အသိမ်းဆည်းခံ လယ်ယာမြေများအတွက် သဘောတူစာချုပ်ချုပ်နိုင်ပြီ

 ယနေ့(၁၉၊၃၊၂၀၁၃)နေ့။ အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းခဲ့သောလယ်မြေများကို အောင်ဇေယျအိမ်ယာစီမံကိန်းအဖြစ် အကောင်ထည်ဖော်နေသော လုပ်ငန်းရှင်မိသားစုထံမှ နစ်နာကြေးရရှိရန်အတွက် အောင်ဇေယျအိမ်ယာစီမံကိန်းရုံးခန်းတွင် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံညှိနှိုင်းပွဲသို့ လုပ်ငန်းရှင်မိသားစုများ၊ လယ်မြေအသိမ်းဆည်းခံ တောင်သူလယ်သမားများ၊ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ နံနက်(၉း၀၀)နာရီမှ စတင်ညှိနှိုင်းရာတွင် နေ့လည်(၂း၀၀)နာရီကျော်တွင် သဘောတူညှိနှိုင်းမှုရရှိပြီး စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါသည်။ အဆိုပါ သဘောတူညှိနှိုင်းမှုအရ အောင်ဇေယျအိမ်ယာစီမံကိန်းအဖြစ် အကောင်ထည်ဖော်နေသော လုပ်ငန်းရှင်မိသားစုမှ ကာလတစ်ခုအတွင်း တစ်ဧကလျှင် ကျပ်သိန်း(၄၀)နှုန်းဖြင့် တောင်သူလယ်သမားများကို နစ်နာကြေးပေးရမည်ဖြစ်သည်။


ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: