စဉ်းစားကြည့်ပေါ့ မင်းသာငါ့တို့နေရာမှာဆို ( နာဂစ် ၅ နှစ်ပြည့်အမှတ်တရ )



နာဂစ်ကိုလည်ပင်းညှစ်
နှစ်ထောင့်ရှစ်ဖွဲ့စည်းပုံဟာ မျိုးမစစ်ပဲ
အဲဒီကာလမှာ မွေးဖွါးခဲ့တယ်။
အဲဒီညမှာ ဝိဥာဏ်တော်တော်များများ
သူတို့နေတဲ့ကျေးရွာတွေကို ကြည့်ပြီး
တုန်လှုပ်ခြောက်ခြားနေကြတယ်။
ဘယ်သူမျှော်လင့်ထားကြမလဲ
တရွာလုံးကိုအပါခေါ်သွားမှာ၊
ဆိုင်းမဆင့် ဗုံမဆင့် တရွာလုံးကိုမွှေနှောက်
မင်းရက်စက်ရာရောက်ပါတယ်။
အဖေလည်းသေတယ် အဖိုးလည်းသေတယ်၊
ငါ့ညီ- ငါ့အကို၊ ငါ့ကြက်- ငါ့ဝက်
ငါ့ဘဲ- ငါ့ဆိတ်၊ ငါ့ခွေး- ငါ့ကြောင်
အကုန်လုံးကို လှုပ်မနှိုးပဲ
အငြိုးကြီးကြီးနဲ့
မပြန်လမ်းကိုခေါ်ထုတ်သွားတော့..။
စဉ်းစားကြည့်ပေါ့ မင်းသာငါ့တို့နေရာမှာဆို။
အဲဒီတုန်းက မသေလို့ကျန်နေခဲ့တဲ့
ငါတို့ရွာသားတွေကို အကူညီမပေးဖို့
ဟိုလူအကြီးဆုံး မောင်းထုတ်ခဲ့တယ်။
ကယ်သူမယ့် ငါတို့ကျွန်းသူ ကျွန်းသားတွေဟာ
ရိုးရိုးကုတ်ကုတ်နဲ့ ထမင်းတလုပ်အတွက်
ဘယ်သူ့ကိုမှ ရန်မမူသူပါ၊
အဲဒီညမှာ ဝိဥာဏ်တော်တော်များများ
သူတို့နေတဲ့ကျေးရွာတွေကို ကြည့်ပြီး
တုန်လှုပ်ခြောက်ခြားနေကြတယ်။

( ကိုဗလိုင် )
ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ ၅ နှစ်ပြည့် နာဂစ်နေ့အမှတ်တရ..။

No comments: