ဘာသာရေး မုန်တိုင်းအောက်မှ သားကောင်များ ( ၃ )


နောက်ထပ်မြန်မာတစ်ဦး မလေးရှားမှာ သတ်ဖြတ်ခံရ
 

မလေးရှားနိုင်ငံ ကွာလာလာမ်ပူမြို့တော် ဆာလာယန်းမြို့အနီး အန်းပန်းရွာသစ်မှာ ဇွန်လ ၃ ရက်နေ့ မနေ့ မနက်က အသက် ၂ဝ အရွယ် မြန်မာနိုင်ငံသားတစ်ဦး ထပ်မံသတ်ဖြတ်ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
လူ ၁ဝ ဦးခန့်က  အုပ်စုဖွဲ့ဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး သေဆုံးသူဟာ ကားရေဆေးအလုပ်ရုံမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။ လည်လှီးသတ်ဖြတ်ခံထားရတဲ့အလောင်းကို အလုပ်နဲ့ မီတာ ၁ဝဝ အကွာမှာ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာလို့ မလေးရှားနိုင်ငံပိုင် သတင်းဌာန Bernama သတင်းက ဆိုပါတယ်။
ဒီတိုက်ခံရတာဟာ အရင်ရက်ကဖြစ်စဉ်နဲ့ သီးခြားဖြစ်တယ်လို့လည်း သိရပါတယ်။ မေလ ၃ဝ နဲ့ ၃၁ ရက်နေ့တွေက ဆာလာရမ်းနယ်မှာ လူတစ်စုရဲ့ တိုက်ခိုက်တာကိုခံခဲ့ရလို့ မြန်မာ ၂ ဦးသေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရရခဲ့ပါတယ်။
မနေ့ကတော့ ဆေးရုံတက်ကုသနေတဲ့ အလုပ်သမားတွေထဲက ၃ ဦးရဲ့အခြေနေဟာ စိုးရိမ်စရာမရှိဘူးလို့ မြန်မာအစိုးရသံရုံးကို ကိုးကားပြီး မြန်မာအစိုးရ သတင်းမီဒီယာတွေက သတင်းထုတ်ပြန်ထားပါတယ်။
မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမား ၄ သိန်းကျော်ရှိပြီး ၃ သိန်းခန့်ဟာ တရားဝင်စာရွက်စာတမ်းနဲ့ လာရောက်အလုပ်လုပ်ကိုင်နေသူတွေဖြစ်ကြောင်း ၄ သောင်းခန့်ဟာ တရားမဝင်လာရောက် အလုပ်လုပ်နေသူတွေဖြစ်ကြောင်း၊ ကျန်တဲ့ ၉ သောင်းကျော်ကတော့ ဒုက္ခသည်လက်မှတ်အမျိုးမျိုးနဲ့ နေထိုင်ကြသူတွေဖြစ်ကြောင်း သိရပါတယ်။

No comments: