အိုင်ကျူမြင့်ခြင်းနှင့် အသက်ရှည်ခြင်း


ဥာဏ်ရည်ပြကိန်းခေါ် အိုင်ကျူ (IQ) နှင့် လူ့သက် တမ်း ဆက်စပ်မှု အကြောင်းကို ယခင် ကတည်းက သုတေသန လေ့လာမှုများ ရှိခဲ့ သော်လည်း ထိုဆက်စပ်မှုကို နားလည် လွယ်အောင် ရှင်းပြနိုင်ခြင်း မရှိခဲ့ ပေ။ အမှန်မှာ ဘယ်သို့ ဘယ်ပုံ ဆက်စပ်ပါသည် ဆိုသည်ကို ဖော်ထုတ် တင်ပြနိုင်မှ သာလျှင် တစ်ယောက် နှင့် တစ်ယောက် ကျန်းမာရေး အခြေအနေ၊ အသက်ရှည်မှုအလားအလာ မတူကွဲပြားပုံ များကို ပိုမိုနား လည် လိုက်နာနိုင်မည်ဖြစ်သည်။ ကလေးငယ်တစ်ယောက် ကြီးကောင်ဝင်စ အရွယ်တွင် ရောဂါ ကြီးကြီး မားမား မဖြစ်သေးဘဲ ရှိနိုင်သည်။
သို့သော် ဤအရွယ်မှာပင် အိုင်ကျူအလိုက် ကြည့်ကာ သူနေထိုင်ရ မည့် သက်တမ်းမှာ
စတင်ကွဲပြား ပေါ်ပေါက်နေပြီ ဖြစ်ကြောင်း ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီး တက္ကသိုလ် မှ စိတ်ပညာသုတေသီ Markus Jokela က ပြောသည်။ ထို့ကြောင့် အသက်ကြီးမှ ရောဂါကြီး ငယ်ဖြစ်လာခြင်း၊ သက်တမ်းတိုရခြင်းတို့မှာ ငယ်စဉ်ကတည်းက အိုင်ကျူ အခြေအနေနှင့်
ဆက်စပ်နေကြောင်း သုတေသီတို့က ဖော်ပြနိုင်ခဲ့သည်။ စိတ်ပညာသုတေသီ Jokela
နှင့်အဖွဲ့သည် ၁၉၅၈ ခုနှစ်ကတည်းက ပင်ကျား၊ မ ၁၀၆၂၀ ဦး၏ မွေးဖွားစဉ်က
အချက်အလက်များကို စတင် ကောက်ယူခဲ့သည်။ ထို့နောက် ထိုသူတို့ အသက် ၁၁ နှစ်အရွယ်ရှိအိုင်ကျူ စစ်တမ်းကို ကောက်ယူ သည်။ ထိုမှသည် ထိုသူတို့ အသက် ၄၆ နှစ်အရွယ်တိုင်အချက်အလက်များကို လိုက်လံစု ဆောင်းခဲ့သည်။ လေ့လာတွေ့ ရှိမှုများအရ လူတစ်ယောက်အသက် ၁၁ နှစ်အရွယ် ကြီးကောင် ဝင်စက ဥဏ်ရည်ကို အကဲဖြတ်ကာ ထိုသူအသက်၁၁ နှစ်မှ၄၆ နှစ်အတွင်း ရောဂါ ဖြစ်နိုင်ခြေကို ရှေ့ပြေးခန့်မှန်း၍ ရနိုင်ကြောင်း တွေ့ရှိခဲ့သည်။ဥဏ်ရည်စစ်တမ်း အိုင်ကျူနိမ့်သူ များသည် အိုင်ကျူမြင့်သူ တွေထက် သက်လတ်ပိုင်း အရွယ်တွင်သေဆုံးနိုင် ခြေသည် နှစ်ဆမျှ ပိုမိုမြင့်မား ကြောင်း လေ့လာ သူတို့က တွက်ချက်ဖော်ပြခဲ့ကြသည်။ ယခု လေ့လာမှုကို ယမန်နှစ် ဩဂုတ်လ အတွင်းက ကလေးဆေးပညာဂျာနယ်Pediatrics အွန်လိုင်းတွင် ထုတ်ပြန် ခဲ့ပါသည်။ ထိုသို့ အိုင်ကျူနိမ့်၍ သေဆုံးနိုင်ခြေမြင့်မားရခြင်းသည် အခြားသော ပညာရေး၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး၊ နေ့စဉ်နေထိုင်သော
အမူအကျင့် စသည့်အချက်များနှင့် အနည်းငယ် မျှသာ ဆက်စပ်မှု ရှိ ကြောင်း၊ မွေးဖွားစဉ်က
ပေါင်ချိန်၊ အရပ်၊ မိသားစုနောက်ခံ စသည်တို့နှင့်လည်း ပတ်သက်မှု အလျဉ်းမရှိပြန်ကြောင်း
Jokela က ပြောသည်။ အဆိုပါ လေ့လာမှုအရ နောက်ပိုင်းတွင် လည်း အိုင်ကျူနှင့် ကျန်းမာရေးအခြေအနေ ဆက်စပ်မှု ဖြစ်စဉ်ကို ဇောက်ချလေ့လာသော သုတေသန တစ်ရပ် ပေါ်ထွန်းစေဖို့လမ်းစဖော်ပေးနိုင်ခဲ့သည်ဟုလည်း သူကဆိုသည်။ ဖြစ် နိုင်ခြေ ရှိသည်မှာဥဏ်ရည်မြင့်သူတို့အနေနှင့် ပြည်သူ့ ကျန်းမာရေး လမ်းညွှန်ချက်၊ ထုတ်ပြန်ချက်များမှလက်တွေ့အရေးကြီး ကျန်းမာရေး အချက်အလက်တွေ ပိုမိုရယူ ကျင့်သုံးနိုင်၍ ဟု ကောက်ချက်ချနိုင်သည်။ ဤသို့ ကျန်းမာရေး ဆိုင်ရာ သတင်း အချက်အလက်များကို လက်တွေ့နေ့စဉ်ဘဝတွင်ရယူကျင့်သုံးဖို့မှာ သာမန်လူ ပြိန်း တစ်ယောက်အဖို့ သတိပင် မပြုမိ နိုင်စရာလည်း ဖြစ်သည်။
သို့ဖြစ်ရာ ကျန်းမာရေး သတင်းအချက် အလက်တွေကို တစ်ယောက်နှင့် တစ်ယောက် ရယူလက်ခံအသုံးချမှု ကွဲပြားရခြင်းကို အနုစိတ်ဖို့ အတွက် စိုင်းပြင်းလျက်ရှိကြောင်း၊ အဆိုပါ စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်များကိုသာ ရှာဖွေဖော်ထုတ်နိုင်မည် ဆိုလျှင် ပြည်သူ့ ကျန်းမာရေး သတင်းအချက်အလက်များကို လူတိုင်းအတွက် အသုံးတည့်စေဖို့ ဘယ်သို့ဘယ်ပုံ ထုတ်ပြန်ဖြန့်ချိ ရမည်ကိုပါထိထိရောက်ရောက် သိနိုင်မည်ဖြစ်ကြောင်း စိတ်ပညာ ကျွမ်းကျင်သူ Jokela ကပြောသည်။
Syracuse University လူမှုပညာ ပါမောက Ellen deLara ၏ အဆိုအရ
လူ့သက်တမ်းစေ့ နေရမှုသည် အိုင်ကျူအပြင် ငယ်စဉ်က ပြုစုပျိုးထောင်ပေးသော
