ဒေါ်အောင်ဆန်းစုကြည် ငါးမိနစ်ကျော်ကြာ သတင်းစာရှင်းလင်းပွဲ မုံရွာမှာ ပြုလုပ်"

လက်ပံတောင်းစံစမ်းစစ်ဆေးရေးကော်
မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မုံရွာမြို့ ဝင်းယူနတီဟိုတယ်က ထွက်ခွာချိန်မှာ ပြည်တွင်း၊ ပြည်ပ သတင်းထောက်တွေနဲ့ ငါးမိနစ်ကျော်ကြာမြင့်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီဆုံးဖြတ်ချက်ကို မှုအရ မှန်မယ်ထင်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း၊ လူချစ်ချင်လို့ နိုင်ငံရေးလုပ်တယ်ဆိုတာ မှန်ကန်တဲ့ လမ်းကြောင်း မဟုတ်ကြောင်း၊ မိမိအနေနဲ့ ဒီခရီးစဉ်ကို လာရောက်ရခြင်းဟာ စည်းရုံးဖို့ မဟုတ်ဘဲ၊ အစီရင်ခံစာနဲ့ ပက်သက်တာတွေကိုရှင်းပြဖို့ဖြစ်ကြောင်း၊ ကော်မရှင်ရဲ့အစီရင်ခံစာကို အတင်းအကျပ်သဘောတူခိုင်းခြင်း မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် လက်ပံတောင်းသပိတ်ဖြိုခွဲခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒဏ်ရာရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကိုင်ခဲ့တာ မဟုတ်ကြောင်း၊ သူမကိုယ်တိုင် မီးခိုးဗုံးထုတ်လုပ်တဲ့ စက်ရုံကို သွားရောက်လေ့လာပြီး ဖြစ်ကြောင်း၊ ယင်းကြောင့် မီးခိုးဗုံးကို မီးလောင်ဗုံးဟု ပြင်ဆင်မပြောနိုင်ကြောင်း၊ လက်ရှိ လက်ပံတောင်းပြဿနာသည် ဥပဒေဘောင်အတွင်း ပြုလုပ်ပါက သွေးထွက်သံယိုဖြစ်လာနိုင်မည် မဟုတ်ကြောင်း ပြည်တွင်း၊ပြည်ပ သတင်းစာဆရာများရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများကိုလက်ပန်းတောင်း ကိစ္စနှင့် ပက်သက်လို့ ဖော်ပြရာမှာ မှန်မှန်ကန်ကန် မျှမျှတတနဲ့ ဖော်ပြပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အဖွဲ့ မုံရွာမြို့၊ ဝင်းယူနတီဟိုတယ်မှ ပြန်လည်ထွက်ခွာရာမှာ မုံရွာမြို့ခံ ပြည်သူ ၁၀၀၀ ခန့်က ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

Photo : RFA/ Moe Thu Aung

ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: