ဆီးရီးယားစစ်ပွဲ သေဆုံးသူ ၉ သောင်းကျော်
ဗွီအိုအေ (မြန်မာပိုင်း) 13.06.2013
ဆီးရီးယားစစ်ပွဲအတွင်းသေဆုံးသူအရေအတွက်ဟာ
အတည်ပြုနိုင်သလောက် ၉ သောင်း ၃ထောင်နီးပါး ရှိသွားပြီး တကယ့်သေဆုံးသူ အရေအတွက်ဟာ ဒီထက်များနိုင်တယ်လို့
ကုလသမဂ္ဂပြော ပါတယ်၊ နောက်ဆုံးရရှိတဲ့ အရေအတွက်က April လ မတိုင်ခင်အထိ ရရှိထားတဲ့ အရေအတွက်ဖြစ်သလို
အနည်းဆုံး အရေအတွက်ဖြစ်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အေဂျင်စီက ပြောပါတယ်။
ပြီးခဲ့နှစ် July လထဲကစလို့
လစဉ် ပျှမ်းမျှ ၅ ထောင်ကျော် သေဆုံးနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်၊ ဒီအခြေအနေကို ကြည့်ခြင်းဖြင့်
ဆီးရီးယား ပဋိပက္ခဟာ ပြီးခဲ့တဲ့ နှစ်ထဲမှာ သိသိသာသာ မြန်မြန်ဆန်ဆန် ဆိုးဝါးလာတယ်ဆိုတာကို
ပြသနေတာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Navi Pillay ကသုံးသပ်ပါတယ်၊
စစ်ပွဲကြောင့် သေဆုံးခဲ့တဲ့
ကလေးငယ်ပေါင်းကလဲ ၆ ထောင့် ၅ ရာထက်
မနည်းရှိပြီလို့ ပြောပါတယ်၊
ကလေးတွေကို သူတို့ရဲ့ မိသားစုတွေနဲ့အတူ
နှိပ်စက်ညှင်းပမ်းတယ်ဆိုတဲ့
အထောက်အထားတွေတောင်ရှိတယ်လို့ Navi Pillayကပြောပါတယ်၊
No comments:
Post a Comment