“မနေ့ကအထိ ဒီလမ်းကြောင်းကို ဖွင့်ထားတယ်လို့ကြားတယ်။ ဒီမနက်ကျမှ တားတယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်” ဟု ကိုအောင်မင်းနိုင်က ပြောသည်။ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့များ ဖြတ်သန်းသွားပြီး နောက်ပိုင်း ခဏအကြာတွင် ပိတ်ထားသည့် အရံအတားများကို ပြန်လည် ဖယ်ရှားခဲ့ကြောင်း မျက်မြင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။ယခုလတ်တလောတွင် ငြိမ်ချမ်းရေး လမ်းလျှောက် အဖွဲ့ဝင်များ ပမ္မတီးရပ်ကွက် အတွင်းရှိ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း ၀င်းအတွင်းရပ်နားလျှက်ရှိပြီး မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့အတွင်းသို့ ၀င်ရောက်မည်ဖြစ်ရာ ထိုသို့ ၀င်ရောက်ရာတွင် စစ်တပ်မှ မြို့ပတ်လမ်းကို သာအသုံးပြုရန် ပြောကြားထားသော်လည်း လမ်းလျှောက် အဖွဲ့အနေဖြင့် ပြည်ထောင်စု လမ်းမကြီးပေါ်မှသာ ၀င်ရောက်သွား မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသွားသည်။ “ ကျွန်တော်တို့ရှေ့မှာတင် ဂိတ်တွေမှာ အင်အားတွေ ထပ်ဖြည့်နေတာ တွေ့ရတယ်။မနက်ဖန် မနက်မှာတော့ ကျွန်တော်တို့အနေနဲ့ တော်တော်လေး အင်အားကြီးတဲ့ အတားအဆီးတစ်ခု ကြုံရမယ်လို့ ယုံကြည်တယ်” ဟု ကိုအောင်မင်းနိုင်က ဆိုသည်။ပမ္မတီးခရမ်း ကျောင်းတိုက်ရှေ့တွင်ရှိသော တာဝန်ကျ တပ်သားတစ်ဦးကို လမ်းပိတ်ထားသည့် အကြောင်းရင်းကို မေးမြန်းကြည့်ရာ တွင် စစ်ရေးပြလေ့ကျင့်ရေး ရှိသောကြောင့် ခေတ္တပိတ် ထားခြင်းဖြစ်ကြောင်နှင့် မနက်ဖန် (မတ်လ ၁၂ ရက်) တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာခွင့် ပြုသွားမည် ဖြစ်ကြောင်းဖြေကြားသည်။

ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment