အမျိုးသား အကျိုးစီးပွား ဆိုရာဝယ်



အမျိုးသား အကျိုးစီးပွား ဆိုရာဝယ်
ခင်မမမျိုး

Myanmar Institute of Peace and Security Studies (MIPSS)
နိုင်ငံရေး နှင့် နိုင်ငံတကာ လေ့လာရေး စာစဉ် အမှတ် (၇)
မတ်လ၊ ၂၀၁၃ ခုနှစ်
နိဒါန်း
နိုင်ငံတနိုင်ငံရဲ့ ပြုမူဆောင်ရွက်ပုံတွေကို လေ့လာဆန်းစစ်တဲ့အခါမှာ အမျိုးသားအကျိုးစီးပွား ဆိုတဲ့ သဘောတရားဟာ အလွန် အရေးကြီးလှပါတယ်။ ဒီသဘောတရားကို အသုံးပြုပြီး စစ်ဘုရင်တွေက သွေးချောင်းစီး စစ်ပွဲတွေ ဆင်နွှဲခဲ့ကြဖူးပါတယ်။ အာဏာရှင်တွေက အုပ်ချုပ်ခံပြည်သူလူထုကြီးကို ညှဉ်းပမ်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကမ္ဘာနဲ့အ၀ှမ်းမှာ ပဋ္ဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ကြပါတယ်။ တပြိုင်နက်တည်းမှာပဲ ဒီသဘောတရားကို အသုံးပြုပြီး တနိုင်ငံရဲ့ အကျိုးစီးပွားကို တခြားနိုင်ငံက ထိခိုက်စေမယ့် လုပ်ဆောင်မှုတွေကို ရှောင်ရှားရေး၊ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်မှုတွေကလဲ ထွက်ပေါ်လာပါတယ်။
Hans Morgenthau က ကမ္ဘာကြီးတခုလုံးကို နိုင်ငံရေးအားဖြင့် တိုင်းနိုင်ငံတွေအနေနဲ့ ခွဲခြမ်း စိတ်ဖြာထားတာဖြစ်တဲ့အတွက် ဒီတိုင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကသာလျှင် ကမ္ဘာ့နိုင်ငံရေးအပေါ်မှာ လွှမ်းမိုးမှုရှိမယ်လို့ ဆိုထားခဲ့ပါတယ်။ (၁၈၄၈) ခုနှစ်မှာ Lord Palmerston ကလဲ “ငါတို့ဆီမှာ ထာဝရ မိတ်ဆွေဆိုတာ မရှိဘူး။ ရေရှည်တည်တံ့နေတဲ့ ရန်သူဆိုတာလဲ မရှိဘူး။ ငါတို့ရဲ့ အကျိုးစီးပွားတွေ ကသာလျှင် ထာဝရရေရှည်တည်တံ့နေတဲ့ အရာတွေ ဖြစ်တဲ့အတွက် ဒီအကျိုးစီးပွားတွေကို ဆောင်ကျဉ်း ပေးနိုင်ဖို့ကသာ ငါတို့ရဲ့ တာဝန်ဖြစ်တယ်” လို့ အဆိုရှိခဲ့ဖူးပါတယ်။
တကယ်တော့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားဟာ အနက်အဓိပ္ပာယ် ဖွင့်ဆိုဖို့ ခဲယဉ်းပြီး၊ ဒီသဘောတရားကို နိုင်ငံခေါင်းဆောင်တွေက နည်းမျိုးစုံနဲ့ သဘောပေါက်နားလည်မှုတွေ ကွဲပြားကြ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားအကျိုးစီးပွားဆိုတာအပေါ်မှာ အခြေခံပြီးမှ နိုင်ငံတော်က ကျင့်သုံး ရတဲ့ အမျိုးသားရေးမူဝါဒတွေနဲ့ ဒီမူဝါဒတွေအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မယ့် စစ်ရေးအင်အား၊ စီးပွားရေးအင်အား စတာတွေကို တွက်ချက်ရမှာ ဖြစ်တဲ့အတွက် ဒီသဘောတရားကို နားလည်နိုင် မှုတွေမှာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းသဏ္ဍာန်တွေနဲ့ ဟန်ချက်ညီ အသုံးပြုနိုင်ဖို့ အလွန်ပဲ အရေးကြီး ညမီးလှုံဖို့ လိုအပ်မယ့် ထင်းတွေကို ခုတ်ဖို့ အသုံးပြုခံရတဲ့ အခါကျတော့ လူတွေအတွက် အနွေးဓာတ်ပေးမယ့် မီးဖိုလေးတခုဖြစ်လာစေပြန်ပါတယ်။ အဲလိုမဟုတ်ပဲ ဓားပြလက်ထဲရောက်တော့ လူတွေရဲ့ စည်းစိမ် ဥစ္စာကို ခြိမ်းချောက်တဲ့ လက်နက်ကိရိယာဖြစ်လာပါတယ်။ လူသတ်သမားလက်ထဲ ရောက်တော့ လူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ လက်နက်ပစ္စည်း ဖြစ်လာပါတော့တယ်။
အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားနဲ့ ပတ်သက်ပြီးတော့ ပညာရှင်ပေါင်းများစွာ၊ ခေါင်းဆောင် ပေါင်းများစွာက အနက်အဓိပ္ပာယ်များစွာကို ဖွင့်ဆိုခဲ့ကြပါတယ်။ Padleford နဲ့ Lincoln တို့က အမျိုးသားအကျိုးစီးပွားဆိုတာ နိုင်ငံတော် အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူ့အဖွဲ့ အစည်းတရပ်လုံးရဲ့ အကျိုးစီးပွားတွေဖြစ်တဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံတော်ရဲ့ မြေပြင် ပိုင်နက်၊ ရေပိုင်နက်၊ ဝေဟင်ပိုင်နက် စတာတွေအပေါ်မှာ ဗဟိုပြုတယ်လို့ ဆိုထားခဲ့ပါတယ်။ Robert Osgood ဆိုသူကလဲ အမျိုးသားအကျိုးစီးပွားဆိုတာ တိုင်းပြည်အကျိုးအတွက် တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ့် နိုင်ငံတော်ရေးရာကိစ္စတွေလို့ ဆိုခဲ့ပါတယ်။ Morgenthau ကတော့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာ နိုင်ငံတော်ရဲ့ နိုင်ငံရေး ကိုယ်ပိုင်လက္ခဏာ နဲ့ ယဉ်ကျေးမှုရေးရာ ကိုယ်ပိုင်လက္ခဏာတွေကို အခြားနိုင်ငံတွေက ထိပါးစော်ကားလို့ မရအောင် ကာကွယ်စောင့်ရှောက်ခြင်းလို့ ဆိုခဲ့ပါတယ်။
ဒီအနက်အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို လေ့လာခြုံငုံကြည့်ရင် အမျိုးသားအကျိုးစီးပွားဆိုတာ နိုင်ငံ တနိုင်ငံရဲ့ နယ်မြေပိုင်နက်၊ အချုပ်အခြာအာဏာ၊ နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်လက္ခဏာ၊ ယဉ်ကျေးမှု ဆိုင်ရာ ကိုယ်ပိုင်လက္ခဏာ စတာတွေနဲ့ ဆက်စပ်ကြောင်း ယေဘုယျအားဖြင့် ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆက်စပ်မှုတွေမှာမှ ဘယ်လို အချက်တွေကို ဦးစားပေးရမယ်၊ ဘယ်လို အကြောင်းတရားတွေက ယာယီဖြစ်တယ်၊ ဘယ်လိုအချက်တွေက ရေရှည်အရေးဖြစ်တယ် ဆိုတာတွေကို ထပ်မံပြီး ခွဲခြမ်းစိတ်ဖြာ ကြည့်ဖို့ လိုအပ်ပါတယ်။ ဒီလို မစိတ်ဖြာခင်မှာ အမျိုးသားအကျိုးစီးပွားကို ဒဿနိကဗေဒ ရှုထောင့်ကနေ ဘယ်လို သုံးသပ်ခဲ့ကြသလဲ ဆိုတာကို ရေးသားတင်ပြလိုပါတယ်။

ဒဿနိကဗေဒရှုထောင့်မှ လေ့လာခြင်း

အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားရဲ့ အခြေခံစဉ်းစားတွေးခေါ်မှုတွေကို ဆယ့်ငါးရာစုခေတ် တွေးခေါ်ပညာရှင် Machiavelli ရေးသားခဲ့တဲ့ စာတွေထဲမှာ တွေ့ရှိနိုင်ပါတယ်။ အီတလီနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားထက် ပိုပြီး အရေးကြီးတဲ့ ကိုယ်ကျင့်တရားကောင်းမွန်မှုဆိုတာ မရှိနိုင်ကြောင်း ဆိုထားခဲ့ပါတယ်။ အဲဒီခေတ်အချိန်ကာလမှာ အီတလီနိုင်ငံ ပေါင်းစည်းရေး၊ ပြည်ပအင်အားကြီး နိုင်ငံများရဲ့ ခြိမ်းချောက်မှုမှ လွတ်ကင်းရေးစတာတွေကို ဦးစားပေးလုပ်ဆောင်နေတဲ့ ကာလ ဖြစ်တာကြောင့် ဒီလိုရေးသားချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
Medieval ခေတ်က ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များရဲ့ အဆိုအမိန့်တွေမှာလဲ အမျိုးသား အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ တွေးခေါ်စဉ်းစားမှုတွေကို တွေ့မြင်နိုင်ပါတယ်။ လူတွေမှာ ၀ိညာဉ်တွေ ရှိပြီး၊ သေဆုံးပြီးနောက်ပိုင်းမှာ ပြန်လည် ဆန်းစစ်ခံရမှာဖြစ်တဲ့အတွက် ပြုမူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် စံချိန်စံညွှန်းတွေ ရှိတယ်လို့ သူတို့က ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် နိုင်ငံတွေမှာကျတော့ ၀ိညာဉ်နဲ့ သေဆုံးပြီး နောက်ပိုင်းကာလဆိုတာ မရှိတဲ့အတွက် နိုင်ငံတွေဟာ ကိုယ့်ဘာသာကိုယ် ကာကွယ်နိုင်ဖို့နဲ့ ရေရှည်တည်တံ့ ခိုင်မြဲဖို့အတွက် ဘယ်လိုနည်းလမ်းမျိုးကို မဆို အကောင်အထည်ဖော်နိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။
ခရစ်ယာန် ဘာသာရေး ခေါင်းဆောင် Thomas Aquinas တင်သွင်းခဲ့တဲ့ jus ad bellum နဲ့ jus in bello သီအိုရီတွေထဲမှာ ဒီသဘောတရားတွေကို ထင်ထင်ရှားရှား တွေ့ရှိရပါတယ်။ ဒီသီအိုရီ သဘောတရားတွေဟာ နိုင်ငံတော်အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတဲ့ realism ၀ါဒရဲ့ အခြေခံတွေ ဖြစ်လာခဲ့ပါတယ်။
စစ်ရေးပါရဂူ ကလော့ဝတ်စ်ကလဲ အမျိုးသားအကျိုးစီးပွား သဘောတရားနဲ့ ပတ်သက်ပြီး ဆိုထားခဲ့ဖူးပါတယ်။ သူက နိုင်ငံတနိုင်ငံရဲ့ ပြုမူဆောင်ရွက်ချက်တွေကို နိုင်ငံတနိုင်ငံအဖြစ် ရေရှည် တည်တံ့ခိုင်မြဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေက တွန်းအားပေးတာ ဖြစ်တာကြောင့် နိုင်ငံတနိုင်ငံဟာ သူ့ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် စစ်ဖြစ်ဖို့ ဆုံးဖြတ်ရတဲ့ အခြေအနေတွေ ရှိနိုင်တယ်လို့ ဆိုထားခဲ့ပါတယ်။
စစ်ပွဲနဲ့ ပတ်သက်ပြီး ဆုံးဖြတ်တဲ့အခါမှာ အမျိုးသားအကျိုးစီးပွားထက် ပိုပြီး အရေးကြီးတဲ့ တခြား ဘယ်အကြောင်းအရာကိုမှ ဦးစားပေး မစဉ်းစားသင့်ကြောင်း ဆိုခဲ့ပါတယ်။ ဒါပေမယ့်လဲ အောင်ပွဲ၊ အချိန်အတိုင်းအတာတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်မရှိတဲ့ စစ်ပွဲတွေကကျတော့ အမျိုးသား အကျိုးစီးပွားအတွက် ကောင်းကျိုး မဖြစ်စေတဲ့အတွက် မိုက်မဲရူးသွပ်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီခေတ်ကာလတွေရဲ့ ဥရောပ နိုင်ငံရေးနဲ့ သံတမန်ရေးအတွေးအခေါ်တွေမှာ raison d’etat (သို့မဟုတ်) Staatsraison သဘောတရားတွေက လွှမ်းမိုးပျံ့နှံ့နေခဲ့ပါတော့တယ်။
(၂၀) ရာစု ကာလထဲမှာတော့ Hans Morgenthau ရဲ့အတွေးအခေါ်တွေက အမေရိကန်နဲ့ ကမ္ဘာ တ၀ှမ်းမှာ ပျံ့နှံ့လာပါတယ်။ နိုင်ငံတွေဟာ စနစ်တကျ သုံးသပ်လေ့လာမှုမရှိပဲ သူတို့ရဲ့ အမျိုးသား အကျိုးစီးပွားကိုပဲ အကောင်အထည်ဖော်မယ်ဆိုရင် အနည်းဆုံး တခြားနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ထိခိုက်နိုင်စေတတ်တယ်လို့ သူက ဆိုထားခဲ့ပါတယ်။ ဒီလို ထိခိုက်မှုဖြစ်စေတဲ့အခါ ဖြစ်ရပ်တော်တော် များမှာတော့ သံတမန်နည်းလမ်းတွေကို အသုံးပြုပြီး အပေးအယူလုပ်လို့ ရနိုင်ပါတယ်။
ဒါပေမယ့်လဲ နိုင်ငံတွေဟာ အပေးအယူလုပ်လိုစိတ်မရှိပဲ သူတို့ရဲ့ ကိုယ်ပိုင်အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မှု တခုတည်းကိုသာ ဦးစားပေးလာပြီဆိုရင်တော့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဒေသတွင်း အမျိုးသားအကျိုးစီးပွားကို အသုံးပြုပြီး မူဝါဒတွေချမှတ်တဲ့အခါ National Power ကို ထည့်သွင်း စဉ်းစားဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ဟာ လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေ၊ အခင်းအကျင်း တွေမှာ အသုံးဝင်တဲ့ အယူအဆတရပ်ဖြစ်ပါတယ်။

အမျိုးအစား ကွဲပြားမှုများ

Realists တွေက နိုင်ငံတနိုင်ရဲ့ အမျိုးသားအကျိုးစီးပွားဆိုတာကို အမျိုးအစားလေးမျိုး ခွဲခြားပြီး ဖော်ပြလေ့ရှိကြပါတယ်။ ပထမအမျိုးအစားကတော့ အရေးကြီးမှုအပေါ်မှာ အခြေခံပြီး အမျိုးသား အကျိုးစီးပွားဆိုတာကို vital interests နဲ့ secondary interests ဆိုပြီး ခွဲခြားဖော်ပြပါတယ်။ ဥပမာ- စစ်အေးကာလတုန်းက ကျူးဘားမှာ ဘယ်လို missiles မှ မရှိစေရဘူးဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ vital interest ဖြစ်ပါတယ်။ စစ်အေးကာလနှောင်းပိုင်းမှ ကမ္ဘာ့ ရေနံရောင်းလိုအားကို ဘယ်နိုင်ငံကမှ ထိန်းချုပ်ခြင်း မရှိစေရဆိုတာက အမေရိကန်ရဲ့ secondary interest ဖြစ်ပါတယ်။
ဒုတိယ အမျိုးအစားကတော့ ရေတိုရေရှည် အချိန်ကာလအပေါ်မှာ အခြေခံပြီး temporary interests နဲ့ permanent interests ဆိုပြီး ခွဲခြားသတ်မှတ်တာဖြစ်ပါတယ်။ ဥပမာ- အီရန်ကို ဆန့်ကျင်ဖို့ အီရတ်ကို ကူညီတာ စတာမျိုးက temporary interests ဖြစ်ပါတယ်။ Western Hemisphere မှာ hostile power မရှိရဘူးဆိုတာက အမေရိကန်ရဲ့ permanent interest ဖြစ်ပါတယ်။
တတိယအမျိုးအစားကတော့ တိကျသောသတ်မှတ်ချက်ပေါ်မှာ အခြေခံပြီး specific interests နဲ့ general interests ခွဲခြားသတ်မှတ်ချက်ဖြစ်ပါတယ်။ ဥပမာ- ဂျပန် ကုန်သွယ်မှု အတားအဆီးတွေ မရှိရဘူးဆိုတာက specific interest ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကတော့ general interest ပဲ ဖြစ်ပါတယ်။
တွေဖြစ်လာတဲ့အခါ ဘယ်လိုအကျိုးစီးပွားကို ဘယ်လိုအချိန်အတွက် ပိုပြီး ဦးစားပေးသင့်သလဲ ဆိုတာကို နိုင်ငံတွေအနေနဲ့ လေ့လာသုံးသပ်ပြီး ရွေးချယ်သတ်မှတ်ရမှာ ဖြစ်ပါတယ်။
အကြောင်းအရာ တခုတည်းပေါ်မှာတင် မူတည်ပြီး တနိုင်ငံနဲ့ တခြားတနိုင်ငံတို့ရဲ့ အကျိုးစီးပွားတွေက ထပ်တူမကျနိုင်ပါဘူး။ ဥပမာ- ဆားဗီးယားတွေက ကိုဆိုဗာ အယ်ဘေးနီးယားတွေကို ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွား သတ်မှတ်ချက်က general, temporary and secondary interests ဖြစ်ပါတယ်။ အယ်လ်ဘေးနီးယားရဲ့ အမျိုးသား အကျိုးစီးပွား သတ်မှတ်ချက်ကကျတော့ specific, permanent and vital interests ဖြစ်သွားပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ အကျိုးစီးပွားတွေကလဲ မတူညီပါဘူး။ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကျိုးစီးပွားက စီးပွားရေး၊ လူ့အခွင့်အရေးနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး စတာတွေနဲ့ ပတ်သက်တဲ့ general and temporary interests ဖြစ်ပါတယ်။ တရုတ်ရဲ့ ဒေသတွင်းသြဇာအာဏာလွှမ်းမိုးမှုကို ထိန်းချုပ်ရေးနဲ့ ဆက်စပ်ပေမယ့် ဒေသတွင်းမှာ အိန္ဒိယနိုင်ငံရဲ့ သြဇာအာဏာ ကြီးထွားလာရေးကိုပါ တွဲဖက်ထားတာဖြစ်တဲ့အတွက် secondary interests အဆင့်မှာပဲ ယနေ့အချိန်ထိရှိပါသေးတယ်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အတွက်ကျတော့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတနိုင်ငံဖြစ်နေတာကတကြောင်း၊ တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုမှာ အရေးကြီးဆုံးဖြစ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို အမေရိကန် ရေတပ်ထိန်းချုပ်ထားတဲ့ မလက်ကာရေလက်ကြားကနေ တဆင့် ဖြတ်စရာမလိုပဲ မြန်မာနိုင်ငံကနေ တဆင့် ဖြတ်သန်းတင်သွင်းနိုင်မယ့် အလားအလာ ရှိနေတာက တကြောင်း၊ မဟာဗျူဟာ စီမံကိန်းတွေလဲ ရှိနေတာတွေက တကြောင်း၊ စစ်ရေး၊ နိုင်ငံရေးအချက်အချာ ဒေသ တခုဖြစ်နေတာက တကြောင်း စတာတွေကြောင့် မြန်မာ့အရေးဟာ specific, permanent and vital interests ဖြစ်နေပါတယ်။
မူဝါဒနဲ့ မဟာဗျူဟာများ ချမှတ်ရာမှာ အခြေခံရမယ့် အမျိုးသားအကျိုးစီးပွားတွေကို ဖော်ထုတ် သတ်မှတ်ရာမှာ ဦးစားပေးသင့်တဲ့ အတိုင်းအဆကို SVIP (Survival, Vital, Important, Peripheral) ပုံသဏ္ဍာန်နဲ့ ခွဲခြမ်းစိတ်ဖြာသတ်မှတ်နိုင်ကြောင်း ပညာရှင်များက အကြံပြုထားကြပါတယ်။ ရှင်သန်ရပ်တည်မှု အကျိုးစီးပွား (Survival interests) တွေက အလွန်အရေးကြီးတဲ့ အကြောင်း အရာတွေကို ကိုယ်စားပြု ပါတယ်။ တိုင်းပြည်ရဲ့ ရှင်သန်ရပ်တည်ရေးအတွက် ပြည်သူလူထုကို ပြည်တွင်းပြည်ပ ရန်သူများရဲ့ တိုက်ခိုက်ခံရခြင်းမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးက အဓိက ကျပါတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးဟာ နိုင်ငံတော်က ကျင့်သုံးတဲ့ မူဝါဒတွေ၊ မဟာဗျူဟာတွေမှာ အခြေခံရမယ့် အမျိုးသားအကျိုးစီးပွား ဖြစ်ပါတယ်။ ဒီအကျိုးစီးပွားအတွက် အပေးအယူ လုပ်လေ့လုပ်ထ မရှိပါဘူး။
အရေးပါသောအကျိုးစီးပွား (Vital interest) တွေကတော့ တစုံတခုသော အခြေအနေအထိ အပေးအယူ လုပ်လို့ရတဲ့ အကျိုးစီးပွားတွေ ဖြစ်ပါတယ်။ ဒီအကျိုးစီးပွားတွေ ဆုံးရှုံးသွားခဲ့ရင် နိုင်ငံတော်အပေါ် သက်ရောက်စေမယ့် ဆိုးကျိုးတွေက ကြီးမားပေမယ့် နိုင်ငံတော်ရဲ့ ရှင်သန်ရပ်တည်မှုကိုတော့ မထိခိုက်နိုင်ပါဘူး။ အရေးကြီးသော အကျိုးစီးပွား (Important interest) တွေကတော့ သိသာထင်ရှား ပေမယ့် အပေးအယူ ပြုမှုတွေ လုပ်လို့ရတဲ့ အကျိုးစီးပွားတွေ ဖြစ်ပါတယ်။ ဒီအကျိုးစီးပွား တွေရဲ့ တန်ဖိုးနဲ့ ဆုံးရှုံးမှု ဆိုးကျိုးတွေက သိပ်ပြီး မကြီးမားပါဘူး။ Peripheral interest တွေကတော့ နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်မှု မရှိစေနိုင်တဲ့ အကျိုးစီးပွားတွေ ဖြစ်ပါတယ်။ လိုအပ်ချက်မဟုတ်ပဲ လိုလားချက်တွေ ပါဝင်တဲ့ အကျိုးစီးပွားတွေကို ကိုယ်စားပြုပါတယ်။

ရည်ညွှန်းကိုးကား

St. Thomas Aquinas, Summa Theologica, 2-2ae, Quest. 40, Art. 1 in Aquinas, Selected Political Writings, trans. J. G. Dawson (Oxford: Blackwell, 1948).
Robert J. Art, A Grand Strategy for America (Ithaca, NY and London: Cornell University Press, 2003).
Hans J. Morgenthau, Politics Among Nations (6th ed.; New York: Knopf, 1985).
Niccolo Machiavelli, The Prince and the Discourses (New York: Random House, 1940).
Morgenthau, “Alliances in Theory and Practice,” in Arnold Wolfers, ed., Alliance Policy in the Cold War (Baltimore: Johns Hopkins Univ. Press, 1959).
Donald E. Nuechterlein, America Overcommitted: United States National Interests in the 1980s (Lexington: Univ. of Kentucky Press, 1985)
K. J. Holsti, International Politics: A Framework for Analysis, 5th ed. (Englewood Cliffs, N.J.: Prentice Hall, 1988)
Paul M. Kennedy, The Rise and Fall of the Great Powers: Economic Change and Military Conflict from 1500-2000 (New York: Random House, 1987)
P. H. Liotta, “To Die For: National Interests and Strategic Uncertainties,” Parameters (Summer 2000)
James F. Miskel, “National Interests: Grand Purposes or Catchphrases,” Naval War College Review (Autumn 2002)
Joseph Nye, “The New National Interest,” Foreign Affairs (July/August , 1999)
Palmerston to Claredon, July 20, 1856, quoted in Harold Temperley and Lillian M. Penson, Foundations of British Foreign Policy From Pitt to Salisbury (Cambridge: Cambridge University Press, 1938)
Stephen M. Wait, “The Search for a Science of Strategy, A Review Essay,” International Security, 12(1): 142-143 (Summer 1987)
 


ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: