ဒီပုဒ်မအရ ကျန်ရှိနေတဲ့ ဒီအကြွေးမှန်သမျှကို ဖယ်ရှားဖို့ တောင်းဆိုတယ်

 

"ပုဒ်မ ၄၀၁ နဲ့ပတ်သက်လို့ ကျွန်တော်တို့ကို လွှတ်တဲ့အချိန်မှာ ထောင်ထဲရှိနေတဲ့အချိန်လက်မှတ်မထိုးခိုင်းခဲ့ဘဲေ ထာင်အပြင်ရောက်မှ ခင်ဗျားတို့ကို ပုဒ်မ ၄၀၁ နဲ့လွှတ်တာလို့ အပြင်ရောက်မှပြောတာဖြစ်တယ်။ ကျွန်တော်တို့ သဘောမတူဘူးဆိုတာကို ဆိုလိုချင်တာပါ၊ နံပါတ် ၁ လုံးဝသဘော မတူဘူး၊ အကြွေးကျန်တဲ့ကိစဟာ လုံးဝမရှိသင့်ပါဘူး၊ ဘာကြောင့်လဲ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ အသံကောင်းဟစ်ထားတယ်ဆိုရင် ဒါမလိုတဲ့ကိစ္စဖြစ်ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးပြောတယ်၊ တစ်နိုင်ငံလုံး လက်တွဲပီးတော့ ဒီမိုကရေစီလုပ်ရမဲ့အချိန်မျိုးမှာ ၄၀၁ အရ အကြွေး သတ်မှတ်ပီးတော့ ပြန်ပီးပစ်ဒဏ်အနေနဲ့ပေးချင်းဟာ နံပါတ်၁ လုံးဝသဘောမတူနိုင်ဘူး။ လုံးဝလက်မခံနိုင်သလို ဒီပုဒ်မအရ ကျန်ရှိနေတဲ့ ဒီအကြွေးမှန်သမျှကို ဖယ်ရှားဖို့ တောင်းဆိုတယ်” လို့ ရှမ်းပြည်မြောက်ပိုင်းခရီးစဉ် မှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က သီပေါမြို့သူမြို့သားများကို ပြောကြား။
(သတင်းဓါတ်ပုံ - ကိုဆန်)






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: