နျူကလိယဗုံး ပေါက်ကွဲတာထက် သူ့ကိုဘာနဲ့ လုပ်တယ်ဆိုတာ အရင် လေ့လာ ရပါမယ်။
အသုံးပြုသော သတ္တုအမျိုးအစား
အဓိက အသုံးပြုတဲ့ ပစ္စည်းကတော့ ပလူတိုနီယံ သတ္တု နဲ့ ယူရေနီယမ် ဖြစ်
ပါတယ်။ ပလူတိုနီယမ်မှာ ထူးခြားချက် နှစ်ခုက ရေဒီယို ဓာတ်ကြွခြင်း
ဓာတုဓာတ်ပြုခြင်း ဖြစ်ပါတယ်။ ယူရေနီယမ်ကတော့ ရေဒီယို ဓာတ်ကြွမှု နည်းပေမယ့်
ကျန်တာကတော့ တူပါတယ်။
ယင်း အချက်နှစ်ချက်ကြောင့် ပဲ နျူကလိယဗုံးအတွက်
အသုံးပြု ရတာ ဖြစ် ပါတယ်။ ပလူတိုနီယမ် တစ်ခုတည်းကိုပဲ အသုံးပြုလို့
မရပါဘူး။ အလိုလိုနေရင်းနဲ့ကို ယခုလို ဓာတ်ကြွပြီး ဓာတ်ပြုချင်နေတဲ့အတွက်
ပတ်ပတ်လည်မှာ ကာရန်ပေးထား၊ ကာကွယ်ပေးထားရတဲ့ အခြားသော သတ္တုများလည်း
ရှိနေပါသေးတယ်။ ပလူတိုနီမ်-239 ဆိုတာကလည်း ယူရေနီယမ်ကနေ ပြန်လည်
ဓာတ်ခွဲယူထားတာ ဖြစ်ပါတယ်။
နျူကလိယဗုံးလို့ခေါ်ရတဲ့ အကြောင်းအရင်းတော့ နျူကလိယဓာတ်ပြုခြင်း
လုပ်ဆောင်ချက်ကို လုပ်လို့ ဖြစ်ပါတယ်။ နျူလိကယ ဓာတ်ပြုမှု အက်တမ် တစ်ခုရဲ့ 
အလယ်ဗဟိုက နျူကလိယနဲ့ အခြား အက်တမ်များရဲ့  အလယ်ဗဟို က နျူကလိယတို့
ပွတ်တိုက်ပြီး နောက်ထပ် နျူကလိယတွေ၊ အက်တမ်တွေ ဆက်တိုက်မွေးဖွားလာခြင်း
ဖြစ်ပါတယ်။ ယင်း ဖြစ်စဉ်က တော်တော်လေး ကို မြန်ဆန်ပါတယ်။ ဒါကြောင့် သူ့ကို
အက်တမ်ဗုံး (Atomic bomb) လို့လည်း ခေါ်ပါတယ်။
နျူကလိယဗုံး ပေါက်ကွဲခြင်း
နျူကလိယ ဗုံးကြဲလိုက်တယ်ဆိုတာ ပလူတိုနီယံ၊ ယူရေနီယဆ်ကို အပြင်က
ကာကွယ်ပေးထားတဲ့ သတ္တုအလွှာကို ဖယ်ရှားပေးခြင်း သို့မဟုတ် အပြင် သတ္တုထက်
ပိုမိုအားပြင်းသော Input တစ်ခုပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့
အမြင့်ပေပေါင်းထောင်ချီက ပစ်ချတဲ့ ပလူတိုနီယမ်ဗုံးက များသော အားဖြင့်
မပေါက်ကွဲစရာ အကြောင်းမရှိပါဘူး။ သူ့ကို ထိန်းသိန်း ထားလို့တော့
သာမန်အခန်းအပူချိန်နဲ့ မရနိုင်တာ အပြင်မှာ ဖြစ် သလို ပစ်ချတော့
ကြိမ်းသေကွဲပါတယ်။ နျူကလိယဗုံး ကြဲချ လိုက်ပြီ ဆိုပါစို့။
Fission လို့ခေါ်တဲ့ အနုမြု မျိုးပွားစနစ်နဲ့ စတင် အလုပ်လုပ် ပါတယ်။
နျူကလိယ ဗုံးဟာ လေထုထဲမှာ ရှိတဲ့ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်၊
နိုက်ထရိုဂျင် အပြင် အခြားသော ဓာတ်ငွေ့ အားလုံးနဲ့ ဓာတ်ပြုပြီး
အဆင့်ဆင့်မျိုးပွားပါတယ်။ အသေးစိတ်ဆိုရင် သူတို့ရဲ့  အက်တမ်တွေရဲ့ နျူကလိယ
အလယ်ဗဟိုအားလုံးကို ပွတ်တိုက်ပါတယ်။ ဒီတော့ အဆိပ်ဖြစ်စေတဲ့ Co, N
ဓာတ်ငွေ့များအပြင် မီးလည်း လောင်စေ ပါတယ်။ Fireball လို့ခေါ်တဲ့ မီးလုံးကြီး
တက်လာပါတယ်။
ယင်းမီးလုံးဟာ ၂ စက္ကန့်အတွင်း မီတာ ၆၀၀ အထိ အပေါ်တက်ပါတယ်။ ဒါကြောင့် ၁၂
ကီလိုမီတာအထိလည်း ဆက်တက်ဖို့ မခဲယဉ်းပါဘူး။ မှိုပွင့်ကြီးလို့
အမြင့်ကြီးကို တက်ပါတယ်။ ယင်းမီးလုံးရဲ့ အပူချိန်ကလည်း ၄၄၀၀ ကီလိုဂရမ်
အက်တမ်းဗုံးဆိုရင် ဖာရင်ဟိုက် ၇၀၀၀ ကျော်အထိ တက်နိုင်ပါတယ်။ ဒါက
ကမ္ဘာစစ်ကာလက နျူကလိယဗုံးကိုအခြေံပြီး တွက်ချက်တာ ဖြစ်ပါတယ်။ ယနေ့ခေတ်
နျူကလိယဗုံးက အရင်ကလောက် မကြီးတော့ပါဘူ။ အလေးချိန်လည်း ကျသွားပါတယ်။
သို့ပေမယ့် ပြင်းအား ကျတော့ အဆပေါင်းများစွာ တက်လာပါတယ်။
ရလဒ်ဆိုးကျိုး
နျူကလိယဗုံး ပေါက်ကွဲမှုကြောင် မီးလောင်ပျက်ဆီးမှုကတော့ သာမန်ဗုံးလို
ပါပဲ သို့ပေမယ့် ကျန်ရှိတဲ့ ဆိုးကျိုးကတော့ ကမ္ဘာ့အဆိုးရွားဆုံး ပဲ ဖြစ်ပါ
တယ်။ နျူကလိယဗုံးကြဲပြီးသွားပေမယ့် ၁၀ နှစ်ကြာတောင် ယင်းဒေသ မှာ
ရေဒီယိုဓာတ် ကြွယ်ဝနေဆဲ ဖြစ်ပါတယ်။ ရေဒီယို ဓာတ်ဆိုတာ ကိုယ်တွင်းအထိကို
ထိုးဖောက်နိုင်တဲ့ ရောင်ခြည်တစ်မျိုး ဖြစ်ပြီး ဓာတ်ရောင်ခြည်အဆိပ်သင့်
တယ်လို့ ခေါင်းစဉ် တပ်နိုင်တဲ့ ရောဂါပေါင်း များစွာ ဖြစ်ပါတယ်။
ဓာတ်ရောင်ခြည်ကြောင့် သက်ရှိအားလုံးရဲ့  ဇီဝ စနစ်တွေအားလုံးကို
ဖျက်ဆီးပါတယ်။ သေစေ ပါတယ်။ ပြောင်းလဲစေ ပါတယ်။ ဥပမာ- ငါးက မွေးပေမယ့်
လူရုပ်ပေါက်နေတာတို့။ လူကမွေးပေ မယ့် တိရစ္ဆာန်ဖြစ်နေတာတို့၊ ဝက်ကမွေးပေမယ့်
လူတစ်ပိုင်း ဝက်တစ်ပိုင်း ဖြစ် တာတို့၊ ခြေ လက် များစွာပါတဲ့
လူမွေးလာတာတို့၊ မြင်းနွား အစရှိသဖြင့် ထူးထူးခြားခြား ဇီဝပြောင်းလဲမှု အထိ
ဖြစ်စေပါတယ်။ အပင်တွေလည်း မပေါက်တော့ပဲ ပေါက်တဲ့အပင်ကလည်း အဆိပ်သင့်ပါတယ်။
အသုံးပြုခဲ့တဲ့ နျူကလိယဗုံး အရွယ်အစား အကြီးအသေးကိုလိုက်လို့
သူ့ပတ်ဝန်းကျင် မိုင်ပတ်ပတ်လည် အတိုင်းအတာအတွင်းထိ ထိရောက်မှုက
နှစ်ပေါင်းများစွာ ကြာမြင့်ပါတယ်။ ဒါကြောင့် နျူကလိယ ဗုံးကို အတတ်နိုင်ဆုံး
အသုံးမပြုဖို့ ကမ္ဘာနိုင်ငံအားလုံးက နားလည် လက်ခံထားပါတယ်။
ကမ္ဘာမှာ နျူကလိယ စွမ်းအင်ပိုင်ဆိုင်တဲ့ နိုင်ငံအရေအတွက်တိုးလာ ပါတယ်။
ဗုံးအတွက်တင်မဟုတ်ပဲ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဖို့အတွက် နျူကလိယ
နည်းပညာကလည်း သက်သက်ရှိနေပါသေးတယ်။ သို့ပေမယ့် ဆက်စပ်မှုက သိပ်မဝေးပါဘူး။
အသုံးပြုပုံသာ ကွဲသွားတာဖြစ်ပါတယ်။ ပလူတိုနီယမ်၊ ယူရေနီယမ်တို့ကို
အခြေခံထားခြင်း ဖြစ်တဲ့အတွက်လည်း ဓာတု အဆိပ်က ဗုံးနဲ့ သိပ်မကွာပါဘူး။
သို့ပေမယ့် စွမ်းအင်းရှားပါးလာ တဲ့ ခေတ်မှာ ယင်း သတ္တုများက ထွက်ပေါက်လို့
အများက ယူဆနေခြင်း ဖြစ် ပါတယ်။
အနှစ်ချုပ်
အနာဂတ်မှာ စွမ်းအင်ရှားပါးလာတဲ့အခါ သဘာဝအတိုင်းရတဲ့ နေရောင်ခြည် တို့လို
ဟာကိုသုံးမလား နျူကလိယစွမ်းအင်ကို သုံးမလားဆိုတာ စဉ်းစားစရာ ရှိနေပါတယ်။
ဒါတွေအတွက်လည်း ပညာရှင်များလိုအပ် ပါတယ်။ လျှပ်စစ်စွမ်းအင်၊
ဓာတုဗေဒစွမ်းအင်ကို အကောင်းဆုံး သိရှိနားလည်တဲ့ ပညာရှင်များ ပိုမို
ပေါက်ဖွားလာမှသာ ယင်းအခက်အခဲများ ကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
အနာဂတ်ကမ္ဘာမှာ နျူကလိယစွမ်းအင် လို မဟုတ် ပဲ အခြားသော အန္တရာယ်နည်း
စွမ်းအင်စနစ် တစ်ခုခုသို့မဟုတ် သဘာဝ စွမ်းအင်များကို ခွဲဝေအသုံးချနိုင်ရေး
အတွက် ကမ္ဘာအရပ်ရပ်က ကြိုးပမ်းဆောင်ရွက်လျက် ရှိသလို မြန်မာပြည်ကလည်း
အားကိုးအားထား ရတဲ့ စွမ်းအင်စနစ်တစ်ခု ပေါ်ပေါက်လာရန်
ကြိုးစားလုပ်ဆောင်သင့်ကြောင့် ဆန္ဒပြုရင်း နိဂုံးချုပ်လိုက် ရပါတယ်။
--
အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment