လောက်ဆပ်နိုင်မလဲ၊ ၆ လပြည့်ရင်ဘယ်လောက်ဆပ်နိုင်မလဲ၊ ဒါဆို ငါ့မိသားစုတွေ ထ္မင်းတနပ်လျှော့စားမယ်၊ ဥပုပ်စောင့်သလိုပေါ့ဗျာ၊ ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုတဲ့သဘောမျိုးပေါ့ဗျာ၊  ငါတို့ဥပုပ်
စောင့်မယ်ဆိုတဲ့စိတ်ဓါတ်နဲ့ လုပ်လိုက်ရင်အကြွေးကြေသွားမယ်။ ရပါတယ်ကွာ- ရပါတယ်ကွာထားရင်အကြွေးမကြေ
ဘူး။ အကြွေးမကြေရင် ခင်ဗျားသံသရာထဲကမလွတ်မှာမဟုတ်ဘူး၊ သံသရာထဲကမွတ်ရင် ခင်ဗျားနောင်ဘဝကြရင်
ကျွန်ပြန်ဖြစ်လိမ့်မယ်ဆိုပြီး အသံမာမာနှင့်ပြောဆိုခဲ့ပါတယ်။ အခုလို ဧရာဝတီတိုင်းတွင် ငွေချေးဌါးထားပြီး အတိုးပိနေ
တဲ့လယ်သမားတွေအပေါ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဌါန- ဝန်ကြီးဦးမြင့်လှိုင်၏ ပြီးစလွယ် အခုလိုပြောဆို
ခြင်းကို စာရေးသူအနေဖြင့် ပြင်ပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

အစိုးရအသစ်အနေနဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်သမားတွေအပေါ် တကယ်
စိတ်ရင်းကောင်းစေတနာထားပြီး ဆင်းရဲတွင်မှ အထိုက်အလျှောက်လွတ်လိုလျှင်....လက်ရှိ- လယ်သမားတွေတင်နေ
တဲ့ကြွေးတွေကို ပြေလည်အောင်ညှိ့နှိုင်းဆောင်ရွက်ပေးသင့်ပါသည်။ ဥပမာ။  ။ အတိုးများဖြင့် ချေးဌါးထားသည့်အကြွေး
တွေကို အရင်းသာပြန်ပေးပြီး၊ အတိုးငွေများကိုလျှော်ပစ်ပေးရန်လိုပါသည်။ ပြီးမှ- ၎င်းတို့ရဲ့ဝင်ငွေအပေါ်မူတည်ပြီး တလ
လျှင်ဘယ်လောက်ပြန်ဆပ်ပေးရမည်ဟု ငွေချေးဌါးထားတဲ့ တောင်သူလယ်သမားများနှင့် တိုင်ပင်ဆွေးနွေးညှိ့နိုင်လုပ်
ဆောင်သင့်ပါသည်။ အခုဟာက အဲဒီလိုမဟုတ်ပဲ ၂၀၁၂ တုန်းက လျှပ်စစ်ဝန်ကြီးဇော်မင်းပြောသလို ဖယောင်းတိုင်ထွန်း
ညှိ့ပြီးချွေတာပါလို့ လက်လွတ်စပယ် ပြောဆိုခြင်းနှင့်ထပ်တူကြနေပါတယ်။ ဝန်ကြီးတစ်ယောက်လုပ်ပြီး ပြည်သူတွေရဲ့
 ကြုံတွေ့ရင်ဆိုင်နေတဲ့ အခက်ခဲတွေကို ကူညီမဖြေရှင်းပေးနိုင်ရင် ကိုယ့်ဘာသာ ကိုယ့်အသိစိတ်ဓါတ်နဲ့ ရာထူးကနှုတ်
ထွက်ပေးကြပါလို့ ဝန်ကြီးအပေါင်းကို ဒီနေရာက အသိပေးပြောကြားလိုပါတယ်။အဲဒီလိုမိမိအသိစိတ်ဓါတ်နဲ့ နှုတ်ထွက်
ပေးမှသာလျှင် လစ်ဟသွားတဲ့နေရာတွေမှာ လူမှန်နေရာမှန်အစားထိုးခန့်အပ်နိုင်မှာဖြစ်ပါတယ်။
တိုင်းပြည်မှာ အရည်အချင်းမရှိတဲ့လူတွေကို နေရာပေးထားခြင်းဟာလည်း တိုင်းပြည်ပြန်လည်ထူထောင်စဲကာလမှာ တိုးတက်မှုတွေကိုနှောက်နှေးစေသလို....မလိုလားအပ်ပဲ အချိန်တွေကိုဖြုန်းတီးသလိုသက်ရောနေပါတယ်။ ဒီနေရာမှာ
ရှင်းရှင်းပြောရရင် မနိုင်ဝန်ကိုမထမ်းမိကြပါနဲ့၊ မနိုင်ဝန်ကိုထမ်းဆောင်မိတဲ့အတွက် မိမိတာဝန်ပြီး မလုပ်ဆောင်နိုင်တဲ့
အခါ အများပြည်သူတွေရဲ့အပြောတွေကိုလည်းခံရမှာဖြစ်ပြီး၊ တိုင်းပြည်နဲ့ လူမျိုးအတွက်ပါ ဘာမှအကျိုးရှိနိုင်မည်မ
ဟုတ်ပါ။

အချုပ်အနေနဲ့ပြောရလျှင် ကျနော်ကြားဘူးတာက ကြွေးတင်လျှင် ဝက်မွေးပဲကြားဘူးတယ်။ ဥပုပ်စောင့်ပြီး ထမင်းတနပ်လျှော့စားခိုင်းတာမကြားမိဘူးပါ။ အခုမှကြွေးတင်လျှင် ဥပုပ်စောင့်ပြီးထမင်းတနပ်လျှော့စားခိုင်းတာ မောင်မြင့်လှိုင်လက်ထက်ကြမှကြားဘူးပါတော့တယ်
....ခင်ဗျား။

( ကိုဗလိုင် )

((( စာကြွင်းအနေနဲ့ အနည်းငယ် မောင်မြင့်လှိုင်ကိုထပ်မံပြောလိုတာက ဦးပုပ်စောင့်လည်း ထမင်းကို မနက်အစော
ကြီးတနပ်၊ နေ့ခင်း ၁၂ နာရီမထိုးခင်တနပ် စုစုပေါင်းတနေ့ နှစ်နပ်စားရပါတယ်။ ဧကန်တ ဒီလူဦးပုပ်မစောင့်ဘူးတာ
ကျိန်းသေတယ်။ )))

( သမ္မတ- ဦးသိန်းစိန်ခင်ဗျား....ခင်ဗျားတို့အစိုးရအဖွဲ့ထဲမှာ သုံးမရတဲ့ခပ်ချောချောဝန်ကြီးတွေကိုမညောင်းခိုင်းသ၍
( Good government - ဂွတ်ဂါးဘားမန့်တ် ) ကောင်းမွန်တဲ့အစိုးရလည်း ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး....ခင်ဗျား )

((( မှတ်ချက်။  ။ အတိုးပိနေသော တောင်သူဦးကြီးများကို စာနာမှုဖြင့် ဝိုင်းဝန်းကူညီပေးကြပါ  )))






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: