စိတ်ပုတီးနှင့်ကုသိုလ် မလွဲမှားစေလို -


ကက်သလစ်ဘာသာ တွင် စိတ်ပုတီး (Rosray)ဆိုတဲ့ စကားလုံးဟာ လက်တင် ဘာသာစကား (Rosarium) ရိုဆားစရီယွမ်ကနေ ဆင်းသက်လာပြီး နှင်းဆီပန်းဥယျာဉ်လို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော်တို့ လက်ရှိစိတ်ပုတီးစိပ်နည်းဟာ ရှေးယခင်ကတည်းက တည်ရှိခဲ့တာ မဟုတ်ပါဘူး။ တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲလာပြီးမှသာ အခုလို စိတ်ပုတီးစိပ်နည်းအဖြစ် တည်ရှိလာပါတယ်။ခရစ်နှစ် ၁၄၁၀ နဲ့ ၁၄၃၉ တွေ မှာတော့ ပရူးဆီရာက "ကာသူဆီယန် အသင်းဝင်" ဒေါမိနစ်ကနေ သခင်ယေဇူးနဲ့ မယ်တော်သခင်မတို့ရဲ့ ဘ၀ဖြစ်စဉ် ကမ္မဌာန်းထောက်ရှုချက်တွေကို အာဝေမာရီယားမေတ္တာ (၅၀)နဲ့ ပေါင်းပြီး ရွတ်ဆို သဒ္ဓါကြည်ညိုခြင်းကို စတင်ခဲ့ပါတယ်။ အသင်းဝင် ကားလ်ကာမှ ဟင်နရီက အာဝေမာရီယားမေတ္တာ (၅၀) ကို ၁၀-ပုဒ်စီ ခွဲပြီး မေတ္တာ(၁၀)ပုဒ်စီ အကြား၊ ကောင်းကင်ဘုံမေတ္တာတစ်ပုဒ်နဲ့ ခမည်းတော်၊ သားတော်နဲ့ သန့်ရှင်းသောဝိညာဉ်တော်အား ဘုန်းတော်ဂုဏ်တော်ရှိပါစေသော ဆိုတဲ့မေတ္တာကို ရွတ်ဆိုဖို့ ထည့်သွင်းခဲ့တာပါ။ ဒါ့အပြင် ၁၉၁၇ ခုနှစ် ဖာတီမာမြို့မှာ ကလေး (၃)ယောက်ကို မယ်တော် ထင်ရှားပြစဉ်က သင်ကြားပေးခဲတဲ့ "အိုသခင်ယေဇူး၊ ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ၊ ငရဲမီးဒဏ်မှ ကျွန်ုပ်တို့ ကယ်တော်မူပါ၊ ၀ိညာဉ်များအားလုံး အထူးသဖြင့် ကိုယ်တော်၏သနားခြင်းကို လိုအပ်နေသော ၀ိညာဉ်များကို မိုးကောင်းကင်သို့ ပို့ဆောင်တော်မူပါ " ဆိုတဲ့ မေတ္တာကိုလည်း စိတ်ပုတီးစိပ်ရာမှာ ထည့်သွင်းလာခဲ့ကြပါတယ်။ ၁၆ ရာစုရောက်မှပဲ စိတ်ပုတီးစိပ်ရာမှာ ဆိုရတဲ့ မေတ္တာတွေဟာ စနစ်တကျဖြစ်လာခဲ့ပါတယ်။

၁၅၇၁ အောက်တိုဘာ (၇)ရက် မှာ ခရစ်ယာန်များနဲ့တူရကီလူမျိုးတွေ စစ်ဖြစ်ကြတဲ့ လေပန်းတို (Lepoanto) ရေကြောင်းတိုက်ပွဲမှာ ခရစ်ယာန်တွေဖက်က စစ်သားများဟာ စိတ်ပုတီးစိပ်ကာ တိုက်ခိုက်ခဲ့လို့ တူရကီလူမျိုးတွေ အရေးနိမ့်သွားကြပြီး စိတ်ပုတီးတန်ခိုးနဲ့ ခရစ်ယာန်များ တိုက်ပွဲအောင်လံလွှင့်ထူ နိုင်ခဲ့ကြပါတယ်။ ဒီလို စိတ်ပုတီးတန်ခိုးနဲ့ အောင်လံလွှင့်ထူနိုင်ခဲ့တဲ့ အောက်တိုဘာလ (၇)ရက်နေ့ကို ပုပ်ရဟန်းမင်းကြီး ပဉ္စမမြောက် ပီဦး (Pope Pius V) က "အလွန်သန့်ရှင်းသော စိတ်ပုတီးပွဲနေ့" အဖြစ်နှစ်စဉ် ကျင်းပသွားကြဖို့ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဟိန္ဒူ တို့က စိတ်ပုတီးကို { ဇပ္ပမာလာ } ဟု ခေါ်ကြသည်...{ ဇပ္ပ = ရွတ်ဆိုခြင်း - သရဇ္ဈယ်ခြင်း .. မာလာ = ပန်း - သို့မဟုတ် - အစဉ်အတန်း } ဟူ၍ အဓိပ္ပါယ် ရပေသည်.. ဇပ္ပမာလာ ၏ အဓိပ္ပါယ်မှာ  တစ်ခုခု ကို ရွတ်ဆိုသောအခါ အကြိမ်ပေါင်းကို မှတ်သားရန် အတွက် သီကုံးထားသည့် အရာဝတ္ထု ဖြစ်သည်..ဟိန္ဒူ ဘာသာတွင် ဗိဿနိုး ဂိုဏ်းဝင်တို့သည် - ၁၀၈ - လုံး ပုတီးကို အသုံးပြုလေ့ ရှိကြသည်... မြန်မာ တို့ ကလည်း - ၁၀၈ - လုံးကိုပင် အသုံးများကြသည်... မြန်မာ နိုင်ငံတွင် ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င်တို့သည် မည်သည့်ခေတ်က စတင်သုံးခဲ့သည်ဟု မသိရပေ...ပုဂံခေတ် အပါယ်ရတနာ လိုဏ်ဂူ ဘုရားဝင်းအတွင်း၌ တွေ့ရသည့် နံရံ ဆေးရေး အထောက်အထားများအရ ဟိန္ဒူ ရသေ့ကြီးများဟု ယူဆရသော ရသေ့ကြီးများ ပုံတို့၌ စိတ်ပုတီးများကို ကိုင်ဆောင် ထားကြ၏

မြတ်စွာဘုရား၏ သာသနာတော်သို့ ၀င်သည့်အခါ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ အသုံးပြုဖို့ သာသနာ့အသုံးအဆောင်ပစ္စည်းတွေအဖြစ် ပရိက္ခရာ ရှစ်ပါးကို ဘုရားရှင် ခွင့်ပြုတော်မူခဲ့၏။ ထို ၈-ပါးမှာ သပိတ်, သင်းပိုင်, ဧကသီ, ဒုကုဋ် ( နှစ်ထပ်သင်္ကန်းကြီး ) , ခါးပန်းကြိုး, သင်တုန်းဓား, အပ်, ရေစစ်-တို့ ဖြစ်သည်။ ဤသာသနာ့အသုံးအဆောင်ပစ္စည်း ပရိက္ခရာ ၈-ပါးထဲမှာ စိပ်ပုတီးမပါသည့်အတွက် စိပ်ပုတီးသည် ထေရ၀ါဒဗုဒ္ဓဘာသာ၏ ကိုယ်ပိုင်ဘာသာရေး အသုံးအဆောင်ပစ္စည်းတခုမဟုတ်ကြောင်း ထင်ရှားသိသာပေသည်။

အမှန်ဆိုရသော် စိပ်ပုတီးသည် ဟိန္ဒူဗြဟ္မဏဘာသာမှ တန္တရ မန္တရ ဂိုဏ်းသားတို့၏ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းဖြစ်၏။ ဂါထာမန္တရားတွေကို မန်းမှုတ်၊ ရွတ်ဖတ်၊ သရဇ္ဈာယ်သည့်အခါ အခေါက်ရေကို တိတိကျကျသိရအောင် သူတို့စိပ်ပုတီးကို အသုံးပြုကြခြင်းဖြစ်သည်။
စန္ဒရားသည် မြန်မာတို့  တီထွင်သော ပစ္စည်း မဟုတ်သော်လည်း မြန်မာတေးကို တီးခတ်ရန်အတွက် အသုံးပြုခဲ့ကြသည်ကို မှတ်ယူနိုင်ပေသည်.... သို့ရာတွင် အချို့ ပုဂ္ဂိုလ်တို့သည် စိပ်ပုတီးနှင့် ပတ်သက်၍ ယုံကြည်မှု အပို အကဲများဖြစ်လာပါသည် .... နံ့သာပုတီး .. ဂြိုဟ်တိုင်ပုတီး.. ဓါတ်သားပုတီး .. ပန်းပေါင်းပုတီး..   ဂမုန်းပေါင်းပုတီး.. စသည်တို့ဖြင့် စိတ်ကူးပေါ်ရာ တီထွင်၍ အသုံးပြုလာကြသည်... စိပ်ပုတီး၏ တန်ခိုးကိုလည်း အမျိုးမျိုး ယုံကြည်လာကြသည်.. ပုတီးကိုရေစိမ်သောက်လျှင် ဘာရောဂါ ပျောက်မည် .. စသည်မျိုး ဖြစ်၏ .. အချို့ ပုဂ္ဂိုလ်တို့ကလဲ  ပုတီးခေါင်းမှ ကြိုးအဖျားကို ကိုင်ကာ အသက်ဝင်လာသယောင် ထင်အောင် ...တောင်ရမ်း မြောက်ရမ်း လုပ်ပြီး ပရမ်းပတာ ဟောကိန်းဖြင့် လုပ်စားနေကြသည်.. ဤ ယုံကြည်မှုမျိုးကား သဘာဝလွန် ယုံကြည်မှု ဖြစ်လာသောကြောင့် အစွန်းရောက်ခဲ့ လေပြီ... လူတို့သည် ဘ၀ နှင့် ဘ၀ ခံစားမှုအတွက် အာသာရမ္မက် ပြင်းစွာ လုပ်ကိုင်နေကြသည်.. အာသာရမ္မက်အတွက်  ကိုးကွယ်ရာကို ရှာဖွေ ဆည်းကပ်နေကြသည်.. ယုံကြည်စရာကို ရှာဖွေ လက်ခံနေကြသည်.. ယုတ္တိရှိ -  မရှိ အသိဥာဏ်ဖြင့် အမြင်မှန် မရနိုင်ခဲ့ကြပေ..  ဤ ကဲ့သို့ ယုတ္တိမဲ့ ကိုးကွယ်မှု နှင့် ယုံကြည်မှု များကို ထေရ၀ါဒက ငြင်းပါယ်ထားလေသည်.....

ထေရ၀ါဒ အမြင်နှင့် ဆန့်ကျင်သည့် ဤ ယုတ္တိမဲ့ အတွေးအမြင်တို့ ကို ကိုယ်ပိုင်ဥာဏ် ဖြင့် ယှဉ်ကပ်၍  သုံးသပ်ကြပါ စို့.......

ရှာဖွေစုစောင်းတင်ပြသူ
မင်းညိုအောင်
အရှင်သုနန္ဒာလင်္ကာရ နှင့် မန်းကျော်ကျော်တို့ ၏ FaceBook , Blogs တို့ မှ စုစောင်းတင်ပြပါတယ်။

No comments: