ဟက်ကာအုပ်စုတစ်စုကအစိုးရဝက်ဘ်ဆိုက်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်မည်ဟုဆို


18 May 2013  |By Pyi Myanmar

အမည်မဖော်လိုသူ ဟက်ကာ အုပ်စုများသည် မြန်မာ အစိုးရ၏ ဝက်ဘ်ဆိုက် များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အွန်လိုင်းမှ တိုက်ခိုင်မှု (Hacking) ပြု လုပ်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း The Indenpendent (UK) သတင်းစာက ရေးသား ဖော်ပြ ခဲ့ပါသည်။ အဆိုပါ ဟက်ကာ အုပ်စုသည် မြန်မာ နိုင်ငံရှိ အစ္စလာမ် ဘာသာဝင် အသိုင်း အဝိုင်းကို ကာကွယ်ရန် ရည်ရွယ်ပြီး အွန် လိုင်းမှ တိုက်ခိုက်ခြင်း ပြုလုပ် သွားရန် စီစဉ် နေခြင်းဖြစ်ကာ နိုင်ငံတကာ တွင်လည်း မြန်မာနိုင်ငံ၏ မတရားမှုဟု အမည်တပ် ကာ စာရွက်ဖြန့်ဝေမှုများ ပြုလုပ် သွားရန်ရှိ နေသည်ဟု သိရသည်။ "ဒေါ်အောင်ဆန်း စုကြည်ကို ပစ်မှတ်ထား တိုက်ခိုက်မယ့် ကိစ္စ ကတော့ ဆွေးနွေး ရဦးမှာပါ။ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်"ဟု အမည် မဖော်လိုသူ ဟက်ကာ အဖွဲ့ဝင် တစ်ဦးက ပြောကြား၍ ၎င်းတို့၏ အယူအဆအရ အစ္စလာမ် ဘာသာဝင် များသည် မတရား ဖိနှိပ်ခံ နေရသည်ဟု ပြောကြား ထားပြီး ရိုဟင်ဂျာ လူမျိုးမှာ အနှိမ်ခံ နေရသော တိုင်းရင်းသား များဖြစ်သည်ဟု ပြောကြား ထားသည်။ အမည် မဖော်လိုသည့် ဟက်ကာ အုပ်စုသည် ဇွန်လ ၁ ရက်တွင် မြန်မာနိုင်ငံကို ကန့်ကွက်မှု အဖြစ် လော့စ်အိန်ဂျလိစ်မြို့ရှိ ကမ္ဘာကျော် ရုပ်သံမီဒီယာ CNN အဆောက်အအုံ အနီးတွင် စာရွက်များ ဝေငှမည် ဖြစ်ကြောင်း သိရကာ မြန်မာ အစိုးရ ဝက်ဘ်ဆိုက်များကို တိုက်ခိုက်မည် ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အစ္စလာမ် ဘာသာအရေး ဖိအားပေးရန်အတွက် တိုက်ခိုက် သွားမည် ဖြစ်ကြာင်း ရေးသားဖော်ပြ ထားပါသည်။ 

No comments: