ရှမ်းမြောက်ပိုင်း KIA နှင့် အစိုးရတပ်များ တင်းမာနေဆဲ၊ ရွာသားများ ထွက်ပြေးတိမ်းရှောင်
ဖနိဒါ | သောကြာနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၅၀ မိနစ်
ချင်းမိုင်(မဇ္စျိမ)။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း မိုးကိုးမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ် (KIA) ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ နှင့် အစိုးရစစ်တပ်များနှင့် တင်းမာမှုများ ရှိနေဆဲဖြစ်ပြီး ဒေသခံ ရွာသားများလည်း တဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KIA ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဓမ္မဆရာတို့ထံမှ သိရသည်။
လက်ပံတောင်း ဖြိုခွင်းမှု ၇ လပြည့် လူ ၅ဝဝ ကျော်ဆန္ဒပြ
လက်ပံတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွင်းခံရတဲ့ ၇ လပြည့်
အထိမ်းအမှတ်အနေနဲ့ ဒီကနေ့ နေ့လည်ပိုင်းက စစ်ကိုင်းတိုင်း၊
လက်ပံတောင်းတောင်ဒေသမှာ ဒေသခံရွာသား ၅ဝဝ ကျော်ဟာ တုံရွာထိပ်ကနေ ထန်းတော
သစ်ဆိပ်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ တုံရွာသူတစ်ဦးက RFA ကို အခုလို ပြောပါတယ်။
"လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒပြနေတဲ့ လက်ပံတောင်းတောင်က ဒေသခံတွေနဲ့ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ အကြမ်းဖက်ခဲ့တဲ့ ၇ လပြည့် အထိမ်းအမှတ် သတိရတဲ့အနေနဲ့ ဆန္ဒပြရခြင်းဖြစ်ပါတယ်"
ဆန္ဒပြပွဲမှာ ဆည်တဲရွာ၊ တုံရွာ၊ အလယ်တောရွာ၊ တောကျောင်းရွာစတဲ့ ကျေးရွာတွေက ဒေသခံတွေ ပါဝင်ခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အမြန်ဆုံးဖျက်သိမ်းပေးဖို့၊ ပုဒ်မ ၁၄၄ ရုတ်သိမ်းပေးဖို့၊ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့၊ ဖမ်းဝရမ်းထုတ်ထားတဲ့ သူတွေကို ရုတ်သိမ်းရေးဖို့ စတဲ့အချက် ၁ဝ ချက်ကို ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။
အဲဒီအပြင် ညနေ ၅ နာရီမှာလည်း သပိတ်စခန်းတွေ ဖြိုခွင်းခံရတဲ့ ၇ လပြည့် အထိမ်းအမှတ်အဖြစ် ဆည်တဲရွာမြောက်ဘက်ပိုင်းမှာ ဆုတောင်းပွဲတွေနဲ့ တောင်ကြည့်ပွဲကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
ဒီကနေ့ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ တုံရွာသူတစ်ဦးက RFA ကို အခုလို ပြောပါတယ်။
"လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒပြနေတဲ့ လက်ပံတောင်းတောင်က ဒေသခံတွေနဲ့ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ အကြမ်းဖက်ခဲ့တဲ့ ၇ လပြည့် အထိမ်းအမှတ် သတိရတဲ့အနေနဲ့ ဆန္ဒပြရခြင်းဖြစ်ပါတယ်"
ဆန္ဒပြပွဲမှာ ဆည်တဲရွာ၊ တုံရွာ၊ အလယ်တောရွာ၊ တောကျောင်းရွာစတဲ့ ကျေးရွာတွေက ဒေသခံတွေ ပါဝင်ခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အမြန်ဆုံးဖျက်သိမ်းပေးဖို့၊ ပုဒ်မ ၁၄၄ ရုတ်သိမ်းပေးဖို့၊ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့၊ ဖမ်းဝရမ်းထုတ်ထားတဲ့ သူတွေကို ရုတ်သိမ်းရေးဖို့ စတဲ့အချက် ၁ဝ ချက်ကို ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။
အဲဒီအပြင် ညနေ ၅ နာရီမှာလည်း သပိတ်စခန်းတွေ ဖြိုခွင်းခံရတဲ့ ၇ လပြည့် အထိမ်းအမှတ်အဖြစ် ဆည်တဲရွာမြောက်ဘက်ပိုင်းမှာ ဆုတောင်းပွဲတွေနဲ့ တောင်ကြည့်ပွဲကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
ပြည်သူချစ်တဲ့ ဆရာသော် -
မောင်သော်က(ခေါ်)ဗိုလ်မှူးဘသော် ကျဆုံးခြင်း၂၂ နှစ်မြောက်အထိမ်းအမှတ်
စာရေးဆရာ၊ ကဗျာဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ – ၁၉၉၁) ကျဆုံးခြင်း ၂၂ နှစ်မြောက်အထိမ်းအမှတ် ဂုဏ်ပြု
=================
၁၉၉၁ ခုနှစ် ဇွန်လအတွင်းက ထောင်တွင်းမှာ ကျဆုံးခဲ့သူ စာရေးဆရာ မောင်သော်က ကွယ်လွန်ခြင်း ၂၂ နှစ်မြောက်အထိမ်းအမှတ် မှတ်တမ်းရုပ်ရှင် ပြန်လည် ထုတ်လွှင့်ချက် ဖြစ်ပါသည်။
ဗီဒီယိုကို DVB မှ ကူးယူဖော်ပြပါသည်။
Connection မကောင်းသော M-Media စာဖတ်ပရိတ်သတ်များ အောက်ပါ လင့်ခ်တွင် Download ယူနိုင်ပါသည်။ Size 25 MB
https://www.dropbox.com/s/74b8do6dn9rgkfh/Maung%20Thaw%20Ka%20or%20Major%20Ba%20Thaw.mp4
စာရေးဆရာ ကဗျာ ဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် အကြောင်းပိုစ်များ ဖတ်ရန်=>http://www.m-mediagroup.com/news/tag/mgthawka
နတ္တလင်းမြို့တွင်အာဏာပိုင်တို့၏မတရားဖမ်းဆီးခံရသူများ
၂၅-၆-၂၀၁၃
နတ္တလင်းမြို့ပဲမခမ်းကျေးရွာအပို
ယနေ့(၂၅-၆-၂၀၁၃)တွင်ရုံးထုတ်စစ်
ရသူတစ်ဦးဖြစ်သည်၊၊
ဆက်သွယ်ရန်ဖုန်း ဦးအောင်မြင့်. 0949231540
ဦးဇော်ရမ်း. 095025016
နတ္တလင်းအကျဉ်းထောင်ထောင်ပိုင်ဦးဝင်းခိုင်ံ. 05338007
နတ္တလင်းမြို့နယ်အုပ်ချုပ်ရေးမှုးဦးဌေးကျော်. 05336004
ဆက်သွယ်ရန်ဖုန်း ဦးအောင်မြင့်. 0949231540
ဦးဇော်ရမ်း. 095025016
နတ္တလင်းအကျဉ်းထောင်ထောင်ပိုင်
နတ္တလင်းမြို့နယ်အုပ်ချုပ်ရေးမှု
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
လက်ပန်တောင်းတောင်ဒေသလယ်သမားများဆန္ဒပြပွဲဆင်နွဲခြင်း
၂၅-၆-၂၀၁၃ ဆားလင်းကြီးမြို့
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
လက်ပန်တောင်းတောင်ဒေသတွင်ကြေးနီမံကိန်းကိုဦးပိုင်ကုမ္ပဏီနှင့်မြန်မာဝမ်ဘောင်(တရုတ်)ကုမ္ပဏီတို့မှတာဝန်ယူမှုတာဝန်ခံများမရှိပဲကတိကဝတ်များကိုချိုးဖောက်လျှက်စီမံကိန်းကိုဆောင်ရွက်လျှက်ရှိသည်၊ဒေသခံပြည်သူများကိုလဲတဖက်သတ်ဖိနှိပ်၍ပုဒ်မ(၁၄၄)ကိုထုတ်ပြန်ထားပါသည်၊ထိုကဲ့သို့လောဘနှင့်အာဏာကိုအစွမ်းကုန်တက်ကုန်ရွက်စုံဖွင့်ဖိနှိပ်နေသောစစ်ခရိုနီတို့ကိုလယ်သမားတို့ကန့်ကွက်ဆန္ဒပြနေခြင်းဖြစ်သည်၊၊လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းရေး၊မီးလောင်ဗုံးတရားခံများကိုအရေးယူပေးရေး၊ပုဒ်မ(၁၄၄)ရုတ်သိမ်းပေးရေး၊ဦးပိုင်နှင့်ဝမ်ဘောင်ကုမ္ပဏီအလိုမရှိ၊မတရားဖမ်းဆီးပြီးဝရမ်းထုတ်ခြိမ်းခြောက်မှုများချက်ခြင်းရပ်၊စသည့်တောင်းဆိုချက်များ၊ကြွေးကြော်သံမျးနှင့်ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်၊ဆန္ဒဖော်ထုတ်ပွဲအားတုံရွာမရှေ့ဆားလင်းကြီးညောင်ပင်ကြီးကားလမ်းမှစတင်ကာညောင်ပင်ကြီးချင်းတွင်းမြစ်ထိလူအင်အား(၅၀၀)ခန့်ဆန္ဒြ့ပနေခြင်းဖြစ်သည်၊ဆန္ဒပြတောင်းဆိုမှုအားယနေ့နေ့လည်(၁)နာရီတွင်စတင်ခဲ့သည်၊၊လက်ပန်တောင်းတောင်ဒေသလယ်သမားများအနေဖြင့်စစ်ခရိုနီဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ခွင့်အားမုံရွာမြို့ပေါ်၌ဆောင်ရွက်နိုင်ရန်အာဏာပိုင်တို့အားတင်ပြခဲ့သော်လဲ(၄)ကြိမ်တိတိမုံရွာရဲစခန်းမှစခန်းမှုးဦးကြူအင်းမှကြောင်းကျိုးခိုင်မာမှုမရှိပဲငြင်းပယ်ခဲ့သည်၊၊
ဆက်သွယ်ရန်ဖုန်း. 09400493280
0943003890
09442000900
0943003890
09442000900
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
လက်ပန်တောင်းတောင်အရေးနှင့်ပတ်သက်၍ဖမ်းဆီးခံရသူများ
လက်ပန်တောင်းတောင်ဒေသမှအဖိနှိပ်ခံနေရသောလယ်သမားအတွက်ကူညီဆောင်
ရွက်ရင်း၊ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှကိုအောင်စိုး၊ဒေသခံများဖြစ်သော
ဆည်တည်းရွာမှကိုစိုးသူ၊ဦးမောင်စန်းတို့ကိုခရိုနီကြေးစားရဲများမှဖမ်းဆီးထားပါသည်၊
လက်ပန်တောင်တောင်ကြေးနီစီမံကိန်းကြောင့်လယ်ယာမြေအသိမ်းခံထားရသော
ဆည်တည်းရွာသူမရီဝင်း၏မြေကွက်၌လယ်သမားများထွန်တုံးတိုက်ပွဲဆင်နွဲစဉ်
(၂၅-၄-၂၀၁၃)ရက်နေ့ကကိုအောင်စိုးအပါအဝင်သုံးဦးကိုကြေးစားရဲများမှအကြမ်း
ဖက်ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်ပါသည်၊၊ဖမ်းဆီးသွားသည့်နေ့မှစ၍မည်သည့်
နေရာရောက်နေသည်ကိုစုံစမ်းဆက်သွယ်၍မရခဲ့ပဲဆားလင်းကြီးရဲများမှကိုအောင်
စိုးတို့ကိုထောင်ချပြီးကြောင်းဆည်တည်းရွာသို့လာရောက်အကြောင်းကြားမှရွေဘို
ထောင်သို့ရောက်ရှိနေကြောင်းသိရှိခဲ့ရပါသည်၊၊ကိုအောင်စိုးကိုအမှုသုံးမှုဖြင့်ထောင်
ဒဏ်(၁)နှစ်(၆)လ၊ကိုစိုးသူ၊ဦးမောင်စန်းတို့အား(၆)လစီမတရားသဖြင့်တဖတ်သတ်
ထောင်ချခဲ့ပါသည်၊၊ကိုအောင်စိုးအားအပါအဝင်သုံးဦးအားကျန်ရှိနေသောအမှုများအတွက်ယနေ့မနက်(၁၀)နာရီ(၃၀)မိနစ်တွင်ရွေဘိုထောင်မှတရားရုံးသို့ခေ
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
ရွက်ရင်း၊ရန်ကုန်ပြည်သူ့အကျိုးေ
ဆည်တည်းရွာမှကိုစိုးသူ၊ဦးမောင်
လက်ပန်တောင်တောင်ကြေးနီစီမံကိန်
ဆည်တည်းရွာသူမရီဝင်း၏မြေကွက်၌
(၂၅-၄-၂၀၁၃)ရက်နေ့ကကိုအောင်စိုး
ဖက်ရိုက်နှက်ဖမ်းဆီးသွားခြင်ြး
နေရာရောက်နေသည်ကိုစုံစမ်းဆက်သွ
စိုးတို့ကိုထောင်ချပြီးကြောင်း
ထောင်သို့ရောက်ရှိနေကြောင်းသိရှ
ဒဏ်(၁)နှစ်(၆)လ၊ကိုစိုးသူ၊ဦးေ
ထောင်ချခဲ့ပါသည်၊၊ကိုအောင်စိုး
ါ်ဆောင်လာခဲ့ပါသည်၊
ဆည်တည်းရွာသားများနှင့်လက်ပန်တောင်းဒေသခံတချို့လဲကိုအောင်စိုးတို့အမှုအတွက်သွားရောက်ခဲ့ပါသည်၊တရားရုံးသို့ရောက်ရှိပြီး(၅)မိနစ်ခန့်အကြာတွင်နောင်ရုံးချိန်းကို(၈-၇-၂၀၁၃)ရက်နေ့သို့ပြန်လည်ချိန်းဆိုပြီးယနေ့တွင်တော့လုံခြုံရေးအခြေအနေကြောင့်စစ်ဆေးမှုမပြုလုပ်ကြောင်းတရားရုံးမှပြောကြား၍ရွေဘိုထောင်ထဲသို့ကိုအောင်စိုးတို့ကိုပြန်လည်ပို့ဆောင်လိုက်ပါသည်၊၊
ဆက်သွယ်ရန်ဖုန်း. 09420214753
ဆည်တည်းရွာသားများနှင့်လက်ပန်ေ
ဆက်သွယ်ရန်ဖုန်း. 09420214753
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
ဒေဝဒတ်အောင်သောင်းနှင့် သူ၏ခွေးကျင့် ခွေးကြံများအား ဖေါ်ထုတ်ချင်း ။
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
ပြန်မလာပါစေနဲ့  (ကဗျာ)
သေသေချာချာ ဆင်ထားတဲ့ ထောင်ချောက်ထဲကို
နိုင်ငံတော်သီချင်းဆိုလို့ ဝင်တယ်
အင်တာနက် တက်ပြီးဝင်တယ်
ဖေစ်ဘုက်ကနေ ဝင်တယ်
ကခုံလို့ ဝင်တယ်
လမ်းလျှေက်လို့ ဝင်တယ်
ဂျွန်းထိုး လို့ ဝင်တယ်
အားမန်အပြည့်နဲ့ ဝင်တယ်
ဒေါသတကြီးနဲ့ ဝင်တယ်
မိဖကိုယ်တောင် ပြစ်တင်ပြီးဝင်တယ်
လက်တွဲဖေါ် ရဲဘော်ချင်း
လမ်းခွဲပြီးဝင်တယ်
ကြေးနီတောင်ကြီးကို
ကျောခိုင်းပြီးဝင်တယ်
လယ်သိမ်းခံ လယ်သမားတွေကို
မေ့ထားပြီးဝင်တယ်
ဆယ်နှစ်အရွယ် စားပွဲထိုးလေးကို
အောင်ဟစ်ငေါက်ငန်းပြီး ဝင်တယ်
၂၀၀၈ ၂၀၁၀ ၂၀၁၅ တွေကို ခေါင်းထဲ
မထည့်ပဲဝင်တယ်
ဝိဘစ္စဝါဒအကြောင်း မလေ့လာပဲဝင်တယ်
ယမကာလေးသောက်ပြီးဝင်တယ်
မနက်ဖြန်မှာ ညီအစ်ကိုချင်း ဒါး
ချင်းခုတ်ဖို့ ဝင်တယ်
မနက်ဖြန်မှာ အဇာတသက်လက်သစ်လုပ်ဖို
့ဝင်တယ်
မနက်ဖြန်မှာ သူတပါး တံတွေးခွက်ထဲမှာ
ရေကူးသင်ဖို့ ဝင်တယ်
မနက်ဖြန်မှာ အာဏာရှင်တွေ
သွေးစိမ်းရှင်ရှင်တွေသောက်
လက်ရုံးတွေ မီးတောက်သွားနိုင်ဖို့ 
ဝင်တယ်
ဝင်တယ်
ဝင်တယ်
ဝင်တယ်
သူတို့ ကိုယ်သူတို့ 
မျိုးချစ်ကြီးတွေလို့ အော်ပြီးဝင်တယ်
သွားပစေလေ
လမ်းဖယ်ပေးလိုက်ကြပါ
အနံဆိုးလွန်းလို့ 
ပြန်တော့ မလာစေနဲ့  ။ ။
မင်းညိုအောင်
ဗုဒ္ဒဘာသာဝင် အကြမ်းဖက်သမား -
ဗုဒ္ဒဘာသာကို အသုံးချပြီး လူမှုရေး ဘာသာရေး အထိကရုန်းများ ဖြစ်စေရန် သွေးထိုးလှုံဆော် နေသူ အဓိက တရားခံ သင်္ကန်းဝတ် ဝိရသူ အား ကမ္ဘာကျော်တိုင်းမဂ္ဂဇင်းကြီးမှ ဤသို့ အကြမ်းဖက်သမားဟု ကင်ပွန်းတတ် သုံးနှုံးလိုက်သည်မှာ ဗုဒ္ဒဘာသာဝင်တို့ အတွက် အလွန်ပင် ရှက်ဖွယ် ဖြစ်ပါသည်။
၈၈ မျိုးဆက် နဲ့ ဘီဘီစီ အမေး အဖြေ
Wednesday, June 19, 2013
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ရှစ်ယောက် ဟာ မနေ့ က လန်ဒန် ကို ရောက်လာတဲ့ နေ့ မှာပဲ ဘီဘီစီ ကမ္ဘာတလွား ရုပ်မြင်သံကြား နဲ့ အသံလွှင့် ဌာန ကို ရောက်လာ ခဲ့ပြီး မြန်မာ နိုင်ငံ ရဲ့ လတ်တလော... အခြေအနေ၊ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးကြမ်း၊ မြန်မာ့ အနာဂတ် စတာတွေ ကို ဘီဘီစီ သတင်းဌာန တွေ က တွေ့ဆုံမေးမြန်းမှု ပြုခဲ့ကြပါတယ်။
မြန်မာနိုင်ငံရဲ့ လတ်တလော ပြောင်းလဲမှု တွေရဲ့ အဓိက အကြောင်းရင်း ကို မေးမြန်းရာမှာ ကိုမင်းကိုနိုင်က ပြည်သူလူထု တရပ်လုံးက အပြောင်းအလဲ ကို လိုလားတဲ့ အလျောက် အားထုတ်ကြိုးပမ်းမှု လည်းရှိခဲ့လို့ မပြောင်းမဖြစ် တဲ့ အခြေအနေ ရောက်လာပုံ၊ အများကြီး ပြောင်းလဲတယ် လို့ စွဲမှတ် မထားသင့်ပဲ ၊ တချို့ဟာ အပေါ်ယံ ပြောင်းလဲမှု သာ ဖြစ်ကြောင်း ဖြေကြားသွားပါတယ်။
မြန်မာနိုင်ငံ ရဲ့ အနာဂတ်မှာ စစ်တပ် ရဲ့ အခန်းကဏ္ဍ ဟာ ဘယ်လောက် အထိ အရေးပါနေဦး မှာလည်း ဆိုတဲ့ မေးခွန်းကို ကိုဌေးကြွယ် က ဖြေရာမှာ တပ်နဲ့ အတူ တမျိုးသားလုံးနဲ့ ရင်ကြားစေ့ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ကြယင်း၊ တပ်ရဲ့ အခန်းကဏ္ဍ ကို အာဏာ ထိန်းချုပ်ရာမှ နိုင်ငံ တည်ဆောက်၊ ကာကွယ်ရေး ကို တာဝန်ယူတဲ့ အပိုင်းဆီ တဖြည်းဖြည်း လျှော့ချ ဖို့ လိုကြောင်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ အဖြစ် မြင်လိုပါသလား၊ ဒါမှ မဟုတ် ဘယ်သူ့ ကို ရွေးချယ်မှာပါလဲ ဆိုရာမှာ စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ရရှိရေး အတွက် ကြိုးစားလုပ်ဆောင်ပေး နိုင်မယ့် ခေါင်းဆောင်မျိုး၊ မည်သူ ကို မဆို လေးစားစွာ နဲ့ ကြိုဆိုမယ့် အကြောင်း ကို ကိုမင်းဇေယျာ က ဖြေကြားပါတယ်။
မြန်မာအစိုးရ ဟာ ဗုဒ္ဒဘာသာဝင်တွေ နဲ့ မွတ်ဆလင်တွေ အကြား တင်းမာမှု ကိုင်တွယ်ရာမှာ ဘယ်လိုမြင်ပါသလည်း ဆိုတဲ့ မေးခွန်းကို ကိုကိုကြီး က ရှင်းပြရာမှာ စွမ်းအားရှင် လို့ ခေါ်တဲ့ အဖွဲ့အစည်းတွေ ရဲ့ စနစ်တကျ၊ အကွက်ချ လုပ်ဆောင်မှု တွေကို အရေးမယူလို့ နိုင်ငံရေး အမြတ်ထုတ် တာလို့ မြင်ပုံ ကို ပြောပြပါတယ်။
ကိုမြအေး ကို တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာကို မေးရာမှာ ဘယ်နိုင်ငံ ကမဆို ပြည်တွင်းမှာ ရင်းနှီးမှု ပြုမယ် ဆိုရင် နိုင်ငံရော လူမျိုး အတွက်ပါ အကျိုးများစေဖို့ သာ အရေးကြီးကြောင်း ဖြေဆိုသွားပါတယ်။
မုဒိမ်းမှု ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့် အချက်များ အကျဉ်းချုပ်
18 June
2013 | By Health Digest
(၁) အိမ်တွင် အခြားသူ တစ်ဦး တစ်ယောက်မျှ မရှိပါက သူငယ်ချင်း
တစ်ယောက် သို့မဟုတ် ဆွေမျိုး တစ်ဦးဦးကို ဖုန်းဆက် အကြောင်းကြား ပါ။ မိမိအား လျင်မြန်စွာနှင့်
တရား မျှတစွာ ဆောင်ရွက်ပေးနိုင်မည့် သူကို ရွေးချယ်ပါ။ သို့မှသာ မိမိအတွက် အထောက်အကူ
ရမှာဖြစ်သည်။ ထိုသူ အား မိမိနှင့် တစ်ချိန်လုံး ရှိနေစေ ရန် ကြိုးစားပါ။
(၂) ရဲထံတွင် အမှုဖွင့်ပါ။ ကိုယ်တိုင် မလုပ်နိုင်ပါက အနီးဆုံးနှင့်
အရင်းနှီး ဆုံး မိတ်ဆွေ သူငယ်ချင်းကို ချက်ချင်း ဖွင့်ပြောပြီး အကူအညီ တောင်းပါ။ ထိုသူ၏
အကူအညီဖြင့် ရဲထံတွင် အမှု ဖွင့်ပါ။
(၃) မိမိ၏ မိသားစု ဆရာဝန်နှင့် ဆက်သွယ်ပြီး မြန်နိုင်သမျှ
အမြန်ဆုံး လာရောက်တွေ့ဆုံရန် မေတ္တာရပ်ခံပါ။ အကယ်၍ မိသားစု ဆရာဝန်ကို ချက် ချင်းတွေ့ဆုံရန်
မဖြစ်နိုင်ပါက ဆေးရုံ သို့သွားပါ။
(၄) ရေမချိုးပါနဲ့။ အဝတ်အစား အားလုံးကို ချွတ်ပြီး မလျှော်ဖွပ်ပါနဲ့။
ဆရာဝန်နှင့် ရဲက စစ်ဆေးရန် လိုအပ် နိုင်သည်။
(၅) မုဒိမ်းကောင်၏ ပုံပန်းသဏ္ဌာန် အသေးစိတ်ကို ပြန်လည် သတိရရန်
ကြိုးစားပါ။ ထိုသူ၏ ရုပ်ပိုင်းဆိုင်ရာ ပုံပန်းသဏ္ဌာန် သာလျှင်မက သင်မှတ် မိသမျှကို စာရွက်ပေါ်တွင်
ချရေးထား ပါ။ ထိုသူ၏ စကားပြောသည့် လေသံ၊ သုံးစွဲလေ့ရှိသည့် စကားလုံးများ စသည် တို့ကို
ချရေးပါ။
(၆) ရဲထံ အမှုဖွင့်ပြီး သည့်နောက် အိမ်သို့ တစ်ယောက်တည်း
မပြန်ပါနဲ့။ အိမ်ထဲမှာလည်း တစ်ယောက်တည်း မနေပါနဲ့။ သူငယ်ချင်းတစ်ယောက် ကို ခေါ်ထားနိုင်ရန်
ကြိုးစားပါ။ ထိုသို့ မဖြစ်နိုင်ပါက သူငယ်ချင်းများ သို့ မဟုတ် ဆွေမျိုးများ၏ အိမ်တွင်
သွားရောက် နေထိုင်ပါ။
(၇) သူတို့နိုင်ငံ များတွင် မုဒိမ်းမှု ဆိုင်ရာ အထူးဌာနများ
ရှိတတ်သည်။ သို့မဟုတ် အမျိုးသမီးများ အချင်း ချင်း အကူအညီ ပေးသည့် ဒေသဆိုင် ရာ အဖွဲ့အစည်းများ
(ဥပမာ- အမျိုး သမီးရေးရာအဖွဲ့) စသည်တို့က သင့် အား အကြံဥာဏ် ပေးနိုင်သောကြောင့် ထိုအဖွဲ့များနှင့်
အမြန်ဆုံး ဆက်သွယ် ပါ။
ရန်ကုန် အိမ်ခြံမြေ ဈေးကွက် အလှည့်အပြောင်း ရှိလာနိုင်သလား
ခင်မျိုးသွယ် | အင်္ဂါနေ့၊ ဇွန်လ ၁၈ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၁၃ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။
ရန်ကုန် အိမ်ခြံမြေ ဈေးကွက်အတွင်း ယခင်က မရှိခဲ့ဖူးသည့်
စုံစမ်းမေးမြန်းမှုများကြောင့် ပုံမှန်အနေအထားထက် အလှည့်အပြောင်း ဖြစ်လာနိုင်ချေ
အတွေးတောဖွယ်ရာများ ရှိနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း
လုပ်ကိုင်နေသူများထံမှ သိရသည်။
မေးခွန်းအသစ်တွေ မေးလာကြတယ်
မေးခွန်းအသစ်တွေ မေးလာကြတယ်
ပုဒ်မ(၁၄၄)ကိုကန့်ကွက်ကြ
မကွေးတိုင်းဆင်ပေါင်ဝဲမြို့နယ်၊ဘော်မြင့်ကျေးရွာအပါအဝင်ရွာပေါင်း(၁၃)ရွာပိုင်မြေများအား
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
ပုဒ်မ(၁၄၄)ထုတ်တော့မည်ဖြစ်ကြောင်းအသိပေးကြေငြာနေပါသည်၊ဒေသခံများ
အနေဖြင့်ကန့်ကွက်လိုပါက(၇)ရက်အတွင်းမြို့နယ်အုပ်ချုပ်ရေးမှုးရုံးသို့လာရောက်
၍ကန့်ကွက်နိုင်သည်ဟုကျေးရွာအာဏာပိုင်များမှ(၁၆-၆-၂၀၁၃)ယနေ့ညနေ(၅)နာရီ
တွင်ကြေငြာခဲ့ခြင်းဖြစ်ပါသည်၊၊ဘော်မြင့်ကျေးရွာအပါအဝင်၊ရွာပေါင်း(၁၃)ရွာပိုင်လယ်
ယာမြေဧက (၁၂၇၀၀)ကျော်အား(ကပစ-၈)မှ၁၉၉၅ခုနှစ်ကလျှော်ကြေးတစုံတရာမပေး
ပဲသိမ်းယူထားခဲ့ခြင်းဖြစ်ပါသည်၊၊လယ်သိမ်းခံရသောလယ်သမားများအနေနှင့်နည်း
အမျိုးဖြင့်ပြန်လည်တင်ပြတောင်းဆိုခဲ့သော်လဲမရရှိခဲ့ပါ၊ယခုအခါလယ်သမားများမှ
လယ်ယာမြေများအတွင်းပြန်လည်ဝင်ရောက်၍ထွန်ယက်ခဲ့ကြပြီး၊သပိတ်စခန်းဖွင့်
မြေသိမ်းတိုက်ပွဲများပြုလုပ်တော့မည်အချိန်တွင်ပုဒ်မ(၁၄၄)ထုတ်ရန်အသိပေးခြင်း
ကိုအာဏာပိုင်များကြေငြာခဲ့ခြင်းဖြစ်သည်၊၊(ကပစ-၈)စက်ရုံမှုးဗိုလ်မှူးအေးကျော်မှ
ဆင်ပေါင်ဝဲမြို့နယ်အုပ်ချုပ်ရေးမှုးဦးကိုကိုအောင်အားပုဒ်မ(၁၄၄)ထုတ်ပြန်ရန်ညွန်
ကြားခိုင်းစေခဲ့မှုကြောင့်ဘော်မြင့်ကျေးရွာအုပ်ချုပ်ရေးမှုဦးတင့်လွင်မှရွာသားများ
အားကြေငြာခဲ့ခြင်းဖြစ်ပါသည်၊၊ယခုအချိန်မှစ၍(ကပစ-၈)မှသိမ်းပိုက်ထားသောလယ်
ယာမြေများအတွင်းထင်းမခုတ်ရ၊တောမလိုက်ရဟုပိတ်ပင်လိုက်ပါသည်၊၊ဒေသခံများအနေဖြင့်ပုဒ်မ(၁၄၄)ထုတ်ပြန်ရန်အသိပေးမှုအပေါ်ကန့်ကွက်သွားမည်ဖြစ်ပြီးလယ်ယာမြေများပြန်လည်ရရှိရေးအတွက်ဆက်လက်တောင်းဆိုလှုပ်ရှားသွားမည်ဖြစ်သည်၊၊
ဆက်သွယ်ရန်ဖုန်း-- ၀၉၄၀၁၆၅၆၀၉၀
လယ်သမားထုအခွင့်အရေးအတွက်ရဲရဲရင့်ရင့်တောင်းဆိုကြ
မကွေးတိုင်းဆင်ပေါင်ဝဲဒေသလယ်သမားများ
အနေဖြင့်ကန့်ကွက်လိုပါက(၇)ရက်
၍ကန့်ကွက်နိုင်သည်ဟုကျေးရွာအာဏာ
တွင်ကြေငြာခဲ့ခြင်းဖြစ်ပါသည်၊၊ေ
ယာမြေဧက (၁၂၇၀၀)ကျော်အား(ကပစ-၈)မှ၁၉၉၅ခု
ပဲသိမ်းယူထားခဲ့ခြင်းဖြစ်ပါသည်၊
အမျိုးဖြင့်ပြန်လည်တင်ပြတောင်း
လယ်ယာမြေများအတွင်းပြန်လည်ဝင်ေ
မြေသိမ်းတိုက်ပွဲများပြုလုပ်တော
ကိုအာဏာပိုင်များကြေငြာခဲ့ခြင်း
ဆင်ပေါင်ဝဲမြို့နယ်အုပ်ချုပ်ရေး
ကြားခိုင်းစေခဲ့မှုကြောင့်ဘော်ြ
အားကြေငြာခဲ့ခြင်းဖြစ်ပါသည်၊၊
ယာမြေများအတွင်းထင်းမခုတ်ရ၊တော
ဆက်သွယ်ရန်ဖုန်း-- ၀၉၄၀၁၆၅၆၀၉၀
လယ်သမားထုအခွင့်အရေးအတွက်ရဲရဲ
မကွေးတိုင်းဆင်ပေါင်ဝဲဒေသလယ်သမာ
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
လက်ပန်တောင်းဒေသလယ်သမားများစစ်ခရိုနီဆန့်ကျင်ရေးဆန္ဒပြပွဲ
လက်ပန်တောင်းဒေသလယ်သမားများစစ်ခရိုနီဆန့်ကျင်ရေးဆန္ဒပြပွဲ
ယနေ့နေ့လယ်(၁)နာရီ
လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းရေး
ပုဒ်မ(၁၄၄)ရုတ်သိမ်းပေးရေး
မီးလောင်ဗုံးအကြမ်းဖက်တရားခံများကိုဖော်ထုတ်အရေးယူပေးရေး
ဒေသခံများမှဦးပိုင်၊ဝမ်ဘောင်ကုမ္ပဏီများကိုအမှုဖွင့်ထားမှုများကိုအရေးယူပေးရေး
မတရားဖမ်းဆီးခံရသူများနှင့်ဖမ်းဝရမ်းထုတ်ခံထားရသူများကိုအမြန်ဆုံးလွတ်ပေးရေး
စသည့်အချက်တွေကိုတောင်းဆိုမည်
၁၇-၆-၂၀၁၃. ယနေ့နေလယ်(၁)နာရီတွင်တုံရွာရှေ့မှစတင်ပြီးချင်းတွင်းမြစ်ဆိပ်ထိ
လယ်သမားများချီတက်ဆန္ဒပြတော့မည်၊၊
စစ်ခရိုနီဆန့်ကျင်ရေးအရေးတော်ပုံအောင်ရမည်
ဆက်သွယ်ရန်ဖုန်း. ၀၉၄၀၀၄၉၃၂၈၀
၀၉၄၄၂၀၀၀၉၀၀
ယနေ့နေ့လယ်(၁)နာရီ
လက်ပန်တောင်းတောင်ကြေးနီစီမံကိ
ပုဒ်မ(၁၄၄)ရုတ်သိမ်းပေးရေး
မီးလောင်ဗုံးအကြမ်းဖက်တရားခံမျာ
ဒေသခံများမှဦးပိုင်၊ဝမ်ဘောင်ကု
မတရားဖမ်းဆီးခံရသူများနှင့်ဖမ်း
စသည့်အချက်တွေကိုတောင်းဆိုမည်
၁၇-၆-၂၀၁၃. ယနေ့နေလယ်(၁)နာရီတွင်တုံရွာရှေ
လယ်သမားများချီတက်ဆန္ဒပြတော့မည်၊
စစ်ခရိုနီဆန့်ကျင်ရေးအရေးတော်ပု
ဆက်သွယ်ရန်ဖုန်း. ၀၉၄၀၀၄၉၃၂၈၀
၀၉၄၄၂၀၀၀၉၀၀
သံဃာအပါအ၀င် အများပြည်သူ ရန်ကုန်ဗလီလေ့လာ
အောင်ရဲ မောင်မောင်
16.06.2013
ဗလီတွေထဲမှာ လက်နက်တွေ သိုလှောင်ထားတယ်၊
ဗလီကျောင်းတွေဟာ စစ်စခန်းတွေ ဖြစ်တယ်လို့ စွပ်စွဲချက်တွေ
ရှိနေတဲ့အတွက် အစ္စလာမ်ဘာသာဝင် ၀တ်ပြုရာ ဗလီတွေထဲကို အများပြည်သူ ၀င်ထွက်သွားလာခွင့်၊
လေ့လာကြည့်ရှု
လဒင် ကို ရှင်းခဲ့တဲ့ သူရဲကောင်းများ အဖွဲ့ အကြောင်း -
ပုံမှာ ပြထားတာကတော့ ရုပ်ရှင်ထဲက
Navy SEAL ပါ။
တကယ့် အပြင်မှာ အိုစမာဘင်လာဒင်ကို တိုက်ခိုက်နှိမ်နှင်းသွားတဲ့ Navy
SEAL နဲ့ Team 6 တို့ရဲ့  အချက်အလက်အချို့ က အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဘ၀စာမျက်နှာသစ်
(၂၀၁၂)ခုနှစ်မှာ မြန်မာ့နိုင်ငံရေး
ပြောင်းလဲမှုတွေ စတင်လာခဲ့ပါတယ်။ ဒီလိုစတင်လာချိန်ကစပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့
တော်လှန်ရေးသမားများကလဲ လွှတ်တော်ပြင်ပ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ၊ လွှတ်တော်တွင်းနိုင်ငံရေးသမား၊
နိုင်ငံရေးမီဒီယာ စသဖြင့် ရွေးချယ်မှုများ ပြုလုပ်ပြီး၊ နိုင်ငံရေးခရီးကို ရှေ့ဆက်လှမ်းကြပါတယ်။
အချို့ကတော့ နိုင်ငံရေးလှုပ်ရှားမှုကို ရပ်ဆိုင်းပြီး လူမှုရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းစဉ်များကို ဆက်လုပ်ကြပါတယ်။ အချို့ကတော့ ပြည်ပမှာ အခြေစိုက်ပြီး၊ နိုင်ငံရေးအပြောင်းအလဲကို
အွန်လိုင်းကနေ ဆန့်ကျင်ဝေဖန်မှုတွေ ဆက်လက် ပြုလုပ်ကြပါတယ်။
ဒီလိုအခြေအနေမှာ ကျွန်မအတွက်လဲ
ဘယ်လမ်းကို ဆက်လျှောက်မလဲဆိုတဲ့ မေးခွန်းတခုကို ကိုယ့်ဘာသာကိုယ် စတင်မေးမြန်းလာခဲ့ပါတယ်။
(၁၉၉၇) ခုနှစ်ကစပြီး၊ ဆယ့်ငါးနှစ်တာ ကာလအတွင်း နိုင်ငံရေးပါဝင်ပတ်သက်မှု ရှိခဲ့ရာမှာ
စာဖတ်ဝိုင်းလေ့လာသူ၊ စာရွက်များ ဖြန့်ဝေသူကနေ စလို့ ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်ရဲ့
မီဒီယာနဲ့ ကင်ပိန်းဒါရိုက်တာ၊ မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ချုပ်ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး
(၁)၊ ဘားမားဒိုင်ဂျက်စ် မဂ္ဂဇင်း အယ်ဒီတာ၊ လွတ်မြောက်ရေးဂျာနယ် တာဝန်ခံအယ်ဒီတာ၊ လူထုတိုက်ပွဲလက်စွဲ
စာအုပ်များ တာဝန်ခံထုတ်ဝေသူနဲ့ စာရေးသူ၊ အမျိုးသမီးအခွင့်အလမ်းဆိုင်ရာ ရေဒီယိုအသံလွှင့်ဆောင်းပါးများ
ရေးသားသူ စတဲ့ တာဝန်များကို ထမ်းဆောင်ခဲ့ပြီး၊ နိုင်ငံရေးနဲ့ တော်လှန်ရေး ဆောင်းပါး၊
ကဗျာ၊ ၀တ္ထုတို ခြောက်ရာကျော်ကို ရေးသားဖြစ်ခဲ့ပါတယ်။
ဒီလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ
(political activist) အဖြစ် ဆယ့်ငါးနှစ်တာ ရပ်တည်ခဲ့ရာက ဘယ်လို ဆက်လက်ရပ်တည်မလဲဆိုတာကို
ရွေးချယ်ရချိန်မှာတော့ ဖြစ်ပေါ်နေတဲ့ အခြေအနေကို သုံးသပ်မှုတွေ စတင်ပြုလုပ်လာရပါတယ်။
ဒီလိုသုံးသပ်ရာမှာ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ ရလဒ်တွေအပေါ် နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းကြီးများ၊
နိုင်ငံရေးခေါင်းဆောင်များ၊ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ တော်လှန်ရေးခေါင်းဆောင်များက
လက်ခံပြီး၊ ငြိမ်းချမ်းရေး အကောင်အထည် ဖော်ဆောင်မှု၊ အပစ်အခတ်ရပ်စဲမှုများ လုပ်နေခြင်း၊
နိုင်ငံတကာမှ လက်ခံပြီး၊ အားပေးကူညီမှုများ လုပ်ဆောင်နေခြင်း စတာတွေကြောင့် ပြည်ပနိုင်ငံရေး
တက်ကြွလှုပ်ရှားသူအဖြစ် ဆက်လက် ရပ်တည်မှုတွေမှာ မိမိအနေနဲ့ ပါဝင်ဖို့ မလိုအပ်တော့ကြောင်း
သုံးသပ်မိလာပါတယ်။ ဒါကြောင့် ပြည်ပနိုင်ငံရေးလှုပ်ရှားမှုမှ အနားယူရန် ဆုံးဖြတ်ပြီး၊
အဖွဲ့အစည်းအသီးသီးမှ နှုတ်ထွက်ခဲ့ပါတယ်။
ဒီအဆင့်အပြီးမှာ ရှေ့ဆက်ရမယ့်
ခရီးအတွက် ရွေးချယ်ရမှုတွေ ရှိလာပါပြီ။ နိုင်ငံရေးပါတီတခုခုဝင်ပြီး နိုင်ငံရေးသမား
(politician) လုပ်မည်လား၊ နိုင်ငံရေးမီဒီယာ (political media) တခုခုမှာ အလုပ်လုပ်မည်လား၊
တက္ကသိုလ်နှင့် သုတေသနအင်စတီကျူများ အခြေပြု political academic အဖြစ် နိုင်ငံရေးအကြံပေးမှု
(political consultancy)၊ နိုင်ငံရေးသုတေသန (political research) နဲ့ နိုင်ငံရေးပညာပေးမှု
(political education) လုပ်ငန်းများကို လုပ်ဆောင်မည်လား၊ ပြည်တွင်းနိုင်ငံရေး တက်ကြွလှုပ်ရှားမှုများမှာ
ပါဝင်ပြီး political activist အဖြစ် ဆက်လက် ရပ်တည်မည်လား စတဲ့ role သုံးမျိုးကို စဉ်းစားလာရပါတယ်။
လူတယောက်တည်းကနေ ဘက်ပေါင်းစုံမှာ ပါဝင်နိုင်ဖို့ဆိုတာ ခဲယဉ်းတာကြောင့် တခုကို ရွေးချယ်ရာမှာ
မြန်မာပြည်နဲ့ ဆယ်နှစ်တာ ဝေးကွာခဲ့သူ၊ ပြည်သူလူထုနဲ့ ဆယ်နှစ်ခန့် ဝေးနေခဲ့သူတယောက်
ဖြစ်တဲ့အတွက် နိုင်ငံရေးသမား (politician) အဖြစ် ပါဝင်ပတ်သက်ရန် အချိန်တခုယူရန် လိုအပ်ကြောင်း
မိမိကိုယ်ကို သုံးသပ်မိပါတယ်။
ဒါကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ
(political activist)၊ နိုင်ငံရေးသမား (politician) အဖြစ် ရပ်တည်ခြင်း မပြုတော့ပဲ၊
တက္ကသိုလ်နှင့် သုတေသနအင်စတီကျူများ အခြေပြု political academic အဖြစ် နိုင်ငံရေးအကြံပေးမှု
(political consultancy)၊ နိုင်ငံရေးသုတေသန (political research) နဲ့ နိုင်ငံရေးပညာပေးမှု
(political education) လုပ်ငန်းများကို (၂၀၁၃) ခုနှစ်မှ စပြီး၊ ဆယ်နှစ်ခန့် တစိုက်မတ်မတ်
လုပ်ဆောင်သွားရန် ရွေးချယ်လိုက်ပါတယ်။
ဒီလိုနဲ့ ဘ၀စာမျက်သစ်ကို
စတင်ခဲ့ရာမှာ သုတေသနစာတမ်းများကို Oxford, Cambridge, LSE, Princeton, Yale,
Harvard, George Washington, East-West Centre, ANU, SIPRI, NIDS (Japan), IDSA
(India) စတဲ့ တက္ကသိုလ်များနဲ့ သုတေသနအင်စတီကျူများရဲ့ ကွန်ဖရင့်များ၊ ISA, BISA,
IPSA အစရှိတဲ့ ပရော်ဖက်ရှင်နယ်အဖွဲ့အစည်းများရဲ့ ကွန်ဖရင့်များမှာ တင်သွင်းဖတ်ကြားနိုင်ဖို့
ရည်ရွယ်ခဲ့ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် Myanmar Institute of
Peace and Security Studies (MIPSS) ကို စတင်တည်ထောင်ခဲ့ပြီး၊ လေ့လာရေးစာစဉ် သုံးဆယ်ခန့်ကိုလဲ
ထုတ်ဝေထားပါတယ်။ နောက်ပိုင်းမှာ မြန်မာနိုင်ငံတွင်းမှာ သုတေသန အင်စတီကျူ တရပ်အဖြစ်
MIPSS ကို အခြေစိုက်ရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးပညာရပ်များထွန်းကားရေး၊ မြန်မာ့နိုင်ငံရေး
သုတေသီများ ပေါ်ထွက်လာရေး၊ မြန်မာနိုင်ငံအခြေစိုက် အရှေ့တောင်အာရှလုံခြုံရေး သုတေသနစင်တာ
တည်ထောင်နိုင်ရေး စတာတွေအတွက် အစိုးရတာဝန်ရှိသူများ၊ တက္ကသိုလ်များ၊နိုင်ငံတကာ အဖွဲ့အစည်းများနဲ့
ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ယနေ့မှာတော့ ဘ၀စာမျက်နှာသစ်
စီမံကိန်းရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ Stockholm International Peace Research
Institute (SIPRI) က ကျင်းပတဲ့ International Conference on Economics and
Security မှာ စာတမ်းတင်သွင်းဖို့ ရောက်ရှိနေပါတယ်။ ဝေဖန်မှုတွေ၊ အတားအဆီးတွေ၊ အခက်အခဲတွေ
ရှေ့ခရီးမှာ အများအပြား ကြုံလာရမှာ ဖြစ်ပေမယ့်၊ စေတနာအရင်းခံနဲ့ မျိုးစေ့မှန်ကို စိုက်ရင်
တနေ့မှာ အသီးပွင့်လာမယ်ဆိုတာ ယုံကြည်ရင်း.............။
ခင်မမမျိုး (၁၄၊ ၆၊ ၂၀၁၃)
သတင်းစာ လွတ်လပ်ခွင့် အပေါ် နောက်ကြောင်းပြန်လှည့် တာတွေရှိကြောင်း CPJ ဝေဖန်
မြန်မာအာဏာပိုင်တွေအနေနဲ့
သတင်းစာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ သလို နောက်ကြောင်း
ပြန်လှည့်နေတာတွေလည်း ရှိတယ်လို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် သတင်းထောက်များ
ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ က ဒီနေ့ ဝေဖန်ထောက်ပြလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန်က အကျဉ်းကျ
သတင်းစာဆရာတွေကို ပြန်လွှတ်ပေးခဲ့သလို စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး မြန်မာသတင်း
မီဒီယာလောက လွတ်လပ်ကျယ်ပြန့်လာခဲ့ကြောင်း၊ ဒါပေမယ့် အမှီအခိုကင်းပြီး စိုးရိမ်မှု ကင်းတဲ့
သတင်းတင်ပြချက်၊ ရေးသားချက်တွေ လုပ်ဆောင်နိုင်ဖို့ စိန်ခေါ်ချက်တွေနဲ့ အခက်အခဲတွေ ရှိနေသေးကြောင်း
ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ CPJ ရဲ့ မြန်မာသတင်း လွတ်လပ်ခွင့်ဆိုင်ရာ အထူး အစီရင်ခံစာက
ဆိုပါတယ်။
အနောက်နိုင်ငံတွေက ပိတ်ဆို့
အရေးယူတာတွေ ရုတ်သိမ်းအပြီး ရင်းနှီး မြှုပ်နှံမှုတွေ ဝင်ရောက်လာတာနဲ့အမျှ မြန်မာ အစိုးရရဲ့ သတင်းစာ လွတ်လပ်ခွင့်အတွက် ပေးထားတဲ့
ကတိတွေဟာ နောက်ကြောင်း ပြန်လှည့်လာတာ ကို တွေ့ရတယ်လို့လည်း CPJ ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
Subscribe to:
Posts (Atom)