နေ့စွဲ – မေလ ၉ ရက် ၂၀၁၃
 Date: May 9, 2013
 
 ဘုန်းတော်ကြီးမြတ်တော်မူလှသည့် အရှင်ဒလိုင်းလားမားဘုရား
 
 Dear His Holiness Dalai Lama
 
 တိဗက်မြေတွင် တရားမျှတခြင်း ကင်းမဲ့မှုကို ခုခံတိုက်ပွဲဝင်နေကြသည့် 
တိဗက်လူမျိုး ဗုဒ္ဓဘာသာဝင်များနှင့် အတူတကွ ခိုင်မာစွာ ရပ်တည်လျှက်ရှိသည့် 
ငြိမ်းချမ်းစွာ ကျင့်သုံးဆောက်တည်နေကြသော မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များအား
 မှားယွင်းစွာ ရှုံ့ချထားသည့် အရှင်ဘုရား၏ မကြာမြင့်မီက မှတ်ချက်စကား 
များကို ဖတ်ရှုရသည့်အတွက် တပည့်တော်တို့ မြန်မာ ဗုဒ္ဓဘာသာ ရဟန်းများသည် 
များစွာမှပင် ၀မ်းနည်းကြရပါသည် ဘုရား။
 ရည်ညွှန်းချက် – ဓမ္မသာလ၊ 
အိပ်ခ်ျပီ၊ အိန္ဒိယနိုင်ငံ၊ ၂၂ ဧပြီ ၂၀၁၃ ၊မေရီလန်း တက္ကသိုလ်၌ ပရိသတ်တစ်စု 
အား ပြောကြားသည့် မှတ်ချက်စကား၊ ၇ မေ ၂၀၁၃။
 
 We, Burmese Buddhist 
Monks, are very sad to read your recent comments about wrongly 
condemning fellow peaceful Burmese Buddhist Monks who stood firmly 
together with Tibetan Buddhists in fighting against the injustice in 
Tibet land.
 Reference: Dharamsala, HP, India, 22 April 2013, comment to an audience at the University of Maryland, 7 May 2013.
 
 တပည့်တော်တို့ ထင်မှတ်သည်မှာ အရှင်ဘုရားသည် လူပုဂ္ဂိုလ် အဖွဲ့အစည်း အချို့ 
နှင့် တစ်ဘက် သတ် ရေးသားထုတ်ပြန်ထားသည့် အစွန်းရောက်များနှင့် 
အခွင့်အရေးသမားများ၏ လှည့်ဖြားလိမ်ညာ ထားသော ၀ါဒဖြန့်မှုများ အပေါ်တွင် 
အခြေပြုထားသည့် သတင်းမီဒီယာ အစီရင်ခံချက်များက လမ်းလွှဲလိုက်အောင် 
ပြုခြင်းကို ခံရတော်မူလေသည်ဟူ၍ ဖြစ်ပါသည် ဘုရား။
 
 We think you are
 misled by some people / groups and one sided media reports based on 
fabricated propaganda of extremists and opportunists.
 
 
အရှင်ဘုရားသည် ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ မေတ္တာထားခြင်းတို့နှင့် 
စပ်လျဉ်း၍ ဗုဒ္ဓရှင်တော်ဘုရားက တပည့်တော်တို့အား သွန်သင်ဆုံးမတော်သော 
တရားတော်များနှင့် ပတ်သက်၍ ဖော်ပြတော်မူရာတွင် လုံးဝဥဿုံ မှန်ကန်ပါသည် 
ဘုရား။ တပည့်တော်တို့သည် လူမျိုး ဘာသာ မရွေး လူသားများ အဖြစ် မည်သည့် 
အကြမ်းဖက်မှုကို မဆို ပြစ်တင်ဝေဘန်ရမည်ဖြစ်ပြီး မည်သည့် ပဋိပက္ခအတွက် မဆို   
ငြိမ်းချမ်းသော ဖြေရှင်းချက် ရရှိရေးကို အားပေးလုပ်ဆောင်ရမည် ဖြစ်ပါသည် 
ဘုရား။
 
 You were absolutely correct in mentioning about what 
Buddha taught us about forgiveness, tolerance, compassion.We, as human 
beings regardless of race & religion, must denounce any kinds of 
violence, and promote peaceful solution for any conflicts.
 
 
မြန်မာနိုင်ငံသည် (၁၃၅)မျိုးသော တိုင်းရင်းသား လူမျိုးနွယ် အုပ်စုများဖြင့်
 အာရှတိုက်တွင် တိုင်းရင်းသား မျိုးနွယ်စု အများဆုံး နေထိုင်လျှက်ရှိသော 
နိုင်ငံများ အနက် တစ်ခုဖြစ်ပါသည် ဘုရား။ သမိုင်းကြောင်း အရ 
မြန်မာနိုင်ငံသည် ကွဲပြားခြားနားသော ကိုးကွယ်ယုံကြည်မှု အုပ်စုများ အကြား 
အပြန်အလှန်လေးစား မှုဖြင့် ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်သည့် 
စိတ်ရှည်သည်းခံတတ်သော နိုင်ငံတစ်ခု ဖြစ်ပါသည် ဘုရား။ သက်တမ်း ၂၀၀၀ 
ကျော်ရှိပြီဖြစ်သော ဆူးလေစေတီတော်၊ သက်တမ်း ရာကျော်ရှိသော ခရစ်ယာန် 
ဘုရားရှိခိုးကျောင်းနှင့် ဗလီဝတ်ကျောင်းတို့သည် ရန်ကုန်မြို့တော်ခန်းမ 
နှင့်အတူ (မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော်) ရန်ကုန်မြို့ထဲ အရပ်၏ 
ဗဟိုတွင် ဘေးချင်းယှဉ်လျှက် တည်ရှိနေပါသည် ဘုရား။ ဟိန္ဒူဘာသာရေး 
ဘုရားကျောင်း တစ်ခုသည်လည်း ရန်ကုန်မြို့ထဲ အရပ်၌ ထို သမိုင်းဝင် ဘာသာရေး 
အဆောက်အအုံများအနီးတွင် ထီးထီးမားမား ရှိနေပါသည် ဘုရား။
 
 Burma is a
 most diverse multi ethnic country in Asia with 135 indigenous ethnic 
groups. Historically Burma is a tolerant country with different faith 
groups live peacefully side by side with mutual respect. Over 2,000 
years old historic Sule Pagoda, over century old Christian Church& 
Mosque are existing side by side in middle of downtown Rangoon (Burma’s 
largest city) alongside with Rangoon City Hall. A Hindu Temple is also 
standing near these historic religious buildings in downtown Rangoon.
 
 မကြာသေးမီက ဖြစ်ပွားခဲ့သော ကြောင်းကျိုးဆီလျော်မှု ကင်းမဲ့လှသည့် 
လူ့အသိုက်အ၀န်းတို့အကြား အကြမ်းဖက်မှုကို (ပြည်တွင်း နှင့် ပြည်ပ မှ) 
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်၏ ရန်သူများ၊ 
အခွင့်အရေးသမားများနှင့် အစွန်းရောက်သမားများက သွေးထိုးလှုံ့ဆော်ခဲ့ခြင်း 
ဖြစ်ပါသည် ဘုရား။ တပည့်တော်တို့သည် အကြမ်းဖက်မှု ပုံစံပေါင်းစုံကို 
ပြစ်တင်ရှုံချပြီး အပြန်အလှန် ယုံကြည်မှု နှင့်   ငြိမ်းချမ်းသော 
လူ့အဖွဲ့အစည်း တည်ဆောက်ရေးကို ထောက်ခံ အားပေးကြပါသည် ဘုရား။
 
 
Recent senseless communal violence in Burma was incited by the enemies 
of democratic reform process, opportunists and extremists (domestic and 
abroad). We denounce all kinds of violence and encourage building the 
mutual trust and peaceful society.
 
 မူစလင်နှင့် ဗုဒ္ဓဘာသာ 
အသိုက်အ၀န်း နှစ်ခုလုံးသည် ကြောင်းကျိုးဆီလျော်မှု ကင်းမဲ့လှသော အကြမ်းဖက်မှု
 အတွင်း၌ သေကြေဒဏ်ရာ ရရှိမှုများနှင့် ဥစ္စာပစ္စည်း ပျက်စီးမှုများကို 
ခံစားခဲ့ရသည် ဘုရား။
 
 Both Muslims and Buddhists communities suffered casualties and property damages during senseless violence.
 
 လွန်ခဲ့သည့်နှစ်က မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ဘင်္ဂလီ မူစလင် အမျိုးသား 
တစ်စုက ဗုဒ္ဓဘာသာ မိန်းကလေး တစ်ဦးအား အုပ်စုလိုက် မတရား သားမယားပြုကျင့်ပြီး
 သတ်ဖြတ်ပစ်ခဲ့ခြင်းဖြင့် အကြမ်းဖက်မှု စတင်ခဲ့ပါသည် ဘုရား။ (လူ့အခွင့်အရေး 
လှုပ်ရှားတက်ကြွသူများ၊ ရှေ့နေများ၊ သမိုင်းပညာရှင်များနှင့် အစ္စလာမ်၊ 
ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်များ အပါအ၀င် ဘာသာရေးခေါင်းဆောင်များ 
ပါဝင်သည့်) လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က စုစုပေါင်း (၃၄၇)ဦး 
သေဆုံးခဲ့ပြီး (၄၁၁)ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း နှစ်ဖက်စလုံးမှ 
သတင်းပို့သည့်အတိုင်း တင်ပြအစီရင်ခံခဲ့ပါသည် ဘုရား။ သေကြေဒဏ်ရာ 
ရရှိသူများအနက် ၆၀%မှာ မူစလင်များဖြစ်ပြီး ၄၀%မှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပါသည်
 ဘုရား။ (သေကြေဒဏ်ရာရရှိသူများ အချိုးအစားနှင့် အလားတူစွာ) အိမ်ပေါင်း ၇၇၀၀
 ကျော် ပျက်စီးခဲ့ရပါသည် ဘုရား။ ထို့အပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း 
(၂၄)ကျောင်းနှင့် ဗလီ (၃၂)လုံးတို့ကို မြန်မာနိုင်ငံ အနောက်ပိုင်းတွင် 
လူအုပ်များက ဖျက်ဆီးခဲ့ကြပါသည် ဘုရား။
 
 Last year, violence in 
Western Burma started with a Buddhist girl was gang raped& killed by
 a group of Bengali Muslim men.The Independent Investigation Commission 
(consists of human right activists, lawyers, historians and religious 
leaders including Islam, Christian, Hindu and Buddhist) reported that 
total 347 were killed and 411 were injured as reported by both sides. 
60% of causalities were Muslims and 40% were Buddhists. Over 7,700 
houses were destroyed (similar ratio as causalities). Furthermore, 24 
Buddhist Monasteries and 32 Mosques were destroyed by mobs in Western 
Burma.
 
 ရွှေဆိုင်တစ်ဆိုင်၌ ဆိုင်ရှင်နှင့် ရွှေလာရောင်းသူတို့အကြား 
အငြင်းပွားမှုဖြစ်ပွားပြီး မြန်မာဗုဒ္ဓဘာသာ ဇနီးမောင်နှံကို ဘင်္ဂလီလူမျိုး 
မူစလင် ဆိုင်ပိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းတို့က ကိုယ်ထိလက်ရောက် စော်ကား 
တိုက်ခိုက်မှုကြောင့် ဖြစ်ပွားလာသော မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထိလာမြို့မှ
 နောက်ဆုံး အကြမ်းဖက်မှု ကို နောက်ပိုင်းတွင် ဗလီတစ်ခုအတွင်း၌ မူစလင်လူအုပ်က
 ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါးအား ရက်စက်စွာ သတ်ဖြတ်ခြင်းက 
အရှိန်မြင့်တက်လာအောင် ဖြစ်စေခဲ့ပါသည် ဘုရား။
 
 Latest violence in 
Central Burma town of Meikthila started with an argument at Gold Shop 
owner & seller and physical assault to Burmese Buddhist couple by 
Bengali Muslim owners & staff; later fuelled by a brutal killing of a
 Buddhist Monk by Muslim mob inside a mosque.
 
 ဗုဒ္ဓဘာသာ 
ရဟန်းများသည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းမှ 
အကြမ်းဖက်မှုများတွင် အသက်ဘေး ဒုက္ခခံစားရသူများ အထဲတွင် ပါဝင်နေသော်လည်း 
မူစလင် ဘာသာရေးခေါင်းဆောင် တစ်ဦးတစ်ယောက်မျှ လူ့အသိုက်အ၀န်းတို့အကြား 
အကြမ်းဖက်မှုအတွင်းတွင် ထိခိုက်ရမှု မရှိသည်ကို သတိပြုတော်မူပါ ဘုရား။ 
တပည့်တော်သည် အရှင်ဘုရား လေ့လာကြည့်နိုင်ရန် နှင့် စဉ်းစားတော်မူနိုင်ရန် 
အတွက် မကြာသေးမီက ဖြစ်ပျက်မှုများမှ ဓာတ်ပုံအချို့ကို ပို့ပေးလိုက်ပါသည် 
ဘုရား။
 
 Please note that although Buddhist monks were among 
victims of the violence in central & western Burma, none of Muslim 
religious leaders were hurt during communal violence. I am forwarding a 
few photos from recent incidents for your info and consideration.
 
 စင်စစ်တွင် မူစလင်ဆန့်ကျင်ရေး ဘုန်းကြီးဟု ခေါ်ဆိုခြင်းခံနေရသော ဦးဝီရသူ 
အပါအ၀င် ဦးဆောင် ဦးရွက် ပြုသည့် မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် 
မြန်မာဗုဒ္ဓဘာသာ ဒေသခံများသည် မူစလင်များကို ကာကွယ်ပေးခဲ့ကြပြီး လက်နက်ကိုင်
 လူအုပ်များအတွင်း ပိတ်မိနေသော မူစလင် ရာပေါင်းများစွာအား 
ကယ်ထုတ်ခြင်းကိုပင် ပြုခဲ့ကြပါသည်ဘုရား။ သူတို့သည် မူစလင်များကို 
ဘေးလွတ်ရာသို့ ကယ်ဆယ်   ခေါ်ဆောင်လာကြပြီးလျှင် ယနေ့တိုင်အောင် အစာရေစာ 
ထောက်ပံ့မှုများ ပြုလျှက် ရှိပါသည်ဘုရား။ အချို့သော မူစလင်များကို ဗုဒ္ဓဘာသာ 
ဘုန်းတော်ကြီးကျောင်းများ၌ ခိုလှုံခွင့်ကိုပင် ပေးထားပါသည်ဘုရား။ ဗုဒ္ဓဘာသာ 
ရဟန်းတော်များသည် (ရန်ကုန်မြို့အနီးရှိ) ဥက္ကံမြို့တွင် 
နောက်ဆုံးပေါ်ပေါက်လာသည့် မူစလင် ဘေးဒုက္ခခံစားရသူများကို အစားအစာနှင့် အခြား
 အထောက်အကူများ ပေးလျှက်ရှိပြီး အချို့ကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း 
တစ်ကျောင်းတွင် ခိုလှုံခွင့်ပေးလျှက် ဗုဒ္ဓဘာသာ ရဟန်းတော်များက ကာကွယ် 
စောင့်ရှောက်နေကြပါသည် ဘုရား။
 
 In fact, leading Burmese Buddhist 
monks including so called anti-Muslim monk U Withura and local Burmese 
Buddhist residents protected Muslims, they even rescued several hundred 
Muslims trapped by armed mobs. They brought rescued Muslims to safety 
and providing the food & water until today. Some Muslims were even 
provided shelters at the Buddhist Monasteries. Buddhist Monks are 
providing food and other assistance to latest Muslim victims in Okkan 
(near Rangoon); some were sheltered in a Buddhist monastery and 
protected by Buddhist monks.
 
 တိုင်းရင်းသား ဗုဒ္ဓဘာသာဝင် 
လူမျိုးများသည် မြန်မာနိုင်ငံ အနောက်ပိုင်းတွင် နှစ်ပေါင်း 
ထောင်ပေါင်းများစွာ ကြာအောင် နေထိုင်လျှက်ရှိနေကြရာ အများအပြားမှာ 
ကံမကောင်း အကြောင်းမလှစွာဖြင့် သူတို့၏ ကိုယ်ပိုင် ဇာတိမြေတွင် 
ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလီလူမျိုး မူစလင်များကြောင့် (တိဗက်မြေတွင် 
တိဗက်လူမျိုး ဗုဒ္ဓဘာသာဝင်များနှင့် တရုတ် ကွန်မြူနစ်များ ကဲ့သို့ အလားတူ 
အနေအထား မျိုးဖြင့်)   ဘေးဒုက္ခ   ကြုံတွေ့ ခံစားရသူများ ဖြစ်လျှက် 
ရှိနေကြပါသည် ဘုရား။ ယခုအခါတွင် ရိုဟင်ဂျာများဟု ဆိုကြသော ဘင်္ဂလီ 
မူစလင်များသည် (ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်ချင်းစပ်နေသည့်) မြန်မာနိုင်ငံ
 အနောက်ပိုင်း မြို့နယ်များတွင် လူဦးရေ၏ ၉၅% ရှိနေပြီး မူရင်းဒေသခံ 
ဗုဒ္ဓဘာသာဝင်များမှာ ယခုအခါ စုစုပေါင်း လူဦးရေ၏ ၅%ထက် နည်းပါးလျှက် 
ရှိနေပါသည် ဘုရား။
 
 Indigenous Buddhists ethnic people are living
 in the Western Burma for thousands of years, unfortunately many were 
victims at their own home land by invading Bengali Muslims (similar to 
Tibetan Buddhists and Chinese Communists in Tibet land). Now, Bengali 
Muslims so called Rohingya represents 95% of the population in Western 
Burma townships (border with Bangladesh); native Buddhists are now less 
than 5% of the total population.
 
 တပည့်တော်တို့သည် အရှင်ဘုရား၏ 
မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များအား ဆန့်ကျင်သော မှတ်ချက် စကားများသည် 
မှန်ကန်မှုမရှိဘဲ မျှတမှုကင်းမဲ့ကာ အကြောင်းယုတ္တိမခိုင်မာကြောင်း 
တွေ့ရှိရပါသည် ဘုရား။ တပည့်တော်တို့သည် ဘုန်းတော်ကြီးမားတော်မူသော 
အရှင်ဘုရား ကိုယ်တိုင်ထံမှ ထိုသို့သော မှန်ကန်မှု မရှိသည့် သတင်းများနှင့် 
မှတ်ချက်စကားများ ထွက်လာသည်ကို ဖတ်ရှုရခြင်းကြောင့် အလွန်အမင်း ၀မ်းနည်း 
နာကြင်ရပါသည် ဘုရား။
 
 We found that your comments against Burmese
 Buddhist Monks are incorrect, unfair and unjust. We are very sad and 
painful to read those incorrect news and comments especially from the 
His Holiness.
 
 မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များအား 
ရှုံချပြစ်တင်ထားသည့် အရှင်ဘုရား၏ မှတ်ချက်စကားများ ကို 
ပြန်လည်ရုပ်သိမ်းတော် မူပေးပါရန် တပည့်တော်တို့က တလေးတစား 
မေတ္တာရပ်ခံအပ်ပါသည် ဘုရား။
 
 We respectfully would like to request you to withdraw your comments on denouncing the Burmese Buddhist Monks.
 
 အရှင်ဘုရား အနေဖြင့် ထပ်လောင်းသိလိုသော သတင်းအချက်အလက်များ ရှိပါက တပည့်တော်ထံသို့ အချိန်အခါမရွေး ဆက်သွယ်တော်မူပါဘုရား။
 
 Please feel free to contact me if you require additional information.
 ရိုသေလေးမြတ်စွာဖြင့်
 Respectfully,
 အရှင် ကောဝိဒ
 
 ဥက္ကဌဆရာတော်၊ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အစည်းအရုံး (ကနေဒါနိုင်ငံ)
 နယူးယောက်မြို့၊ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အစည်းအရုံး ဌာနချုပ်၏ ဒုတိယ ဥက္ကဌဟောင်း
 Ven. Ashin Kawwida
 President, International Burmese Monks Organization (Canada), Past Vice
 President of the International Burmese Monks Organization head quarter 
in New York
 Email: ukwd2004@yahoo.ca
 
 
 From : ..democracyforburma
No comments:
Post a Comment