မိဘများနှင့်လည်း ပတ်သက်ကြောင်း သိရသည်။ လူငယ်အရွယ်တွင် ဖွံ့ဖြိုးမှုနှင့် အပြုအမူဆိုင်ရာအလေ့အထ ကောင်းများရရှိဖို့ဟူသည် သက်ဆိုင်ရာ အုပ်ထိန်းသူတို့၏ မြေတောင်မြှောက်ပေးမှုနှင့် သိသာစွာ ပတ်သက် ဆက်စပ်ကြောင်း သူမက ပြောသည်။ ငယ်ရွယ် စဉ်တွင်မိဘ အုပ်ထိန်းသူ တို့က ဥဏ်ရည် နည်းသည့် ကလေးငယ်များအား တုံးလွန်းရန်ကော၊တစ်ဖက်အိမ်က ရွယ်တူကလေးလောက် အစွမ်းအစ မရှိရန်ကော စသည်ဖြင့် စေတနာပါသော်လည်း ထိန်းကျောင်းနည်း မှားယွင်းသော ပြုမူဆက်ဆံမှုမျိုး ပြုလုပ်တတ်ကြသည်။
ထို့အပြင် ကလေးကို လျစ်လျူရှုထားခြင်း၊ တောင်းဆိုမှု တစ်ခုခုကို ငြင်းပယ်တတ်ခြင်း၊ ဝါသနာပါရာ တစ်ခုခုကို ကန့်ကွက်ချိုး နှိမ်ခြင်းတို့ ပြုလုပ် ပါကလည်း ဆိုးကျိုးတွေ ပေါ်ပေါက်
စေနိုင်သည်ဟုလည်း သူမက ဖြည့်စွက် ပြောကြားသည်။ ထိုသို့ ပြုမူ ဆက်ဆံခံ ရသော
ကလေးများ အဖို့ အသက်အရွယ် ကြီးရင့်လာသည့် နောက်ပိုင်းတွင် ဖွံ့ဖြိုးမှု၊ ပေါင်းသင်း
ဆက်ဆံရေးနှင့် အပြုအမူဆိုင်ရာ အလေ့အထ ဆိုးများသာ ပေါ်ပေါက်စေ နိုင်သည်ဟု သိရသည်။
မိဘ၏ ငြင်းပယ်မှု ခံထားရသည့် ကလေးအဖို့ ကိုယ့်ကိုယ်ကို အားငယ်ခြင်း၊ ဆုံးဖြတ်ချက် တစ်ခုချရမည့်အရေးတွင် ချွတ်ချော် နှောင့်နှေးခြင်း စသည့်အကျိုးဆက်များကို ဘဝ တစ်လျှောက်ခံစားသွားရကာ ရောဂါဖြစ်ခြင်း၊ သက်တမ်းတိုရခြင်း တို့မှာလည်း နောက်ဆက်တွဲ ဖြစ်လာရသည့်သဘောဖြစ်ပါသည်။ deLara က နိဂုံးချုပ် ပြောသည်မှာ ကလေးငယ် တစ်ယောက် အဖို့အိုင်ကျူက မည်သို့ပင်ဖြစ်စေ၊ ငယ်စဉ်တွင် မိမိပညာရေး၊ အနာဂတ် ရည်မှန်းချက် တို့အတွက်မိဘက လက်ခံမြေတောင် မြှောက်ပေးသည်ဆိုသော အသိကို ခံစားရ သည်နှင့် ပင်မိမိ
ဘဝရှေ့လျှောက် အမူ အကျင့်ကောင်း များကို ရေရှည် လက်ခံကျင့်သုံးကာ မိမိကိုယ်တိုင်
ပျိုးထောင် သွားနိုင်မည် ဖြစ်သည်ဟု ဆိုပါသည်။

 
http://www.facebook.com/pages/ရွှေအိမ်စည်စာကြည့်တိုက်-စာပေဒါနပြုသည်/511509612202059?ref=stream
Source By - Health Digest Journal

No comments: