နိဒါန်း
Political Liberalization ဆိုသည်မှာ အာဏာရှင်တို့ဘက်မှ
civil liberties များ ဖန်တီးပေးခြင်းနှင့် ဖိနှိပ်မှုများ လျှော့ချခြင်း (ease of
repression) လုပ်ခြင်းများကို ဆိုလိုပါသည်။ အဆိုပါ အတွေး အခေါ်အား အာဏာရှင်တို့ဘက်က
ကျင့်သုံးလာချိန်တွင် အာဏာရှင်ရွေးကောက်ပွဲများ (authoritarian elections) ပေါ်ထွက်လာလေ့ရှိပါသည်။
Initial Transition ဆိုသည်ကား ဒီမိုကရေစီအတိုက်အခံများမှ ဦးဆောင်၍ ဖြစ်စေ၊ နိုင်ငံတကာအစိုးရနှင့်
အဖွဲ့အစည်းများမှ ဦးဆောင်၍ ဖြစ်စေ၊ ဒီမိုကရေစီ အတိုက်အခံများနှင့် အာဏာရှင်များ ပူးပေါင်း၍
ဖြစ်စေ၊ ကြားဖြတ်အစိုးရ (interim government) များ ဖွဲ့စည်း၍ democratic
consolidation ပန်းတိုင်ကို အရောက်သွားစေမည့် အသွင်ကူးပြောင်းမှုများကို ပြုလုပ်ခြင်းဖြစ်ပါသည်။
Initial Transition မှာ အာဏာရှင်စနစ်အား ဖြိုချခြင်း (authoritarian breakdown) အတွေးအခေါ်တွင်
အခြေခံထားပါသည်။
အဆိုပါ Initial Transition ကို အတိုက်အခံများမှ ဦးဆောင်ပြီး
အကောင်အထည်ဖော်ဆောင်နိုင်ခြင်း မရှိသည့်အခါ (သို့မဟုတ်) နိုင်ငံတကာမှ ၀င်ရောက်ကျူးကျော်ပြီး
အာဏာရှင်အစိုးရများကို ဖယ်ရှားခြင်း ပြုလုပ်ရေးတွင်လဲ နိုင်ငံတကာရေးရာ အခက်အခဲများ
ရှိသည့်အခါ (သို့မဟုတ်) အာဏာရှင်များနှင့် ဒီမိုကရေစီ အတိုက်အခံများ အကြားတွင် စစ်မှန်သော
တန်းတူညီမျှ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်များ ပေါ်ပေါက်လာနိုင်သည့် အခြေအနေများ မရှိတော့သည့်အခါများတွင်
political liberalization မှတဆင့် democratic consolidation သို့ အသွင်ကူးပြောင်းမှုဖြစ်စဉ်အား
အကောင်အထည်ဖော်ဆောင်ရန် အာဏာရှင်အစိုးရများအား နိုင်ငံတကာမှ ကူညီထောက်ခံအားပေးလေ့ရှိပါသည်။
ယင်းသို့ ထောက်ခံ အားပေးလာရာတွင် အာဏာရှင်များဘက်မှ မဟာဗျူဟာ တွက်ချက်မှုများအရ
political liberalization မှတဆင့် democratic consolidation သို့ အသွင်ကူးပြောင်းမှု
လမ်းကြောင်းသည် အာဏာရှင်တို့ လက်ထဲတွင် ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားနိုင်သည့်
လမ်းကြောင်း လင်ယောက်ျားဖြစ်သူအပေါ် မှီခိုအားကိုးနေရတဲ့ သာမန်အိမ်ရှင်မတွေ မဟုတ်ကြတော့ပါဘူး။ထွန်းတောက်လာသော
ဘ၀များစွာလဲ ရှိခဲ့သည်။ အဆိုပါ အတွေးအခေါ်များနှင့် ပတ်သက်၍ အမှန်၊ အမှားများကိုလဲ ယနေ့အချိန်ထိ
ငြင်းခုန်နေကြဆဲ။ ငြင်းခုန်မှုများအကြားတွင် ယနေ့ခေတ်ကာလ၌ မှန်ကန်နေသော အချက်နှစ်ခုကတော့
ရှိသည်။ တခုကား ကမ္ဘာပေါ်ရှိ နိုင်ငံရေးအဆောက်အအုံ အများအပြားသည် မိမိတို့ကိုယ်ကို ဒီမိုကရေစီ
အသွင်သဏ္ဍာန် တမျိုးမျိုး၏ အဆောက်အအုံတခုဟု သတ်မှတ်ပြောဆိုလေ့ရှိကြပြီး၊ နိုင်ငံရေးသမားအများစုသည်
မိမိတို့ကိုယ်ကို democrat ဟု သတ်မှတ် ထားကြခြင်းဖြစ်သည်။ အခြားတခုမှာကား မည်သို့သော
အတွေးအခေါ် မူကွဲများဖြင့် တည်ဆောက်သည့် ဒီမိုကရေစနစ်ပင်ဖြစ်စေ၊ နေ့ချင်းညချင်း ပေါ်ထွက်လာသည်
မဟုတ်ပဲ တည်ဆောက်မှု ဖြစ်စဉ်တရပ် ရှိနေခြင်းပင်ဖြစ်သည်။
၂၀ ရာစုနှောင်းပိုင်းတွင် ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်
(၀ါ) အသွင်ကူးပြောင်းမှု ဖြစ်စဉ် (democratization) ဆိုသော အတွေးအခေါ်တရပ်က ကမ္ဘာကို
စိုးမိုးလာခဲ့သည်။ (၁၉၇၅) ခုနှစ်တွင် ကမ္ဘာ့နိုင်ငံအများစုတွင် ကျင့်သုံးသော နိုင်ငံရေးစနစ်များ၏
ခြောက်ဆယ့်ရှစ်ရာခိုင်နှုန်းမှာ အာဏာရှင် စနစ် ဖြစ်ခဲ့ရာမှ၊ နောင်အနှစ်နှစ်ဆယ်ကြာ
(၁၉၉၅) ခုနှစ်တွင်ကား အာဏာရှင်စနစ် ကျင့်သုံးသော နိုင်ငံ ၂၆ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။
ထိုမှတဆင့် တဖြည်းဖြည်း လျော့ကျသွားခဲ့ရာ နှစ်ဆယ့်တစ် ရာစုကာလတွင် အာဏာရှင်စနစ်ကျင့်သုံးသော
နိုင်ငံအရေအတွက်မှာ လက်ချိုးရေတွက်လို့ ရလာသည့် အနေအထားသို့ ရောက်ရှိသွားခဲ့ပါသည်။
အဆိုပါ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်၏ နောက်ဆုံးပန်းတိုင်မှာ ဒီမိုကရေစီစနစ်
အမြစ်တွယ် ရှင်သန်ခိုင်မာမှု (democratic consolidation) ဖြစ်ပါသည်။
Political Liberalization နှင့် Initial transition တို့အကြားမှ
ကွဲပြားမှုများ
ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်၏ နောက်ဆုံးပန်းတိုင်ဖြစ်သော
democratic consolidation ကို ဖော်ဆောင်ပေးနိုင်သည့် လမ်းကြောင်းများ ဖြစ်သော်လည်း
political liberalization နှင့် initial ရေးသား ဖော်ပြခဲ့ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်
ဖြစ်ပေါ်နေတတ်သည့် နိုင်ငံရေးမတည်ငြိမ်မှုများ၊ စစ်ပွဲများ၊ စီးပွားရေး၊ လူမှုရေး ပြဿနာများကို
political liberalization ဖြင့် ဖြေရှင်းပါက ညင်သာသော ပြောင်းလဲတိုးတက်မှုများ ရှိနိုင်ကြောင်းနှင့်
အဆိုပါနိုင်ငံများရှိ လူ့အဖွဲ့အစည်းများကို ဒီမိုကရေစီ စနစ်အတွက် ကြိုတင်မိတ်ဆက်ပြင်ဆင်ပေးရာ
ရောက်ကြောင်း Monshipouri က ဆိုထားခဲ့ပါသည်။
Political Liberalization နှင့် ကနဦးဒီမိုကရေစီ အသွင်ကူးပြောင်းမှုတို့သည်
ဤသို့ ကွဲပြားခြားနား နေသော်ငြား political liberalization သည် civil liberties အချို့ကို
အကာအကွယ် ပေးနိုင်လာသဖြင့် expansion of public space ဖြစ်ကြောင်းကိုကား ပညာရှင်အများစုက
တညီတညွတ်တည်း လက်ခံထားခြဲ့ကပါသည်။ ခြုံငုံကြည့်ပါက political liberalization ဆိုသည်မှာ
အာဏာရှင်တို့မှ ပိတ်ဆို့ထားသည့် တံခါးအား အနည်းငယ် ဟပေးခြင်းဖြင့် လူတဦးချင်း၏ အတွေးအမြင်
ဖော်ပြချက်၊ လူ့အဖွဲ့အစည်းအတွင်း လှုပ်ရှားမှုနှင့် နိုင်ငံရေးပါဝင်ပတ်သက်မှုတို့ကို
အကန့်အသတ်ဖြင့် ခွင့်ပေးခြင်း ဖြစ်ပေသည်။
သို့ရာတွင် အာဏာရှင်တို့ ဖွင့်ပေးသော အပေါက်မှ အာဏာရှင်တို့
ချုပ်ကိုင်ထားသော အိမ်အတွင်းသို့ ၀င်ရောက်နေထိုင်ရမည်ဖြစ်ရာ ဧည့်သည်တို့၏ ထုံးစံအတိုင်း
အိမ်ရှင်များ ချမှတ်ထားသော စည်းကမ်းကိုတော့ လိုက်နာရန် လိုအပ်လာပြီး၊ ဧည့်သည်များမှ
စည်းကမ်းကို မလိုက်နာလျှင်ကား အိမ်ပေါ်မှ နှင်ချ၍ ဖွင့်ထားသော တံခါးကို အာဏာရှင်တို့ဘက်မှ
အချိန်မရွေး ပြန်လည် ပိတ်ပိုင်ခွင့်လည်း ရှိနေပြန်သည်။ ယင်းမှာ political
liberalization ၏ အခြေခံ သဘောတရား ဖြစ်လေသည်။ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ခွင့်များကို
အာဏာရှင်တို့ကသာ ဆုပ်ကိုင်ထားလေ့ရှိပါသည်။
အခြားအယူအဆတခုမှာကား အာဏာရှင်တို့တွင် အာဏာရှင်စနစ်ကို
ထိန်းသိမ်းထားလိုသောအုပ်စုနှင့်
အာဏာရှင်စနစ်ကို ဆက်လက်ကျင့်သုံး၍ မဖြစ်နိုင်ဟု ယူဆသော
အုပ်စုနှစ်စု ကွဲပြားသွားသဖြင့် အာဏာရှင်တို့အကြား အကွဲအပြဲ (intra-regime
factionalism) နှင့် စစ်တပ်မှ ခေါင်းဆောင် အချို့ခွဲထွက်ပြီး အတိုက်အခံတို့နှင့် ပေါင်းသွားသည့်အခါ
ဖြစ်လာလေ့ရှိသော intramilitary factionalism များ၊ degradation of military
institution ဖြစ်ခြင်းများကို ထိန်းချုပ်ရန် political liberalization ကို အာဏာရှင်ခေါင်းဆောင်များက
အကောင်အထည်ဖော်လာသည်ဆိုသော အယူအဆ ဖြစ်လေသည်။ ဤအယူအဆအရ political liberalization ကို
အကောင်အထည်ဖော်ရာတွင် အာဏာရှင်တို့ဘက်မှ paradox of success ကို သေချာစေရန် ဆောင်ရွက်လေ့ရှိသည်။
ရွေးကောက်ပွဲများတွင် အာဏာရှင်တို့ ကြိုးကိုင်နိုင်သည့်
ပါတီများ ဖွဲ့စည်းခြင်း၊ အာဏာရှင်တို့၏ ရပ်တည်မှုကို မထိပါးစေသော ဥပဒေများ ပြဌာန်းသတ်မှတ်ခြင်း၊
ကြိုးကိုင်နိုင်သည့် ပါတီများသာ အနိုင်ရနိုင်မည့် ရွေးကောက်ပွဲဥပဒေများ ပြဌာန်းခြင်း
စသည်တို့မှာ political liberalization ၏ လိုအပ်ချက်တရပ်ဖြစ်သော အဆိုပါ paradox of
success စည်းမျဉ်းကို ဖော်ဆောင်ခြင်း ဖြစ်လေသည်။ paradox of success မသေချာပဲနှင့်
political liberalization ကို မည်သည့် အာဏာရှင်ကမှ ဖော်ဆောင်ခြင်း မရှိပါ။
အထက်ဖော်ပြပါ အယူအဆနှစ်မျိုးအနက် ပထမအယူအဆမှ ကြည့်လျှင်
political liberalization သည်
ဒီမိုကရေစီ ပန်းတိုင်အရောက်လှမ်းရေးကို ဦးတည်သည့် အတွေးအခေါ်
ဖြစ်ပြီး၊ ဒုတိယအယူအဆမှ ကြည့်လျှင်ကား political liberalization သည် အာဏာရှင်စနစ်ကို
ပုံစံတမျိုးဖြင့် ရေရှည် ရှင်သန်နေစေနိုင်သည့် dead end ဖြစ်နေသော အတွေးအခေါ် ဖြစ်လေသည်။
လက်တင်အမေရိက ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်များအရ ပထမအယူအဆက မှန်ကန်ပြီး၊
အရှေ့အလယ်ပိုင်း ဒေသနှင့် အာရှတိုက် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်များအရ ဒုတိယအယူအဆက
သို့မှသာ နိုင်ငံတော်၏ ပါဝါချိန်ခွင်လျှာကို တဘက်တလမ်းမှ ထိန်းကျောင်းနိုင်မည်ဖြစ်ပြီး၊
လူ့အဖွဲ့အစည်းအား နိုင်ငံတော်မှ ထိန်းချုပ်ထားမှုကို အားပျော့စေမည် ဖြစ်သည်။ အစိုးရမဟုတ်သော
အဖွဲ့အစည်းများ (အန်ဂျီအို) များသည် state နှင့် society တို့ အကြားတွင် buffer
zone အဖြစ် ရပ်တည်ကြရမည်ဖြစ်သည်။
political liberalization ကို အကောင်အထည်ဖော်ခဲ့သည့် နိုင်ငံအများစုတွင်
civil society အဖွဲ့ အများစုကို အာဏာရှင်တို့က ကြိုတင်ဖွဲ့စည်း ထိန်းချုပ်ထားသည်။ လူ့အဖွဲ့အစည်းအတွင်းတွင်
civil society အားကောင်းလာစေရန် ပညာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများမှ ထိုးဖောက်နေသည့်
အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား ပုံမှန် စောင့်ကြည့်လေ့ရှိပြီး၊ အဆိုပါ အဖွဲ့များနှင့်
လူပုဂ္ဂိုလ်များသည် အာဏာရှင်တို့နှင့် ကြိုးကိုင်အဖွဲ့များအား ထိပ်တိုက်ရင်ဆိုင်လာမည့်
အခြေအနေ ရှိမရှိကို အကဲဖြတ်လေ့ရှိသည်။ အာဏာရှင်ရွေးကောက်ပွဲများ ကျင်းပ၍ နိုင်ငံတကာ
ရေးရာတွင် international legitimacy ရစေရန် ကြိုးပမ်းထားသော ကြိုးကိုင်အစိုးရများ၏
ရပ်တည်မှုကို ထိခိုက်လာနိုင်သည်ဟု ယူဆပါက public space ကို ပြန်လည်ကန့်သတ်လေ့ရှိသည်။
လိုအပ်လာပါက အမျိုးသားလုံခြုံရေး (national security
concerns) ကို အကြောင်းပြ၍ civil society ကို ဖိနှိပ်ရန်နှင့် အာဏာပြန်သိမ်းနိုင်ရန်
ဥပဒေများ သတ်မှတ်ပြဌာန်းလေ့ရှိသည်ဖြစ်ရာ အာဏာရှင်တို့၏ political liberalization ကို
အခွင့်အရေးဟု သတ်မှတ်၍ ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်သွားရန် ကြိုးပမ်းမှုများတွင်
အဆိုပါ obstacles များကို မည်သို့ ကျော်လွှားမည်နည်း ဟူသော လမ်းစဉ်များကို ချမှတ်အသုံးပြုရန်လိုအပ်သည်။
(၂) နိုင်ငံရေးယဉ်ကျေးမှုဆိုင်ရာ အခက်အခဲများ
နိုင်ငံတနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်စနစ်
တည်တံ့ခိုင်မြဲနေရခြင်း အကြောင်းတရား များတွင် နိုင်ငံရေးယဉ်ကျေးမှုဆိုင်ရာ အကြောင်းအချက်များလည်း
ပါဝင်လေ့ရှိသည်။ နိုင်ငံတနိုင်ငံ၏ “patrimonialism” သဘောတရား လွှမ်းမိုးခံရသည့် လူ့အဖွဲ့အစည်းတွင်
နိုင်ငံရေးအခွင့်အလမ်းနှင့် စီးပွားရေး အခွင့်အလမ်းမှာ ယှဉ်တွဲနေတတ်သည်။ လူ့အဖွဲ့အစည်းမှာလည်း
ကိုယ်ပိုင်အရည်အချင်းနှင့် တက်လမ်းရှာဖွေခြင်းကို အားပေးလေ့မရှိ။ နိုင်ငံရေးအရ အခွင့်အလမ်း
ရှိနေသော အုပ်ချုပ်သူများ၏ အသိုင်းအ၀ိုင်းများအား မှီခိုမှုများကို အားပေးလေ့ရှိသည်။
ဥပမာ- စစ်အာဏာရှင်စနစ် ဖြစ်လျှင် နိုင်ငံရေးအခွင့်အာဏာရှိနေသော စစ်တပ်တွင်း၌ အရေးပါသော
ရာထူးများ ရရှိစေရန် အားပေးချီးမြှောက်သည့် လူအများ ပေါ်ထွက်လာမည်။ ဒီမိုကရေစီ ဘက်တော်သားများက
နိုင်ငံရေးအာဏာ ရပြန်လျှင်လည်း အဆိုပါ လူအများသည်ပင် ဒီမိုကရေစီ ခေါင်းဆောင်များအား
ထောက်ခံအားပေးကြမည်ဖြစ်သည်။
“patrimonialism”
သဘောတရား လွှမ်းမိုးခံရသော လူ့အဖွဲ့အစည်းတွင် ယင်းသို့သော လူများ အများအပြား ပါဝင်လေ့ရှိသည်။
အဆိုပါ သဘောတရားသည် နိုင်ငံရေးအာဏာကို မှီတွယ်ခြင်း စိတ်သဘောနှင့် ဆက်စပ်နေလေရာ နိုင်ငံရေးအာဏာကို
ပြန်လည် ထိန်းညှိမည့် inherent logic of strong civil society ကို ထောက်ခံ အားပေးခြင်း
မရှိ။ သို့ဖြစ်ရာ civil society အဖွဲ့အစည်းများ အများအပြား လိုအပ်သည့် political
liberalization ကို နှောင့်နှေး ကြန့်ကြာစေမှုများ ဖြစ်လာစေနိုင်သည်။ အဆိုပါ သဘောတရား၏
လွှမ်းမိုးမှု လျော့နည်းလာသော လူ့ဘောင်သစ်ကို တည်ဆောက်နိုင်မှသာ political
liberalization အတွေးအခေါ်ဖြင့် ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်သွားနိုင်မည်ဖြစ်သည်။
(၃) စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အခက်အခဲများ
အာဏာရှင်များဘက်မှ ရွေးကောက်ပွဲများ ကျင်းပပေးခြင်း၊ နိုင်ငံရေး
ပါဝင်ပတ်သက်ခွင့် အနည်းငယ် ပေးလာခြင်း စသည်တို့တွင် နိုင်ငံစီးပွားရေး အခြေအနေနှင့်
ပတ်သက်သော အခြေအနေများ ပါဝင်လေ့ရှိသည်။ နိုင်ငံတနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းများပြီး၊
အလုပ်လက်မဲ့ရာခိုင်နှုန်း စိတ်ပညာသဘောအရ လူတယောက်၏ စိတ်ထဲတွင် ပိတ်လှောင်မွန်းကြပ်နေမှုကို
လွတ်လပ်စွာ ဖော်ထုတ်ခွင့် ပေးလိုက်သည့်အခါ ထိုလူ၏ စိတ်ထဲတွင် ပေါ့ပါးသွားလေ့ရှိရာ အာဏာရှင်အစိုးရသို့
စုပြုံလာသော မကျေနပ်မှုများကို ဖော်ထုတ်ခွင့်ပြု လိုက်ခြင်းဖြင့် မကျေနပ်မှုများ ပေါက်ကွဲထွက်သွားပြီး
ဆန့်ကျင်သည့် အဆင့်သို့ မတက်လှမ်းတော့ပဲ ပြီးသွားတတ်သည်။ အီဂျစ်နိုင်ငံအပါအ၀င် အရှေ့အလယ်ပိုင်း
နိုင်ငံအများစုတွင် တတိယလှိုင်း ဒီမိုကရေစီ လှိုင်းလုံးကြီးနှင့် မျောမပါပဲ အာဏာရှင်အစိုးရများ
ရပ်တည်နေနိုင်သည့် အကြောင်းအချက်များတွင် ဤအချက်ကလဲ တချက် အပါအ၀င်ပင်ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများတွင် political
liberalization အတွေးအခေါ် လွှမ်းမိုးခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပြီး၊
ဒီမိုကရေစီ ပန်းတိုင်သို့ တက်လှမ်းခြင်း မရှိပဲ ရပ်တန့်နေခဲ့သည်မှာလဲ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်သည်။
မည်သို့ဆိုစေ political liberalization အတွေးအခေါ်သည် အာဏာရှင် အစိုးရများမှ အာဏာကို
အသွင်သဏ္ဍာန်တမျိုးဖြင့် ဆက်လက်ချုပ်ကိုင်ထားနိုင်စေရေး အတွက် ဆေးကောင်းတခွက်ပင် ဖြစ်သည်။
စီးပွားရေး အကျပ်အတည်း ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် အာရုံပြောင်းပေးနိုင်သည့်
မျက်လှည့် ဆရာ တပါး ဟုလည်း ဆိုနိုင်မည်ဖြစ်သည်။
သို့ရာတွင် political liberalization နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့သည်
လုံးဝ ဆက်စပ်ခြင်း မရှိသည်ကား မဟုတ်။ political liberalization လုပ်ချိန်နှင့် တပြိုင်နက်တည်းတွင်
economic liberalization ကိုပါ ပူးတွဲလုပ်ဆောင်ရန် လိုအပ်သည်။ အသွင်ပြောင်းကာလ စီးပွားရေး
အခြေအနေကို
မှန်ကန်သော မူဝါဒများ ချမှတ်၍ ရလဒ်ကောင်းများ ပေါ်ထွက်လာအောင်
ဆောင်ရွက်ရန် လိုအပ်သည်။ Transition-induced contraction ကြောင့် ဖြစ်လာနိုင်သော ထုတ်လုပ်မှုနှုန်း
ကျဆင်းခြင်းကို ကြိုတင်ကာကွယ်ထားနိုင်မည့် မူများ ချရမည်ဖြစ်ပြီး၊ supplier-buyer
relationship ကို ဖရိုမရဲ မဖြစ်စေရန် ထိန်းကျောင်းပေးရန် လိုအပ်သည်။
ဆောင်ကျဉ်းပေးနိုင်မည့် မူဝါဒများကို ရှောင်ကြဉ်၍ ရေတိုအကျိုးစီးပွားကိုသာ
ကြည့်တတ်ကြလေရာ ဒီမိုကရေစီ အခြေခံသဘောတရားဖြစ်သည့် ရွေးကောက်ပွဲပြုလုပ်ခြင်းကပင်လျှင်
ရေရှည်စီးပွားရေး တိုးတက်မှုကို ပြန်လည် ထိခိုက်လာသည်များလည်း ရှိတတ်ပါသည်။
အထက်ပါ အချက်များအပြင် political liberalization ဖြင့်
ဒီမိုကရေစီ ပန်းတိုင်သို့ အရောက် သွားရေးတွင် အခက်အခဲဖြစ်စေနိုင်မည့် ပထ၀ီဝင် နိုင်ငံရေး
အခြေအနေများ၊ နိုင်ငံတကာ ကုန်သွယ်ရေး၊ နိုင်ငံခြားရေး အခြေအနေများနှင့် လူမှုရေး အခြေအနေများစွာလဲ
ရှိပါသည်။
နိဂုံး
Political liberalization လမ်းကြောင်းသည် တပိုင်းတစ ဒီမိုကရေစီ
(partial democracy) နှင့် အာဏာရှင်စနစ် (authoritarianism) တို့ အကြားတွင် တည်ရှိပါသည်။
ဖိနှိပ်မှု ဖြေလျှော့ခြင်း (ease of repression) မှာ အာဏာရှင်တို့ မှ စတင် ပြုလုပ်ရခြင်းဖြစ်ပြီး၊
ဒီမိုကရေစီ အမြစ်တွယ် ရှင်သန်ခိုင်မာမှု (democratic consolidation) ပန်းတိုင်သို့
ဦးတည်သွားရာတွင်လည်း အာဏာရှင်တို့၏ ဦးဆောင်မှု အခန်းကဏ္ဍက မရှိမဖြစ် ပါဝင်နေတတ်ပါသည်။
မည်သို့ပင်ဖြစ်စေ political liberalization ကို စတင်သည်နှင့်တပြိုင်နက် political
space ကို အနည်းငယ် ဟပေးရစမြဲဖြစ်ရာ၊ အဆိုပါ ဟပေးသည့် အပေါက်ငယ်လေးမှတဆင့် တစတစ ချဲ့ထွင်ယူ၍
ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်၏ ပန်းတိုင်ဖြစ်သော ဒီမိုကရေစီစနစ် အမြစ်တွယ်
ရှင်သန်ခိုင်မာမှု (Democratic Consolidation) ကို အရောက်သွားရန် ကြိုးပမ်းမှုများ
အရှိန်မြှင့် ပြုလုပ်ရန် လိုအပ်သကဲ့သို့၊ လမ်းကြောင်းပေါ်တွင် ကြုံတွေ့ရနိုင်သည့် အတားအဆီးများအား
ကျော်လွှားနိုင်ရေး၊ မတော်တဆ နောက်ကြောင်းပြန်ပြီး political deliberalization ပြန်ဖြစ်သွားပါက
ချက်ချင်းလက်ငင်း တုန့်ပြန် ဆောင်ရွက်နိုင်သော လမ်းစဉ်များ ပြင်ဆင်တည်ဆောက်ထားရေး စသည်တို့မှာလည်း
အလွန်ပင် အရေးပါလှပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
Finer, Samuel. (1962). The Man on Horseback: The
Role of the Military in Politics . New
York, NY: Penguin Books.
Fitch, J. Samuel. (1998). The Armed Forces and
Democracy in Latin America . Baltimore:
Johns Hopkins University Press.
Gala, Amin A. (1995): Egypt’s Economic Predicament:
A Study in the Interaction of External Pressure, Political Folly and Social
Tension in Egypt. 1960-1990. New York, E. J.
Brill.
Heybey, Berta, and Peter Murrel (1999), “The
Relationship between Economic Growth and
the Speed of Liberalization During Transition,”
Journal of Policy Reform 3 (2), 121-137.
Halpern, Manfred. 1963. The Politics of Social
Change in the Middle East and North Africa.
Princeton: Princeton University Press.
Kramer, Gudrun (1996): “The Integration of the
Integrists,” Ghassan Salame (ed.), Democracy without Democrats, London, New
York, I.B. Tauris.
Linz, Juan J. ve STEPAN, Alfred (1996): Problems of
Democratic Transition and Consolidation, Southern Europe, South America, and
Post-Communist Europe, Baltimore, The Johns Hopkins University Press.
Lipset, S.M. (1959), “Some Social Requisites of
Democracy: Economic Development and Political Legitimacy,” American Political
Science Review 53, 69-105.
Monshipouri, Mahmood. (1995) Democratization,
Liberalization and Human Rights in the Third World. London: Lynne Rienner
Publishers
Parry, Geraint and Moran, Micheal, eds. (1994)
Democracy and Democratization. New York: Routledge
Przeworski, Adam, and Fernando Limongi (1993),
“Political Regimes and Economic Growth,” Journal of Economic Perspectives 7
(3), 51-69.
Rodrik, Dani (1995), “The Dynamics of Political
Support for Reforms in Economies in Transition,” Journal of the Japanese and
International Economies 9 (4), 403-425.
Shleifer, Andrei (1998), “Government in Transition,”
European Economic Review 41 (3-5),
385-410.
Wolff, Holger C. (1999), Transition Strategies:
Choices and Outcomes , Princeton Studies in International Finance No. 85
(June), Department of Economics, Princeton University, Princeton, NJ.
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment