ယနေ့မြန်မာနိင်ငံရေးနှင့် ပတ်သက်၍နိုင်ငံရေးအကျင့်သီလ 
ခိုင်မာရန်ဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့သေးသည်။ 
““ကျွန်မအခွင့်အခါကြုံတုန်း   တော့ ပြောချင်ပါတယ်၊ ကျွန်မ တို့နိုင်ငံက 
ပြည်ထောင်စုဆိုတော့   တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့
 စည်းထားတဲ့ပြည်ထောင်စုဆိုတော့   လုပ်ရမယ့် အလုပ်တွေကပိုပြီး တော့ 
များပါတယ်၊ဒါကြောင့် နိုင်ငံရေး အကျင့်သီလ ခိုင်မာဖို့    
အများကြီးလိုပါတယ်၊ဆရာကြီး   (နိုင်ပန်းလှ)ဟာဆိုလို့ရှိရင် ဗုဒ္ဓ  
ဘာယာယဉ်ကျေးမှုအရ ကိုယ် ကျင့်တရားအကြောင်းပြောသွား ပါတယ်။ ကျွန်မကတော့ 
ဒီကိစ္စ တွေမှာ ဆရာကြီး(နိုင်ပန်းလှ)လို   မကျွမ်းကျင်တော့ နိုင်ငံရေးကိစ္စ 
ကိုပဲ ပြောချင်ပါတယ်။
 
နိုင်ငံရေးမှာလည်း အကျင့် သီလဆိုတာရှိသင့်ပါတယ်။အခု ကျွန်မတို့ 
ဒီမိုကရေစီနိုင်ငံထူထောင်  ဖို့လုပ်နေတဲ့ အချိန်အခါမှာ ဘယ် သူတွေက 
နိုင်ငံရေးအကျင့်သီလ ကို စောင့်ထိန်းသလဲဆိုတာကို ပြည်သူတွေက လေ့လာဖို့လိုပါ
 တယ်၊နိုင်ငံရေးလုပ်တယ်ဆိုတာ သန့်သန့်ရှင်းရှင်းလုပ်မှ ကျွန်မတို့ 
နိုင်ငံဟာ မှန်ကန်တဲ့လမ်းပေါ်ကို  ရောက်သွားမှာပါ၊တစ်ချို့က ဒီမို 
ကရေစီနိုင်ငံရေးဆိုတာ အများ  ကြိုက်တဲ့နိုင်ငံရေးလို့ထင်ပါတယ်။ အများကြိုက်တဲ့နိုင်ငံရေးတော့မ ဟုတ်ပါဘူး၊ဒီမိုကရေစီနိုင်ငံရေး 
 ဆို တာ အများရဲ့ဆန်္ဒနဲ့ကိုက်ညီ အောင်လုပ်ရတဲ့ နိုင်ငံရေးဖြစ်ပေ မယ့် 
အများကြိုက်ရင်ပြီးရော၊ မှန်သည်ဖြစ်စေ၊မမှန်သည်ဖြစ်စေ    လုပ်မယ်ဆိုတဲ့ 
စိတ်ဓာတ်ဟာ ဒီ မိုကရေစီအတွက်ကောင်းတဲ့စိတ်  ဓာတ်မဟုတ်ပါဘူး၊ကျွန်မတို့ရဲ့  
  တိုင်းသူပြည်သားအများက ဒီကိစ်္စ ကိုသေသေချာချာစဉ်းစားစေချင် 
ပါတယ်။အများအကြိုက်လုပ်တဲ့ နိုင်ငံရေးဆိုတာဟာ မလိုလား 
အပ်ပါဘူး၊အများကောင်းဖို့ အတွက်လုပ်တဲ့နိုင်ငံရေးလုပ်တဲ့     
ဦးတည်တဲ့အခါမှာ အမုန်းခံရရင် လဲ ခံရမှာပဲ ဒီဟာကိုခံရဲရမယ်၊   
ဒီလိုမခံရဲလို့ရှိရင်လည်း နိုင်ငံရေး မလုပ်နဲ့လို့ ကျွန်မပြောချင်ပါတယ်၊  
ပေါ်ပြူလာဖြစ်ချင်လို့ နိုင်ငံရေး  လုပ်တာမျိုးကိုတော့ လုံးဝအား 
မပေးပါနဲ့လို့ ကျွန်မတို့ရဲ့ပြည်သူ ပြည်သားတွေကို ကျွန်မတိုက်တွန်း 
ချင်ပါတယ်။
 ကျွန်မတို့တိုင်းရင်းသားညီ  ညွတ်ရေးရဖို့ဆိုတာလည်း မှန်မှန် ကန်ကန်နည်းနဲ့မှရယူလို့ရမှာပါ၊ ဖြောင့်ဖြောင့်မတ်မတ်မှန်မှန်ကန်
 ကန် ဆက်ဆံမှတကယ့်မှန်ကန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ထူ 
ထောင်နိုင်မှာဖြစ်ပါတယ်။ အောင်     ဆန်းစိတ်ဓာတ်ဆိုတာ အခြေခံ အားဖြင့်တော့ 
ရိုးသားတဲ့စိတ် ဓာတ်ပါ၊ဖေဖေ့ကိုအင်မတန်တော် တယ်လို့ ချီးမွမ်းကြပေမဲ့ တကယ် 
တော်တဲ့အချက်ကတော့ ဖြောင့် မတ်မှုပါပဲ၊အဲဒီတော့ ဖြောင့်မတ် ခြင်းကို 
အခြေခံတဲ့စိတ်ဓာတ်နဲ့ ကျွန်မတို့ရဲ့ပြည်ထောင်စုကြီးကို
 ကျွန်မတို့ထူထောင်ကြဖို့ ကျွန်မ ပြောချင်ပါတယ်””ဟူ၍ ဖေဖော် 
ဝါရီ(၂၆)ရက်တွင် ကျင်းပသော (၆၆)ကြိမ်မြောက် မွန်အမျိုးသား    နေ့ 
(ရန်ကုန်)အခမ်းအနားတွင်   အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် 
ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
 
 မိုးမြင့်ဆွေ
 hotnewsweekly.com
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment